MTK Fashion & မြတ်သုခ အထည်ချုပ်နှင့်အထည်ဖြန့်ချိရေး

  • Home
  • Myanmar
  • South Dagon
  • MTK Fashion & မြတ်သုခ အထည်ချုပ်နှင့်အထည်ဖြန့်ချိရေး

MTK Fashion & မြတ်သုခ အထည်ချုပ်နှင့်အထည်ဖြန့်ချိရေး ကလေးလူကြီးစပန့်ဝမ်းဆက်ဂါဝန်ဝတ်စုံ?

ချည် တစ်ရှူးသားလေးအားပေးလို့ရပါပြီ🙏🙏🙏🙏🙏စျေးလေးကတော့Xs 1/2 yrs 8000S size 2/3 yrs 8500M size 4/5 yrs 9000L size 6/7 yrs 9...
21/08/2025

ချည် တစ်ရှူးသားလေး
အားပေးလို့ရပါပြီ🙏🙏🙏🙏🙏

စျေးလေးကတော့
Xs 1/2 yrs 8000
S size 2/3 yrs 8500
M size 4/5 yrs 9000
L size 6/7 yrs 9500
XL size 8/9 yrs 10000
2XL size 10/12 yrs 11000 ပါ
ပြန်လည်ရောင်းချလိုသူများ လက်ကားစျေးသီးသန့်ရှိပါတယ်ခင်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျ🙏🙏🙏🙏🙏

#မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေး
၀၉၉၇၇၃၉၉၀၂၇
၀၉၇၈၁၉၁၅၄၃၀

ချစ်စွာသောအနယ်နယ်အရပ်ရပ်မှဖောက်သည်တော်ကြီးများခင်ဗျမိသားစုဆင်တူလေးတွေအားပေးကြပါဦးနော်စျေးလေးတွေကတော့လူကြီး L size 15000X...
15/08/2025

ချစ်စွာသောအနယ်နယ်အရပ်ရပ်မှ
ဖောက်သည်တော်ကြီးများခင်ဗျ
မိသားစုဆင်တူလေးတွေအားပေးကြပါဦးနော်
စျေးလေးတွေကတော့
လူကြီး
L size 15000
XL size 15500
2XL size 16000 ပါ
ကလေး
Xs 1/2 yrs 8000
S size 2/3 yrs 8500
M size 4/5 yrs 9000
L size 6/7 yrs 9500
XL size 8/9 yrs 10000
2XL size 10/12 yrs 11000 ပါ
ပြန်လည်ရောင်းချလိုသူများ လက်ကားစျေးသီးသန့်ရှိပါတယ်ခင်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျ🙏🙏🙏🙏🙏

#မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေး
၀၉၉၇၇၃၉၉၀၂၇
၀၉၇၈၁၉၁၅၄၃၀

လိုချင်တာများရှိရင်လဲပြောပါလေကြော်ငြာ ချစ်သမီးလေး
23/05/2025

လိုချင်တာများရှိရင်လဲပြောပါလေ
ကြော်ငြာ ချစ်သမီးလေး

23/05/2025
ချစ်စွာသောအနယ်နယ်အရပ်ရပ်မှအားပေးကြပါသောမိတ်ဆွေကြီးတို့ရေမေမေနဲ့မီးမီးဆင်တူဝတ်လို့ရအောင်ဒစ်ဂျစ်တယ်စပန့်အေဂရိတ်လေးတွေကိုမြ...
06/03/2025

ချစ်စွာသော
အနယ်နယ်အရပ်ရပ်မှအားပေးကြပါသော
မိတ်ဆွေကြီးတို့ရေ
မေမေနဲ့မီးမီးဆင်တူဝတ်လို့ရအောင်
ဒစ်ဂျစ်တယ်စပန့်အေဂရိတ်လေးတွေကိုမြတ်သုခကချုပ်ပေးထားပါတယ်နော်
ချုပ်ရိုးချုပ်သားကတော့အထူးပြောစရာမလိုတော့ပါဘူးနော် အာမခံပါတယ်ခင်ဗျ ကိုယ်တိုင်ချုပ်ရုံဖြစ်တဲ့အတွက်ကြောင့်ပါ
သမီးလေးတွေငယ်တုန်းမှာ
ဆင်တူဝတ်ဆင်ပြီးပုံလေးတွေရိုက်ထားရင်
တချိန်ကျရင်အမှတ်တရဖြစ်စေသလို
သမီးလေးတွေလဲပျော်ရွှင်ကျေနပ်နေကြမှာပါနော်💕💕💕💕💕💕💕💕💕💕💕💕💕💕💕
အရောင်လေးတွေကတော့ ၅ ရောင်လိုင်းဖြစ်တဲ့အတွက် ၅ ထည်တစည်းပါခင်ဗျ
ဆိုဒ်လေးနဲ့စျေးနှုန်းလေးကတော့
ကလေး🧍‍♀️🧍‍♀️🧍‍♀️🧍‍♀️
XS - size 1 yrs 8500
S - size 2/3 yrs 8800
M - size 4/5 yrs 9100
L - size. 6/7 yrs 9400
XL - size 9/10 yrs 9700
2XL- size 10/11 yrs 11000 ပါခင်ဗျ
❤️❤️❤️❤️❤️
မေမေတို့အတွက်စျေးလေးက
L - size 15500 (ရင် ၄၂)
XL - size 16000 (ရင်၄၄)
2XL- size. 16500(ရင်၄၆) ပါခင်ဗျ
❤️❤️❤️❤️❤️
ပြန်လည်ရောင်းချလိုသူတွေအတွက်
အများစျေးသက်သက်ရှိပါတယ်နော်
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ🙏🙏🙏🙏🙏
#မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေး
အမှတ် (၃၁၈ က) ကျန်စစ်သားလမ်း (၇၀) ရပ်ကွက်
တောင်ဒဂုံမြို့နယ်
၀၉၉၇၇၃၉၉၀၂၇
၀၉၇၈၁၉၁၅၄၃၀

