Shwe Hnin Si Online Shop -အထည်လက်လီ/လက္ကားရောင်းဝယ်ရေး

  • Home
  • Myanmar
  • Thanlyin
  • Shwe Hnin Si Online Shop -အထည်လက်လီ/လက္ကားရောင်းဝယ်ရေး

Shwe Hnin Si Online Shop -အထည်လက်လီ/လက္ကားရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Hnin Si Online Shop -အထည်လက်လီ/လက္ကားရောင်းဝယ်ရေး, Clothing (Brand), သန်လျင် အောင်ချမ်းသာ ပိတုန်းစမ်း ထန်းရည်ဆိုင်အနီး, Thanlyin.

16/05/2024

ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။

ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...

ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။

16/05/2024

" ရေစစ်သုံးခု " ဖတ်ကြည့်နော် အရမ်းတန်ဖိုးရှိတယ်😇

တစ်နေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။
လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။

မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့
ရာနှုန်းပြည့် မသေချာပါဘူးဆရာ"

"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "

"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"

"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။

မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား

" အမ် သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး

မကောင်းတာလည်း ဖြစ်ဖို့များတယ်

ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။

မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။

မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပါယ်မရှိတဲ့စကားတွေကို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့ ။


#စေတနာကောင်းရင်ကံကောင်းမည် #နွယ်ပိုးအိမ်

08/05/2024

- #စကားပြောတတ်ခြင်းဟာ ပညာရပ်တစ်ခုပါ။

စကားကို ထိန်းထိန်းသိမ်းသိမ်းပြောတတ်ခြင်းဟာလည်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။.

ရောဂါဆိုတာ ပါးစပ်ပေါက်ကနေ ၀င်ပါတယ်။ မဆင်မခြင် စားခဲ့ရင်ပေါ့၊ ပြဿနာဆိုတာလည်း ပါးစပ်ပေါက်ကနေ ထွက်ပါတယ်။ မဆင်မခြင်ပြောခဲ့ရင်ပေါ့၊

စကားကို ဘယ်လိုပြောမယ်၊ဘယ်အချိန်မှာပြောမယ်၊ အာယားတိုင်း လျှောက်မပြောဘူး၊ ဒါတွေဟာ စကားပြောတဲ့ အနုပညာပါ။

စကားပြောတတ်ဖို့သုံးနှစ်တောင်မှ ကောင်းကောင်း မသင်ခဲ့ ရပါဘူး၊ပါးစပ်ပိတ်တတ်ဖို့ တစ်သက်လုံးကြိုးစားခဲ့ရပါတယ်။ ဒါလည်း အဆင်မပြေခဲ့ပါဘူး၊

ကျွန်တော်က စကားကြောင့်အကြီးအကျယ် ပြဿနာ မဖြစ်ခဲ့ပေမဲ့၊ ပြောပြီးနောင်တရတာတော့ ခဏခဏပါ။

ကိုယ့်စကားနဲ့ကိုယ် အရှက်ရတဲ့ အခါလည်း ကြုံဖူးရပါတယ်။ ပိုင်ပိုင် နိုင်နိုင် မသိတဲ့ ကိစ္စတစ်ခုကို မသိပါဘူးလို့ မငြင်းဆိုရဲပဲ သိယောင်ယောင်နဲ့ ဖြေဆိုခဲ့တဲ့ အခါမျိုးမှာ ပိုဖြစ်တတ်ပါတယ်။

ရှေးရှေးတုံးက တပည့်ကဆရာဂုရု တစ်ဦးကို မေးမြန်းခဲ့ဖူးပါတယ်။ စကားများများပြောဆိုတာ ကောင်းပါသလားတဲ့ဆရာက ဒီလိုဖြေဆိုပါတယ်၊ " ဖားတွေ၊ယင်ကောင်တွေ တစ်နေ့လုံးအော်နေတာပဲ၊ ဘယ်သူကမှ အရေးမစိုက်ပါဘူး၊ ကြက်ဖက မနက်ပိုင်းမှာပဲ တွန်တယ်၊ ဒါပေမဲ့ လူတွေကအလေးထားကြတယ်တဲ့”

အမှန်တော့ စကားပြောကောင်းတယ်ဆိုတာ စကားကို လှလှပပ ပြောတတ်တာမဟုတ်ဘူး၊ သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ စကားကို သင့်တော်တဲ့ အနေအထားမှာ ပြောဆိုတတ်တာကို ဆိုလိုပါတယ်။

ဆိတ်ဆိတ်ငြိမ်ထောင်တန်တယ်ဆိုတာ ငြိမ်သက်သင့်တဲ့အခါမျိုးမှာ ငြိမ်ငြိမ်လေး နေတတ်ခြင်းကိုပြောတာပါ။

ကိုယ့်ကိုယ်ကို ဆုံးမဖို့ရေးလိုက်ပါတယ်။ အားလုံး မင်္ဂလာပါ။


#ဘဝအတွက်စာဖတ်ပါ

08/05/2024

14.9K likes, 172 comments. “ဘဝမှာမချမ်းသာရင်နေပါ အပူအပင်မရှိတဲ့ဘဝမျိုးလေးမှာ အေးအေးချမ်းချမ်းနဲ့နေသွားချင်တယ်ဗျာ😊”

Address

သန်လျင် အောင်ချမ်းသာ ပိတုန်းစမ်း ထန်းရည်ဆိုင်အနီး
Thanlyin
11291

Telephone

+959773576849

Website

Alerts

Be the first to know and let us send you an email when Shwe Hnin Si Online Shop -အထည်လက်လီ/လက္ကားရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share