02/08/2024
Instock🔥
🔎POV: Comparing the two type of Torriden serum
Air ဒီ Torriden ရဲ့ serum ၂မျိုးကို compare လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်၂ခုရှိတယ် ✌🏻
ပထမအချက် _ ဒီ၂ခုထဲမှာ တစ်ခုကပဲ best seller ဘာလို့ဖြစ်နေရလဲဆိုတာ ပြောချင်လို့၊
ဒုတိယအချက် _ သုံးကြည့်ပြီးတဲ့နောက်မှာ ခပ်ဆင်ဆင် experience တွေပေါ်လိုက်ပြီး ယှဉ်ပြချင်တဲ့ points တွေရှိလာလို့။
ဒီတော့ comparison ဆိုပြီး ၁ခုတည်းကိုပဲ ဖိပြောမှာမဟုတ်လို့ review ဆိုတာထက် ကိုယ့်အတွက် ပိုသင့်တော်တဲ့ serum ကို ရွေးဖို့ရာ အထောက်အကူပြုပါလိမ့်မယ် ..
First of all, air သူတို့ ၂ခုကို သုံးထားတဲ့ duration တော့ မတူဘူး Balanceful Cica ကို ၁လကျော်လောက်သုံးပြီး full review လည်း ရေးထားတော့ ခုကုန်ခါနီးပြီ Dive in ကတော့ ၂ပတ်လောက်ပဲရှိဦးမယ် Duration gap ကြောင့် long-term result ကိုတော့ အသားပေးမပြောတော့ဘူး fair မဖြစ်မှာစိုးလို့ .
__________________________________
🔵 အရင်ဆုံး Dive In မှာ 5 types of HA ပါမယ် Low-molecular HA တစ်နည်းဆို hydrolyzed HA 500ppm ပါတယ်လို့ ပြောထားတယ် low-molecular ရဲ့သဘောက အသားအရေထဲကို ဝင်ရောက်နိုင်စွမ်း ပိုကောင်းတယ်လို့ အဓိပ္ပါယ်ရတယ် ဒီတော့ HA serum ဆိုတဲ့အတိုင်း hydrating အပိုင်းကို ကောင်းကောင်းလုပ်နိုင်တယ်ပေါ့နော်
Air သုံးကြည့်ရသလောက် texture က အတော်လေး lightweight ဖြစ်ပေမယ့် အသားအရေရဲ့ အစိုဓာတ်ကို အချိန်တစ်ခုထိ ထိန်းထားပေးနိုင်တယ် ( for my combo skin) ဒါပေမယ့် HA serum တစ်ခုကနေ ဒီလောက် moist ကတော့ သေချာပေါက်ပြန်ရမှာပဲလို့ တွက်ထားမိလို့ အရမ်း amazing ဖြစ်တဲ့ထိတော့ မဟုတ်ဘူး
ပြီးတော့ INCI list မှာလည်း အခြား active တွေ၊ HA အပြင် လက်ညိုးထိုးစရာ ထူးထူးခြားခြားမပါဘူး ကိုယ့်အတွက် simple ဖြစ်နေပေမယ့် အဲ့ဒီအချက်ကပဲ သူ့ကို best seller ဖြစ်သွားစေတယ်ထင်ပါရဲ့ 🙊
Air တို့ asian အသားအရေအများစုက အဆီပြန်တာများတယ် Oil & moist balance မဖြစ်ဘူး ဒါမဲ့ အဆီပြန်တဲ့သူတွေက lightweight ဖြစ်ပြီး မျက်နှာပေါ် ဘာ layer မှ မကျန်ခဲ့တဲ့ skincare မျိုးဆို ပိုအကြိုက်တွေ့ကြတယ် ဒီတော့ သူ့ရဲ့ simple point က လူတော်တော်များများအတွက် အလုပ်ဖြစ်သွားတယ် လိမ်းပြီးရင် ပေါ့ပေါ့ပါးပါးလေးနဲ့ မျက်နှာလေးကအိအိလေး (plump) ဖြစ်သွားတာကိုး
