Phyu Phyu - Myanmar Clothing Online Shop

  • Home
  • Phyu Phyu - Myanmar Clothing Online Shop

Phyu Phyu - Myanmar Clothing Online Shop အဝတ်အထည်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေပါသည်

10/10/2022
31/08/2022

#ရှဥ့်မတက်ယို
👉 20 ကျပ်သားတစ်ဗူးကို 7500 ကျပ်ပါ။

#သဘာဝဆေးဖက်ဝင်အစားအစာ
ကျန်းမာလန်းဆန်း အားအင်တိုးစေသည်
ကျား/မ မရွေးစားသုံးနိုင်သည်။

#ပါဝင်ပစ္စည်းများ
ရှဥ့်မတက်မြစ်၊ ထန်းလျှက်၊ ပျားရည်၊ ဆား

#သုံးစွဲရန်အညွှန်း
မနက်တကြိမ်၊ ညနေတကြိမ် ထမင်းစားပြီး အချိုတည်းသကဲ့သို့စားသုံးနိုင်ပါသည်။
တေဇောဓါတ်(အပူ)များသော အစားအစာဖြစ်သဖြင့်
နေ့စဥ်ပုံမှန်ရေချိုးပါ။
တစ်နေ့ရေတစ်လီတာခန့် ပိုသောက်ပါ။
တနေ့နည်းနည်း နေ့စဥ်ပုံမှန်သုံးဆောင်မှ ထူးခြားတဲ့အကျိုးကျေးဇူး ရရှိမှာဖြစ်ပါတယ်။
အရွယ်သုံးပါးမရွေး စားသုံးနိုင်ပါတယ်။

#အကျိုးကျေးဇူး
အမျိုးသမီးများ
မီးယပ်ရောဂါနှင့် သွေးဆုံးဝေဒနါများ သက်သာပျောက်ကင်းစေပါတယ်။ ကျန်းမာလန်းဆန်းစိုပြေ၍ အရွယ်တင်နုပျိုစေပါတယ်။ သွေးလေမှန်ကန်၍ သားသမီးရနိုင်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။
အမျိုးသားများ
ခွန်အားတိုး၍ အိမ်ထောင်ရေးသုခ ပြည့်ဝစေပါတယ်။ ကျန်းမာလန်းဆန်း ပေါ့ပါးသွက်လက်စေပါတယ်။

ဥဿမြို့သစ်
ရပ်ကွက်ကြီး၆
ပင်စည် သမိန်ဗရမ်းလမ်း
ပဲခူးမြို့
ဖုန်းနံပါတ် ၀၉.၇၈၉၁၈၂၇၇၄ သို့ဆက်သွယ်မှာယူနိုင်ပါသည်

#ရှဥ့်မတက်အကြောင်းကို
fame ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း
နှင့်
ဝီကီ(ကမ္ဘာ့ဗဟုသုတပေါင်းအိုးကြီး) မှာ ရေးသားထားတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရှင်တို့ရဲ့ အချက်အလက်များကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။
(comment မှာ fame ဆေးဝါးထုတ်လုပ်ရေးရဲ့ link ကိုရေးပေးထားပါတယ်)

fame.........
ရှဉ့်မတက်မှရရှိသော Asparagine (အက်စ်ပါရာဂင်း) ဒြပ်ပေါင်းသည် စိတ်ကို လန်းဆန်းတက်ကြွစေသည့်အပြင် အမျိုးသားဆန္ဒတက်ကြွကာ အရွယ်တင်နုပျိုစေပါသည်။

ဝီကီ......
ပုံသဏ္ဌာန်
နှစ်ရှည်ခံရစ်ပတ်နွယ်ပင်မျိုးဖြစ်သည်။ အညိုနုရောင် ပင်စည် သည် မာကျောပြီး ဆူးများပါရှိသည်။ ရွက်ထီးဖြစ်ပြီးအပ်ချောင်း ပုံရွက်ဖတ်ကလေး များစု၍ ထွက်သည်။ ပန်းခိုင်တွင် စိမ်းဝါရောင်ပန်းပွင့်ကလေးများ ပွင့်သည်။ လုံးဝန်းသောအစေ့ များခွံပျော့သီးဖြစ်သည်။ အစေ့ (၂) စေ့မှ (၆) စေ့ခန့် အထိ ပါရှိသည်။

