စိတ်ကူးပေါက်ရာတွေးစရာလေးများ

  • Home
  • Myanmar
  • Yangon
  • စိတ်ကူးပေါက်ရာတွေးစရာလေးများ

စိတ်ကူးပေါက်ရာတွေးစရာလေးများ love you all���

21/09/2025

နာကျင်စရာတွေများလွန်းလို့ထုံသွားမယ်ထင်ထားတာ

အစကနေပြန်နာရတာပါပဲ

21/09/2025

မေမေကပြောတယ်

လူတွေက ကိုယ့်အတ္တအတွက်ပဲ ကိုယ်ကြည့်ကြတာ သမီးရေ

ကိုယ်ကကျူးရင် ကိုယ်ဒူးတောင် မယုံရတဲ့ ခေတ်ကြီးမှာ ဘယ်သူ့ကိုမှ စုံလုံးကမ်းပြီး ဇွတ်မယုံလိုက်နဲ့တဲ့

01/09/2025

အဖွားက သင်ပေးဖူးပါတယ်။ လူတစ်ယောက်က သူ့အတွင်းရေးတွေ အခက်အခဲတွေပြောတဲ့အခါ ကျမတို့က မှတ်ချက်မပါတဲ့စိတ်နဲ့ နားထောင်ရမယ်၊ အထင်သေးတဲ့စိတ်၊ တချိန်မှာ အောက်ဖဲအဖြစ် အသုံးချချင်စိတ်၊ လူပုံအလယ်မှာ အခွင့်သာတဲ့အခါ ကဲ့ရဲ့ချင်စိတ်တွေကို မမွေးမြူရပါဘူး။ ကျမဆို ဘယ်လောက်ရင်းနှီးတဲ့သူရဲ့ ပြဿနာပဲဖြစ်ဖြစ် .. နားထောင်ပြီးရင် မေ့လိုက်တယ်။ သူဟာ သူပဲ၊ သူ့ပြဿနာတွေ အားနည်းချက်တွေသိလိုက်ရလို့ .. မှတ်ထားမယ်ဘာညာလည်းမရှိဘူး။ online မှာစကားပြောရင် သူများအတွင်းရေးတွေဆို အကုန်ဖျက်ပစ်လိုက်တာ။

