Nang San Online Shop - နန်းစံ Pyinmana

Nang San Online Shop - နန်းစံ Pyinmana ဩ/သု သဘာ၀ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းရောင်း၀ယ်ရေး

20/02/2024

နှလုံးခုန်မြန်ခြင်း နှင့် အရေးပေါ် သကြား အသုံး၀င်ပုံ 📢
တချိန်က ကိုယ်တိုင် ဖြစ်ဖူးလို့ မျှဝေခြင်းဖြစ်ပါသည်
👇👇👇

28/01/2024


#မူရင်းရေးသားသူ

အိုင်ဖုန်း'တီထွင်သူ Steve Jobs ဆုံးတော့

ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်
အမွေကျန်ခဲ့တယ် ။သူက 56 နှစ်မှာ ပန်ကရိယကင်ဆာနဲ့ ဆုံးခဲ့တယ် ။

သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် ။

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက...

ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ၊ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"

"မင်းအတွက် car မောင်းပေးဖို့
car driver ငှားပေးလို့ ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး ။

အရာဝတ္ထု ပစ္စည်းဥစ္စာတွေက ပျောက်သွားရင်
ပြန်ရှာလို့ ရနိုင်ပေမယ့်...
အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ
ရှာမတွေ့တော့ဘူး" ။

"ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ ။

မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ ။

$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ်

အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာ ပြသပေးမှာပါ" ။

"$150,000 တန် ကားကိုပဲ မောင်းမောင်း ၊

$3000တန် ကားကိုပဲ မောင်းမောင်း ၊

တူညီတဲ့လမ်း
တူညီတဲ့ခရီးအကွာအဝေးနဲ့

သင်သွားချင်တဲ့နေရာကို
အတူတူပဲ ပို့ပေးမှာပါ"

"$300 တန် wine ပဲ သောက်သောက် ၊
$10 တန် wine ပဲ သောက်သောက်
မူးတာကတော့ အတူတူပဲ ဖြစ်နေမှာ"

" $300 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊
$30 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊

အိတ်ထဲက ပိုက်ဆံ amount က
ပြောင်းသွားမှာ မဟုတ်ဘူး"

"300 sqm ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊
3000 sqm လောက်ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊

အထီးကျန်တဲ့ လူက
အထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး ၊
Eco class မှာပဲ လေယာဉ်စီးစီး ၊
လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာက

ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာတွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ ။

ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ...

မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့

ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့

ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ၊

ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို

ဆိုလိုတာပါ"

နောက် ပြောချင်တာက...

"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့ ။

ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲ ဆိုတာကို သင်ပါ ။

ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု

ပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် ။

တန်ဖိုးထားတတ်လာလိမ့်မယ် ။

တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို

ဆိုလိုတာ မဟုတ်ဘူးနော်" ။

"အစားအသောက်ကို
ဆေးလိုစားပါ ။

မဟုတ်ရင်တော့...

ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှု

နေထိုင်တာ (being human) က အများကြီး ကွာခြားမှုရှိတယ် ။

အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ် ။

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ် ။

မင်းသေသွားတဲ့အခါမှာလည်း

လူတွေချစ်အောင် လုပ်ရမယ် ။

အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ် ။

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ ။

ဝေးဝေးကို သွားချင်ရင်တော့ ...

၂ ယောက် အတူတကွ သွားပါ"

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န်

၆ ယောက်ကတော့ ...

၁၊၊ နေရောင်ခြည်

၂၊၊ အနားယူခြင်း

၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း

၅၊၊ မိမိကိုယ်ကို ယုံကြည်မှု

၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း ။

အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာ

အမြဲထည့်ထားပြီး ကျန်းမာအောင် နေထိုင်ပါ" ။

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး

နှုတ်ဆက်ထွက်ခွာရမှာပါ ။

အဲ့ဒါကြောင့် အသက်ရှိနေစဉ် ...

သင့်မိသားစုကို ချစ်ပါ ။

သူငယ်ချင်းတွေကို ချစ်ပါ ။

သင့်ရဲ့ ဘ၀လက်တွဲဖော်ကို ချစ်ပါ ။

သင့်အပေါ်ကောင်းဖူးတဲ့ လူတွေကို ချစ်ပါ" ။
#𝐶⃪𝑟⃪𝑒⃪𝑑⃪𝑖⃪𝑡⃪:ဘဝရဲ့ခရီးသည်

22/01/2024

😂သဘောကျ😂 လိုက်မလုပ်နဲ့နော်


မနေ့ကဖြစ်သည်...Pyinmana to NPT ပို့ခတောင် ၄၀၀၀ အထက်ဖြစ်နေပီ 🙄 အောင်ပန်းပို့ခက ဈေးသက်သာနေတယ် 😁😁📢ကျမဆိုင်မှာ ကာကာတို့ဆီကနေ...
10/12/2023

