King's Hand - Rule Your Style

King's Hand - Rule Your Style Where timeless elegance meets bold confidence. Dress like royalty, wear King's Hand

27/03/2026

အကယ်၍ Phone တွေ သာ ရှေးခေတ်ချိန်မှာ ရှိခဲ့ရင် ဘယ်လိုအသုံးချနေကြမလဲ 🤔🤔



KING'S HAND & FLOW BY YU ဆိုင်ဖွင့်ပွဲလေးကို ဝါခေါင်လပြည့်နေ့ 08.08.2025 ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်မိတ်သစ် မိတ်ဟော...
07/08/2025

KING'S HAND & FLOW BY YU ဆိုင်ဖွင့်ပွဲလေးကို ဝါခေါင်လပြည့်နေ့ 08.08.2025 ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်

မိတ်သစ် မိတ်ဟောင်းအားလုံး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်

Discount တွေကိုလဲ Up to 20% ထိစီစဉ်ပေးထားပါတာမို့ ဖွင့်ပွဲနေ့ တရက်လုံး စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်

ယောကျာ်းလေးဝတ်၊ မိန်းခလေးဝတ်အမျိုးမျိုး ကိုခင်းကျင်းပြသ ထားပါတယ်

တောင်ကြီးမြို့တွင်း အိမ်ရောက်ငွေချေ ( COD ) စနစ်နဲ့လဲဝယ်ယူအားပေးနိုင်ပါတယ်

အကောင်းဆုံး အရည်အသွေးတွေကို ဝန်ဆောင်မှု အပြည့်နဲ့ ရောင်းချပေးနေပြီမို့ လူကိုယ်တိုင်ဖြစ်ဖြစ်၊ Social Media ပေါ်ကဖြစ်ဖြစ် ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေးနိုင်ပါပြီ

Contact No : 09788960179 , 09685963435

Address : အမှတ်၂၂၃၊ မဟာသုခလမ်း ( စိန်တောင်တန်းစားသောက်ဆိုင်လမ်း)၊ ကန်ရှေ့ရပ်ကွက်၊ တောင်ကြီးမြို့

Google Map : https://maps.app.goo.gl/HcbFNtmGqURRM44c7

KH | Hodor-ဟိုးဒေါ ( အကြွင်းမဲ့ သစ္စာတရားရဲ့ ပြယုဂ် )GOT ကြည့်တဲ့ ပရိတ်သတ်တွေရဲ့ အာရုံကို လွယ်လွယ်ဖမ်းစားနိုင်တဲ့ ဇတ်ကော...
19/07/2025

KH | Hodor-ဟိုးဒေါ ( အကြွင်းမဲ့ သစ္စာတရားရဲ့ ပြယုဂ် )

GOT ကြည့်တဲ့ ပရိတ်သတ်တွေရဲ့ အာရုံကို လွယ်လွယ်ဖမ်းစားနိုင်တဲ့ ဇတ်ကောင်တွေထဲမှာ ဟိုးဒေါ လဲ အပါအဝင်ဖြစ်ပါလိမ့်မယ်

ဟိုးဒေါ ဆိုတာနဲ့ Bran Stark နားမှာ သွားလာလှုပ်ရှားနေတဲ့ ခန္ဓာကိုယ် အကြီးကြီးနဲ့ လူတစ်ယောက်ကို ပြေးမြင်ကြမှာပါ
ဟိုးဒေါလို့ ခေါ်ရတာကလဲ သူကိုယ်တိုင်က အဲ့စကားလုံးတစ်လုံးပဲ အမြဲတမ်းရွတ်နေခဲ့တာပါ

သူ့ဘဝ အစ ပိုင်းကနေ စလေ့လာကြည့်ကြရအောင်ပါ။ သူက Winterfell မှာမွေးခဲ့တဲ့ Wylis နာမည်ခံ သာမန် ကောင်လေးတစ်ယောက်ပါပဲ။

တုတ်ခိုင်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့တာပါ.. ဘယ်ပုံဘယ်နည်းနဲ့ ဟိုးဒေါလို့ပဲ ပြောတော့တာလဲဆိုတာကတော့….

Robert Baratheon ဟာ ၇ ပြည်ထောင်ရဲ့ ဘုရင်အဖြစ် နန်းတတ်ပြီးတာနဲ့ Ned Stark ကို ဘုရင့်လက်ထောက်တော် ခန့်ဖို့ရာ မြောက်ပိုင်းက Winterfell ကို ကိုယ်တိုင်ကြွချီလာပါတယ်.. အဲ့မှာ သူ့ပတ်သတ်ရာ ပတ်သတ်ကြောင်း တွေထဲ မိဖုရားဖြစ်သူ Cersei အပြင် အခြား Lannister တွေလဲ ပါလာတာပေါ့

အဲ့မှာ Lannister မောင်နှမ က နယ်မြေသစ်ရောက်တုန်း မထိမ်းနိုင်မသိမ်းနိုင်နဲ့ အထပ်မြင့်ပေါ်တတ်ပြီး ချစ်ရည်လူး နေတာကို ခုန်ပျံကျော်လွှား ဝါသနာပါတဲ့ Bran က အမှတ်မထင်သွားတွေ့တယ်။

မောင်နှမချင်းဖြစ်နေတာအပြင် ဘုရင်ဖြစ်သူ Robert သိရင် မိုးမီးလောင်မယ်ဆိုတာသိတော့ အစဖျောက်ဖို့ တွန်းချလိုက်ကြရာမှာ Bran ကမသေပဲ လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ ဖြစ်သွားရှာတယ်