တခါက သူငယ်ချင်းတစ်ယောက်ရှိတယ် .. ကြာပါပြီ၊ သူ့ရည်းစားနဲ့အဆင်မပြေတာတွေ ခဏခဏလာပြောတယ်၊ ဒါပေမဲ့ နောက်တော့ ကျမကို သူ့ရည်းစားနဲ့တွေ့တဲ့အချိန်ဆို မခေါ်တော့ဘူး။ နောက်တော့ တခြားသူဆီက ပြန်ကြားရတာ ကျမ ပြန်ပြောမှာစိုးလို့တဲ့။ အဲဒါနဲ့ ကျမက မျိုသိပ်မထားတတ်သူပီပီ .. သူငယ်ချင်းကို ဖုန်းဆက်ပြီး၊ နင်နဲ့ငါ စကားပြောထားတဲ့ conversation တွေ ရှိသေးလားဆိုတော့ ရှိသေးတယ်တဲ့။ အင်း .. နံပါတ် ၁ ကတော့ ငါ့မှာ နင်ပြောပြီးတာနဲ့ ဖျက်လိုက်တာမို့ မရှိတော့ဘူးလို့။ ၂အချက်က အဲဒါပြီးတည်းက ငါ့ဆက်ဆံရေးက နင့်အပေါ်ပြောင်းလဲသလား ၃ နင့်ဘဲအကောင့်ကို သွား add တာ စကားပြောတာ သွားလုံးတာ ရှိသလား ၄ တခြားသူငယ်ချင်းတွေအပေါ်ရော ငါအဲလိုလုပ်တာ သူတို့အတင်းတွေ နင့်ကို မြိန်ရည်ယှက်ရည် လာပြောဖူးလားဆိုတော့ … တစ်ခုမှ မလုပ်ဖူးပါဘူး ငါ စိုးရိမ်သွားတာတဲ့။ တခြားသူငယ်ချင်းတစ်ယောက်က ပြောတယ်ပေါ့ .. ကျမက ပြန်ပြောရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ နင့်ဘဲနဲ့ မရင်းနှီးစေနဲ့ ဒီခေတ်က ဘယ်သူမှစိတ်မချရဘူးလို့ ပြောတယ်တဲ့။ ကျမက အသံထွက်အောင် ရယ်မိတာပဲ။ ကျမအကျင့်က သူငယ်ချင်းတွေရဲ့ ဘဲတွေကို ရင်းနှီးဖို့မပြောနဲ့ မျက်လုံးချင်းဆုံအောင်တောင် ကြည့်တတ်သူမဟုတ်ဘူး။ စိတ်ထဲ ထောင်းကနဲဖြစ်ပေမဲ့ … ကောင်းကောင်းမွန်မွန်ပဲ ..”သူငယ်ချင်းရေ ဒါဆို ငါနဲ့မပေါင်းနဲ့၊ ငါ့လည်း လာရင်မဖွင့်နဲ့၊ အဆက်အဆံလည်း မလုပ်နဲ့၊ စိတ်ဆိုးလို့ပြောတာမဟုတ်ဘူး၊ ငါ့မှာ အချိန်ရှားတဲ့အထဲက ချစ်စိတ်နဲ့နားထောင်ပေးရတာ၊ ပြီးတော့ ငါ့အခြေအနေက သူငယ်ချင်းဘဲကိုကြူမှ ရည်းစားရမယ့်သူမဟုတ်ပါဘူးကွယ်၊ နင် စိတ်ချမ်းသာအောင်နေ၊ နင်နဲ့ပြောထားတာတွေလည်း ငါ့မှာဘာမှမရှိိဘူး၊ စိတ်အေးအေးလေးနဲ့ ငါဘယ်လိုလူလဲ ပြန်တွေးကြည့်ပေါ့” ဆိုပြီး၊ ကျမဘက်က အဆက်အသွယ်ဖြတ်ခဲ့တာပါပဲ။ သူက စာတွေအများကြီးပို့ပြီး တောင်းပန်သေးတယ်၊ ကျမလည်း သူစာပို့တိုင်း ကောင်းကောင်းပြန်ပြောပါတယ်။ ဒါပေမဲ့ အရင်လို သူ့ကိုယ်ရေးကိုယ်တာတွေကို နားမထောင်ဖြစ်တော့တာပါပဲ။

လောကမှာ ပါးစပ်ဖွာသူတွေ၊ သူတပါးအားနည်းချက်ကို အသုံးချချင်သူတွေ၊ အပြစ်ရှာသူတွေ၊ ကိုယ့်လိပ်ပြာကိုယ်မလုံသူတွေ အပြည့်ပါပဲ။ ဒါကိုကောင်းကောင်း သိမြင်နေသူမို့ အဲလိုလူတွေကို ဝေးဝေးနေခြင်းဟာလည်း စိတ်အေးချမ်းရာဖြစ်ပါတယ်။ ကျမဟာ လူတွေရဲ့လောကဓံ စကားဝိုင်းတွေကိုကြားတိုင်း ဒါကြောင့်ဆိတ်ဆိတ်ငြိမ်ငြိမ်နေပြီး ဘယ်ကိစ္စကိုမှ ဝင်မပါတာဖြစ်ပါတယ်။ တချို့လူတွေက တကယ်အကူညီလိုအပ်တာဖြစ်ပြီး၊ တချို့က စိတ်အဆာပြေ လျှောက်ပြောချင်ရုံသက်သက်ပါပဲ။ ပြီးတော့ ကိုယ်တစ်ယောက်တည်းကို ပြောတာမဟုတ်ဘဲ တွေ့ကရာလူတွေကိုပြောထားလို့၊ ပြီးမှ သင်္ကာမကင်းတွေဖြစ်ပြီး ဘယ်သူတော့ငါ့အတင်းပြောလိုက်လေမလဲဆိုတာမျိုးနဲ့ အားလုံးကို သံသယထားသူမှာလည်း ပူလောင်ရပါတယ်။ ဒါကြောင့် .. ကျမဆိုလည်း စိတ်ခံစားချက်ကို လူတိုင်းကိုကျမ မပြောပါဘူး၊ အာရုံနောက်ရတာ ကျမ မကြိုက်ဘူး။ အဖွားကပြောတယ် … လောကမှာ ပြဿနာငြိမ်းချင်ရင် ကြိုးလိုမနေနဲ့၊ ကြိုးဟာ သူ့ဟာသူလည်း ထုံးလိုက် ရှုပ်လိုက်၊ သူတပါးနဲ့လည်း ချည်လိုက်နှောင်လိုက်နဲ့၊ တအားစိတ်ညစ်ရတယ်တဲ့။ ဒီစကားဟာ အမှန်ပဲ .. တကယ်တော့ စိတ်အေးချမ်းသာချင်ရင် စိတ်ခံစားချက်မထိန်းနိုင်တဲ့သူတွေကို သင့်ရုံသာ ဆက်ဆံရသလို၊ ကိုယ်တိုင်လည်း စိတ်၊ ခန္ဓာကို စည်းနဲ့ကမ်းနဲ့ နေရတာပါပဲ။

