Daw Hnin Pone

Daw Hnin Pone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Hnin Pone, Clothing Store, Bogyoke Road, Thandwe.

ပျော်ချင်လား
29/11/2023

ပျော်ချင်လား

ဘာသီးလဲသိကြလား စားတော့စားလိုက်ပြီဘာသီးမှန်းမသိဘူး😜
23/11/2023

ဘာသီးလဲသိကြလား စားတော့စားလိုက်ပြီဘာသီးမှန်းမသိဘူး😜

Ok par👏👏👏
26/05/2023

Ok par👏👏👏

ကိုယ့်ရဲ့ဝင်ငွေကို နှစ်ဆမြှင့်ချင်ရင် ...

ကလေးတို့အကြိုက် စိန်ပေါက်ပေါက် ချိုချိုကြွပ်ကြွပ်လေးတွေ 🍿🍿🍿သံတွဲမြို့နှင့်အနီးတစ်ဝှိက် ဆိုင်တိုင်းမှာ ဝယ်ယူအားပေးနိုင်ပါ...
02/02/2022

ကလေးတို့အကြိုက် စိန်ပေါက်ပေါက် ချိုချိုကြွပ်ကြွပ်လေးတွေ 🍿🍿🍿

သံတွဲမြို့နှင့်အနီးတစ်ဝှိက် ဆိုင်တိုင်းမှာ ဝယ်ယူအားပေးနိုင်ပါပြီနော်👏👏👏


#စိန်ပေါက်ပေါက်ဖြန့်ချီရေး
☎️09440521195 or 09699525220

မိတ်ဆွေတို့အတွက် လက်ဆောင်စကား♥♥♥♥♥♥♥♥♥♥1*♥ကိုယ်တိုင်ကြိုးစားမှ ကိုယ်တိုင်ဖန်တီးထားတဲ့ဘဝကိုရမယ် 2*♥ကိုယ့်ကိုယ်ကို ယုံကြည်...
24/10/2021

မိတ်ဆွေတို့အတွက် လက်ဆောင်စကား
♥♥♥♥♥♥♥♥♥♥

1*♥ကိုယ်တိုင်ကြိုးစားမှ ကိုယ်တိုင်ဖန်တီးထားတဲ့ဘဝကိုရမယ်

2*♥ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလျှင်
ဘယ်သူမှကိုယ့်ကို ယုံကြည်ဖို့မမျှော်လင့်ပါနဲ့

3*♥မရနိုင်ဘူးဆိုတဲ့ အတွေးကိုဖယ်ထားပြီး
ငါလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကိုမွေးပါ

4*♥အမြင့်ကိုကြီးပဲ မော့ကြည့်မနေပါနဲ့
အောက်ခြေကိုလည်းငုံ့ကြည့်တတ်ပါစေ

5*♥အောင်မြင်နေတဲ့လူတစ်ယောက်ကို မနာလိုဖြစ်နေမဲ့အစား
သူ့လိုအောင်မြင်ဖို့ ကိုယ်တိုင်ကြိုးစားကြည့်လိုက်ပါ

6*♥ကိုယ်အောင်မြင်ဖို့အတွက်နဲ့
တပါးသူရဲ့ ပုခုံးပေါ်ကို နင်း၍မတက်မိပါစေနဲ့

7*♥တစ်ပါးသူတွေက ကိုယ့်ကို နှိမ့်ချပြောဆိုလာတဲ့အခါ
စိတ်မဆိုးပဲ ပြုံးပြုံးလေးနှင့် ပို၍ ကြိုးစားပြပါ

8*♥ယှဉ်ပြိုင်ခြင်းတွေ ကြုံလာတဲ့အခါ
အလုပ်ကိုအာရုံပိုစိုက်၍ နှစ်ဆအလုပ်ပိုလုပ်ပါ

9*♥တန်ဖိုးမတူညီတဲ့လူပေါင်းများစွာနဲ့ တန်းသွားညှိမဲ့အစား
မိမိတန်ဖိုးကိုပဲ ကိုယ်တိုင်ကြိုးစားမြှင့်တင်လိုက်ပါ