ချစ်လှစွာသောမိတ်ဆွေကြီးတို့ရေအားပေးလို့ရပါပြီနော်အနယ်နယ်အရပ်ရပ်မှ အားပေးသူအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေလို့🙏🙏🙏🙏🙏X...
19/02/2025

ချစ်လှစွာသော
မိတ်ဆွေကြီးတို့ရေ
အားပေးလို့ရပါပြီနော်
အနယ်နယ်အရပ်ရပ်မှ အားပေးသူအပေါင်း
ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေလို့🙏🙏🙏🙏🙏
Xs size - 1 yrs - 8000
S size -2/3 yrs - 8300
Msize- 4/5 yrs - 8600
Lsize-6/7 yrs 8900
XL size -8/9 yrs. 9100
2XL size -9/10 yrs 9600 ပါ
အောက်ဆုံးပုံလေးက
မင်မင်ရဲ့အချစ်ရဆုံသမီးလေးကို
ကြော်ငြာထည့်ပေးထားတာပါခင်ဗျ
၀၉၉၇၇၃၉၉၀၂၇
၀၉၇၆၅၃၃၀၀၃၈
#မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေး
ကျေးဇူးတင်ပါတယ်ခင်ဗျ🙏🙏🙏🙏🙏

အကြောက်တရား (Fear) 1️⃣5️⃣▪️6️⃣ဘဝမုန်တိုင်းတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ(Essential Wisdom For Getting Throug...
17/08/2024

အကြောက်တရား (Fear) 1️⃣5️⃣▪️6️⃣

ဘဝမုန်တိုင်းတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ
(Essential Wisdom For Getting Through The Storm)

သစ်နတ်ဟန် (Thich Nhat Hanh)

🖋️ ကျော်စွာမြန်မာပြန်သည်

အပိုင်း (၁၅-၆)

ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၆)
➖➖➖➖➖➖➖➖➖➖
Practices for Transforming Fear
➖➖➖➖➖➖➖➖➖➖➖

အောက်မေ့ဖွယ်ငါးပါး
🟨🟨🟨🟨🟨🟨🟨

❤️ အခုပြောမယ့် အောက်မေ့ဖွယ်ငါးပါးတို့ဟာ နေ့စဥ်ဘဝမှာ သတိတရားကို လက်တွေ့ကျင့်သုံးနိုင်စေဖို့ အထောက်အကူပြုတယ်။ ဒီတရားငါးပါးကို မှန်မှန်အောက်မေ့ဆင်ခြင်တဲ့အခါ သမ္မာဒိဌိလို့ခေါ်တဲ့ မှန်ကန်တဲ့အမြင်ရင့်သန်လာတယ်။ သမ္မာဒိဌိက ခွဲခြားနှိမ့်ချတဲ့အမြင်၊ သည်းခံနိုင်မှုနည်းပါးခြင်း၊ ဒေါသကြီးခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းနဲ့ စိတ်ပျက်အားလျော့ခြင်းတွေကို ရှင်းလင်းဖယ်ရှားပေးတယ်။ ဒီတရားငါးပါးကို ဆင်ခြင်အောက်မေ့ပြီး ရှင်သန်နေထိုင်တဲ့အခါ ကျွန်ုပ်တို့ဟာ ဘုရားအလောင်းတို့ရဲ့ လမ်းစဥ်ကို လျှောက်လှမ်းနေတာပဲဖြစ်တယ်။ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်နေတယ်ဆိုတာကို သိထားတဲ့အခါ ကျွန်ုပ်တို့ဟာ အနာဂတ်အတွက် လမ်းပျောက်မှာကို မစိုးရိမ်တော့ဘူး၊ ပစ္စုပ္ပန်ဘဝနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးမှုတွေ မဖြစ်တော့ဘူး။
1️⃣အသက်ရှင်သန်ခြင်းကို အလေးအမြတ်ထားခြင်း
-----------------------------------------------

✅ သတ္တဝါတို့၏ အသက်ကို ဖျက်ဆီးသတ်ဖြတ်ခြင်းကြောင့် ပေါ်ပေါက်လာရသည့် နာကျင်ခံစားမှုဒုက္ခများကို သိရှိနားလည်ထားသည့်အတွက် ကျွန်ုပ်သည် အတူတွဲမှီဖြစ်တည်ခြင်းအမြင် (insight of interbeing) နှင့် ကရုဏာတရားတို့ကို ရှင်သန်အားကောင်းလာစေရန် ပြုစုပျိုးထောင်မည်ဟု ကတိပြုပါသည်။ လူနှင့် တိရိစ္ဆာန်တို့၏ အသက်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် အပင်နှင့် သတ္ထုအရင်းအမြစ်များကို ထိမ်းသိမ်းကာကွယ်ရန် ဆည်းပူးလေ့လာသွားပါမည်။