အဲ့မှာ ဟိုးဒေါ ဟာ Bran သွားချင်ရာသွားဖို့ ကူညီပေးဖို့ရာ ဖြစ်လာပါတော့တယ်

အဲ့လိုချိန်မှာ Winterfell မှာ ကျောပိုးပြီးတလှည့် ပွေ့ပြီး တဖုံ သွားလိုရာ လိုက်ပို့ပေးတာက ခိုင်းလို့လုပ်တာမို့ ဘာမှပြောစရာမရှိပါဘူး။ ဘာ အန္တရာယ် ထွေထွေထူးထူးမှ မရှိတဲ့ အခြေနေမျိုးဆိုတော့ လူတိုင်းလုပ်ပေးနိုင်ပါတယ်

ဒါပေမယ့် Theon Greyjoy က Winterfell က သိမ်းလိုက်တဲ့ချိန်မှာ Bran ရယ် Rickon တို့လွှတ်ဖို့အရေး ပါဝင်ကူညီပေးတာကတော့ သူ့ရဲ့ သစ္စာတရား ကို စပြီး အသိမှတ်ပြုရမှာဖြစ်တယ်

ဖမ်းမိရင် အသက်ဘေး မလွှတ်နိုင်မှန်းသိလျက်နဲ့ Bran ကိုလက်ဆွဲလှည်းလေးပေါ်တင်ပြေးခဲ့သူဖြစ်တယ်။ သူနဲ့ အတူတူ အသက်ကိုစွန့် ကာကွယ်သွားတဲ့သူကတော့ အရိုင်းစိုင်း တစ်ဖြစ်လှဲ Osha ပါ

Theon ရဲ့ အဖွဲ့တွေ တဟုန်ထိုး လိုက်ရှာနေတဲ့ကြားက Bran ကိုဆွဲပြီး တနေရာကနေ တနေရာ ပတ်ပြေးနေရတာ ဘယ်လောက်ပင်ပန်းမလဲ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာကောင်းလှတယ်

ဒါပေမယ့် သူလုပ်နိုင်ခဲ့တဲ့အပြင် Bran ရဲ့ဝေယျာဝစ္စ တွေကိုပါ မငြီးမငြူလုပ်ပေးခဲ့တယ်

ဒီလို ဒုက္ခတွေကြားထဲ သူ့သခင်လေးနဲ့တူတူ ရုန်းကန် ရှင်သန်ခဲ့ကြရင်း နောက်ပိုင်းမှာ Bran ဟာ သူ့ရဲ့ဖြစ်တည်မှု အရင်းခံ သဘောတရားကို နားလည်ပြီး သူဘာလုပ်ရမလဲ ဆိုတာကို သဘောပေါက်ခဲ့တယ်

တကယ်တော့ Bran ဟာ ကမ္ဘာကြီးရဲ့ မှတ်ညဏ်အဖြစ် မွေးဖွားလာသူလို့ ခေါ်လို့ရပါတယ်.. သူဟာ လူတိုင်းရဲ့ အတိတ်က အဖြစ်အပျက်တွေကို ခဏ အာရုံခံကြည့်ရုံနဲ့တင် သိနိုင်ပြီး သက်ရှိသတ္တဝါတိုင်း ကို ဝင်ပူးကပ်ပြီး လိုရာလုပ်ဆောင်ခိုင်းနိုင်ပါတယ်

Bran ဟာ သူ့မွေးရာပါ အစွမ်းနဲ့အတူ ပါလာတဲ့တာဝန်တွေကို လက်ဆင့်ကမ်း သယ်ပိုးဖို့ရာ ကမ္ဘာ့မြောက်ဖျား ( Three-Eyed Raven’s Cave) ထိခရီးနှင်ဖို့လိုလာပါတော့တယ်

သွားရမယ့်ခရီးက ရေခဲတံတိုင်းကြီးအလွန် လူသူအရောက်အပေါက်နဲလှတဲ့ ဟိုးမြောက်ဖျားထိ .. လမ်းမှာတွေ့ကြုံနိုင်တဲ့ အန္တရာယ်ဆိုတာလဲ စဉ်းတောင်မစားနိုင်လောက်တဲ့ထိများပြားတယ် ..

ဟိုးဒေါတွက် အဲ့လို မိုင်ရာချီမယ့် ခရီးရှည်ကြီး ဒီတိုင်းလမ်းလျောက်ရုံပဲလားဆိုတော့ မဟုတ်ဘူးရယ်.. Bran ကိုဆွဲသွားရမှာ…
ဒါပေမယ့် ပြန်လမ်းမသေချာတဲ့ ခရီးကို သူ မငြင်းပဲ လိုလိုလားလား လုပ်ပေးခဲ့ပြန်တယ်

ဒီလိုနဲ့ ဒုက္ခခံ လာကြရင်း Bran ရဲ့ ဦးတည်ရာ မျက်သုံးလုံး ကျီးကန်းဂူ ကို ရောက်လာကြတယ်ဆိုပါတော့.. အဲ့မှာ Bran ဟာ သင်ယူစရာတွေ သင်ယူနေချိန် The Night King က လဲ သူတို့ Location ကိုသိသွားလို့ ဝင်တိုက်ပါတော့တယ်

Night King က ဂူထဲဝင်ရောက်လာချိန်မှာ Bran နဲ့သူ့ဆရာတို့ရဲ့ စိတ်ဝိဉာည်တွေ ဟာ အတိတ် က Winterfell ကိုရောက်နေကြတယ်။ အဲ့ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဟိုးဒေါ်ဖြစ်လာမယ့် Wylis ဟာလဲ Bran ရဲ့ မြင်ကွင်းထဲမှာရှိနေတယ်

Bran ရဲ့ ခန္ဓာကိုယ်ရှိနေတဲ့ ဂူထဲ Night King ဝင်လာတော့ Bran ကို ကူညီနေတဲ့ မိတ်ဆွေတွေက Bran ကို လှုပ်နိုးပြီး ဟိုးဒေါကို ဝင်ပူးဖို့ ပြောနေကြတယ်

