Nway-နွေ

Nway-နွေ ချစ်ခြင်းတရားတို့ ဝေရာ နွေ

မုန်တိုင်းတွေနဲ့ နွေနွေနဲ့ အားလုံးနဲ့ မတွေ့ရတာ သိပ်ကို ကြာနေပြီ ထင်ပါတယ် ….ကြာဆို ဆောင်းတွင်းနှင်းသည်းသည်း ကာလတွေတုန်းကစ...
11/05/2023

မုန်တိုင်းတွေနဲ့ နွေ

နွေနဲ့ အားလုံးနဲ့ မတွေ့ရတာ သိပ်ကို ကြာနေပြီ ထင်ပါတယ် ….

ကြာဆို ဆောင်းတွင်းနှင်းသည်းသည်း ကာလတွေတုန်းကစလို့ ပျောက်ချင်းမလှ ပျောက်သွားတာကိုး

အားလုံးသိကြတဲ့အတိုင်း နွေရဲ့ Admin တွေဟာ အားဂျီးမားတွေချည်း စုထားတာပေါ့….

နွေရဲ့ နောက်ထုတ်ကုန်ကို ထုတ်ဖို့အဆင်သင့်ဖြစ်နေရင်း နောက်ထပ်နောက်ထပ် ဒီဇိုင်းတွေအတွက် စိုင်းပြင်းနေကြရင်း အားဂျီးမားတွေအကုန် တကွဲတပြား ဖြစ်သွားကြလေသတည်းဆိုပါတော့….

ဒါပေသိ လူတွေက ပထမဆုံးထုတ်ကုန်”အလွမ်း” အိတ်ကလေးတွေ ရသေးလား လာလာမေးရင် သတိတွေ ရရ

နွေရဲ့ Page Logo လေးကို မြင်ရင် လွမ်းရနဲ့

အမှတ်တွေရ နေရတော့တာပါပဲ

အားဂျီးမားတွေ ပျောက်နေရတဲ့အကြောင်းကတော့ ဒီလောက်ပဲ ထားလိုက်ပါတော့

Nway Pageလေးကို ထုတ်ကုန်တွေ ဆက်မထုတ်ဖြစ်သေးရင်တောင် ပြန်ထုတ်နိုင်တဲ့ အခြေအနေအထိ နွေနဲ့ ပတ်သက်တဲ့ စာတွေ Contentတွေ ဆက်တင်သွားရင်း အားလုံးနဲ့ အဆက်အသွယ်မပြတ်နေသွားမယ်ဆိုတဲ့အကြောင်းလေး လာပြောတာပါပဲ….

နွေခေါင်ခေါင်မှာ တိုက်တတ်တဲ့ မုန်တိုင်း မိုခါ လာတော့မှာမို့ အားလုံးပဲ ဂရုစိုက်ကြဖို့ မှာချင်ပါတယ်🍂🍂🍂💜💜💜

Super Sunday မှာ ရောင်းကောင်းနေလို့ အက်ဒမင် ပျော်ပြီး postလာတင်တာပါ ဟီး🍂🥶ဒီနေ့အများကြီးလာဝယ်ကြလို့ အိတ်အလုံးရေ နည်းနည်းပ...
12/06/2022

Super Sunday မှာ ရောင်းကောင်းနေလို့ အက်ဒမင် ပျော်ပြီး postလာတင်တာပါ ဟီး🍂🥶

ဒီနေ့အများကြီးလာဝယ်ကြလို့ အိတ်အလုံးရေ နည်းနည်းပဲ ကျန်ပါတော့တယ်။

Instockရှိတုန်းလေး လာထပ်အားပေးလို့ရပါတယ်ရှင့်။

(အက်မင်ဥထားတဲ့ မော်ဒယ်ချောချောလေး ပုံလေးတွေလည်း တင်ပေးလိုက်ပါတယ်😜)

