26/03/2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်.မဟာသင်္ကြန် အတာစားခြင်းနှင့် ၁၃၈၆ ခုနှစ်.သိမှတ်ဖွယ်ရာ အဟောများ..အကြို အကျ အတက်နေ့.မြန်မာနှစ်ဆန်းတစ်ရက် ဖြစ်လာခြင်းအကြောင်းများ.ပါဝင်ပါသည်
#အတာစား..ပြုအပ်ရာ ကုသိုလ်ယတြာ
#အဂ်ါ သားသမီးတွေ အတာစားပါတယ်
===================
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် #တနဂ်နွေ နေ့တွင် သင်္ကြန်အကျနေ့ဖြစ်၍ ဤနှစ်တွင် #တနင်္ဂနွေဂြိုဟ်မင်း
- ကြာဝတ်ဆံ အဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက်
- #နဂါးကို ကိုစီး၍ ..
- လက်တစ်ဖက်ကား မြှား..
- လက်တစ်ဖက်ကား လွှား ကို ကိုင်
လျက်..
- အရှေ့မြောက် ထောင့်ကသည်
အနောက်သို့ဝင်၏..
- #နန္ဒာဒေဝီ နတ်သမီးကား အလှည့်စေ့၍ ..
- #ပရမိသွာနတ်မင်း၏သား #အာသီအမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော်
- #ကညာ ဒေဝီနတ်သမီးကား ခရီးဦးကြိုဆို၍ ရပ်စောင့်နေလျက် လှမ်းလင့်၏
- #ဓံသီ..ဒေဝီနတ်သမီးကား အဖြူ အနီ အစိမ်း အပြာ အဝါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။
သင်္ကြိန်စာအရ..ဤနှစ်တွင်
* မိုးဦး ကောင်းအံ့..
* မိုးလယ် ကောင်းအံ့..
*မိုးနှောင်းတံ့ အံ့..
*စစ်မက်များအံ့...
*ပြည်ကြီးကို ပြည်ငယ်နိုင်စပြုအံ့...
*အကြီးအကဲ ဥပဒ်များအံ့...
*ပြည်ရွာများ မီးလောင်ဖန်များအံ့...
*သူဌေး သူကြွယ် ကုန်သည် လယ်လုပ်သူ
တို့သည် ဥပဒ်ဖြစ်အံ့...
*ကျွဲ နွား စသော အခြေလေးခု အသေများအံ့...
*လူတို့ အစာရေစာရှားပါး..ငတ်မွတ်ကုန်အံ့...
*အကြံပေး အမှုး အမတ်တို့ မင်းဘေးသင့်
ကုန်အံ့...
*ရေထွက်..သားငါးပုဇွန် ရှားအံံ့...
*ငှက်သတ္တဝါနှင့်ပက်သက်သော ရောဂါ
ထူအံ့...
*အိမ်နီးချင်းနိုင်ငံများ အပျက်အဆီးရှိအံ့.
*ကွမ်းသီး..ငရုတ်..ရောင်းစွံ စျေးကောင်း
အံ့...
ဤကား မဟာသင်္ကြန်အကျနေ့ ( တနဂ်နွေ နေ့) အလိုအရ အဟောဖြစ်၏...
မြန်မာပြက္ခဒိန် ကျမ်းအလိုအရဖြစ်၏
****************************
" မဟာသင်္ကြန် ဇေယတု သဗ္ဗမင်္ဂလံ "
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း (၆ ) ရက်. ခရစ်နှစ် 14.4.2024 #တနဂ်နွေ နေ့
#နံနက် ၀ နာရီ ၂၄ မိနစ် ၄၅ စက္ကန့်တွင် မဟာသင်္ကြန် ကျပါသည်( #အကျနေ့ဖြစ်ပါသည် )
======================
သကြန် အကြောင်း..အကြိုနေ့ဖြစ်ရခြင်း
အကျနေ့ဖြစ်ရခြင်း..အတက်နေ့ ( မြန်မာ
နှစ်၏ နောက်ဆုံးအချိန်..တနည်း မြန်မာ
နှစ်ဆန်း စတင်ချိန် Myanmar Happy New Year အချိန်အကြောင်းများအား သိသမျှ နားလည်စေရန် တင်ပြထားပါသည် )
======================
( အထူး ဗဟုသုတအနေဖြင့် ပြောရလျှင်
နေမင်းခေါ် တနဂ်နွေဂြိုဟ်သည်..၁၂ ရာသီစက်ဝန်းအား တစ်နှစ်ပတ်လုံး လှည့်လည်လျက်ရှိရာတွင်..နေမင်းသည် တောင်
ဘက်မှ မြောက်ဘက်သို့ အကူး အီကွေတာ
ပေါ် ဖြတ်သန်းစဥ် ...