✅ ကျွန်ုပ်၏ အတွေးအကြံတို့တွင်လည်းကောင်း၊ ကျွန်ုပ်၏ ဘဝနေပုံထိုင်ပုံတွင်လည်းကောင်း သတ်ဖြတ်ခြင်းအမှုကို မပြုရန်၊ သူတပါးတို့၏ သတ်ဖြတ်ခြင်းကို ခွင့်မပြုရန်၊ ကမ္ဘာပေါ်ရှိ သတ်ဖြတ်ခြင်းပါဝင်သောအမှုကိစ္စမှန်သမျှတို့ကို အားပေးထောက်ခံခြင်းမပြုရန် စိတ်ပိုင်းဖြတ်ထားပါသည်။

✅ အန္တရာယ်ဖြစ်စေသော အပြုအမူတို့သည် ဒေါသစိတ်၊ လောဘစိတ်၊ ကြောက်စိတ်နှင့် သည်းခံနိုင်စွမ်းနည်းပါးခြင်းတို့မှ ပေါ်ပေါက်လာကြသည်ကိုလည်းကောင်း၊ ထိုစိတ်တို့သည် မိမိသူတပါး ခွဲခြားသောအမြင်မှ အရင်းခံလာသည်ကိုလည်းကောင်း တွေ့မြင်နားလည်ထားသည့်အတွက် ကျွန်ုပ်ကိုယ်တိုင်နှင့် မြေကမ္ဘာပေါ်တွင် ရှိနေကြသော ရန်လိုမှု၊ အစွန်းရောက်မှုနှင့် တယူသန်ခြင်းတို့ကို ပြောင်းလဲနိုင်ရန်ရည်ရွယ်၍ လက်ခံကြိုဆိုခြင်း၊ ခွဲခြားမှုမရှိခြင်း၊ တွယ်ငြိမှုမရှိခြင်းအမြင်တို့ကို ပြုစုပျိုးထောင်သွားပါမည်။
2️⃣ စစ်မှန်သောပျော်ရွှင်မှု
----------------------

✅ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ တရားမျှတမှုမရှိခြင်း၊ ပစ္စည်းဥစ္စာခိုးယူခြင်း နှင့် ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာရသည့် နာကျင်ခံစားမှုဒုက္ခတို့ကို သိရှိနားလည်ထားသည့်အတွက် ကျွန်ုပ်၏ ကာယကံမှု၊ ဝစီကံမှုနှင့် မနောကံမှုတို့တွင် သဘောထားကြီးခြင်းနှင့် ရက်ရောခြင်းတို့ကို အလေ့အကျင့်ပြုလုပ်သွားရန် ကတိပြုပါသည်။ ခိုးယူခြင်းအမှုကို မပြုရန်နှင့် သူတပါး၏ ဥစ္စာပစ္စည်းတို့ကို ရယူပိုင်ဆိုင်ထားခြင်း မပြုရန် စိတ်ပိုင်းဖြတ်ထားပါသည်။ ကျွန်ုပ်၏ အချိန်၊ ခွန်အားနှင့် ပိုင်ဆိုင်မှုတို့ကို လိုအပ်နေသူများနှင့် မျှဝေသွားပါမည်။

✅ သူတပါးတို့၏ ပျော်ရွှင်မှုနှင့် နာကျင်ခံစားရမှုတို့သည် ကျွန်ုပ်၏ ပျော်ရွှင်မှုနှင့် နာကျင်ခံစားရမှုတို့နှင့် သီးခြားမဟုတ်သည်ကိုလည်းကောင်း၊ စာနာနားလည်မှုနှင့် ကရုဏာတရားတို့မပါဝင်ပဲ စစ်မှန်သောပျော်ရွှင်မှု မဖြစ်ပေါ်နိုင်ပုံကိုလည်းကောင်း၊ ကြွယ်ဝမှု၊ ကြော်ကြားမှု၊ အာဏာပါဝါနှင့် ကာမဂုဏ်ခံစားမှုတို့နောက် အပြေးအလွှား လိုက်နေခြင်းကြောင့် ဒုက္ခနှင့် စိတ်ပျက်အားငယ်မှုတို့ကို ဖြစ်စေနိုင်ပုံကိုလည်းကောင်း သိမြင်နားလည်လာ‌စေရန်အတွက် လေးလေးနက်နက် ကြည့်ရှုဆင်ခြင်သည့် အကျင့်ကို လေ့ကျင့်သွားပါမည်။

✅ ကျွန်ုပ်၏ ပျော်ရွှင်ဝမ်းမြောက်ခြင်းသည် ပြင်ပအခြေအနေများအပေါ် မှီခိုနေခြင်းမရှိပဲ ကျွန်ုပ်၏ ခံယူချက်နှင့်သာ သက်ဆိုင်ကြောင်းကို သိရှိပါသည်။ ကျွန်ုပ်ပိုင်ဆိုင်သမျှတို့သည် ကျွန်ုပ်ကို ပျော်ရွှင်စေရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးကြောင်းကို စဥ်းစားလိုက်ရုံဖြင့်ပင် ကျွန်ုပ်သည် ပစ္စုပ္ပန်အချိန်တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ပါသည်။