ညီမလေးအချောလေးတွေနဲ့လည်း တအားလိုက်ပဲ။🍂

အက်မင်တို့ နွေရဲ့ ပထမဆုံး ထုတ်ကုန်လေး “အလွမ်း” ထွက်ရှိခဲ့တာတောင် တစ်လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။Stock ထားထားတဲ့ အိတ်ကလေးတ...
28/05/2022

အက်မင်တို့ နွေရဲ့ ပထမဆုံး ထုတ်ကုန်လေး “အလွမ်း” ထွက်ရှိခဲ့တာတောင် တစ်လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

Stock ထားထားတဲ့ အိတ်ကလေးတွေဟာလည်း တဖြည်းဖြည်းနဲ့ နွေချစ်သူတို့ထံ ရောက်ရှိသွားတာဟာ အခုဆို အက်မင်တို့ဆီ အလုံးရေ နည်းနည်းပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာလည်း နောက်ထုတ်ကုန်လှလှလေး
ထုတ်ဖို့ အက်မင်တို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

အလုံးရေ နည်းနည်းပဲ ကျန်တော့တဲ့ “အလွမ်း”ကို မကုန်ခင်အမီလေး မြန်မြန်လာမှာထားနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။

(အပြင်ပုံလေး ကြည့်ချင်ကြတဲ့ သူလေးတွေအတွက်လည်း အက်မင်တို့ ဘော်ဒါတစ်ယောက် လွယ်ထားတဲ့ ပုံလေးဖြစ်ပါတယ်။)

အလွမ်းတွေ အရောက်ပို့ပေးမယ့် “အလွမ်း”နွေရဲ့ ပထမဆုံးထုတ်ကုန်လေးက အလွမ်းလို့ နာမည်ရပြီး ဥဩငှက်ကလေး တစ်ကောင်တည်း ဆိုပေမယ့်တစ...
22/05/2022

အလွမ်းတွေ အရောက်ပို့ပေးမယ့် “အလွမ်း”

နွေရဲ့ ပထမဆုံးထုတ်ကုန်လေးက အလွမ်းလို့ နာမည်ရပြီး ဥဩငှက်ကလေး တစ်ကောင်တည်း ဆိုပေမယ့်

တစ်ယောက်တည်းသမားလေးတွေပဲ တစ်ယောက်တည်း လွယ်ရမယ်လို့ လုံးဝ လုံးဝ မဆိုလိုပါဘူးနော်😉

တစ်ယောက်ကို တစ်ယောက် ချစ်သက်လက်ဆောင် အဖြစ် ပေးလို့ရတဲ့အပြင် နှစ်ယောက်ဆင်တူလေး လွယ်ပြီးတော့လည်း ချစ်သူရှိကြောင်း ကြေညာမောင်းခတ်လို့ ရပါတယ်နော်😎

သဲလေးတွေ ချစ်လေးတွေ စိတ်ကောက်နေတဲ့အခါ နွေ အိတ်ကလေးနဲ့ ချော့လို့ရပါတယ်နော်။

Serviceအနေနဲ့ အက်မင်တို့ဆီက content writer FAကြီးတွေက ချော့တဲ့ ချစ်တဲ့ စာလေးတွေ တစ်ပါတည်း ရေးပေးဖို့လည်း အသင့်ရှိနေကြပါတယ်ရှင့်။

“အလွမ်း” ဆိုတဲ့ အိတ်ကလေးနဲ့ ချစ်ရသူဆီ အလွမ်းတွေ အရောက်ပို့လိုက်ရအောင်🍂

“A lwan” 15999ks

မိန်းကလေး လွယ်လို့ရလား မေးမေးနေကြလို့ အက်မင်တို့ ဥထားတဲ့ ပုံလေးတွေ ထုတ်ပြလိုက်ပါတယ်။မိန်းကလေးကို ဂါဝန်လေးတွေနဲ့ လိုက်ဖက်...
09/05/2022

မိန်းကလေး လွယ်လို့ရလား မေးမေးနေကြလို့ အက်မင်တို့ ဥထားတဲ့ ပုံလေးတွေ ထုတ်ပြလိုက်ပါတယ်။