Thetwai
2.10.2020
crd

"ပျော်ရွှင်သော စံပြအိမ်ထောင်ရေး"👨‍👧‍👦➖➖➖➖ ➕ ➖➖➖➖👨‍👨‍👧‍👧လင်နဲ့ မယား နှစ်ယောက်စလုံး လိုက်နာရမဲ့အရာများအိမ်ထောင်ရေးဆိုတာမျိ...
22/10/2021

"ပျော်ရွှင်သော စံပြအိမ်ထောင်ရေး"
👨‍👧‍👦➖➖➖➖ ➕ ➖➖➖➖👨‍👨‍👧‍👧

လင်နဲ့ မယား နှစ်ယောက်စလုံး လိုက်နာရမဲ့အရာများ

အိမ်ထောင်ရေးဆိုတာမျိုးက
ဘောလုံးအသင်းတစ်သင်းလိုပဲ
တစ်ယောက်တည်း ကွင်းပတ်ကစားလို့ မရနိူင်ပါဘူး။

လင်နဲ့ မယားအပေးအယူအချိတ်အဆက်မိမှ
သာယာသော အိမ်ထောင်ရေးဖြစ်လာမှာပါ။

အိမ်ထောင်ဦးစီးကလည်း ငွေကြေးရှာဖွေပေးရုံနဲ့
မလုံလောက်သလို အိမ်ရှင်မကလည်း အိမ်မှုကိစ္စ
လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်သော
တာဝန်များမှာ....

(၁)အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ။

(၂)အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။

(၃)မိသားစုအတွက် တတ်နိူင်သမျှ အချိန်ပေးပါ။

(၄)အရက်သေစာ၊လောင်းကစား၊အပျော်အပါးများကို
တတ်နိူင်သမျှရှောင်ကြဉ်ပါ။

(၅)သားသမီးများကို အချိန်ရရင်ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။

(၆)ကိုယ်ကျင့်တရား ကို အတတ်နိူင်ဆုံး
လုံခြုံအောင်ထိမ်းပါ။

(၇)ဘုရား တရား၊မိဘ ဆရာကို ရိုသပေါ။

(၈)အသိပညာမြင့်မားအောင် စာဖတ်ပါ။

(၉)အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်။

(၁၀)အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မားဖို့
လိုပါတယ်။

(၁၁)ဇနီးသည်ကို လေးစားတန်ဖိုးထားပါ
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ သားသမီးနှင့်
ပတ်ဝန်းကျင်က လေးစားတန်ဖိုးထားမှာပါ)

(၁၂)အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိပါစေနဲ့နော်။

(၁၃)တည်ကြည်သောစကား၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ။

(၁၄)အိမ်ရှင်မကို ရိုက်နှက်ခြင်းနှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း မပြုလုပ်သင့်ပါ။

အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာ
ဖြစ်သလို သားသမီးများအတွက် စံနမူနာ ပုဂ္ဂိုလ်
ဖြစ်သောကြောင့် “ကိုယ်ကျင့်တရား"
လုံခြုံဖို့တော့ လိုတယ်။

အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် "မစ" သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် "မစ" ပေးနိူင်သော အနွေးထွေးဆုံးရင်ခွင်တစ်ခုပါ။

အိမ်ရှင်မတစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ

(၁)စည်းကမ်းရှိပါ။

(၂)နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိူင်ဆုံး
ကြည့်ရူပေးကမ်းပါ။

(၃)ဖြစ်သလိုမနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ
(တစ်ချို့ အမျိုးသမီးတွေက အိမ်ထောင်ကျပြီးပြီဆိုပြီး အနေအထိုင် ပက်စက်လာကြတယ်။

တကိုယ်ရေ သန့်ရှင်းမှု သိပ်မလုပ်ကြတော့ဘူး။
ဒါဟာ လင်ယောကျာင်္းကို သိပ်စိတ်ပျက်စေပါတယ်