အဲ့အသံကို Winterfell ရောက်နေတဲ့ Bran ရဲ့ စိတ်ဝိဉာည်က ကြားပြီး ဝင်ပူးလိုက်တာမှာ ရှုပ်ထွေးသွားပြီး ဟိုးဒေါ ရဲ့ ပစ္စုပန် ခန္ဓာကိုယ်ရော ဟိုးဒေါ ငယ်ဘဝ ခန္ဓာကိုယ် ကိုပါ ဝင်ပူးမိသွားတယ်

အဲ့လိုနဲ့ အပြင်လောကမှာ ပြေးကြလွှားကြရင်း ဂူပေါက်တံခါးဝအရောက်မှာ ဟိုးဒေါကို အထဲက ဖုတ်ကောင်တွေ ထွက်မလာနိုင်အောင် တံခါးကိုထိမ်းထားဖို့ တစ်ယောက်က လှမ်းအော်လိုက်ပါတယ်

ဟိုးဒေါ ဟာ Hold The Door ကိုအဆက်မပြတ်အော်ရင်း ဂူပေါက်ကြီးကို သူ့ကိုယ်လုံးကြီးနဲ့ပိတ်ပြီး Bran တို့လွှတ်အောင် ကကွယ်ပေးနေချိန်မှာ
သူ့ငယ်ဘဝ ခန္ဓာကိုယ်ကလဲ လှဲကျသွားပြီး Hold the door ကိုလိုက်အော်နေပါတော့တယ်

Hold the door အော်ရင်း တဖြည်းဖြည်း Hold Door, အဲ့ကနေ Hodor ပဲအော်နိုင်ပြီး အဲ့လို ဟိုးဒေါလို့ပဲ အော်တတ်ပါတော့တယ်

အဲ့တော့ သူ ဟိုးဒေါလို့ အော်ရတာဟာ သူသေခါနီး အဖြစ်အပျက်နဲ့ ချိတ်ဆက်သွားတာမို့ Time Travel ပုံစံဖြစ်သွားတယ်ထင်ပါတယ်..

ဒါကတော့ ဒီအဖြစ်ပျက်ကို နားလည်တဲ့ပုံစံ တင်ဆက်ပေးထားတာပါ.. ပိုနားလည်တဲ့ ပုံစံရှိရင်လဲ Comment မှာ Sharing လုပ်ပေးသွားဖို့ တောင်းဆိုပါတယ်

ဟိုးဒေါဟာ ဓါးကိုင်သူရဲကောင်းလဲ မဖြစ်ခဲ့သလို ဘာရာထူးမှလဲ မရခဲ့ရှာဘူး။ ဒါပေမယ့် သူလုပ်ရမယ့် တာဝန်ကို အဆုံးထိပေးဆပ်ပြီး ထမ်းဆောင်သွားခဲ့ပြီး သူ့ရဲ့ သစ္စာတရားကို အထင်ရှားဆုံးပြသသွားတယ်လို့ ခံစားမိပါတယ်

တခုဖြေသာစရာကတော့ သူအဲ့လို ထမ်းဆောင်ပေးခဲ့သူ Bran ဟာ တိုင်းပြည်အကျိုးကို တကယ်ထမ်းဆောင်နိုင်မယ့်သူဖြစ်တာကြောင့် သူပေးဆပ်ခဲ့ရတာဟာ Bran တစ်ယောက်ထဲတွက် မဟုတ်ပဲ အများတွက် ဖြစ်ခဲ့တာပါ

ဟိုးဒေါရဲ့ ရလိုစိတ်နဲ့မဟုတ်ပဲ ဒုက္ခဆင်းရဲထဲ ခုန်ဆင်း ရုန်းကန်ပေးခဲ့တဲ့ စိတ်ဓါတ်လေး သဘောကျလို့ Share ပေးလိုက်ပါတယ်ဗျ


KH | ယနေ့ခေတ်မှာတော့ တနေ့တနေ့ အကြားရဆုံးစကားတွေထဲက တခုဆိုရင် Networking ပဲဖြစ်ပါလိမ့်မယ် စီးပွါးရေးလောကမှာဖြစ်ဖြစ်၊ ပညာရ...
15/07/2025

KH | ယနေ့ခေတ်မှာတော့ တနေ့တနေ့ အကြားရဆုံးစကားတွေထဲက တခုဆိုရင် Networking ပဲဖြစ်ပါလိမ့်မယ်

စီးပွါးရေးလောကမှာဖြစ်ဖြစ်၊ ပညာရှင်နယ်ပယ်မှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပင်ဖြစ်ဖြစ် network ဆိုတာဟာ မရှိမဖြစ် အရည်အချင်းတခုဖြစ်လာပါတယ်

ရည်မှန်းချက် တခုတွက် တစ်ယောက်ထဲအားနဲ့ ကြိုးစားခြင်းထက် အစုအဖွဲ့ ကောင်းကောင်းနဲ့ လုပ်ဆောင်တဲ့ခါ ပိုမိုကောင်းမွန် မြန်ဆန်တဲ့ ရလဒ် ဖော်ဆောင်နိုင်ပါတယ်

ပုဂံမင်းဆက် ၅၅ ပါးမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တွေထဲ မင်းခွေးချေး ခေါ် နရသီဟပတေ့ မင်းလဲ အပါအဝင်ဖြစ်ပါတယ်

သူ့လို နန်းလျာမင်းသားလဲ မဟုတ်၊ အရည်အချင်းအရလဲ အားကိုးချင်လောက်စရာ မရှိသူဟာ ဘယ်ပုံဘယ်နည်းနဲ့ ဘုရင်ဖြစ်ခဲ့လဲ ဆိုရင် Network ကြောင့်လိုပဲ ထင်ပါတယ်

မင်းခွေးချေးဟာ အခါအခွင့် သင့်ရင် သင့်သလို ရာဇသင်္ကြံ အမတ်ကြီးဆီ သွားသွားပြီး ကြည့်ရှုစောင်မ ပေးဖို့ လျှောက်လေ့ရှိတယ်