မိန်းကလေးကို ဂါဝန်လေးတွေနဲ့ လိုက်ဖက်ညီစွာ လွယ်လို့ရသလို

Pantsတွေ တီရှပ်တွေနဲ့ တွဲပြီးလည်း ခပ်မိုက်မိုက် ပေါ့ပေါ့ပါးပါး လွယ်လို့ရပါတယ်ရှင့်🍂🍂🍂

Product… အလွမ်း…. 15999Ks

နွေရဲ့ ပထမဆုံးထုတ်ကုန်ရဲ့ အမည်ကတော့ ‘’ အလွမ်း’’ ဖြစ်ပါတယ်။နွေရဲ့ သဘာဝဖြစ်တဲ့ ရိုးတံကျဲကျဲ ပေါ်မှာ နွေရဲ့ သရုပ် လက်ပံပွင်...
06/05/2022

နွေရဲ့ ပထမဆုံးထုတ်ကုန်ရဲ့ အမည်ကတော့ ‘’ အလွမ်း’’ ဖြစ်ပါတယ်။

နွေရဲ့ သဘာဝဖြစ်တဲ့ ရိုးတံကျဲကျဲ ပေါ်မှာ နွေရဲ့ သရုပ် လက်ပံပွင့် နီနီရဲရဲတွေကို နွေရဲ့ ဇာတ်လိုက်ကျော် ဖြစ်တဲ့ ဥဩ ငှက်ကလေးတစ်ကောင်နဲ့ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။

အဖော်ကွဲကွာနေရတဲ့ ဥဩလေးကို ကိုယ်စားပြုပြီး နွေရဲ့ အလွမ်းသရုပ်ကို ဒီအိတ်လေးတွေမှာ ပုံဖော်ထားတာ ဖြစ်ပါတယ်။

နွေရဲ့ ထုတ်ကုန်တွေဟာ အရည်အသွေးကောင်းမွန်ပြည့်ဝမှုနဲ့ ထပ်တူ ခံစားမှုကိုလည်း ထည့်သွင်းချုပ်လုပ်ထားသော ထုတ်ကုန်တွေပဲဖြစ်ပါတယ်။🍂

CRB 22001 …. အလွမ်း……. 15999Ks

Nway ရဲ့ ပထမဆုံး ထုတ်ကုန်ပဲ ဖြစ်ပါတယ်။အတိုအရှည် ချိန်ပြီး လွယ်ရတဲ့ အိတ်ကလေး ဖြစ်ပါတယ်။မူလချည်ရောင် ကာလာတစ်ခုတည်း ဒီဇိုင်...
05/05/2022

Nway ရဲ့ ပထမဆုံး ထုတ်ကုန်ပဲ ဖြစ်ပါတယ်။

အတိုအရှည် ချိန်ပြီး လွယ်ရတဲ့ အိတ်ကလေး ဖြစ်ပါတယ်။

မူလချည်ရောင် ကာလာတစ်ခုတည်း ဒီဇိုင်းတစ်ခုတည်းအဖြစ် ထုတ်ထားတာ ဖြစ်ပါတယ်။

စျေးနှုန်းကတော့ မြန်မာငွေ “15999” တိတိ ဖြစ်ပါတယ်။

မြန်မာ့ချည်အစစ်နဲ့ အတူ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကိုချည်း သေချာစိစစ် ရွေးချယ်သုံးစွဲထားတဲ့အပြင် artistက သေချာ ဖန်တီးထားတဲ့ artwork ကို အသုံးပြုထားတာဖြစ်ပါတယ်။

အားလုံးရဲ့ နေ့စဉ်ဘဝမှာ လှလှပပ ပေါ့ပေါ့ပါးပါး ယူသွားလို့ရမယ့် လွယ်ထားလို့ရမယ့် အိတ်ဖြစ်ပါတယ်။