အပင်

ချုံနွယ်ပင် မျိုးဖြစ်၏။ ဆူးငယ်များ အများ အပြား ရှိ၏။ အပင်အောက် မြေကြီးထဲ ၌ဥများ အမြောက် အမြား စီတန်း ပေါက်ရောက်နေ၏။ ပင်စည်လုံး သေးငယ်ပြီး ဝါခြောက်ခြောက်အရောင် ရှိသည်။ မြောက်များစွာသော ဥများ မြေကြီးထဲမှ ပေါက်ရောက်နေကြသဖြင့် "'ဥတစ်ရာပင်"' ဟု နိဂဏ္ဌုကျမ်းတို့၌ ဖော်ပြကြသည်။

အရွက်

ငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ရိုးတံ ပေါ်တွင် ၇ရှကျစီ စု၍ ရွက်လွဲ ထွက်သည်။ ရွက်မြွှာများ အစိမ်းရင့်ရောင် ရှိပြီး အပ်ချောင်း သဏ္ဌာန် ရှိသည်။ အနည်းငယ် ကောက်ကွေး နေသည်။ ရွက်ညှာ အောက်ဘက်၌ ဆူးတစ်ချောင်း စီထွက်၏။

အပွင့်

ဖြူ၏။ သေးငယ်၏။ မွှေးကြိုင်သော အနံ့ရှိ၏။ အခိုင်လိုက် ပွင့်၏။

အသီး

ငရုတ်ကောင်းစေ့ ခန့်ရှိသည်။ အစေ့များ ခွံပျော့သီး ဖြစ်၏။ မှည့်သောအခါ အနီရောင် ရှိ၏။ အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ

ဥ။ မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ: မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ: သဘာ၀ အလျှောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ(အာနိသင်): မြန်မာ ဆေးကျမ်းများ အလိုအရ ရှဉ့်မတက်ဥသည် ချိုဆိမ့်၏။ ခါး၏။ ခွန်အား ကို ဖြစ်စေ၏။ ဝမ်းမီးကို တောက်စေ၏။ ၀ဖွိုးစေ၏။ သုက်၊ နို့ရည် ကို ပွားစေ၏။ နှလုံးရောဂါ၊ ဝမ်းသက်၊ သွေးအန်၊ သွေးကျ၊ အဆုတ်နာ တို့ကို ပျောက်စေတတ်၏။ လေ၊သလိပ်၊သည်းခြေ တို့ကို နိုင်၏။ သွေးလုံး လေလုံး ရောဂါ၊ ဖောရောင်ခြင်း၊မျက်စိရောဂါ၊ အဖျား ရောဂါတို့ကို ပယ်၏။ ၎င်း၏ စွမ်းရည်သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ အကျိုးပြု၏။ အသက်ကို ရှည်စေ၏။

အသုံးပြုပုံ



၁။ ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။

၂။ ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။

၃။ အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ထည့်သောက်ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။

၄။ ရှဥ့်မတက်ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။

၅။ ရှဉ့်မတက်ဥ ရည်တွင် ပျားရည် နှင့် နွားနို့ ရော၍ နံနက်၌ သောက်သော် အပူအကိုက် နှင့် အမျိုးမျိုး သော သည်းခြေ ရောဂါ ပျောက်၏။

၆။ ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။

၇။ ရှဉ့်မတက်ဥ ကြိတ်၍ ရသော အရည် တွင် ပျားရည် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။

၈။ ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များရောသောက်သော် နို့ရည် တိုးပွားစေ၏။

၉။ ရှဉ့်မတက်ဥရည် တွင် နွားနို့ အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။