#သကြန် ကျခြင်းဖြစ်ပါသည်........တနည်းအားဖြင့်....
မိန်ရာသီ( Pisces Sign) 360' ဒီဂရီ
ပြည့်၍
0' ဒီဂရီ..မိဿရာသီ ( Aries Sign)
သို့..စတင် ဝင်ရောက်ချိန်အား သကြန် အကျနေ့ဟု ခေါ်တွင်ခြင်းဖြစ်၍..
- ထို့ရက်မတိုင်ခင်ရက်အား..
#သကြန် အကြိုနေ့ဟု ခေါ်တွင်ခြင်းဖြစ်ပါသည်..)
ကမ္ဘာကြီးသည် နေမင်းကြီးအား လှည်လည်ရာတွင် ဘဲဥပုံသဏ္ဍန်လမ်းကြောင်း
ဖြင့်လှည့်ပတ်နေခြင်းဖြစ်၍ နေနှင့် အနီးဆုံး...အဝေးဆုံးများသို့..ရောက်ရှိကြပါသည်..ထိုသို့ လှည့်ပတ်ရာတွင်လည်း.လှည့်ပတ်နှုန်းသည်..တစ်နှစ်ပတ်လုံး အရှိန် မတူကြပါ..သို့သော် ပျမ်းမျှသွားနှုန်းဖြင့်သာ တွက်ကြလေ့ရှိပါသည်..အမှန်အတိအကျသွားနှုန်းအား
သီးသန့် ပြန်တွက်ယူကြပါသည်...
ထိုသို့..သွားနေသည်ဟု ထင်ရသော နေမင်း၏ပျမ်းမျှသွားနှုန်းနှင့်..အမှန်သွားနှန်းကြားအား..ကျွန်တော်တို့၏ ရှေးပညာရှိများမှ..တွက်ချက်ကြရာတွင်..၂ ရက် ၄ နာရီ ၄ မိနစ် ၄၁ စက္ကန့် ကွာဟသည်ဟု
တွက်ချက် ပျမ်းမျှအဖြေရပါသည်...
နေမင်း၏ အမှန်သွားနှုန်း True Sun
(ဖုဋ တနဂ်နွေ)
နေမင်း၏ ပျမ်းမျှသွားနှုန်း Mean Sun
( မဓျ တနဂ်နွေ )
ထို့ကြောင့်..ထို ၂ ရက် ၄ နာရီ ၄ မိနစ်
၄၁ စက္ကန့်အချိန်သည်..ကျွန်တော်တို့၏
မြန်မာ သကြန် အချိန်ကာလဖြစ်လာပြီး..
သကြန် ကျချိန်နာရီမှ..၂ ရက် ၄ နာရီ
၄ မိနစ် ၄၁ စက္ကန့်အား ပေါင်းထည့်သော
အခါတွင်..သကြန် တက်ချိန် (အတက်နေ့)
မြန်မာနှစ်၏ နောက်ဆုံးအချိန်..တနည်း
မြန်မာနှစ်သစ်၏ အစ Myanmar Happy New Year အချိန် ဖြစ်လာ
ကြောင်းပါ ခင်ဗျာ..)
သကြန် ကျချိန် အကျနေ့သည် ည ၇ နာရီ
၅၅ မိနစ် ၂၀ စက္ကန့် ထက် နောက်ကျလျှင်
၂ ရက် ကြတ် ( အကြတ်နေ့ ၂ ရက် ) ဖြစ်မည်ဖြစ်ပြီး..သကြန် ကျချိန် အကျနေ့သည် ည ၇ နာရီ ၅၅ မိနစ် ၂၀ စက္ကန့်
ထက်စောလျှင် ၁ ရက်ကြတ် ( အကြတ်နေ့ ၁ ရက် ) သာ ဖြစ်ပါသည်..