ဒီအိတ်ရဲ့ အားသာချက်ကတော့

🔔ချောမွေ့ပြီး အရည်အသွေးကောင်းတဲ့ ဇစ်။
🔔အရောင်အသွေးမှန်ကန်သေချာတဲ့ ဆေးသား။
🔔အတွင်းဘက်မှာ အသုံးပြုထားတဲ့ မိုးကာသား။
🔔သပ်ရပ်လှပတဲ့ ချုပ်ရိုးချုပ်သား။ တို့ပဲဖြစ်ပါတယ်။

အလုံးရေအကန့်အသတ်လေးနဲ့ထုတ်ထားတာမို့မြန်မြန်orderတင်မှစိတ်ချရပါမယ်ရှင့်
First come,first served 😉ပါရှင့်

🍂အခုတည်းက စပြီး order တင်လို့ရပြီ ဖြစ်ပြီး orderလေးတွေကို 10.5.2022 ကနေ စတင်ပြီး ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

နွေရဲ့ ပထမဆုံး ထုတ်ကုန်ကို မကြာခင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။🔔🔔🔔ဘယ်လို လှပမှုမျိုးဘယ်လို အရည်အသွေးမျိုးတွေနဲ့အားလုံးဆီ...
04/05/2022

နွေရဲ့ ပထမဆုံး ထုတ်ကုန်ကို မကြာခင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။🔔🔔🔔

ဘယ်လို လှပမှုမျိုး

ဘယ်လို အရည်အသွေးမျိုးတွေနဲ့

အားလုံးဆီ အရောက်လာမလဲဆိုတာ

စောင့်မျှော်ပေးကြပါဦး🍂

နွေကို ဖော်ညွှန်းကြတဲ့ သင်္ကေတတွေ အများကြီးရှိကြတဲ့ထဲ ဥဩ ဆိုတဲ့ ငှက်ကလေးတွေကတော့ မပါမဖြစ် စွဲထင်နေကျ သင်္ကေတတွေပါပဲ။    ...
02/05/2022

နွေကို ဖော်ညွှန်းကြတဲ့ သင်္ကေတတွေ အများကြီးရှိကြတဲ့ထဲ ဥဩ ဆိုတဲ့ ငှက်ကလေးတွေကတော့ မပါမဖြစ် စွဲထင်နေကျ သင်္ကေတတွေပါပဲ။
ဥဩရဲ့ အော်မြည်သံကိုသာ တရင်းတနှီး ကြားဖူးကြပေမယ့် ဥဩရဲ့ သဏ္ဍာန်ကိုတော့ မတွေ့ဖူးကြတဲ့သူ များမယ်ထင်ပါတယ်။
ဥဩကို ဘိုလို Asian Koelလို့ ခေါ်ပြီး ကြက်သွေးရောင် မျက်ဝန်းတွေ ပိုင်ဆိုင်ထားတဲ့ ငှက်တွေဖြစ်ပါတယ်။
နွေရောက်လာပြီဆို မိန်းလို့ အများခေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ်ထဲမှာ “ဥဩ ၊ ဥဩ” ဆိုတဲ့ အော်သံလေးတွေကို မကြာခဏ ကြားရတတ်တော့တာပါပဲ။ နွေရောက်ပြီလို့ လှမ်းပြောပြနေသယောင်ယောင်ပေါ့။
“ နွေချိုရွှေဥဩ ပန်းပိတောက်ကိုမြင်မှ နွေရောက်တာ ကိုယ်သိတယ် အော် နွေတဲ့လား” ဆိုတဲ့ သီချင်းစာသားလိုမျိုးပေါ့။
ဥဩ ဟာ နွေရဲ့ သင်္ကေတ ဖြစ်သလို အလွမ်းရဲ့ အရိပ်ပါပဲ။ ဥဩ ငှက်တို့ရဲ့ အော်မြည်သံဟာ တစ်စုံတစ်ယောက်ကို တမ်းတလှမ်းခေါ်နေသယောင်ယောင် အဝေးအရပ်ကို လွမ်းဆွတ်နေသယောင်ယောင်နဲ့ ကြားရသူတွေကို လွမ်းမောစေတဲ့ အသံတွေပါပဲ။ ဥဩတွန်သံကြားရတဲ့အခါ ကျွန်မတို့ဟာ ချစ်ရသူကို လွမ်းဆွတ်တဲ့စိတ် ၊ ရာသီဥတုကို မိန်းမောတမ်းတတဲ့စိတ်တွေ ဝင်လာတတ်ကြစမြဲပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်
ဥဩဟာ နွေရဲ့ ကိုယ်စားပြု။
ဥဩဟာ နွေရဲ့ မပါမဖြစ်။
ဥဩဟာ နွေရဲ့ ဇာတ်လိုက်ကျော်ပါပဲ။🍂