✅ မြေကမ္ဘာပေါ်ရှိ သက်ရှိတို့၏ နာကျင်ခံစားမှုတို့ကို သက်သာစေပြီး ကမ္ဘာမြေကြီး၏ ပူနွေးလာမှုကို ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းမှုတခုကို ထူထောင်ရန် ကျွန်ုပ်ကတိပြုပါသည်။
3️⃣ စစ်မှန်သောမေတ္တာ
--------------------

✅ လိင်ကိစ္စဖောက်ပြန်မှုများကြောင့် ပေါ်ပေါက်လာရသည့် နာကျင်ခံစားမှုဒုက္ခတို့ကို သိရှိနားလည်ထားသည့်အတွက် လူပုဂ္ဂိုလ်တဦးတယောက်၊ လင်မယားစုံတွဲများ၊ မိသားစုများနှင့် လူ့ပတ်ဝန်းကျင်တို့၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာတို့ကို ကာကွယ်စောင့်ရှောက်ရန် နည်းလမ်းများကို ရှာဖွေဆည်းပူးပြီး တာဝန်ယူစိတ်ကို မွေးမြူသွားရန် ကျွန်ုပ် ကတိပြုပါသည်။

✅ လိင်စိတ်ဆန္ဒသည် ချစ်ခြင်းမေတ္တာမဟုတ်ကြောင်း၊ အလိုရမ္မက်ဦးစီးသော လိင်အပြုအမူများသည် မိမိနှင့် တဖက်သားကို အန္တရာယ်ဖြစ်စေတတ်ကြောင်း သိရှိနားလည်ထားသည့်အတွက် စစ်မှန်သောအချစ်ကို အခြေမခံသော၊ မိသားစုနှင့် မိတ်ဆွေများရှေ့တွင် လေးလေးနက်နက် ကတိကဝတ်ပြုထားခြင်းမရှိသော လိင်ဆက်ဆံမှုမျိုးကို ရှောင်ကြဥ်ရန် ကျွန်ုပ်ဆုံးဖြတ်ထားပါသည်။

✅ ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုကို ကျွန်ုပ်တတ်စွမ်းသမျှ ကာကွယ်သွားပါမည်။ လိင်မှုဖောက်ပြန်မှုကြောင့် ဇနီးမောင်နှံများနှင့် မိသားစုများကို အန္တရာယ်မဖြစ်စေရန် တားဆီးကာကွယ်သွားပါမည်။

✅ ရုပ်ခန္ဓာကိုယ်နှင့် စိတ်တို့သည် တခုတည်းဖြစ်ကြောင်း နားလည်ထားသည့်အတွက် ကျွန်ုပ်၏ လိင်စိတ်ဆန္ဒတို့ကို လျော်ကန်သောနည်းလမ်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး ကျွန်ုပ်နှင့် လူတဖက်သားတို့၏ ပိုမိုကြီးကျယ်သော ပျော်ရွှင်မှုအတွက် ကြင်နာမှု၊ စာနာမှု၊ ပျော်ရွှင်မှု၊ သည်းခံမှု၊ မျှတမှုနှင့် စစ်မှန်သော မေတ္တာတရား၏ အစိတ်အပိုင်းများအားလုံးကို ပြုစုပျိုးထောင်သွားပါမည်။

✅ စစ်မှန်သော မေတ္တာတရားကို ကျင့်သုံးသည့်အတွက် ကျွန်ုပ်တို့သည် အနာဂတ်သို့ လှပစွာ ရှေ့ဆက်ကြမည်ဖြစ်ကြောင်း သိရှိထားပါသည်။
4️⃣ ချိုသာစွာပြောဆိုခြင်းနှင့် လေးလေးနက်နက်နားထောင်ခြင်း
----------------------------------------------------------

✅ သတိလက်လွတ်ပြောဆိုခြင်းနှင့် နားစိုက်‌ထောင်ရန်ပျက်ကွက်ခြင်းတို့ကြောင့် ပေါ်ပေါက်လာရသော နာကျင်ခံစားရမှုတို့ကို သိရှိနားလည်ထားသည့်အတွက် ကျွန်ုပ်ကိုယ်တိုင်၌လည်းကောင်း၊ အခြားလူများ၊ လူမျိုးစုများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် တိုင်းနိုင်ငံများအကြားတွင်လည်းကောင်း ခါးသီးနာကျင်မှုများ လျော့ပါးသက်သာပြီး ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရန်အတွက် မေတ္တာဖြင့်စကားဆိုပြီး ကရုဏာဖြင့် နားထောင်သည့်အလေ့ကို ပြုစုပျိုးထောင်သွားမည်ဟု ကတိပြုပါသည်။