ယခုနှစ်တွင် သကြန် ကျချိန်သည် နံနက်
၀ နာရီ ၂၄ မိနစ် ၄၅ စက္ကန့်ဖြစ်၍ ည ၇
နာရီ ၅၅ မိနစ် ၂၀ စက္ကန့်ထက်စောနေ၍
အကြတ်နေ့ ၁ ရက်ထဲ ဖြစ်ကြောင်းပါ..
=====================
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း (၈ ) ရက်.
ခရစ်နှစ် 16.4.2024 #အဂ်ါ နေ့
#နံနက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့်တွင် မဟာသင်္ကြန် တက်ပါသည်(အတက် နေ့ဖြစ်ပါသည် )
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၏ နောက်ဆုံးရက်..တနည်းအားဖြင့်
#အတက်နေ့ ( အတက်ရက် )အား
" အတာရက်"ဟု ခေါ်ပါသည်။ ထို နှစ်ဟောင်း၏. နောက်ဆုံးရက်နှင့် ..
နေ့နံတိုက်ဆိုင်သောနေ့သားအား ...
"အတာစားသူ.."အတာသင့်"သူ ဟုခေါ်ပါသည်။
ထိုသို့ "အတာစားသူ " "အတာသင့်သူ"များ အနေနှင့် ထိုအတာရက်တွင် ကုသိုလ်ကောင်းမှု လုပ်ပေးခြင်းဖြင့်
နှစ်ဟောင်း၏အညံ့များ ပြေပျောက်စေပါသည်။
ထိုကုသိုလ်ကံအရှိန်၏အကျိုးကြောင့် နှစ်သစ် တစ်နှစ်လုံးတွင် အလုပ်အကိုင် စီးပွားများ အရာအားလုံးများ...သူများထက် ပိုမိုအဆင်ပြေ အောင်မြင် အကျိုးပေးပါ
သည်။
ကုသိုလ်ကောင်းမှု မလုပ်ပေးခြင်း..မလုပ်မိခြင်းရှိပါက ထို "အတာစား"သူသည် တစ်နှစ်ပတ်လုံး အညံ့များတတ်ပါသည်။ ထို့ကြောင့် "အတာရက်" ခေါ်..သင်္ကြန်
အတက်နေ့ သည် "အတာစားသူ"နေ့နံသားများအတွက် ကုသိုလ်ကောင်းမှုလုပ်ပေးရုံဖြင့်...
- အလုပ်အကိုင် စီးပွားများအား အများထက် ပိုမိုသောအခွင့်အလမ်းကောင်းများ ရရှိအောင်မြင်ခြင်းဟူသော
#အားသာချက် ရရှိပေလိမ့်မည်။
"အတာစား"သူများအနေနှင့် အတာရက် ခေါ်..သင်္ကြန်အတက်ရက်နှင့် နှစ်ဆန်းတစ်ရက်နေ့များ၌..
*အထူးရှောင်ရမည့်အရာများမှာ.....
(၁) ငိုကြွေး ပူဆွေးခြင်း
(၂)လိင်ဆက်ဆံခြင်း
(၃)သူတစ်ပါး အသက်သတ်ခြင်း
(၄)ရန်အတိုက်အခံပြုခြင်း/စိတ်ဆိုး ဒေါသထွက်ခြင်း
(၅)သွေးဖောက် သွေးထုတ်ခြင်း
(၆)ဆီလိမ်း ဆေးလိမ်းခြင်း
(၇)သစ်ပင်ခုတ်ခြင်း ထင်းခုတ်ခြင်း
(၈)ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း
(၉)ကုန်ပစ္စည်း ရောင်းချခြင်း/ ဆိုင်ထွက်ခြင်း
(၁၀)အရက်သေစာ မူးယစ်ဆေးဝါး သုံးစွဲခြင်း
(၁၁) ခြေလေးချောင်းသားစားခြင်း
တို့အား အထူးရှောင်ရှားခြင်းပြုအပ်သည်..ထိုသို့ပြုခြင်းသည်လည်း ကုသိုလ်ကောင်းမှု ပြုခြင်း မည်၏။
မြန်မာသက္ကရာဇ် (၁၃၈၅ ) ခုနှစ်၏ နောက်ဆုံးရက်..အတက်ရက်..တနည်း
"အတာစား"ရက်သည် #အဂ်ါ နေ့ ဖြစ်ပါသည်။ ထို့ကြောင့် ဤနှစ်တွင် "အဂ်ါ နေ့" သားသမီးများ "အတာစား" ပါသည်။
ထို့ကြောင့်..ထိုရက်တွင် #အဂ်ါသားသမီးများ
သည် အထူးကုသိုလ်ကောင်းမှုများ ဆောင်ရွက်ပြုအပ်သင့်ပါသည်။ ထိုသို့ ကုသိုလ်ကောင်းမှု ပြုအပ်ပေးခြင်းသည် "အတာစား"ပေးခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် (အဂ်ါ ) သားသမီးများ အတာစားရက်တွင် (အဂ်ါ) သားသမီးများအနေနဲ့ အတာစား ကုသိုလ်အား ပြုလုပ်ပေးကြပါဟု တိုက်တွန်းချင်ပါသည်။
"အတာစား"ရခြင်းအကျိုးကား
"အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ
မဟာပ္ဖလံ စတုဒ္ဒီသံ ဝေရီဇေယျံ သုမင်္ဂလံ"
အတာစားကြကုန်သော အမျိုးကောင်းသားသမီးတို့သည် အတာတက်သောကာလ၌ ကောင်းမှုကုသိုလ်ပြုလုပ်ပေးခြင်းဖြင့်
1.ကြီးစွာသော ဥစ္စာစီးပွားကိုရရှိခြင်း..