အဲ့လိုလုပ်ခြင်းကပဲ အမတ်ကြီးက နန်းလျာမင်းသား သီဟသူနဲ့ ကတောက်ကဆ ဖြစ်တဲ့ခါ မင်းခွေးချေးကို အာရုံကျပြီး နန်းတင်ပေးခဲ့တာဖြစ်တယ်

အရည်အချင်းအားနည်းတဲ့ မင်းခွေးချေးတောင် Network တခုကြောင့် ဘုရင် ဖြစ်ခဲ့တယ်ဆိုတော့ Network ရဲ့အရေးပါပုံဟာ သံသယ ဖြစ်စရာ မကျန်တော့ဘူး ထင်ပါတယ်

အရင် ဖော်ပြပေးခဲ့တဲ့ Tyrion Lannister, Ned Stark နဲ့ ပခန်းမင်းကြီး ဦးရန်ဝေးတို့ ဟာလဲ သူတို့ခစားခဲ့တဲ့ ဘုရင်၊ ဘုရင်မတွေရဲ့ Network ကောင်းတွေလို့ ခေတ်စကားနဲ့ ဆိုနိုင်ပါတယ်

သူတို့က တိုင်းပြည်ကောင်းရာကောင်းကြောင်းကို ရှေ့ရှုပြီး အကြံဉာဏ်ကောင်းတွေ ပေးခဲ့ကြတယ်။ ပလ္လင်ပေါ်မှာ တလွဲလုပ်နေရင် ထိမ်းမတ် ပေးခဲ့ကြတယ်

သူတို့တွေအဲ့လို စွမ်းစွမ်းတမံ အမှုတော်ထမ်းခဲ့လို့လဲ အုပ်ချုပ်သူတွေဟာ သူတို့ ယုံကြည်ရာဆီကို မယိမ်းမယိုင် လျှောက်လမ်းနိုင်တာပါ

ဘုရင်၊ ဘုရင်မတွေ ဘေးမှာ အဲ့လို အကြံပေးတွေရှိသလို
Customer တွေဘေးမှာလဲ KING’S HNAD ဟာ အထောက်အပံံ့ကောင်း တခုအနေနဲ့ အမြဲရှိနေဖို့ ရည်ရွယ်ပါတယ်

📌 ဘဝင်မကျ အားမရဖြစ်နေချိန်မှာ KING’S HAND က သင်နဲ့တူတူ မျှဝေခံစား အားပေးဖို့ အမြဲရှိနေမယ်

📌 တောက်ပအောင်မြင်နေချိန်မှာ KING’S HAND က သင်နဲ့တူတူ ဝမ်းမြောက်ဂုဏ်ယူဖို့ ရှိနေမယ်

📌 KING’S HAND ကို ဝတ်ဆင်ထားချိန်တိုင်း ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ပန်းတိုင်ကို အရောက်လှမ်းနိုင်တယ်ဆိုတာ ကို ပိုပိုပြီး သေချာစေမယ့် ခံစားချက်မျိုး ရစေဖို့ ရည်ရွယ်ပါတယ်



KH |  ပခန်းမင်းကြီး ဦးရန်ဝေး ပညာရှိ ဘုရင့်အကြံပေး ပုဂ္ဂိုလ်များအကြောင်းကို ကြည့်ဖူးတဲ့ ဇတ်လမ်းထဲက ထုတ်နုတ် ဖော်ပြ  အပြီ...
14/03/2025

KH | ပခန်းမင်းကြီး ဦးရန်ဝေး

ပညာရှိ ဘုရင့်အကြံပေး ပုဂ္ဂိုလ်များအကြောင်းကို ကြည့်ဖူးတဲ့ ဇတ်လမ်းထဲက ထုတ်နုတ် ဖော်ပြ အပြီးမှာတော့ ကိုယ့်ဆီက သမာသမတ်ကျတဲ့ ပညာရှိ ဘုရင့်အကြံပေး ပုဂ္ဂိုလ်တွေကိုပါ ဖော်ပြ ဂုဏ်ပြုချင်လာတယ်

အဲ့လိုအတွေးပေါ်လာတဲ့ခါ ဖတ်ဖူး ကြားဖူးသမျှတွေ အများကြီးထဲမှာမှ ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ ဆရာလဲ ဖြစ်သလို မင်းတုန်းမင်းကြီး ကိုယ်တိုင် ရိုသေလေးစား ရတဲ့ ပခန်းမင်းကြီး ဦးရန်ဝေး ကို အရင်ဆုံး သတိရမိတယ်

မင်းတုန်းမင်း နဲ့ ကနောင်မင်းသား တို့ မင်းသားဘဝ ကတည်းက ကြည်ညိုလေး
စား ကိုးကွယ် ခြင်းခံရတဲ့ ဦးဝိသုဒ္ဓ ရဟန်းဘွဲ့ခံ ဦးရန်ဝေးဟာ စာပေလေ့လာ လိုက်စားလွန်းလို့ အသိပညာ ဗဟုသုတ အရာမှာ အင်မတန် နှံစပ်သူဖြစ်တယ်

ကင်းဝန်မင်းကြီး ဦးကောင်းဟာလဲ ဦးရန်ဝေးဆီမှာ ပညာလေ့လာဆည်းပူး ခဲ့တယ်

နောက်ပိုင်း လူထွက်ပြီး မင်းတုန်းမင်းကြီးကို ခစားရာမှာ ပခန်းမြို့ကိုပေးသနားလို့ ပခန်းမင်းကြီး ဦးရန်ဝေး လို့ တွင်တယ်

သမာသမတ်ကျတယ်၊ ရိုးဖြောင့် ပညာကြီးပြီး
တိုင်းပြည်တွက်ဆို သက်ဦးဆံပိုင် ဘုရင်ကိုယ်တိုင် ကိုတောင်မှ အားမနာတမ်း ဝေဖန်ထောက်ပြခဲ့သူဖြစ်တယ်

