Shwe Kyar

Shwe Kyar shwe kyar

၈ လပိုင်းတစ်လလုံးမိုးတစိမ့်စိမ့်နဲ့ရွာနေတာ မနေ့ကတစ်ရက်ပဲနေနဲနဲပူပြီးမိုးမရွာဘူးဟော 😤မီးလင်းကောင်လဲလာရောဒီနေ့မိုးကြိုးပါပ...
04/09/2024

၈ လပိုင်းတစ်လလုံး
မိုးတစိမ့်စိမ့်နဲ့ရွာနေတာ
မနေ့ကတစ်ရက်ပဲနေနဲနဲပူပြီးမိုးမရွာဘူး
ဟော 😤မီးလင်းကောင်လဲလာရော
ဒီနေ့မိုးကြိုးပါပစ်ပြီးမိုးကြီးကြီးရွာချပြီ
အ့ကြောင့်ပြောတာ သူလာတိုင်းမိုးအကြီးကြီးအမြဲရွာပါတယ်ဆို

ဝါတွင်းကာလ နှုတ်ကို စောင့်စည်းပါအပြစ် မရှိသူကို အပြစ် မပြောမိစေနဲ့လူဆိုတာ တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူဘူး။ အက...
21/07/2024

ဝါတွင်းကာလ နှုတ်ကို စောင့်စည်းပါ

အပြစ် မရှိသူကို အပြစ် မပြောမိစေနဲ့

လူဆိုတာ တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူဘူး။ အကြိုက်ချင်း မတူကြသည့်အတွက် ကိုယ်နှင့် အမြင်မတူသူကို အပြစ်မြင်တတ်တယ်။ အပြစ်မြင်မှတော့ အကောင်းပြောဖို့ မလွယ်တော့ဘူး။ ဒီတော့ အပြစ်ပြောပြီပေါ့။

ခက်တာက အမြင်နဲ့ ပြောတာ မဟုတ်ဘဲ အထင်နဲ့ ပြောနေကြတာ။ အထင်နဲ့ ပြောတာဆိုတော့ ဟုတ်တာလည်းပါ၊ မဟုတ်တာလည်းပါတာပဲ။ ဟုတ်ရင် နည်းနည်း တော်သေးတယ်။ မဟုတ်ရင်တော့ အန္တရာယ် ရှိသွားပြီ။

ဆိုကြပါစို့၊ အရက်သောက်သူကို " အရက်သမား" လို့ ပြောလိုက်တယ်။ ပြဿနာ မရှိဘူး။ ဒါပေမဲ့ အရက် မသောက်သူကို " အရက်သမား" လို့ ပြောလိုက်ရင်တော့ ပြဿနာ ရှိသွားပြီ။

ဘာကြောင့်လဲ၊ အရက်မသောက်ဘဲနဲ့ "အရက်သမား" လို့ ပြောလိုက်တော့ တချို့က သူ့ကို သံသယ ဖြစ်သွားကြတယ်။ တချို့က အဟုတ်ထင်သွားကြတယ်။ ဒီတော့ အပြောခံရသူမှာ အထိုက်အလျောက် ဂုဏ်သိက္ခာ ကျသွားတယ်။

ဒါကြောင့် အပြစ် မရှိဘဲ အပြစ်ရှိတယ်လို့ ပြောခြင်းဟာ တစ်ဘက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေသည့်အတွက် အပြစ်ပြောသူမှာ အပြစ် ဖြစ်သွားတယ်။ ဒါဆိုရင် ပြန်ပေးဆပ်ရမှာပဲ။ အဲဒါကိုပဲ "ကမ္မနိယာမ" လို့ ခေါ်တယ်။

ဝဋ်ဆိုတာ လည်တတ်တယ်
-----------------------------

သာ၀တ္ထိမြို့မှာ လူငယ်လေးတစ်ယောက်ရှိတယ်။ သမိတိဂုတ္တတဲ့။ အရွယ်ရောက်တော့ ကျောင်းသွားပြီး တရားနာတယ်။ တရားနာရတော့ သဒ္ဓါဖြစ်ပြီး ရဟန်း၀တ်တယ်။

ရဟန်းဖြစ်ပြီဆိုတဲ့အခါ သီလကို အစွန်းအထင်း မခံဘူး။ သီလလည်း မြဲတယ်၊ ဝိပဿနာလည်း အားထုတ်တယ်။ အဲဒီအချိန်မှာပဲ အနာကြီးရောဂါတွေ ဖြစ်တယ်။ သွေးတွေယိုစီး၊ ပြည်တွက ထွက်၊ အနံ့အသက်က ဆိုးဝါး။ ဒီတော့ သီးသန့် အဆောင်မှာ နေရတယ်။ ဒါပေမဲ့ အရှင်သမိတိဟာ ဝိပဿနာတရားကို ဆက်လက်အားထုတ်တယ်။ ဒါကြောင့် ရဟန္တာ ဖြစ်သွားတယ်။

ရဟန္တာအရှင်မြတ်ကြီး ဘာကြောင့် အခုလိုရောဂါ ဖြစ်ရသလဲဆိုရင် အတိတ်က ဝဋ်ကျွေးကြောင့်ပါ။

