Angel Myint Mo Online Shopping - Hopone

Angel Myint Mo Online Shopping - Hopone အဝတ်အထည်အမျိုးမျိုး လက်လီလက်ကား
online shopping

03/04/2023

ငါ့နေရာရောက်ရင်
မင်း စာနာလာမှာပါဆိုတဲ့
စကားလေးပဲ သုံးဖြစ်တော့တယ်

အခုချိန်
ဘယ်လောက်နာကျင်နေရတာပါလို့
ပြောနေလို့လဲ
ရီစရာပဲ ဖြစ်နေမှာ။

သူတို့မှ မခံစားဖူးသေးတာ။

03/04/2023
သားမွေးထားတယ်ကွ
19/03/2023

သားမွေးထားတယ်ကွ

19/03/2023

ကလေးမွေးရတာမပင်ပမ်းဘူး
ကိုယ်ဝန်ဆောင်ရတာပင်ပမ်းတယ်
အစားပျက်၊အလုပ်ပျက်လူနံမခံနိုင်လို့လူကြားထဲမသွားရ
အသားငါးအနံမခံနိုင် တစ်ခါလာအရွက်ကိုဆီမပါပြုတ်စားလိုက်၊ထမင်းအဖြူထည်နဲ့ရေချည်းသောက်၊
အသီးနှံလည်းမယ်မယ်ရရမစားချင်သားရေစာဆိုဝေးစွ
လတိုင်းသွေးဆင်းလို့ဆေးရုံပြေးရOGနားပြေးရ
ကိုယ်ဝန်ခိုင်ဆေးတစ်ပတ်ခြားထိုးဖင်တွေကျိန်းမထနိုင်
သွေးဖောက်စစ်တော့သွေးကြောရှာမရလို့လက်နှစ်ဖက်သာအပ်ရာကုန်တယ်သွေးထုတ်မရထပ်ချိန်း
ဆိုင်ကယ်မစီးရ၊အလေးမ မရ၊လမ်းတောင်ခပ်တင်းတင်းမလျှောက်ရ
အစားသောက်ကလည်းသွေးကျော်တဲ့အစားတွေရှောင်ရ
တဂယ်ဘုရားစူးတကယ်ပင်ပမ်းတယ် ညနေ၃နာရီကျော်အစားမပြောနဲ့ရေတောင်သောက်မရ ဝင်သမျှအန်
တစ်ခါတစ်လေ စိတ်တွေညစ်လွန်းလို့ငိုမိတယ်
ကျတော်ကိုယ်ဝန်ဆောင်ရင် သူများလိုသက်သောင့်သက်သာမဖြစ်ဘူး
အဆိုးရွားဆုံးကိုယ်ဝန်ဆောင်တစ်ရာတစ်ယောက်ရဲ့လက္ခဏာမှာတစ်ယောက်ဆိုတဲ့တိုင်းထိပ်ဆုံးကဘဲ
ဒါကြောင့်ကလေးယူဖို့ဆိုအရမ်းတွေကြောင်ပျောက်တယ် ။မွေးတာမကြောက်ဘူး၊ကိုယ်ဝန်ဆောင်ချိန်​ကြောက်တာ။တစ်ယောက်ထည်းလဲမွေးရဲတယ် ။
အားလည်းမငယ်တတ်ဘူး။ OGတောင် ကိုယ့်ကြည်ဲပီးသနားနေပြီ
ဆေးဖိုးမကုန်တဲ့လက ၂သိန်းကျော်ဘဲ။
ပိုက်ဆံကုန်တာထက်သက်သာချင်ပြီ။
သူများအလုပ်လုပ်လို့ကိုယ်မလုပ်နိုင်ရင် အားငယ်တယ်။
ကလေးလေး တွေ တွက်ပိုက်ဆံအများကြီးရှာရမယ်။တစ်နေ့​ေtသွားရင်တောင်လိပ်ပြာသန့်သန့်နဲ့ပိုက်ဆံတွေအများကြီးရှာပေးခဲ့ချင်တယ်။ ရင်သွေးလေးတွေမျက်နှာငယ်မှာကြောက်လို့ မဗိုက်အားမွေးနေတယ်။
အသက်ရှင်နေသရွေ့ရသမျှခွန်အားနဲ့ကြိုးစားမယ်။
တစ်ခုလေးဘဲစိတ်မကောင်းဘူး။မေမေအနားမရှိတာ။အမေရှိရင် ငါ့​မြေးလေးတိုးပြန်ပြီဆိုအိမ်တစ်ကာပတ်ကြွား။ဆေးရုံက ကိုမပြန်ဘူး။
မွေးတဲ့နေ့တော့အမေ့သတိရစိတ်နဲ့ငိုရဦးမှာပေါ့။
အမေရေ အမေ့လိုဘဲ သမီးလည်းအားတင်းရင်း လောကကြီးထဲနောက်ထပ်ရင်သွေးလေးခေါ်လာရတော့မယ်
မိန်းမထဲမှာမှ မိခင်ဖြစ်ခွင့်ရလို့ကျေနပ်ပါတယ်

15/02/2023

မင်မင်ဆေးရုံတက်နေလို့ အရောင်းခနနားထားပါတယ်ရှင့်

discount၇၀၀၀ကျပ်နဲ့ချထားပါတယ်ရှင့် လက်နှေးအိတ်ဆွဲရမယ်
01/02/2023

discount၇၀၀၀ကျပ်နဲ့ချထားပါတယ်ရှင့် လက်နှေးအိတ်ဆွဲရမယ်

ဘာယူယူတီရှပ် 7000ကျပ်
30/01/2023

ဘာယူယူတီရှပ် 7000ကျပ်

ဒီလိုဆောင်းထည်အသစ်စက်စက်လေးတွေကိုတစ်ထည်မှ၅၅၀၀ကျပ်  အပြင်မှာရောအွန်လိုင်းမှာပါဝယ်မရတဲ့စျေးမင်မင်ဒီည​ရောဂ်းချပေးသွားမယ်နော...
11/01/2023

ဒီလိုဆောင်းထည်အသစ်စက်စက်
လေးတွေကိုတစ်ထည်မှ၅၅၀၀ကျပ်
အပြင်မှာရောအွန်လိုင်းမှာပါဝယ်မရတဲ့စျေး
မင်မင်ဒီည​ရောဂ်းချပေးသွားမယ်နော်
မင်မင်အကောင့်ကိုfollowလေးလုပ်ထားပါရှင့်

11/01/2023

အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ အရသာက တမူထူးခြားနေပါလိမ့်မယ်
=====================

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။


Address

အမှတ်၁၅၅၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ ဟိုပုံးမြို့၊ ရှမ်းပြည်တောင်ပိုင်း
Taunggyi

Telephone

+959758084057

Website

Alerts

Be the first to know and let us send you an email when Angel Myint Mo Online Shopping - Hopone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Angel Myint Mo Online Shopping - Hopone:

Share