28/09/2021
လုပ်ငန်းတိုင်းရဲ့အသက်ဟာ "ငွေကြေးတည်ငြိမ်မှု" ပါ၊
$ USD ဈေးဟာ ၁၂၀၀ ~ ၁၅၀၀ ဈေးတန်းမှာ ကာလအတော်ကြာ ရှိခဲ့တယ်။ အဲဒီအတွက် Export/ Import Company က အစ Online Shopping တွေ၊ ကိုယ့်ဘာသာ personal သုံးရတဲ့သူ အထိ ဒေါ်လာဈေးရဲ့ အတက်အကျ နဲ့ Inflation ကို စနစ်တကျ တွက်တာ သို့ စိတ်မှန်းနဲ့တွက်တာ လုပ်ပြီး ဝယ်ကြ၊ ရောင်းကြ၊ သုံးစွဲကြရပါတယ်။
အခုအနေအထားမှာ ငွေကြေးဖောင်းပွမှု Inflation နဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံတကာငွေလဲလှယ်ဈေးနှုန်းများ မြင့်တက်လာတာမျိုးကျတော့ ဒီနေ့နဲ့ မနက်ဖြန်တောင် မတူတော့ပါဘူး။
အဓိက က ငွေကြေးတစ်မျိုး ဟာ တန်ဖိုးကျဆင်းမှု များလာရင် အဲဒီအပေါ်ကို ...
▪️Fear လို့ ခေါ်တဲ့ ကြောက်စိတ်ဝင်လာပါတယ်။ Market Emotion ဟာ Fear ဖြစ်လာပြီဆိုရင် အဲဒီငွေကြေး ကို အခြား ငွေကြေး သို့ ပစ္စည်း တစ်ခုခုနဲ့ လဲလှယ်ဖို့ ကြိုးစားလာကြပါတယ်။
▪️ကျပ်ငွေ ကို ပေး ပြီး ရွှေ ကို ယူတယ် ဆိုရင် ဒါဟာ ရွှေ ကို Buy ပြီး ကျပ် ကို Sell လုပ်တာပါ၊
ကျပ်ငွေ ကို ပေး ပြီး ဒေါ်လာ ကို ယူတယ် ဆိုရင် ဒါဟာ ဒေါ်လာ ကို Buy ပြီး ကျပ် ကို Sell လုပ်တာပါ၊
အဲဒီတော့ Safe-Haven Assets တွေအနေနဲ့ (ရွှေ၊ ဒေါ်လာ၊ ဘတ်၊ ယန်း၊ မြေ ... ) ဘာကို ယူယူ အဲဒီ Asset ကို Buy ပြီး ကျပ် က Sell ရောင်းတာကို ခံရပါတယ်။
▪️Market Emotion ဟာ "FEAR" ဖြစ်ပြီး အခြား ငွေကြေး သို့ ကုန်စည် ကို ဝယ်လာလေလေ ကျပ် က အရောင်းခံရလေပါပဲ။
နောက်ဆုံး ဆန် ကို ယူတယ် ငွေ ကို ပေးတယ် ဆိုရင်လည်း ဆန် ကို ကြိုဝယ်တဲ့သူ များလာလေလေ ကျပ် က ထပ်ကျလေ အခြား ငွေကြေး သို့ ကုန်စည်က တက်လေ ဖြစ်မှာပါပဲ။
အဲဒီတော့ ကျပ် ငွေတန်ဖိုး ကျဆင်းလာလေလေ ဒေါ်လာဈေး၊ ရွှေဈေး၊ ဘတ်ဈေး၊ ဆန်ဈေး၊ ဆီဈေး၊ လောင်စာဈေး က တက်လာလေ ဖြစ်လာတဲ့သဘောပါ။
ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ Inflation ငွေကြေးဖောင်းပွမှု ဆိုးရွားနေတဲ့ အခြေအနေမှာ Business တွေ အနေနဲ့ လည်ပတ်ဖို့ အင်မတန် ရုန်းကန်ရပါတယ်။
ထိုနည်းတူစွာပဲ စားဝတ်နေရေး အတွက် ရှာဖွေရတဲ့သူတွေမှာလည်း Inflation ကြောင့် ကုန်ဈေးနှုန်း တက်တဲ့နောက်ကို အလျင်မှီအောင် လစာ သို့ ဝင်ငွေက လိုက်ဖို့ အလွန် ခက်ခဲလာနိုင်ပါတယ်။
သတိ အရမ်းထားရမယ့် အချိန်ကာလမျိုးပါပဲ ... ။
Crd
မျိုးအိမ်ဇန်