ထင်ရှားတဲ့ စွမ်းဆောင်မှုတွေကို အခွန်ကိစ္စ၊ ကရင်နီ အရေး၊ မယားဦးရေ ကန့်သတ်မှု၊ ရာထူးခန့်ထားမှုတွေမှာ မြင်နိုင်ပါတယ်

နောက်ပိုင်းမှာ အဆင်ပြေ သလို သူရဲ့ စွမ်းဆောင်မှုတွေ အကြောင်း ပြည့်ပြည့်စုံစုံ ဆက်လက် တင်ပြပေးသွားပါမယ်

မင်းတုန်းမင်းဟာ မြန်မာသမိုင်းမှာ ဉာဏ်ပညာကြီးသူ၊ သမာသမတ်ကျသူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ မိဖုရားတွေ အများကြီး ယူသူ 😁 မင်းတရားကြီး အဖြစ် ကျော်ကြားပါတယ်

အဲ့လိုမင်းကျင့်တရားနဲ့ အညီအုပ်ချုပ်စိုးစံခဲ့တဲ့ ဘုရင်ရယ်လို့ မှတ်တမ်းတင်ခံရခြင်းဟာ.. ကိုယ်တိုင်က အသိဉာဏ်ပညာ ပြည့်စုံသလို၊ လူ့သဘာဝအရ အတ္တလွမ်းမိုးလာတဲ့ အခိုက်တန့်တွေမှာ လမ်းမှန်ကို ထောက်ပြ ဝေဖန်နိုင်တဲ့ ဦးရန်ဝေး လို ဦးကောင်းတို့လို ပညာရှိတွေ ရှိနေခြင်းကလဲ အထောက်အပံ့ကောင်း ဖြစ်ခဲ့မယ်လို့ ယုံကြည်မိပါတယ်

ဦးကောင်းဟာဆိုရင်ဖြင့်လဲ သီပေါမင်းလက်ထက်တော်ထိ တိုင်းပြည်အရေးတွက်ဆို သိက္ခာ၊ မာန အားလုံး ခဝါချပြီး အသက်ကို မငှဲ့ အကြံပေးခဲ့တာ ကို အားလုံးအသိဖြစ်ပါတယ်

ဒါကြောင့် စိတ်ထဲ ထင်ကျန်နေတဲ့ ခံစားချက်လေးကတော့.. ကိုယ့်ဟာကိုယ် ဘယ်လောက်တော်တယ် တတ်တယ်ဆိုပြီး မာနထောင်လွှားနေမယ့် အစား ကိုယ်မသိ နားမလည်တာမျိုးဆို မာနကို ခဝါချပြီး ဆွေးနွေး တိုင်ပင်ခြင်းက ပို အကျိုးထူး စေမယ်ဆိုတာလေးနဲ့

ကိုယ့်ဘေးမှာ ကိုယ့်အကျိုးကိုလိုလားသူတွေ ရှိနေခြင်းက အမှန်တကယ် တန်ဖိုးရှိတာမို့ အဲ့လို Network တွေကို ရအောင်ကြိုးစားသင့်တယ်ဆိုတာလေးရယ်

ကိုယ်တိုင်ကလဲ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်တာလေး ကူညီပံ့ပိုး ‌ပေးရင်း၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရင်း လောကကို အလှဆင်နိုင်သူ ဖြစ်နိုင်ပါစေကြောင်းဗျာ

Photo: AI


KH | ဘုရင့်အကြံပေး ပုဂ္ဂိုလ် နှစ်ဦး ဖြစ်တဲ့ Tyrion Lannister နဲ့ Ned Stark WINTER IS COMING 🥶ဘုရင့်လက်ထောက်တော် အကြံပေး...
10/03/2025

KH | ဘုရင့်အကြံပေး ပုဂ္ဂိုလ် နှစ်ဦး ဖြစ်တဲ့ Tyrion Lannister နဲ့ Ned Stark

WINTER IS COMING 🥶

ဘုရင့်လက်ထောက်တော် အကြံပေးတွေဟာ ဘုရင်တွေ၊ ဘုရင်မတွေတွက်ဆို အကောင်းအဆိုး ထောက်ပြဝေဖန် အကြံပြုဖို့ အဆင်သင့် ရှိသလို

KING'S HAND ဟာလဲ ဝတ်ဆင်သူ တွေတွက် အမြဲတမ်း ကောင်းရာနိုးနိုး တခုခု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်


KH | Eddard Stark ( Ned Stark ) မြောက်ပိုင်းရဲ့ အရှင်သခင် GOT ဇတ်လမ်းတွဲထဲက ခုနှစ်ပြည်ထောင်ရဲ့ ဗဟိုချက်မဖြစ်ရာ King's La...
09/03/2025

KH | Eddard Stark ( Ned Stark ) မြောက်ပိုင်းရဲ့ အရှင်သခင်

GOT ဇတ်လမ်းတွဲထဲက ခုနှစ်ပြည်ထောင်ရဲ့ ဗဟိုချက်မဖြစ်ရာ King's Landing ပြီးရင် အင်အားအကြီးဆုံးအိမ်တော်တွေကို ညွှန်းရမယ်ဆို မြောက်ပိုင်းက Winterfell ဆိုတဲ့ စတာ့ခ် အိမ်တော်ကလဲ မပါမဖြစ်ပါပဲ။

ရာသီဥတုကြမ်းတမ်းသလို တခြားဒေသက အရောက်အပေါက်နဲတာကြောင့် မြောက်ပိုင်းဟာ သီးခြားဖြစ်တည်နေသယောင်ယောင် ထင်ရပါတယ်။ ဒါ့ပြင်ကို..မြောက်ပိုင်းတခုလုံးက အိမ်တော် ပုစိလေးတွေအားလုံးကလဲ စတာ့ခ်အိမ်တော်ကို နှစ်ပေါင်းထောင်ချီ သစ္စာခံလာကြတာပါ။