✅ ပြောလိုက်သောစကားကြောင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းကို ဖြစ်စေနိုင်သကဲ့သို့ ထိခိုက်နာကျင်ခြင်းကိုလည်း ဖြစ်စေနိုင်ကြောင်းကို သိထားသည့်အတွက် ယုံကြည်မှု၊ ပျော်ရွှင်မှုနှင့် ‌မျှော်လင့်ခြင်းတို့ကို ပေါ်ပေါက်စေနိုင်သော စကားလုံးများကိုသုံး၍ မှန်ကန်သောစကားကိုသာ ဆိုမည်ဟု ကတိပြုပါသည်။

✅ ဒေါသထွက်နေချိန်တွင် စကားမဆိုရန် ကျွန်ုပ်စိတ်ဆုံးဖြတ်ထားပါသည်။ ထွက်ပေါ်နေသော ဒေါသကို အသိအမှတ်ပြုရန်နှင့် လေးနက်စွာရှုမှတ်ရန်အတွက် သတိဖြင့်အသက်ရှုခြင်းနှင့် သတိဖြင့်လမ်းလျှောက်ခြင်းတို့ကို ကျွန်ုပ် အလေ့အကျင့် ပြုလုပ်သွားပါမည်။

✅ ကျွန်ုပ်တွင်ရှိနေသော မှားယွင်းသောအမြင်များနှင့် မိမိနှင့် သူတပါးတို့၏ နာကျင်ခံစားနေမှုတို့ကို နားလည်မှုမရှိခြင်းတို့သည် ဒေါသ၏ ရေသောက်မြစ်များ ဖြစ်နေတတ်ကြောင်း သိရှိထားပါသည်။

✅ ကျွန်ုပ်နှင့် တဖက်လူတို့ ကြုံတွေ့နေရသော နာကျင်ခံစားနေရခြင်းများကို ပြောင်းလဲနိုင်ရန်နှင့် တင်းမာနေသော ဆက်ဆံရေးအတွက် အဖြေကိုရှာဖွေတွေ့ရှိရန် ရည်ရွယ်၍ ကျွန်ုပ်သည် စကားပြောဆိုခြင်းနှင့် နားထောင်ခြင်းအမှုတို့ကို ပြုပါမည်။

✅ မှန်မမှန် သေချာစွာမသိသော သတင်းများကို မျှဝေခြင်းမပြုရန်နှင့် လူအများအကြား သဘောထားကွဲလွဲစေသော၊ သင်းကွဲစေသော စကားများကို ပြောဆိုခြင်းမပြုရန် ကျွန်ုပ် ဆုံးဖြတ်ထားပါသည်။

✅ ကျွန်ုပ်၏ နားလည်းနိုင်စွမ်း၊ မေတ္တာထားနိုင်စွမ်း၊ တရားမျှတသောအမြင် နှင့် စိတ်၏အတွင်းပိုင်း နက်ရှိုင်းစွာ တည်ရှိနေသော ဒေါသ၊ ရန်လိုစိတ်နှင့် ကြောက်စိတ်တို့ကို ဖြည်းညင်းစွာဖြင့် ပြောင်းလဲနိုင်စွမ်းတို့ကို ပြုစုပျိုးထောင်သွားရန်အတွက် ကျွန်ုပ်သည် ပျော်ပျော်ရွှင်ရွှင်၊ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ဝီရိယရှိရှိ ကြိုးစားအားထုတ်သွားပါမည်။
5️⃣ အာဟာရနှင့်ကျန်းမာရေး
-------------------------

✅ သတိလက်လွတ် သုံးဆောင်ခြင်းကြောင့် နာကျင်ခံစားရမှုဒုက္ခများ ပေါ်ပေါက်ရသည်ကို သိရှိထားသဖြင့် ကျွန်ုပ်နှင့် ကျွန်ုပ်၏မိသားစုအပါအဝင် ကျွန်ုပ်နေထိုင်ရာ လူ့အသိုင်းအဝိုင်းတို့၏ စိတ်နှင့်ခန္ဓာကိုယ်တို့ ကျန်းမာစေရန်အတွက် ရည်ရွယ်ပြီး သတိဖြင့် စားခြင်း၊ သောက်ခြင်းနှင့် မှီဝဲသုံးဆောင်ခြင်းတို့ကို အလေ့အကျင့် ပြုလုပ်သွားပါမည်။

✅ ကျွန်ုပ် မည်ကဲ့သို့ သုံးဆောင်သည်ကို လေးလေးနက်နက် ရှုမှတ်ဆင်ခြင်သွားပါမည်။ ကျွန်ုပ်ဘာကိုစားသုံးသည်၊ အာရုံခြောက်ပါးမှတဆင့် မည့်သည့်အရာတို့ကို သုံးဆောင်ခံစားသည်၊ မည်သည့်ရည်ရွယ်ချက်၊ မည်သည့်စိတ်အခြေအနေဖြင့် မှီဝဲ သုံးဆောင် စားသောက်သည် ဆိုသည်တို့ကို သတိပြုစောင့်ကြည့်သွားပါမည်။

✅ လောင်းကစားခြင်းနှင့် အရက်၊ မူးယစ်ဆေးဝါးနှင့် အခြားအဆိပ်အတောက်ဖြစ်စေသော အရာများ၊ အန္တရာယ်ရှိသော ဝက်ဘ်ဆိုက်များ၊ ဂိမ်းများ၊ တီဗွီအစီအစဥ်များ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းများ၊ စာအုပ်များကို ရှောင်ရှားသွားရန် ကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါသည်။