စိတ်နှလုံးအေးချမ်းစေသော စက်တင်ဘာလ (၁)ရက်နေ့လေး ဖြစ်ပါစေ 🤍✨🧜🏻‍♀️

Crefit.Witchy Candy 🍭

Java က ထုတ်တဲ့ ကရဝိတ်ချိတ် ဝမ်းဆက်Java ကထုတ်တာမှန်သမျှ qualityကရှယ်​ကောင်း​ပဲချည်သားစစ်စစ်ကို ပြန်ပေါင်းပေးပြီး ထုတ်ထားတ...
17/07/2022

Java က ထုတ်တဲ့ ကရဝိတ်ချိတ် ဝမ်းဆက်

Java ကထုတ်တာမှန်သမျှ qualityကရှယ်​ကောင်း​ပဲ

ချည်သားစစ်စစ်ကို ပြန်ပေါင်းပေးပြီး ထုတ်ထားတဲ့
ကရဝိတ်ချိတ် ဝမ်းဆက်လေးပါနော်

ဘေးမိတ်လေးက အသက် သိန်းကျော်တန် ချိတ်တွေလို ဟင်္သာရုပ်တွေပါ ထည့်ပေးထားတာ 😘😘

💰💵 ဝမ်းဆက် ၁စုံ - 10500 Ks

မှာယူလိုပါက
💌 cb or☎️ 09250011700 သို့ဆက်သွယ်ပေးပါရှင်
ရန်ကုန် Cash On Delivery

KBZPay
ဝယ်ယူလို့ရပါတယ်ရှင်
% ပေးရန်မလိုပါ ❌

01/05/2022
😁😁😁😁😁
17/03/2022

😁😁😁😁😁

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့ (18.11.2021)မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးအန္တရာယ်ကင်းဝေး၍ မြန်မာနိုင်ငံ...
18/11/2021

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့ (18.11.2021)

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးအန္တရာယ်ကင်းဝေး၍ မြန်မာနိုင်ငံကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းနိုင်ပါ​စေ​ကြောင်း Mk Girl Fashion မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

Girl Fashion

14/11/2021

အားနည်းချက်မှ အားသာချက်သို့
💪💪💪💪💪💪💪💪
ကိုဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တယ်
ဆိုတဲ့ ယုံကြည့်မူထားပါ

⭐စိတ်ဓာတ်ကျအားငယ်နေတဲ့ သူငယ်ချင်းတစ်ယောက်က
တောင်းဆိုထားလို့ သိသလောက် တတ်သလောက်လေးနဲ့ အနည်းငယ်မျှသော စိတ်ခွန်အားလေး ရပါစေဆိုတဲ့ဆန္ဒနဲ့ မျှဝေလိုက်ပါသည်။

⭐ကိုယ့်ကိုယ်ကို အရည်ချင်းရှိတဲ့သူ
မျှော်လင့်ချက်ရှိတဲ့သူ ယုံကြည်ချက်တွေ
အပြည့်အဝရှိနေတဲ့သူ ဖြစ်နေပါစေ။