နွေတစ်နေ့တစ်နေ့ ဒီpageက နွေနဲ့ပတ်သက်တဲ့ အဖွဲ့အနွဲ့တွေ၊ သီချင်းကဗျာတွေ တင်တင်နေတာဆိုတော့ ဘာတွေ ထုတ်ပြဖော်ပြမယ့် pageလဲဆို...
01/05/2022

နွေ

တစ်နေ့တစ်နေ့ ဒီpageက နွေနဲ့ပတ်သက်တဲ့ အဖွဲ့အနွဲ့တွေ၊ သီချင်းကဗျာတွေ တင်တင်နေတာဆိုတော့ ဘာတွေ ထုတ်ပြဖော်ပြမယ့် pageလဲဆိုတာ ဇဝေဇဝါ ဖြစ်နေကြမယ်ထင်ပါတယ်။

‘’ နွေ ‘’ဆိိုတာ ဘာလဲ လို့
စကားတစ်ခုတည်းနဲ့ ရှင်းပြရရင်

‘’ နွေ ‘’ ဆိုတာ အမှတ်တရ ပါပဲ။

ကျွန်မတို့ ရင်ထဲက အမှတ်တရ။
ကျွန်မတို့ ကြုံခဲ့ရတဲ့ အမှတ်တရ။
ကျွန်မတို့ ဆုံလာရမယ့် အမှတ်တရပေါ့။

‘’ နွေ ‘’ ဆိုတာ ရန်ကုန်မွေး အသုံးအဆောင် အမှတ်တံဆိပ် တစ်ခု အဖြစ် ပညတ်ထားရမှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့ဆီ အရောက်လာမယ့် အမှတ်တရတွေပေါ့။

‘’ နွေ ‘’ ဆိုတဲ့ အမှတ်တံဆိပ်ဟာ ကျွန်မတို့ လူကြီးမင်းတို့ ရင်ထဲက ကဗျာဆန်ခြင်းတွေကို ပုံဖော် ဆွဲထုတ်ပေးမယ်။
ကျွန်မတို့ စိတ်အတွင်းထဲက နူးညံ့ခြင်းကို မြင်ယောင်ကြည့်စေမယ်။
ကျွန်မတို့ လိုအပ်နေတဲ့ စိတ်အာဟာရ လိုအင်ကို အသုံးအဆောင် ပစ္စည်းလေး တစ်ခုချင်းစီကနေ တစ်ဆင့် ဖြည့်ပေးမှာ နွေပဲ ဖြစ်ပါတယ်။

‘’ နွေ ‘’ ဟာ မြန်မာပြည်ဖွား ရန်ကုန်ဇာတိဖြစ်တယ်။
‘’ နွေ ‘’ မှာ ဝန်းရံသူ လေးဦးရှိတယ်။
‘’ နွေ ‘’ ဟာ မြန်မာပြည်ဖွား မိတ်ဆွေတွေနဲ့ အတတ်နိုင်ဆုံး အသုံးပြုထားတယ်။
‘’ နွေ ‘’ ကို နှလုံးသားလှသူတွေရဲ့ အနုပညာနဲ့ အနုစိတ်ထားမယ်။
‘’ နွေ ‘’ ဟာ သက်ရွယ်မရွေး ကျားမ မရွေး ခွဲခြားမှုမရှိတဲ့ ကဗျာဆန်မှုတစ်ခု ဖြစ်တယ်။
‘’ နွေ ‘’ ဟာ အမြတ်တန်ဖိုး နည်းပါးလှစွာနဲ့ အားလုံးဆီ ချဉ်းကပ်လာမယ်။