✅ မိမိနှင့် မိမိ၏ပတ်ဝန်းကျင်တွင် တည်ရှိနေကြသော လန်းဆန်းပြီး ကျန်းမာ၍ ခွန်အားပြည့်ဖြိုးစေသော အရာများကို ထိတွေ့နိုင်ရန်အတွက် ပစ္စုပ္ပန်အချိန်သို့ ပြန်လာသည့် အလေ့အကျင့်ကို ပြုလုပ်သွားပါမည်။ နောင်တတရားနှင့် ဝမ်းနည်းပူဆွေးမှုတို့က ကျွန်ုပ်ကို အတိတ်သို့ တရွတ်တိုက် ဆွဲခေါ်သွားခြင်းကိုလည်းကောင်း၊ စိုးရိမ်မှု၊ ကြောက်စိတ်နှင့် အလိုရမ္မက်တို့က ကျွန်ုပ်ကို ပစ္စုပ္ပန်မှ အာရုံပြောင်းအောင် နှောင့်ယှက်ခြင်းကိုလည်းကောင်း ခွင့်ပြုမည်မဟုတ်ပါ။

✅ အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အခြားနာကျင်ခံစားမှုများကို ဖုံးဖိနှိပ်ကွပ်ထားရန်အတွက် အစားအသောက်နှင့် အာရုံခံစားမှုများကို အလွန်အကြူး မှီဝဲသုံးဆောင်ခြင်း မပြုမိရန် ကျွန်ုပ် စိတ်ဆုံးဖြတ်ထားပါသည်။

✅ အတူတွဲမှီဖြစ်တည်ခြင်း (interbeing) တရားကို ဆင်ခြင်ပြီး ကျွန်ုပ်၏ ခန္ဓာကိုယ်၊ ကျွန်ုပ်၏အသိစိတ်၊ ကျွန်ုပ်၏မိသားစု၊ ကျင်လည်ရာ လူ့အသိုင်းအဝိုင်းနှင့် ကမ္ဘာမြေကြီးတို့၏ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနှင့် ချမ်းသာသုခကို ထိန်းသိန်းရန် ရည်ရွယ်၍ အစာအာဟာရနှင့် အခြားအာရုံတို့ကို သုံးဆောင်မှီဝဲ သွားပါမည်။
..

ဘာသာပြန်ထားသော အပိုင်းများအားလုံးကို အောက်ပါ link တွင် ဖတ်နိုင်ပါသည်။
https://www.facebook.com/permalink.php?story_fbid=122116849508293282&id=61558798480191




အကြောက်တရား (Fear)

အစဥ်လိုက် Link များ

သစ်နတ်ဟန် (ဇင်ဗုဒ္ဓဘာသာဆရာတော်) (Thich Nhat Hanh)

ဘဝမုန်တိုင်းတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ
(Essential Wisdom For Getting Through The Storm)

🖋️ ကျော်စွာမြန်မာပြန်သည်

အပိုင်း (၁) - မိတ်ဆက်
https://www.facebook.com/permalink.php?story_fbid=122103729644293282&id=61558798480191

အပိုင်း (၂) - တချိန်က
https://www.facebook.com/permalink.php?story_fbid=122104414682293282&id=61558798480191

အပိုင်း (၃) - နဂိုမူလအကြောက်တရား
https://www.facebook.com/permalink.php?story_fbid=122105441402293282&id=61558798480191

အပိုင်း (၄) - အတိတ်နှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း
https://www.facebook.com/permalink.php?story_fbid=122108210126293282&id=61558798480191

အပိုင်း (၅) - အနာဂတ်အပေါ် အကြောက်တရားမှ သက်သာစေခြင်း
https://www.facebook.com/permalink.php?story_fbid=122110555994293282&id=61558798480191

အပိုင်း (၆-၁) - လာခြင်းမရှိ ပြန်ခြင်းမရှိ (၁)
https://www.facebook.com/permalink.php?story_fbid=122114804942293282&id=61558798480191

အပိုင်း (၆-၂) - လာခြင်းမရှိ ပြန်ခြင်းမရှိ (၂)
https://www.facebook.com/permalink.php?story_fbid=122120712128293282&id=61558798480191

အပိုင်း (၆-၃) - လာခြင်းမရှိ ပြန်ခြင်းမရှိ (၃)
https://www.facebook.com/permalink.php?story_fbid=122115029132293282&id=61558798480191

အပိုင်း (၆-၄) - လာခြင်းမရှိ ပြန်ခြင်းမရှိ (၄)
https://www.facebook.com/permalink.php?story_fbid=122115425864293282&id=61558798480191

အပိုင်း (၇-၁) - ကြောက်စိတ်ကင်းမဲ့ခြင်းလက်ဆောင် (၁)
https://www.facebook.com/permalink.php?story_fbid=122116388978293282&id=61558798480191

အပိုင်း (၇-၂) - ကြောက်စိတ်ကင်းမဲ့ခြင်းလက်ဆောင် (၂)
https://www.facebook.com/permalink.php?story_fbid=122116865660293282&id=61558798480191