အဲ့လို မြောက်ပိုင်းက အင်အားကြီး စတာ့ခ်အိမ်တော်ကို ဦးဆောင်အုပ်ချုပ်နေသူက တော့ Ned Stark ပါ။ စတာ့ခ်တွေဟာ စည်းလုံးညီညွှတ်တယ်၊ ရဲရင့်တယ်၊ သစ္စာစောင့်သိတယ်၊ လောကဓံကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်တယ်လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

ဒီလိုအချက်တွေကြောင့်လဲ Robert Baratheon က နန်းတတ်ပြီးနောက်မှာ ညီကိုရင်းလို ချစ်ခင်အားကိုးရသူလဲဖြစ်၊ တသီးတခြားဖြစ်နေတဲ့ မြောက်ပိုင်းဒေသကို စိုးစံသူလဲ ဖြစ်တဲ့ Ned Stark ကို ဘုရင့်လက်ထောက်တော် ခန့်အပ်ဖို့ရာ Winterfell ထိ ကိုယ်တိုင် ခရီးရှည်နှင်လာခဲ့တာပါ။

ဖခင်ကို ဘုရင့်လက်‌ထောက်ခန့်အပ်ပြီး သမီးကို နန်းမွေဆက်ခံမယ့် Joffrey Baratheon နဲ့ လက်ဆက်ပေးရင်း တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပိုအစေးကပ်အောင််ကြံရွယ်ခဲ့ပုံပါပဲ။

ဒီလိုနဲ့ပဲ.. မြောက်ပိုင်းရဲ့ အကြီးအကဲ၊ ကလေးငါးယောက်ရဲ့ ဖခင်၊ John Snow ရဲ့ဦးကြီးဖြစ်သူ Ned Stark ဟာ မိန်းမဖြစ်သူ တားနေတဲ့ကြားကပဲ King's Landing မှာ ဘုရင့်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ Winterfell ကိုစွန့်ခွာခဲ့ပါတယ်။

ထိုခရီးက သူ့တွက် မြောက်ပိုင်း‌မြေကို အပြီးတိုင်စွန့်ခွာခြင်း ဆိုတာကိုတော့ Ned Stark တစ်ယောက် ကြိုတင်မသိနိုင်ခဲ့ဘူးပေါ့လေ

King’s Landing ကို သမီးနှစ်ယောက်နဲ့ ရောက်လာပြီးတဲ့နောက်မှာ Ned Stark ဟာ နန်းတွင်းက ယိုယွင်းနေတဲ့ အခြေနေတွေကို တတ်စွမ်းသမျှ ထိန်းညှိ ကွပ်ကဲပေးခဲ့ပါတယ်

Robert ဟာလဲ စစ်တိုက်ရတာကိုသာ ဝါသနာထုံပြီး အုပ်ချုပ်ရေးပိုင်းမှာ အာရုံမရှိတဲ့ သူ့သဘာဝ အတိုင်း Ned Stark ကိုသာ အခွင့်အာဏာလွဲအပ်ပြီး နန်းစံနေခဲ့ပါတယ်

Ned Stark ရဲ့အကူညီနဲ့ နန်းတွင်းကိစ္စ သောင်းခြောက်ထောင်ကို သာသာယာယာ ကိုင်တွယ် အုပ်ချုပ်ချင်သူ Robert၊ သစ္စာ ရှိရှိ သိက္ခာကြီးကြီးနဲ့ မြောက်ပိုင်းဟာ တသွေးတသားထဲ ရှိနေကြောင်း ပြချင်တဲ့ Ned Stark

တော်ဝင် ဓလေ့နဲ့ အမူအရာ တွေ သင်ယူရင်း အရိုက်အရာခံမင်းသားကိုလက်ထပ်ပြီး မိဖုရားဖြစ်ဖို့ တာဆူနေတဲ့ Sansa Stark၊ ငါဟဲ့ အိမ်ရှေ့စံ ဆိုပြီး သရဖူဆောင်းရတဲ့ခါ ဘယ်လို ထင်ရာစိုင်းပစ်မယ် လို့တွေးနေသလား ထင်ရတဲ့ Joffrey … အားလုံးဟာ အိမ်မက်ကိုယ်စီနဲ့ အဆင်ပြေနေခဲ့ကြပါတယ်

အဲ့လိုချိန်မှာပဲ Arya Stark ရဲ့ ဝံပုလွေက Joffrey ကိုကိုက်ဖို့ အကြောင်းဖန်လာရာက စပြီး Lannister တွေနဲ့ Stark တွေရဲ့ ပြဿနာမီး စလောင်ပါတယ်

ဘုရင်ဖြစ်သူ Robert ရှိနေတာကြောင့် ထိန်းထိန်းသိမ်းသိမ်း ဖြစ်ခဲ့ပေမယ့် ကံကြမ္မာ ဟာ ဒီလောက်နဲ့ အားမရပုံပါပဲ

အမဲလိုက်ဝါသနာထုံသူ Robert က အမဲလိုက်ရင်း တောဝက်ပတ်ခံလိုက်ရတဲ့ခါမှာတော့ အားလုံးကပြောင်းပြန်အချိုးကျ ဖို့ ဖြစ်လာပါတော့တယ်

သူ့ရဲ့နောက်ဆုံးချိန်မှာ Robert ဟာ သူအရိုက်ရာဆက်ခံမယ့် Joffrey က လုံလောက်တဲ့ စွမ်းရည်မျိုးမရှိသေးတာ နားလည်တဲ့အတွက် Ned Stark ကို နန်းထိမ်း ခန့်အပ်ခဲ့ပါတယ်

Ned Stark က သစ္စာရှိ လက်ထောက်ပီပီ အမိန့်တိုင်း ဆောင်ရွက်ဖို့ ခေါင်းမာမာနဲ့ ရှေ့ဆက်နေချိန်မှာ တဖက်က Joffrey နဲ့ Lannister အုပ်စုက နန်းလုတဲ့ခေါင်းစဉ်နဲ့ Ned Stark ကိုဖမ်းစီး ပြီး စီရင်ကွက်မျက်ခဲ့ပါတယ်