‘’ နွေ ‘’ ကို သက်လတ်ပိုင်း လူငယ်တွေကနေ တစ်ဆင့်
သက်လတ်ပိုင်းတွေရဲ့ ခံစားမှုကို နားလည်သဘောကျတဲ့ ဆယ်ကျော်သက်လူငယ်တွေဆီ
သက်လတ်ပိုင်းတွေလို စိတ်အစဉ် လူငွေ့ ပျိုမျစ်နုနယ်တဲ့ ရင့်ကျက်သူ လူကြီးတွေဆီ
ရှေးမီ နောက်မီ သက်လတ်ပိုင်းတွေဆီ
အရောက်ပို့မှာ ဖြစ်ပါတယ်။

‘’ နွေ ‘’ မှာ 👉 ဇာတိဆန်မှု
👉 အရည်အသွေးပြည့်မီသန်မာမှု
👉 ဒွိဟလိုအင်များကို ဖြည့်ဆည်းနိုင်မှု

ဒါတွေ ပါဝင်မှာကတော့ သေချာပေါက်ပါပဲ။

‘’ နွေ ‘’ ဟာ အားလုံးနဲ့ဆိုင်တဲ့ ပိုင်တဲ့ နွေဖြစ်ပါတယ်။
တစ်ခုပါပဲ။
🍂ရင်ထဲက နူးညံ့မှုရယ်၊ ပတ်ဝန်းကျင်သဘာဝကို ချစ်တတ်မှုရယ် ဒါပဲ လိုတာပါ🍂

မကြာခင် ရက်ပိုင်းအတွင်း ‘’ နွေ ‘’ ရဲ့ ပထမဆုံး ထုတ်ကုန်ကို မိတ်ဆက်ပေးမှာမို့ ဘယ်လို ထုတ်ကုန်ဖြစ်မယ် ဘယ်လို လှပနူးညံ့နေမယ်ဆိုတာ စောင့်မျှော် စိတ်ဝင်စားပေးကြပါဦး။

🔔ထုတ်ကုန်တွေ မိတ်ဆက်တိုင်း သဘောတကျဖြစ်ရစေဖို့ အာမခံတဲ့အတွက် ‘’ နွေ ‘’ ကို like & follow လုပ်ပေးထားကြပါဦး🍂

နွေ 🍂နွေဆိုတဲ့ ခမ်းခမ်းနားနား ရာသီသဘာဝနဲ့ ပတ်သက်လို့ ကဗျာတွေ သီချင်းတွေလည်း အများကြီးရှိကြတာပေါ့။နွေရဲ့ မြင်ကွင်း၊ နွေရဲ...
26/04/2022

နွေ 🍂

နွေဆိုတဲ့ ခမ်းခမ်းနားနား ရာသီသဘာဝနဲ့ ပတ်သက်လို့ ကဗျာတွေ သီချင်းတွေလည်း အများကြီးရှိကြတာပေါ့။

နွေရဲ့ မြင်ကွင်း၊ နွေရဲ့ ရာသီဝန်းကျင်၊ နွေရဲ့ ဇာတ်လိုက်ကျာ်ငှက်ကလေး စသည် အစုံစုံကို သီချင်းတစ်ပုဒ်ထဲမှာ ကဗျာလေးတစ်ပုဒ်ဖွဲ့သလို ဖွဲ့ထားတာများ နားထောင်ရင်း နားထောင်ရင်း “လှလိုက်တာ လှလိုက်တာလေ” လို့ စိတ်ထဲက ရေရွတ်မိတဲ့အထိပဲ။