(၄)အနေအထိုင် အပြောအဆိုသတိထားပါ။

(၅)ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ။

(၆)သစ္စာ တရားကို လက်ကိုင်ထားပါ။

(၇)မယ်တစ်ရွက် မရွက်နိူင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်။

(၈)ဘုရားတရား၊ မိဘ ဆရာ ကိုလေးစားပါ။

(၉)အိမ်လည်ခြင်း ၊ ချဲထီစသောလောင်းကစားများကို ရှောင်ကြဉ်ပါ။

(၁၀)ဘေးလူပြောစကားထက် ကိုယ့်လင်သားကို
ယုံကြည်မှုထားပါ။

(၁၁)ကိုယ်လင်သားကို လေးစားပါ(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ)

(၁၂)လင်ယောက်ျားအလုပ် အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။

(၁၃)ချိုသာသောစကား၊နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ။

(၁၄)လင်ယောက်ျားစိတ်ရှုပ်နေတဲ့အခါ စကားကို
သတိထားပြောပါ။

(၁၅) လင်ယောက်ျားကို စိတ်ဖိစီးမှုဖြစ်စေမယ့် အပြောအဆိုကို ဆင်ချင်ပါ။

အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့
“အတ္တ"တွေလျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှု၊
နားလည်မှုကို ခိုင်မာအောင်တည်ဆောက်ရတာမျိုးပါ။

အတ္တတွေ လျော့ချပြီး သူ့ဘက် ကိုယ့်ဘက်မျှတအောင်
ကြည့်ရူခံစားပေးခဲ့ရင် "သစ္စာ"တရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။

ပျော်ရွှင်စရာကောင်းသော စံပြအိမ်ထောင်ရေး
ဖြစ်လာဖို့က နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုကြိုက်တဲ့စာစုများကိုအမြဲတမ်းမျှဝေလျက်ပါ

©®...မူရင်းရေးသားသူ

စာပေချစ်သူများကို အစဉ်လေးစားလျက်

အရင်တုန်းကမိန်းကလေး တစ်ယောက်ဖြစ်ရတာလှပနေဖို့က အဓိကလို့ ထင်ခဲ့တယ်။နောက်တော့အဆင့်အတန်းနဲ့ အရည်အချင်းရှိဖို့ကအဓိကလို့ ထင်ပြ...
21/10/2021

အရင်တုန်းက
မိန်းကလေး တစ်ယောက်ဖြစ်ရတာ
လှပနေဖို့က အဓိကလို့ ထင်ခဲ့တယ်။

နောက်တော့
အဆင့်အတန်းနဲ့ အရည်အချင်းရှိဖို့က
အဓိကလို့ ထင်ပြန်တယ်။

နောက်တော့..
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေဖို့က
အဓိကလို့ ထင်ပြန်တယ်။

နောက်ဆုံးကျမှ ..
မိန်းကလေးတစ်ယောက်မှာ
ကိုယ်ပိုင်တွေးခေါ် ဆင်ခြင်တတ်မှု့
ကိုယ်ပိုင် ပင်ကို အရည်အသွေး
ကိုယ်ပိုင်ဝင်ငွေနဲ့
လှလှပပရှင်သန်နေဖို့က
ပိုအဓိကဖြစ်တယ်ဆိုတာကို နားလည်ခဲ့တယ်။

အခုချိန်မှာတော့
မိန်းမတစ်ယောက်ဟာ
ကျန်းမာနေဖို့က အဓိကဆိုတာကို
ပိုနားလည်လာခဲ့တယ်။

ဒါကြောင့်မိန်းမတစ်ယောက်မှာ
ဒီငါးမျိုးရှိသင့်တယ်။

ကျန်းမာရေး၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့၊
ရိုးသားကြင်နာမှု့၊
ကိုယ်ကျင့်တရားကောင်းမွန်မှု့၊
ကြံ့ခိုင်မှု့တွေ ဖြစ်တယ်။

🌸🌸🌸🌸🌸

credit-

ဘဝမှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒီ 10ချက်ကိုလိုက်နာပါ။👇👇👇 7:00AM✍️Photo crd
20/10/2021

ဘဝမှာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒီ 10ချက်ကိုလိုက်နာပါ။👇👇👇


7:00AM✍️
Photo crd

Address

Bogyoke Road
Thandwe

Telephone

+959699525220

Website

Alerts

Be the first to know and let us send you an email when Daw Hnin Pone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category