ဒီလိုနဲ့ပဲ မြောက်ပိုင်းရဲ့ အရှင်သခင်ဖြစ်သူ Ned Stark ဟာ King’s Landing မှာ အသက်ပေးခဲ့ရသလို Stark အိမ်တော်ဟာ တစတစ လုံးပါးပါးဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်



KH | 🧠 Tyrion Lannister: ပလ္လင်နောက်ကွယ်က ဉာဏ်ပညာ Lannister အိမ်တော်ကပေါက်ဖွားတယ်။ သူ့ရဲ့ သေးငယ်တဲ့ကိုယ်ခန္ဓာ ပုံပန်းသွင...
11/01/2025

KH | 🧠 Tyrion Lannister: ပလ္လင်နောက်ကွယ်က ဉာဏ်ပညာ

Lannister အိမ်တော်ကပေါက်ဖွားတယ်။ သူ့ရဲ့ သေးငယ်တဲ့ကိုယ်ခန္ဓာ ပုံပန်းသွင်ပြင်ကြောင့် Imp ( မှင်စာ ) ဆိုပြီးနာမည်ပြောင်ရထားတဲ့ Tyrion ဟာဆိုရင် Game of Thrones ဇတ်လမ်းတွဲထဲမှာ ဉာဏ်ပညာပြည့်စုံတဲ့သူ တစ်ယောက်ဖြစ်တယ်။

အိမ်တော် အချင်းချင်း၊ ဘုရင် အချင်းချင်း က အာဏာတန်ခိုးတွက် ဓါးတွေ၊ နဂါးတွေ သုံးပြီး တိုက်ခိုက်နေကြတဲ့ ခေတ်ကြီးထဲမှာ သူကတော့ စကားလုံးတွေ၊ နည်းဗျူဟာတွေ ဉာဏ်ပညာတွေနဲ့ ထိုးနှက်တိုက်ခိုက်တယ်။ အတ္တတွေ၊ မာနတွေ၊ သွေးသံတရဲရဲနဲ့ စစ်ပွဲတွေ ကြားထဲမှာ သူကတော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ အတွက် ရပ်တည်ဖို့ရွေးခြယ်တယ်။

အုပ်စိုးသူတွေရဲ့ ပြိုင်ဆိုင်မှု တွေကြားထဲ လိမ့်နေအောင်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်ရင်ဆိုင်ပေးတယ်။

Lannister အိမ်တော်ဆိုတာ နယ်နယ်ရရမဟုတ်သလို ငွေကြေး ကြွယ်ဝလွန်းလို့ လိုအပ်ရင် 7 ပြည်ထောင်ကို အုပ်ချုပ်စိုးစံတဲ့ ဘုရင်ကိုတောင် ငွေကြေးထုတ်ချေးပေးရတဲ့ အိမ်တော်မျိုးပါ။ အဲ့လိုအိမ်တော်က ပေါက်ဖွားခဲ့ပေမယ့် သူက မိသားစုရဲ့ နှစ်လိုကြိုဆိုခြင်း မခံခဲ့ရပါဘူး။

အစ်မနဲ့ အဖေ ဖြစ်သူကတောင် လက်မခံချင်ခဲ့တဲ့ သူ့တွက် အစ်ကိုဖြစ်သူ KingSlayer အမည်ခံ Jaime Lannister ကပဲ မဟာတံတိုင်းကြီး သဖွယ်ရှိခဲ့ပါတယ်။ သူ့‌ရွေးချယ်ခွင့် မရခဲ့တဲ့ ဖြစ်တည်မှု ကို မိသားစုကတောင် လက်မခံနိုင်တော့ သူဟာ ရှင်သန်ဖို့ တခုခုလုပ်ရမယ်ဆိုတာကို ငယ်ငယ်ကတည်းက သဘောပေါက်ခဲ့တယ်။

ဒါကြောင့် သူက စာအရမ်းဖတ်ပြီး သူ့ကိုယ်သူ ဖြည့်တင်းတယ်။ နိုင်ငံရေး အတွေးအမြင်၊ ခံစားနားလည်ပေးနိုင်မှု၊ တရားမျှတစွာ ဆုံးဖြတ်တွေးခေါ်နိုင်မှု၊ မှားရင်မှားနေကြောင်း ပြတ်ပြတ်သားသား ထောက်ပြ ဝေဖန်နိုင်တဲ့ အရည်ချင်းတွေ တဖြည်းဖြည်း ပြည့်စုံလာခဲ့တယ်။


သူက ပလ္လင်ရဖို့ တိုက်ပွဲဝင်နေတာမဟုတ်ပဲ အေးချမ်းတည်ငြိမ်ရေးတွက်၊ အကျပ်တည်းကြားထဲက ပြည်သူတွေရဲ့ ရှင်သန်ရေးတွက် တိုက်ခိုက်တယ်။

Joffrey လက်ထက် Blackwater စစ်ပွဲတွင်း ရန်သူတွေက King’s Landingကိုဝင်ဖို့ ကြိုးစားနေကြတဲ့ချိန်မှာ ဘုရင်ဖြစ်သူက ထွက်ပြေးပုန်းရှောင်ပြီး စစ်တပ်ကအလဲလဲ အကွဲကွဲဖြစ်နေတယ်။ အဲ့ချိန်မှာ အရပ်တိုတိုနဲ့ ဘုရင့်လက်ထောက်တော် Tyrion Lannister ကပဲ စစ်တပ်ကို ပြန်စုစည်း တိုက်တွန်းပြီး ပရိယာယ်သုံး ခုခံခဲ့လို့ တပ်ကူတွေရောက်တဲ့ထိ တောင့်ခံနိုင်ခဲ့တာ ဖြစ်တယ်။