“နွေရောက်ပြီလေ ရိုးတံကြဲကြဲ ပင်အိုတို့ အလှချင်းလည်းပြိုင်။” ဆိုတဲ့
စာသားကိုတော့ ကြားလိုက်တာနဲ့ လူတော်တော်များများသိကြမယ်ဆိုတာ သေချာသလောက်ပဲ။

ဒါပေမဲ့ အတွင်းစာသားထဲမှာတော့ စာသားအစထက်ပိုတဲ့ လှပခြင်းတွေ သရုပ်ဖော်မှုတွေ ရှိနေတာကို ကျွန်မတို့အနေနဲ့ နွေရာသီမှာ ခံစားကြည့်ရမယ်ထင်ပါတယ်။

“ဖော်မစုံကျွမ်းသူမှာ လွမ်းစရာ့မြိုင်တစ်ကြော
ရွှေဥဩအသံနှောတော့လေ ရင်မှာ လှိုက်ဆူ ငိူချင်သူ
လက်တို့နေသလိုပင်”

ဗစ်တာခင်ညိုရဲ့ ‘’ နွေ ‘’ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။

ဘယ်လောက်ပဲကြမ်းတမ်းတာတွေကြုံကြုံ ကျွန်မတို့ဟာ နှလုံးသားတွေ နူးညံ့ဖို့တော့ ရာသီသဘာဝဖွဲ့တွေရဲ့ အနုအလှကို အချိန်လေး ခဏတဖြုတ်ပေး ခံစားဖို့ အခွင့်ရသင့်တယ်မလားလေ။

နွေရာသီရဲ့ အဦးအစပီပီ နွေရဲ့ အလှပဆုံးအချိန်လို့ တော်တော်များများ ယူဆကြတာကတော့ နွေဦးပါပဲ။နွေမှာ ပန်းပွင့်လေးတွေ မျိုးစုံပွ...
24/04/2022

နွေရာသီရဲ့ အဦးအစပီပီ နွေရဲ့ အလှပဆုံးအချိန်လို့ တော်တော်များများ ယူဆကြတာကတော့ နွေဦးပါပဲ။

နွေမှာ ပန်းပွင့်လေးတွေ မျိုးစုံပွင့်ကြတယ်။
ကံ့ကော်ပွင့်တွေ၊ လက်ပံပွင့်တွေ၊ငုဝါလေးတွေ ပြီးတော့ ပိတောက်တွေ အစုံအစုံပါပဲ။
ကျွန်မတို့ တန်ဖိုးထားရတဲ့ ရာသီသဘာဝကြီးပေါ့။
ရုပ်ရှင်ထဲကမဟုတ်ဘဲ ရုပ်ရှင်ဆန်သော ကဗျာအပိုင်းအစလေးတွေပေါ့။

နွေဦးနဲ့ပတ်သက်တဲ့ ကဗျာတွေ သီချင်းတွေ အများကြီးရှိကြပေမယ့် ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်ကတော့ ကျွန်မတို့ရဲ့ ချစ်လှစွာသော နွေဦးအချိန်တွေအတွက် မပါမဖြစ်ပါပဲ။

💦💦ရေပြင်လေးကြည့်ကာ သက်ပြင်းလေးတွေချ ကိုယ်မျှော်တဲ့အကြောင်းတွေ သိများသိပါ့မလား💦💦

အော် နွေဦးကံ့ကော်ရေ🍂🍂🍂

ချစ်ရသူကို လွမ်းဆွတ်ရပါသော နွေဦး၊ အမုန်းတွေကို ပြေစေပြီး ချစ်ခြင်းတို့ ဝေစေသော နွေဦး🍂

ထူးအိမ်သင်ရဲ့ official youtube channelက နွေဦးကံ့ကော်linkပါ။

https://youtu.be/lMzNPYOohpk

Address

Thingangyun
Thingangyun

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959976063266

Website

Alerts

Be the first to know and let us send you an email when Nway-နွေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nway-နွေ:

Shortcuts

Share