အတိတ်က ဘဝတစ်ခုမှာ အရှင်သမိတိလောင်းလျာဟာ ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓအရှင်မြတ်ကို အမှတ်မထင် တွေ့လိုက်ရတယ်။ ဒီတော့ သူ့စိတ်ထဲ မနှစ်မြို့ဘူး။ ဘယ်လိုဝတ်ထားတာလဲပေါ့။

" ဒီပုဂ္ဂိုလ်ကြီးက ဘာကြီးဝတ်ထားတာလဲ၊ ကြည့်ရတာ အနာကြီးရောဂါ ရှိတယ် ထင်တယ်၊ ဒါကြောင့် အဝတ်နဲ့ တစ်ကိုယ်လုံး ဖုံးထားတာပဲ" ဆိုပြီး တခြားလူတွေကို ပြောပြတယ်။ နေရင်းထိုင်ရင်းနှင့် အပြစ်ပြောတယ်။ အဲဒီဝဋ်ကျွေးကြောင့် အခုဘဝမှာ ရောဂါဖြစ်ရတာပါ။ "ဘယ်သူမပြု မိမိမှု" တဲ့။

နှုတ်ကို မစောင့်စည်းရင် ပါးစပ်ထဲက လျှာဟာ ဓားတစ်ချောင်း ဖြစ်သွားတယ်ဆိုတာ ဒါပါပဲ။ မိမိတို့ သတိထားရမည့် အချက်ပဲ ဖြစ်ပါတယ်။

ဝစီကံအကုသိုလ်
------------------

ကာယကံ အကုသိုလ်နဲ့ ၀စီကံ အကုသိုလ် ၂- မျိုးတွင် ၀စီကံအကုသိုလ်က အဖြစ်များတယ်။ နှုတ်နှင့် အပြစ်ပြောမှ ဝစီကံ အကုသိုလ်ဖြစ်တာ မဟုတ်ဘူး၊ စာရေးပြီး အပြစ်ပြောရင်လည်း ဝစီကံအကုသိုလ် ဖြစ်တာပဲ။

စာဆိုတာ စကားအုပ်စုထဲမှ အကျုံးဝင်တယ်လေ။ ကိုယ်တိုင်ပဲ ရေးရေး, ရှယ်ယာပဲ လုပ်လုပ် အတူတူပါပဲ။

ဝစီကံနှင့် ပတ်သက်ပြီး ရှေးလူကြီးတွေက ပြောခဲ့တဲ့စကား၊ မှတ်သားစရာ အလွန်ကောင်းတယ်။ "လက်ကြောင့်ကြေ, နှုတ်ကြောင့်သေ" တဲ့။ ဆိုလိုတာက နှုတ်ကို မစောင့်စည်းရင် ဘဝဟာ အဖတ်ဆယ်လို့ မရတော့ဘူးပေါ့။

မှန်ပါတယ်၊ အပြစ်မရှိတဲ့ အရိယာပုဂ္ဂိုလ်များကို အပြစ်ပြောလိုက်ရင်တော့ အပြစ်ကြီး ဖြစ်သွားပြီ။ မဂ်တား ဖိုလ်တား အန္တရာယ်တောင် ဖြစ်သွားတယ်။ အဲဒါက ကြောက်စရာ အကောင်းဆုံးပါပဲ။

ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက က မိန့်တယ်။ " နိဗ္ဗာန် လိုချင်ရင် အတင်းမပြောရ" တဲ့။ အလွန်ထိမိတဲ့စကားပါ။

ဘဝဟာ အလွန်တိုတောင်းပါတယ်။ ဘာမှ မကြာပါဘူး။ ဒါကြောင့် သူများအပြစ်ပြောဖို့ အချိန် မရှိပါဘူး။ ရတဲ့အချိန်လေးမှာ ကိုယ့်လမ်း ကိုယ်လျှောက်၊ ကိုယ့် အလုပ် ကိုယ်လုပ်၊ ကိုယ်တရား ကိုယ်ကျင့်ပါ။ အဲဒါ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

သတ္တဝါခပ်သိမ်း, တရားကိန်း, အေးငြိမ်းချမ်းသာ ရှိပါစေ။

ကြိုက်တဲ့အဆင်ရွေးလိုက်တော့ကြိုက်တဲ့အဆင် ဖြန့်ပြပေးမယ်နော်ဈေးက cb မခေါ်ဘူးတစ်ထည်    👉   3500.သုံးထည်ယူ 👉 10000.တောင်ကြီးအ...
23/08/2023

ကြိုက်တဲ့အဆင်ရွေးလိုက်တော့
ကြိုက်တဲ့အဆင် ဖြန့်ပြပေးမယ်နော်
ဈေးက cb မခေါ်ဘူး
တစ်ထည် 👉 3500.
သုံးထည်ယူ 👉 10000.
တောင်ကြီးအိမ်ရောက် 🚛ငွေချေ

မင်္ဂလာပါ❤️သူငယ်ချင်းတို့ like & share လေးနဲ့ကူညီကြပါအုန်းရှင့်
05/08/2023

မင်္ဂလာပါ❤️
သူငယ်ချင်းတို့ like & share
လေးနဲ့ကူညီကြပါအုန်းရှင့်

Address

Taunggyi
SHWEK3671

Website

Alerts

Be the first to know and let us send you an email when Shwe Kyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Kyar:

Share