သူသာ မစွမ်းဆောင်နိုင်ခဲ့ရင် ကျဆုံးသွားဖို့ သေချာနေတဲ့ချိန် သူလုပ်သင့်တာ လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် မာနတွေ ထောင်လွှားနေတဲ့ အသိုင်းဝိုင်းကြား အကောင်းမမြင်ခံခဲ့ရတာတော့ ဝမ်းနည်းစရာပေါ့လေ

ဒီလို အနှိမ်ခံ အ‌ခြေအနေ ကနေ တိုင်းပြည် စွမ်းသလောက်ထိမ်းကြောင်းပေးနေရင်းနဲ့ Joffrey Baratheon အဆိပ်ခတ် လုပ်ကြံခံရတဲ့ခါ သူ့ကို တရားခံလို့ ထင်ကြေးပေး ဖမ်းဆီး ကွပ်မျက်ဖို့ အဖေရင်း၊ အစ်မရင်းက စီစဉ်အကွက်ချခဲ့ ကြတယ်။

အလွယ်ပြောကြရရင် အဲ့လိုခက်ခဲတဲကာလကို ကြိုးစားကျော်ဖြတ်နေတဲ့ချိန် သူသိပ်ချစ်တဲ့ ချစ်သူကတော့ ကိုယ့်အဖေဖြစ်သူ နဲ့ ပျော်မြူးနေတာကို ပါသိခဲ့ရတော့ အခွင့်ရေး ရခိုက် နှစ်ယောက်လုံးကို ရှင်းပြီး Mother of Dragons လို့ခေါ်တွင်တဲ့ Daenerys Targaryen ဆီထွက်‌ပြေးပြီး သစ္စာခံ အကြံပေးတာဝန် ထမ်းဆောင်ခဲ့တယ်။

တာ‌ဂေးရီးယန်း ဘုရင်မဆီမှာလဲ တတ်စွမ်းသလောက် အကောင်းဆုံးကူညီ အကြံပေးခဲ့တယ်။ သူမှားခဲ့တာက သူ့အစ်မ ဖြစ်သူက ဘယ်လောက် တကိုယ်ကောင်းဆန်ပြီး မှောင်ပိတ်နေလဲဆိုတာကို မသိပဲ ညှိဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပဲ။ အဲ့ဒီ အကြံပေးချက်တွေကြောင့် ဒန်နဲရစ် ရဲ့ နဂါးတစ်ကောင်ကို ဆုံးရှုံးပြီး Night King ဆိုတဲ့ မသေမျိုးတွေရဲ့ အရှင်သခင်ကို ‌ရေခဲတံတိုင်းကြီးဖြတ်ကျော်‌ရေးတွက် ခွင့်ပြုပေးခဲ့ရတယ်။ အဲ့တခါမှားခဲ့တာကို မပြင်ဆင်နိုင်ခဲ့တော့ နောက်တခေါက် သူ့အစ်မ ဆာဆီနဲ့ ထပ်ညှိဖို့ ကြိုးစားရင်း ဒန်နဲရစ်ကို ဒေါသ မထိမ်းနိုင်တဲ့ အခြေနေထိ တွန်းပို့ခဲ့တာပါ။ ဒီလိုနဲ့ပဲ တိုင်းပြည်ကို အေးအေးချမ်းချမ်း အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ ဒန်နဲရစ် ကိုပြောင်းလဲစေခဲ့ပြီး ပြည်သူတွေကလဲ Mad King ရဲ့သမီးကလဲ ဒီပုတ်ထဲက ဒီပဲပါပဲ ဆိုပြီး ဖြစ်သွားစေခဲ့တယ်။

Daenerys Targaryen တွက်တော့ ကြိုးစားခဲ့သလောက်အရာမထင်ခဲ့တော့ စိတ်မကောင်းစရာပါပဲ။

ဘယ်လိုဖြစ်ဖြစ် ခြုံကြည့်ရရင်တော့.. လူပုကလေး တိုင်ရီယွန် လန်နစ်စတာဟာ ခုနှစ်ပြည်ထောင် အကြောင်း ကောင်းကောင်းသိပြီး တိုင်းသူပြည်သားတွေ တွက် ငြိမ်းချမ်း‌ရေး ကို‌ဆောင်ကျဉ်းပေးဖို့ တော်တော်လေး ကြိုးစားခဲ့တယ်။

အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကတော့ အခြေအနေ အကြောင်းအမျိုးမျိုးပေါ် လဲ မူတည်နေတော့ သူ့အပြစ်ပြောဖို့ ခက်ပါတယ်။ သူဟာ Perfect မဟုတ်ဘူးဆိုပေမယ့် ဘုရင့်အကြံပေးနေရာတွက် ထိုက်တန်တယ် ဆိုတာတော့ Bran Stark က ဘုရင်ဖြစ်လာတဲ့ချိန်မှာ သူ့ကို ဘုရင့်လက်ထောက်ဖြစ် ပြန်လည်ခန့်အပ်ခဲ့တာက သက်သေပြနေပါတယ်။ အတိတ်က အရာရာကို မြင်နိုင်စွမ်းရှိတဲ့ Bran ဟာ တိုင်ရီယွန် ရဲ့ စိတ်ရင်းအမှန်ကို နားလည်ခဲ့တယ်ဆိုရပါမယ်။

GOT မှာ လူပု‌လေး Tyrion Lannister က ကျွန်တော့ Fav Characters တွေထဲက တစ်‌‌ယောက်ပါပဲ။ သူ့ဆန္ဒအတိုင်း အသက် 80 ထိ အမျိုးသမီးတသိုက်အလည်မှာ ဗိုက်ထဲဝိုင်အပြည့်နဲ့ နေသွားရပါစေ ဆန္ဒပြုလိုက်ပါတယ်



Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when King's Hand - Rule Your Style posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share