2.ကြီးစွာသော ချမ်းသာကို ရရှိခြင်း
3.အရပ်လေးမျက်နှာမှ ကြီးစွာသော ကောင်းကျိုးတရားများ ရရှိခြင်း..
4.ရန်သူကို အောင်မြင်ခြင်း
5.ကောင်းမြတ်သော မင်္ဂလာနှင့်
ပြည့်စုံခြင်း
စသော ကောင်းကျိုးများကို ရရှိစေသည်ဟု..ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရားရှင်မှ ဟောကြားတော်မူပေ၏။
#အဂ်ါ သားသမီးများအတွက် ကိုယ်တိုင်သော်လည်းကောင်း ကိုယ်စားသော်လည်းကောင်း ပြုလုပ်
ပေးနိုင်ပါသည်...
အတာစားသော ( အဂ်ါ ) သားသမီးများသည်
#အတာတက်သောအချိန်......
မြန်မာသက္ကရာဇ် (၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်...
ခရစ်နှစ် ဧပြီလ ၁၆ ရက်. အဂ်ါနေ့ ...
နံနက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့် ) တွင်.....
မိမိနေအိမ်ဘုရားကျောင်းဆောင်တွင်...
( ထိုအချိန်မတိုင်မီတွင်... ရေမိုးချိုး ခန္ဓာကိုယ်သန့်စင်ကာ အဝတ်အစားကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားရမည်...ရွှေလက်ဝတ်ရတနာများ အစုံအလင်ဝတ်ဆင်ထားရမည်(မရှိလျှင် မဝတ်လည်းရ၏) မွှေးကြိုင်စေသော ရေမွှေးနံ့သာဖြင့် ဘုရားခန်း ..မိမိကိုပါ
ဖြန်းပက်ထားပေးရပါမည် )
(၁) အချိုရေ ( ၁) ပုလင်း
(၂ )အလင်းတိုင်(၇ )တိုင်
(၃ )သောက်တော်ရေ ( ၇ )ခွက်
ကပ်လှူပေးပါ။
* ရွတ်ဆိုပူဇော်ကပ်လှူရမည်မှာလက်ထဲတွင်
#ဝါး ညွန့် ( သို့) ရွက်လှ
(၄ )ညွန့်အားကိုင်ဆောင်ကာ
- န မောတဿ
- သရဏဂုံ
-ငါးပါးသီလ ခံယူဆောက်တည်ပါ
- ပြီးလျှင် " သုဂတောငါးချက်"ဂါထာအား သက်စေ့ရွတ်ပွားပေးပါ
" သုဂတောငါးချက်ဂါထာ"
"သုဂတော သုဂတဌာနံ၊သုဂတော သုန္ဒရမ္ပိ စ။
သုဂတော နိဗ္ဗာနံ ယာတိ၊ သုဂတော တေ နမော နမာ"
* ရွတ်ဆိုဆုတောင်းရမည်မှာ
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး မိဘ ဆရာသမား သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့်နတ်.. ရွာစောင့်နတ်.. ဘုမ္မစိုး.. ရုက္ခစိုး အာကာသစိုးနှင့်.. သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ.. #အဂ်ါ သားသမီးများအား စောင့်ရှောက်တော်မူသော #အဂ်ါဂြိုဟ်မင်းကြီးတို့အား တပည့်တော် အဂ်ါသားသမီးမှ လက်ဆယ်ဖြာမိုး၍ ရှိခိုးပါသည်..အားလုံးလည်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ..တပည့်တော်ကဲ့သို
အဂ်ါ သားသမီးများနှင့် ခုနှစ်ရက်သားသမီးများလည်း ကျန်းမာကြပါ
စေ ချမ်းသာကြပါစေ....
"ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနှင့် နတ်မြတ်နတ်ကောင်းတို့အား ဤသို့ပူဇော်ကန်တော့ရခြင်းကြောင့်လည်းကောင်း......မြတ်စွာဘုရားရှင်၏
ဂုဏ်ကျေးဇူးတော်များကြောင့်လည်း
ကောင်း..ဂါထာတော်များ၏ တန်ခိုးတော်များကြောင့် လည်းကောင်း..တပည့်တော်သည် နှစ်သစ် တစ်နှစ်တာကာလပတ်လုံးတွင် တပည့်တော်နှင့် #အဂ်ါ
သမီးများအားလုံး..ခုနှစ်ရက်သားသမီးများအားလုံးတို့၏ မကောင်းသော အညံ့အဆိုးများ အတိုက် အခိုက်များမှ ကင်းရှင်း လွတ်မြောက်ရပါစေသား..
လုပ်သမျှအဆင်ပြေ ကြံသမျှ အောင်ရပါစေသား..ဟု ရွတ်ဆိုဆုတောင်းပေးပါ...အမျှဝေပါ...
( ဝါး ညွန့် (သို့) ရွက်လှ ညွန့်အား ဆက်ကိုင်ထားပါ)
ပြီးလျှင်...အိမ်အပြင်ထွက်၍
( ဝါး ညွန့် (သို့) ရွက်လှ ညွန့်အား ဆက်ကိုင်ထားပြီး)
- ထို #အဂ်ါ နေ့၏ ဂြဟဇာပွင့်ရာ
#သောကြာ မြေခံအရပ် ဖြစ်သော
( #အောက်မြေ မဟာပထဝီ မြေကြီး အရပ်) အား စိုက်ကြည့် မျက်နှာမူ၍ ..
တနင်္ဂနွေ ဂြိုဟ်မင်းကြီးအား မေတ္တာပို့ပေးပါ..
- မေတ္တာပို့ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
" #ဂဠုန်မင်း ကိုစီးကာ တနင်္ဂနွေ ဂြိုဟ်နှင့်တကွ..တနင်္ဂနွေ သားသမီးအပေါင်းတို့ကို စောင့်ရှောက်တော်မူသော တနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးသည်..
- စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်း ကင်းပါစေ
- ချမ်းသာပါစေ. .ချမ်းသာပါစေ. .
ချမ်းသာပါစေ. .
- #အဂ်ါ သားသမီးများအပေါ်လည်း မုန်းမာန်မျက်ပွားကင်းပါစေ. .ငါးပါးရန်ဘေးကင်းစင်ဝေး စောင့်ရှောက်ပေးပါစေ စိတ်ကောင်း ဓါတ်ကောင်း နိမိတ်
ကောင်း ကိန်းအောင်းအောင်လည်း ဖွင့်နှိုးပေးပါစေကြောင့်ကြပူဆာ ဗျာပါဒဝေး စောင့်ရှောက်ကူညီနိုင်ပါစေ. ချမ်းသာပါစေ ချမ်းသာပါစေ ချမ်းသာပါစေ...
ဒါဆို "အတာစား "ကုသိုလ် အောင်ပါပြီ..
ဝါး ညွန့် (သို့) ရွက်လှ ညွန့်အား ဘုရားပန်းအိုးထဲထိုးလှူလိုက်..ပါ
နှစ်သစ်မှာ ကုသိုလ်ပြုရင်း ခုနှစ်ရက်သားသမီးအပေါင်း အားလုံး ကျန်းမာ ချမ်းသာပြီး လိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေခင်ဗျာ
#အောင်လံထူ ဆရာဟိန်း
09401657726
09798402181
Copy ယူသူများ ခရက်ဒစ် ပေးကြပါ
Crd