အပိုင်း (၈-၁) - သတိရဲ့စွမ်းအား (၁)
https://www.facebook.com/permalink.php?story_fbid=122117645612293282&id=61558798480191

အပိုင်း (၈-၂) - သတိရဲ့စွမ်းအား (၂)
https://www.facebook.com/permalink.php?story_fbid=122118360458293282&id=61558798480191

အပိုင်း (၉) - ပြေးလွှားနေတဲ့စိတ်ကို ဘယ်လိုရပ်တန့်မလဲ
https://www.facebook.com/permalink.php?story_fbid=122119353866293282&id=61558798480191

အပိုင်း (၁၀) - မုန်တိုင်းကြားမှာ တည်ငြိမ်စွာ
https://www.facebook.com/permalink.php?story_fbid=122120262896293282&id=61558798480191

အပိုင်း (၁၁-၁) ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အကြောက်တရားများကို အသွင်ပြောင်းခြင်း (၁)
https://www.facebook.com/permalink.php?story_fbid=122121224726293282&id=61558798480191

အပိုင်း (၁၁-၂) ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အကြောက်တရားများကို အသွင်ပြောင်းခြင်း (၂)
https://www.facebook.com/permalink.php?story_fbid=122121224516293282&id=61558798480191

အပိုင်း (၁၂) တိမ်တွေထက်မှာ ကောင်းကင်ပြာ
https://www.facebook.com/permalink.php?story_fbid=122122000604293282&id=61558798480191

အပိုင်း (၁၃) ကြောက်စိတ်မှ မေတ္တာတရားသို့ (မန္တန်လေးပုဒ်)
https://www.facebook.com/permalink.php?story_fbid=122123745224293282&id=61558798480191

အပိုင်း (၁၄-၁) ကြောက်စိတ်ရဲ့အခြားတဖက် (၁)
https://web.facebook.com/permalink.php?story_fbid=122124591962293282&id=61558798480191

အပိုင်း (၁၄-၂) ကြောက်စိတ်ရဲ့အခြားတဖက် (၂)
https://www.facebook.com/permalink.php?story_fbid=pfbid02XLYKLQJGotPwvANLYQu6Zj1xDwZD7THSXrMhuH6698rgZQwqEvE6Fge1gKcQRuKil&id=61558798480191

အပိုင်း (၁၅-၁) ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၁)
https://www.facebook.com/permalink.php?story_fbid=pfbid0LmmMdPwQWxxzfxHPbyWaBeSJhUiDEfJE7aJLimkEqK2yLrmDUJ1WizxPde2xZbUvl&id=61558798480191

အပိုင်း (၁၅-၂) ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၂)
https://www.facebook.com/permalink.php?story_fbid=pfbid02Xdug7k4LyUCPbJdaXb7xgwNymDSAUXa4bB3LP68kXCnmg6yWFAyoiGsYUgzeRbFnl&id=61558798480191

အပိုင်း (၁၅-၃) ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၃)
https://www.facebook.com/permalink.php?story_fbid=pfbid0141vDZPkVZw2NkxMWJSRgMPaiC32RViSLeCpPZxadq1sftVWeXfqLGebGKKirK8Pl&id=61558798480191

အပိုင်း (၁၅-၄) ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၄)
https://www.facebook.com/permalink.php?story_fbid=pfbid09wVUY2ro7iLES3v8HYJDPcnYdmBP9YGkqo9GyHe5Tg96HBq9dTZjoN1ASEzGQ5yHl&id=61558798480191

အပိုင်း (၁၅-၅) ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၅)
https://www.facebook.com/permalink.php?story_fbid=pfbid0T8Ftcc12RC6m2mAL4ZFfcZxhwQ2SH8FoNA61jheyLQ4FHoi9vTESzysXKiQcVuKQl&id=61558798480191

အပိုင်း (၁၅-၆) ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ (၆)
https://www.facebook.com/permalink.php?story_fbid=pfbid02etH3gABKD5qVFM2vHmVAnqZZzVqFBxpH99fFogYQNGC3EHdjdzEcw9e7LGowqti5l&id=61558798480191.......




11/05/2024
07/12/2023

🛑 ပြည်နာချိန်မှာ အငမ်းမရ
စီးပွားရှာနေသူတွေကို ပြောချင်နေတုန်း 🌼🌿

▪️မိုးကုတ်ဆရာတော်ကြီးရဲ့ဒကာရင်း
ကုန်သည်တစ်ဦးက တရားနာခါနီးမှ
ကပ်ပြီးရောက်လာတယ်၊၊

ဆရာတော်ကိုကန်တော့ပြီး
”ဒီလိုပဲဘုရား၊ ခုချိန်မှာ တပည့်တော်
လှောင်ထားတဲ့ကုန်တွေက
အပြင်မှာ ရှားပါးချိန်ဆိုတော့
ဖောက်သည်တွေက လက်မလည်
အောင်ဖြစ်နေလို့ မနည်းဖြတ်ခဲ့ရတယ်”
လို့လျှောက်တယ်။

ဆရာတော်ကြီးက
"အလုပ်ဆိုတာကတော့
ကိုယ်က အနားမယူတတ်ရင်
မသေမချင်း ရှုပ်နေမှာပေါ့ကွာ” ဆို
တော့