မနေ့ကဖြစ်သည်...
Pyinmana to NPT ပို့ခတောင်
၄၀၀၀ အထက်ဖြစ်နေပီ 🙄 အောင်ပန်းပို့ခက ဈေးသက်သာနေတယ် 😁😁

📢ကျမဆိုင်မှာ ကာကာတို့ဆီကနေ ဂိတ်ချခ
မကောက်ခံပါဘူးနော်📢

❌အိမ်ရောက်ငွေချေမရပါ❌
🫰ကျေးဇူးတင်ပါတယ်🫰

ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ အကျိုးကြောင်းလာပြော ဟို Link ၀င်ခိုင်း ဒီ Link ၀င်ခိုင်း လာမလုပ်နဲ့။
02/12/2023

ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ အကျိုးကြောင်းလာပြော ဟို Link ၀င်ခိုင်း ဒီ Link ၀င်ခိုင်း လာမလုပ်နဲ့။

ဆပ်ပြာဆီဖိုးတွေ အရမ်းကုန်နေတယ် ခံစားရရင် "နန်းစံ" ကို သတိရလိုက်ပါ ❤️ သံပုရာရနံ့ လက်ဖက်စိမ်းရနံ့ပိုပီးချွေတာရေး လုပ်ချင်ရ...
29/11/2023

ဆပ်ပြာဆီဖိုးတွေ အရမ်းကုန်နေတယ် ခံစားရရင်
"နန်းစံ" ကို သတိရလိုက်ပါ ❤️

သံပုရာရနံ့
လက်ဖက်စိမ်းရနံ့

ပိုပီးချွေတာရေး လုပ်ချင်ရင် ဒီတဗူးကို ဒီဗူးဆိုဒ်အတိုင်းရေ ပြန်ရောလို့ရပါသေးတယ်နော် 😁
( ကျမ အိမ်မှာ အမြဲသုံးနေတဲ့ ပုံစံ ကို ပြောပြတာ 🤭)

03/10/2023

နောက်ကျောအောင့် ၊ ခါးနာ နှင့် တခြားဝေဒနာများအတွက် ဆရာကြီးဦးရန်အောင် ဖြေကြားပေးထားသော Video File မှာ စုစည်းထားခြင်းဖြစ်ပါတယ်ရှင့်

မိတ်ဆွေများ
"ကြော်၊ဖန်၊စပ်၊ဆိမ့် ရှောင်ပြီး ချဉ်၊ခါး၊အေး နေ့စဉ် စားပေးကြပါ။

27/07/2023

အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် Customers များကို ကျေးဇူးတင်ပါတယ်ရှင်❤️

18/07/2023

18.07.2023

များသတိပြုနိုင်ရန်
#လူလိမ် မျက်လှည့်ပြ😂
ရိုးရိုးသားသားမလုပ်စားချင်ကြတော့ဘူး 😌

တော်သေးတယ်
မခံလိုက်ရဘူး😁

ကိုယ့်ပတ်၀န်းကျင်မှာ ကိုယ့်ဆွေမျိုးသားချင်း ထဲမှာ ဒီလိုငွေလွှဲငွေထုတ် Agent လုပ်သူများရှိရင် သတိပြုနိုင်ရန် share ပေး ပြောပြပေးကြပါရှင်...

ကုန်ကြမ်းဈေးနှုန်းများမြင့်မားလာသောကြောင့် ဩသု ဆပ်ပြာလိုင်း Products များ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း အသိပေးကြေညာပါ...
17/07/2023

ကုန်ကြမ်းဈေးနှုန်းများမြင့်မားလာသောကြောင့် ဩသု ဆပ်ပြာလိုင်း Products များ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း အသိပေးကြေညာပါတယ်ရှင်😌

09/07/2023

ကျမ ကိုယ်တိုင် ကိုယ်တွေ့ခံစားခဲ့ရတဲ့ ဝေဒနာတွေအကြောင်း ဘယ်လိုဆေးနည်းတွေနဲ့သက်သာခဲ့တဲ့အကြောင်း မျှဝေပေးဖို့ရှိပါတယ်ရှင်...
နောက်ရက် video file လေးတင်ပေးပါ့မယ်ရှင့်

ဖြစ်စဉ်က အစဆုံး ရှင်းပြရမှာဖြစ်လို့ပါနော်

Address

အမှတ်(၂/၉ခ)၊ဗိုလ်ချုပ်လမ်း၊ရွှေကြက်ဖကားလက်မှတ်အရောင်းဆိုင်
Pyinmana
15012

Telephone

+959792870968

Website

Alerts

Be the first to know and let us send you an email when Nang San Online Shop - နန်းစံ Pyinmana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category