၁၀။ ရှဉ့်မတက်ဥကို အခြားသော ဆေးဖက် များနှင့် ရောစပ်၍ သွေးအန်၊ သွေးဝမ်း၊ ခေါင်းကိုက်၊ အသံပျက်၊ အသံဝင်၊ ဝက်ရူး၊ပန်းနာ ရောဂါပျောက် ဆေးများ အဖြစ် သုံးစွဲ နိုင်၏။

၁၁။ ရှဉ့်မတက်ဥ ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ် ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရော၍ သောက်သုံးပါက ခွန်အား တက်ကြွ စေသည်။

(ဝီကီမှာရေးသားထားတဲ့ ရှဥ်မတက်ဥ ဆိုသည်မှာ ရှဥ့်မတက်အမြစ်ကို ဆိုလိုတာဖြစ်ပါတယ်။)

27/08/2022

🙋‍♀️အားလုံးပဲ မင်္ဂလာပါရှင်
💁‍♀️ဒီ​​နေ့မှာ​​တော့ ​Gout အဆစ်​ရောင်ရောဂါ အ​​ကြောင်း​လေး ​ပြောပြချင်ပါတယ်....

🧏‍♀️ Gout အဆစ်​ရောင် ​ရောဂါဆိုတာ ဘာကို​ခေါ်တာလဲ?
💁‍♀️ လူ့ခန္ဓာကိုယ်ရှိ လက်ဆစ်၊ ​ခြေဆစ်များတွင် uric acid crystal များ စုပြုံလာပြီး ​အဆစ်များ ​ရောင်ပြီး နာလာ​သော ​ရောဂါကို ​ခေါ်ပါသည်။

​💁‍♀️ Gout အဆစ်​ရောင် ​ရောဂါသည် ခြေမဆစ်​နေရာတွင် အဖြစ်များပြီး ဒူးဆစ်၊ ​ခြေကျင်း၀တ်အဆစ်၊ လက်​ကောက်၀တ်အဆစ်၊ တံ​တောင်ဆစ်များတွင်လဲ ဖြစ်တတ်ပါသည်။

💁‍♀️ Gout အဆစ်​ရောင် ​ရောဂါက အမျိုးသမီး​တွေထက် အမျိုးသား​တွေမှာ အဖြစ်များတာကို ​တွေ့ရပါသည်။

💁‍♂️အမျိုးသား​တွေက အမျိုးသမီး​တွေထက် uric acid ထွက်တာ ပိုများလို့ Gout အဆစ်​ရောင်​ရောဂါ ဖြစ်နိုင်​ချေ ၃ဆ မြင့်ပါသည်။

💁‍♀️အမျိုးသမီး​တွေမှာဆိုရင်​တော့ ​Gout အဆစ်​ရောင် ​​ရောဂါက သွေးဆုံးပြီး အမျိုးသမီး​တွေမှာ ပိုမိုအဖြစ်များတာကို ​တွေ့ရပါသည်။

🤔Gout အဆစ်​ရောင်​ ​ရောဂါက ဘယ်လိုလူ​တွေမှာအဖြစ်များလဲ?
👉သကြားဓါတ် လွန်ကဲ​သော အစားအစာများ အစားများသူ
👉အနီ​ရောင် ရှိ​သော အသားများ အစားများသူ
👉အရက် အလွန်အကျွံ ​သောက်သုံးသူ
👉ဆီး​ဆေးများ အ​သောက်များသူ
👉အ၀လွန်​သောသူ
👉နှလုံး​ရောဂါရှိသူ
​👉သွေးတိုး​ရောဂါရှိသူ
👉ဆီးချို​ရောဂါရှိသူ
👉မိသားစုထဲတွင် အဆစ်​ရောင်​ရောဂါ ရှိသူ​တွေမှာ ပိုမိုအဖြစ်များပါသည်။

🤔Gout အဆစ်​ရောင် ​ရောဂါက ဘာ​ကြောင့်ဖြစ်တာလဲ?
💁‍♀️လူ​တွေ စား​သောက်လိုက်တဲ့ တစ်ချို့​သော အစားအ​သောက်​တွေက​နေ uric acidကို ဖြစ်​ပေါ်​စေပါသည်။ ထို uric acid ​တွေကို ​ကျောက်ကပ်က​နေ စစ်ထုတ်ပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ပစ်ပါသည်။