”ဒီလိုလည်းမဟုတ်သေးဘူး ဆရာတော်၊
-စီးပွားရှာ ပြည်နာမှ-ဆိုသလိုပဲ
ခုချိန်မျိုးမှာမှ ပိုပြီးရောင်းကောင်းတာ”တဲ့

ဒကာကြီးသုံးလိုက်တဲ့ စကားပုံကိုကြားလိုက်တော့
ဆရာတော်ကြီးက သိပ်ပြီးမနှစ်ခြိုက်တဲ့သဘောနဲ့ ကြည့်ရင်း

”အေး-သုဿန်မှာ လူသေကောင်တူးမြှုပ်
ပြီး အသက်မွေးကြတဲ့ ဒွန်းစဏ္ဍားတွေလည်း မင်းတို့
လိုပဲကွ၊

သူများတွေ ငိုကြီးချက်မနဲ့ လူသေအလောင်း
ထမ်းလာတာမြင်ရင် သူတို့က ပြုံးနေတာပဲ။

သူများငိုရလေ သူတို့က ဝင်ငွေကောင်းလေဆိုသလို
ဖြစ်နေတာကိုးကွ။

ခုလည်း မင်းတို့ဟာက သူများအခက်တွေ့လေ
မင်းတို့က ပျော်လေဆိုတော့ ဒါ ဒွန်းစဏ္ဍားပျော်
ပျော်နေကြတာမဟုတ်လား” လို့ မိန့်ကြားလိုက်တယ်။

ဓမ္မဘေရီဆရာတော်🙏🏻🌼🌿
တရားသံဝေ ရကြပါစေ
( မထေရ်မြတ်တို့စကားဝိုင်း(၃)မှ 🌿

Credit:🙏🏻🌿

ချစ်စွာသောအနယ်နယ်အရပ်ရပ်မှဝယ်ယူအားပေးကြသောကျေးဇူးရှင်ကြီးများခင်ဗျကျွန်တော်များ #မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေးမှလ...
21/07/2023

ချစ်စွာသောအနယ်နယ်အရပ်ရပ်မှ
ဝယ်ယူအားပေးကြသော
ကျေးဇူးရှင်ကြီးများခင်ဗျ
ကျွန်တော်များ
#မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေးမှ
လူကြီးမင်းတို့အတွက်အလုပ်များပုံမှန်ပြန်လုပ်နေပြီဖြစ်ပါကြောင်းလေးစားစွာဖြင့်အသိပေးပါရစေခင်ဗျ
အကြောင်းအမျိုးမျိုးကြောင့်ပို့စ်မတင်ဖြစ်
CB မှပုံမပို့ဖြစ်စာမပို့ဖြစ်တဲ့အတွက်ပုံမှန်ဝယ်ယူအားပေးနေသော ဖောက်သည်တော်ကြီးများကို
လေးစားစွာဖြင့်အနူးအညွှတ်တောင်းပန်ပါသည်ခင်ဗျား🙏🙏🙏🙏🙏
ယနေ့မှစ၍ ပုံမှန်အဆင်သစ်ထွက်တိုင်း
ပြန်လည်ပို့ဆောင်ပေးပါမည်ခင်ဗျား
မှားတာရှိ ဝန္နာမိပါကျေးဇူးရှင်အပေါင်းတို့
ယခုလဲ
လူကြီးမင်းတို့၏ချစ်လှစွာသောရတနာလေးများနှင့်ဖေဖေမေမေတို့အတွက်
မိုက်ခရိုချည်သားလေးကို
ဆင်တူဝတ်လို့ရအောင်ချုပ်ပေးထားပါပြီနော်😍😍
အရောင် ၅ ရောင်
၅ ထည်တစည်းပါနော်
လူကြီးမင်းတို့တောင်းဆိုမှု့အရ
Xs size 1 နှစ်အရွယ်ဝတ်လေးပါထည့်ချုပ်ပေးထားပါပြီနော်
စျေးလေးတွေကတော့
လူကြီး
L size 8700
XLsize 9200
2XLsize. 9700 ပါ

ကလေး
XS size 6 လ မှ 1နှစ်အရွယ် 5500
S size 2/3 နှစ် 5700
M size 4/5 နှစ် 5900
L size 6/7 နှစ် 6100
XL size 8/9 နှစ် 6300
ပြန်လည်ရောင်းချလိုသူတွေအတွက်လဲ
အများစျေးသက်သက်ရှိပါတယ်ခင်ဗျ
ကဲ…….မိုးအေးအေးလေးကို
မိုက်ခရိုသားနွေးနွေးလေးနဲ့
အိပ်စက်ကြရအောင်နော်
ကျေးဇူးတင်ပါတယ်ခင်ဗျ
#မြတ်သုခအထည်ချုပ်နှင့်အထည်ဖြန့်ချိရေး
၀၉၉၇၇၃၉၉၀၂၇
၀၉၇၆၅၃၃၀၀၃၈
၀၉၇၈၁၉၁၅၄၃၀

Address

No 318/A Kyansitthar Street South Dagon
South Dagon
11431

Telephone

+959765330038

Website

Alerts

Be the first to know and let us send you an email when MTK Fashion & မြတ်သုခ အထည်ချုပ်နှင့်အထည်ဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share