⭐ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့နေရပါစေ...
ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့
ကိုယ့်ရဲ့စိတ်ကို အမြဲတမ်းမြှင့်တင်ထားပါ။

⭐ကိုယ့်စိတ်ကနိမ့်ကျနေသ၍ ကိုယ့်ဘဝကလည်း နိမ့်ကျနေမှာပါပဲ။ဒါကြောင့်မို့ ငါဟာ ခွန်အားရှိတဲ့သူ သတ္တိရှိတဲ့သူ ခံယူချက်ရှိတဲ့သူ မျှော်လင့်ချက်ရှိတဲ့သူ အရာရာကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည်ရှိတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာယုံကြည်ထားပါ။

⭐တစ်ခါတုန်းက
လက်နှစ်ဖက်လုံးမပါသော်လည်း ဘဝကိုအရှုံးမပေးပဲ
ကြိုးစားအားထုတ်သွားခဲ့တဲ့ ညောင်းတုန်းက စုပုံချစ်ဆိုတဲ့
မိန်းကလေးဟာ ဆယ်တန်းကို ၄ ဘာသာဂုဏ်ထူးနဲ့
အောင်မြင်မှုကို ဆွတ်ခူးခဲ့တယ်။

⭐မျက်မမြင် နားမကြားရတဲ့ ဟယ်လင်ကဲလားဆိုတဲ့ အမျိုးသမီးဟာလည်း သူ့ရဲ့အရှုံးမပေးတဲ့စိတ် အောင်မြင်ချင်စိတ်ကိုအရင်းခံပြီး ကြိုးစားခဲ့လို့ ကမ္ဘာကျော်စာရေးဆရာမဖြစ်လာခဲ့တယ်။

⭐အိုင်းစတိုင်းက ငယ်ငယ်ကထုံထိုင်း သင်္ချာညံ့
တစ်ကျောင်းလုံးမှာစာအညံ့ဆုံးအဖြစ်
ဆရာကဥာဏ်ရည်မမှီတဲ့ကလေးဟုပင်မှတ်ချက်ပေးချင်းခံခဲ့ရတယ် အခု ၂၁ ရာစုမှာအထင်ရှားဆုံး သိပ္ပံပညာ ရှင်တစ်ရောက်ဖြစ်လာခဲ့တယ်။

⭐အေဘရာဟင်လင်ကွန်းဟာ သစ်ခုတ်သမားဘဝနဲ့
တောထဲတောင်ထဲမှာစာမသင်ရ စာမဖတ်ရ စာတတ်ချင်လို့မီးသွေးခဲနဲ့ ပျဉ်ပျားတွေမှာစာရေးခဲ့တယ် လေးမိုင်လောက်ဝေးတဲ့စာကြည့်တိုက်ကို လမ်းလျှောက်ပြီးတော့နေ့စဉ်စာဖတ်ခဲ့တယ် နောက်ဆုံးတော့ အမေရိကန် သမ္မတ ဖြစ်ခဲ့တယ်။

⭐ဒါကြောင့် ကျွန်တော်တို့ရဲ့ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့နေပါစေ စိတ်ဓာတ်ကျအားငယ်နေစရာ မလိုပါဘူး ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်အဖြစ်
အသုံးချပါ။

⭐အခက်အခဲတွေကြားက အခွင့်အလမ်းကို မြင်အောင်ကြည့်ပြီးရအောင်ယူပါ။ လောကမှာအားနည်းချက်မရှိတဲ့သူဆိုတာ
မရှိသလောက်ရှားပါတယ်။ ဘယ်တော့မှ ဘဝကိုအရှုံး
မပေးလိုက်ပါနဲ့။

🙏🙏🙏ချစ်ခင်လေးစားရပါသော စာပေချစ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

Credit.မင်းသွေးအိမ်

Follow my page

Address

Yangon

Telephone

+959250011700

Website

Alerts

Be the first to know and let us send you an email when စိတ်ကူးပေါက်ရာတွေးစရာလေးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စိတ်ကူးပေါက်ရာတွေးစရာလေးများ:

Shortcuts

Share