လိမ်းပြီး စက္ကန့်ပိုင်းအတွင်း residue ကြီးကြီးမားမား မကျန်ခဲ့တာကြောင့် နောက်ပိုင်း skincare step တွေမှာလည်း comfort ဖြစ်စေတယ် Makeup on လည်း အိုခေတယ် အဲ့ဒါပဲကြောင့်ပဲ social influencer တွေကြားမှာ တစ်ခေတ်ထသွားတယ်လို့ ပြောရမယ်
ဒါပေမယ့် advanced skincare ကို strategic ကျကျ သုံးတတ်နေပြီဆိုတဲ့သူတွေ အတွက်တော့ ဒါကအနည်းငယ် old school ver: or child play ဖြစ်နေနိုင်တယ် အဲ့လောက်ကြီး ရင်ထဲရောက်မှာ မဟုတ်တော့ဘူးလို့ မြင်မိတယ်
Skin problem အထူးတလည်ကြီး မရှိဘူး On the way to healthy skin အတွက်ဆိုရင်တော့ daily routine မှာ ဘာနဲ့တွဲသုံးသုံး အဆင်ပြေတယ် ဒါမှမဟုတ် strong active တစ်ခုခုနဲ့ တွဲသုံးဖို့ stress-free supporter အနေနဲ့ဆိုလည်း သုံးလို့ကောင်းမယ်
🟢 Balanceful Cica ကတော့ Dive in ကိုမှ plus T-TECA လုပ်ပြီး version မြှင့်လိုက်သလို ခံစားရတယ် Ingredients check ကြည့်တဲ့အခါ Dive in ထဲမှာ key အနေနဲ့ပါတဲ့ 5 types of HA အပြင် Cica derivatives တွေကို ထည့်ထားတယ် ပြီးရင် BHA ရဲ့ mild form, LHA ခပ်ပါးပါးပါမယ် ဒီတော့ သူ့ရဲ့ပေးချင်တဲ့ message က hydrate + soothe လို့ ခံစားရတယ်
(ဒီအကြောင်းကိုတော့ full review လုပ်ခဲ့ပြီးပြီမို့ details မပြောတော့ဘူး)
၂ခုယှဉ်လိုက်တဲ့အခါ _ Dive in က overall skin condition အတွက် အဆင်ပြေတယ်၊ Balanceful Cica ကတော့ Dive in သုံးချင်နေတဲ့ ဝက်ခြံသမားတွေအတွက် ပိုအဆင်ပြေလိမ့်မယ် ဘာလို့ ဒီလိုပြောရလဲဆိုရင် air acne spot serum တွေ အများကြီးသုံးဖူးတယ် သူက အဲ့လောက် strong ဖြစ်တဲ့ထဲမပါဘူး Dive in ရဲ့ hydrating effect ကိုလည်း လိုချင်တယ် Acne redness / pain level ကိုလည်း လျော့ချချင်တယ်ဆိုရင်တော့ balanceful series က ပိုသင့်တော်တယ်
Air အထင် Dive in က hype သွားတော့ အလိုလိုနေရင်း Balanceful က underrated ဖြစ်သွားပုံပဲ တကယ်တော့ နှစ်ခုလုံးက ခပ်ဆင်ဆင်ပါပဲ ဘယ်ဟာကတော့ ပိုကောင်းတယ်လို့ ထောက်ပြလို့မရသလို အလုပ်လုပ်ပုံချင်းကွာတယ်လည်း ပြောမရဘူး ဒါပေမယ့် instant result ပိုင်းမှာတော့ balanceful က moisturize ပိုဖြစ်တာမို့ acne-prone combo/ dry တွေဆို dive in ထက် prefer ဖြစ်လိမ့်မယ်
Thanks for reading my POV 🙊🫶🏻
Your Skin Sis,
Air~