24/06/2022
မျက်ခုံးထိုးပီး ဆောင်ရန် ရှောင်ရန်လေးတွေ 📌
1️⃣ ထိုးပီးချင်းနေ့ ကစပီး ၂ရက် လောက်ထိ စိတ်ကြိုက်ပုံစံလေးနဲ့ အရမ်းလှပီး အရမ်းတွေသဘောကျနေပါလိမ့်မယ်
တချို့ အရမ်းထင်းနေတယ် ထင်ပါလိမ့်မယ်
အနာဖေးကွာပီးရင် အရောင်တဝက်လောက်လျော့မှာမို့ ထင်းနေမှကိုဖစ်မှာပါ🛑
2️⃣၃ရက် ၄ရက်လောက်ကြာ အနာဖေးကွာခါနီး ထိုးထားတဲ့ အရောင်ထက် အနည်းငယ် ပိုထင်းလာပါမယ်
အနာဖေးကွာတော့မှာမို့ ခြောက်လာပီး အရောင်ပိုရင့်လာတာပါ
3️⃣အနာဖေးစကွာလာပါမယ် တယောက်နဲ့တယောက်မတူပါ တချို့က ၃ ၄နဲ့ကွာပီး တချို့က၁ပတ်လောက်မှစကွာပါတယ်
တချို့ အဖတ်လိုက်ကွာပါတယ် တချို့ကတော့ အမှုန့်လေးတွေနဲ့ ကွာမှန်းမသိကွာပါတယ်
လက်နဲ့လုံးဝမခွါရပါ ခွါလိုက်ရင် အရောင်မကျန်ပါ📌
4️⃣ အဲ့မှာစတွေ့ပါပီ😬
အနာဖေးကွာသွားတော့ အောက်မှာ ဘာမှမကျန်တော့ဘူး ဘာမှမထင်တော့ဘူးဆိုပီး စိုးရိမ်လာကြတယ်
စိုးရိမ်စရာမရှိပါ It’s just a normal ပါရှင့်
အနာဖေးကွာပီးချင်းအရောင်က မမှန်သေးပါ
(ချော်လဲလို့ ဒူးပြဲဖူးတာတို့ ဒဏ်ရာလေးတွေရဖူးတဲ့လူဆို သိပါလိမ့်မယ် အနာဖေးတက်တဲ့ အချိန် အနာက ခြောက်ပီး ပိုမဲလာပီး အနာဖေးကွာသွားတဲ့ချိန်အဲ့နေရာမှာ ဖြူပီးကျန်ခဲ့တာ တွေ့ဖူးမှာပါ နောက်တဖြည်းဖြည်းနဲ့ အသားရောင်ပြန်ညီလာပါတယ်)
5️⃣ စိတ်ရှည်လက်ရှည်စောင့်ပါရှင့်
၁လ ၁ခွဲမှာရှိတဲ့အရောင်က အရောင်မှန်ဆုံးပါ
6️⃣၁လခွဲဝန်းကျင်လောက်မှာ အရောင်ပြန်ဖြည့်ရပါမယ်
လိုတဲ့နေရာ ထပ်ဖြည့်ရပါမယ် ထပ်ဖြည့်မှသာ ကြာရှည်ခံပြီး စိတ်ကြိုက်အရောင်ရမှာပါ
✅ထိုးပီးချင်း ပထမနေ့မှာ ရေလေးနဲ့ သန့်ရှင်းရေးလုပ်လို့ရပါတယ်
✅ဒုတိယမြောက်နေ့ကစပီး အနာဖေးလုံးဝကွာတဲ့ထိရေလုံးဝမထိနိုင်ရင်တော့ ပိုကောင်းပါတယ်
📌ဆပ်ပြာ skin careတော့ လုံးဝမထိရပါ
✅ပေးလိုက်တဲ့ after care creamကို မဖစ်မနေလိမ်းပါ
အနာမကျက်မချင်း
မျက်ခုံးကိုလက်နဲ့လုံးဝမထိရပါ❌
Eyebrows are sisters 📌
Not twins 📌
လူတိုင်းက မျက်နှာ၂ခြမ်းမတူပါ
တချို့ နားရွက်၂ဖက် အနိမ့်မြင့်မတူ
တချို့မျက်လုံး၂ဖက်မတူ
ဒါ့ကြောင့်မို့ မျက်ခုံး၂ဖက်ကွက်တိကျညီနေဖို့ဆိုတာ မဖစ်နိုင်လို့ အတတ်နိုင်ဆုံးတော့ ဆိုင်က ညီအောင်ညှိပီးဆွဲပေးပါတယ်
Body tattoo ဆေးမဟုတ်တဲ့အတွက် မျက်ခုံးတွေက နှစ်အကြာကြီးမခံပါ📌
တချို့ ၂နှစ် ၃နှစ်
တချို့ ၁နှစိ
တချို့ အရမ်းအဆီပြန်ဝက်ခြံများသူများဆို ၉လ ၁၀လဝန်းကျင်သာအရောင် ကောင်းကောင်းခံပါတယ်
body tattoo ဆေးနဲ့ထိုးလဲရတယ် မဲမဲတုံးကြီးဖစ်နေလဲရတယ် ကြာကြာခံပီးရောဆိုရင် ဘာဖစ်မလဲဆိုတော့ အရောင်စိမ်းစိမ်းကြီးဖစ်လာပါမယ်
ကြာလေ စိမ်းလေဖစ်ပါမယ် ❌
လုံးဝသဘာဝမကျပဲ ငါးခူဓားမွှန်းထားသလိုဖစ်နေပါမယ်❌
အားလုံးပဲ လှပသောမျက်ခုံးလေးတွေပိုင်ဆိုင်နိုင်ပါစေ🥰🥰🥰🥰🥰