💁‍♀️ ဒါ​ပေမဲ့ ခန္ဓာကိုယ်မှာ uric acid ​တွေ အလွန်အမင်း များလာပြီး ဆီးအဖြစ် မစွန့်ပစ်နိုင်တဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်​တွေမှာ uric acid crystal ​တွေ စုပြုံလာပြီး Gout အဆစ်​ရောင်​ရောဂါ ဖြစ်​ပေါ်လာပါသည်။

🤔 Gout အဆစ်​ရောင် ​ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာ​တွေ ​တွေ့ရလဲ?
💁‍♀️ Gout အဆစ်​ရောင်​ ​ရောဂါဖြစ်လျှင် ရုတ်တရက် ​ခြေမဆစ်ကဲ့သို့ အဆစ်​တွေ နာလာပြီး ညအချိန်မှာ ပိုနာတတ်ပါသည်။
👉အဆစ်​များ ​ရောင်လာခြင်း
👉အဆစ်များ နီလာခြင်း
👉အဆစ်များ ပူလာခြင်း
👉အဆစ်များ နာလာခြင်း
👉အဆစ်များ ထုံလာခြင်း
👉အဆစ်​နေရာတွင် တင်းလာခြင်းကဲ့သို့ လက္ခဏာ​တွေလဲ ​တွေ့ရတတ်ပါသည်။

👩‍⚕️ Gout အဆစ်​ရောင် ​ရောဂါကို ဘယ်လိုစမ်းသပ် စစ်​ဆေးနိုင်လဲ?
✅️Uric acid level တိုင်းတာကြည့်ခြင်း
✅️RA factor စစ်​ဆေးခြင်း
✅️X ray ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် စမ်းသပ်စစ်​ဆေးနိုင်ပါသည်။

🙆‍♀️ Gout အဆစ်​ရောင် ​ရောဂါဖြစ်လာခဲ့ရင် ဘယ်လို​နေထိုင်ရမလဲ?
🍀​ရေများများ​သောက်​ပေးပါ။
🍀​လေ့ကျင့်ခန်း ပုံမှန်လုပ်​ပေးပါ။
🍀သကြားဓါတ်များ​သော အစားအ​သောက်များ စားခြင်း​မှရှောင်ကြဥ်ပါ။
🍀အနီ​ရောင် ရှိ​သောအသားများ၊ ဝမ်းတွင်းကလီစာများ စားခြင်းမှ ​​ရှောင်ကြဥ်ပါ။
🍀အရက်​သောက်ခြင်းမှ ​ရှောင်ကြဥ်ပါ။


#ဟိန်း​ဆေးဆိုင်

21/08/2022
18/08/2022
13/07/2022

ရှဥ့်မတက်ယိုလေးတွေရောက်ပါတယ်ရှင့်
အမျိုးသမီးတွေအတွက်ဆေးစွမ်းကောင်းတလက်ဖြစ်သလို အမျိုးသားများအတွက်လည်း ခွန်အားဗလတိုးစေပါတယ်
ကျား/မ မရွေး သုံးစွဲနိုင်ပြီး
တကယ်ကောင်းတယ့်ဆေးပါပဲရှင်
တဘူးမှ 7500ကျပ်ပါ😘
chat box ကလည်း မှာယူလို့ရပါတယ်ရှင့်
ဖုန်းနံပါတ် ၀၉.၇၈၉၁၈၂၇၇၄ သို့လည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်😘😘😍😍😍
ဥဿာမြို့သစ်ရပ်ကွက်ကြီး၆
ပင်စည် သမိန်ဗရမ်းလမ်း
ပဲခူးမြို့

Address


Telephone

+959789182774

Website

Alerts

Be the first to know and let us send you an email when Phyu Phyu - Myanmar Clothing Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Clothing Store?

Share