11/12/2022
UPS အကြောင်း အကျဥ်းချုပ် (Part # 3)
System Operation
Modular type online UPS များတွင် rectifier/charger, inverter နှင့် တခြားသော ဆက်စပ်ပစ္စည်းများကို အများအားဖြင့် သီးခြားယူနစ် power module/cabinet များတွင် ထည့်သွင်း တည်ဆောက်ပြီး အဆိုပါ power module တစ်ခုစီလျှင် 50 kVA ရှိသည်ဆိုပါက power module 3 လုံးဖြင့် တည်ဆောက်ထားသော UPS၏ capacity ကို 150 kVA မှတ်ယူနိုင်ပါသည်။
ဥပမာအားဖြင့် ထုတ်လုပ်ရာ brand ပေါ်မူတည်၍ 150 kVA capacity UPS တစ်လုံးအတွက် 50 kVA ရှိသော power module 3 လုံးပေါင်းစပ်၍လည်းကောင်း၊ 30 kVA ရှိသော power module 5 လုံးပေါင်းစပ်၍လည်းကောင်း တွဲ ထုတ်လုပ်လေ့ရှိကြပါသည်။
UPS Main electrical input/output အခြေအနေများ၊ power module များ၏ လုပ်ဆောင်မှု အခြေအနေများ စသော Online UPS တစ်လုံး၏ အရေးကြီးသော system operationများကို UPS၏ သက်ဆိုင်ရာ monitoring software နှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ user-interface display/LCD screen မှသော်လည်းကောင်း ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
System Operation
Online UPS များ၏ ရှေ့ဖက်မျက်နှာပြင်တွင် တွေ့ရတတ်သော LCD မှတဆင့် modular type online UPS တစ်လုံး၏ system operation ကို လေ့လာမည်ဆိုပါက အောက်ပါအခြေခံ အချက်အလက်များမှ စတင် သင့်ပေသည်။
1. Working Mode
မိမိလေ့လာစစ်ဆေးမည့် UPS တစ်လုံးသည် မည်သည့် working mode (Normal Mode, Battery Mode, Static Bypass Mode & Maintenance Mode စသော အခြေခံ working mode (၄) မျိုး) နှင့် အလုပ်လုပ်နေသည်ကို ရှေ့ဖက်မျက်နှာပြင် LCD မှတဆင့် ဦးစွာပထမ လေ့လာစစ်ဆေးနိုင်ပါသည်။
Online UPS working mode (၄) မျိုးကို UPS အကြောင်း အကျဥ်းချုပ် (Part # 2) တွင် အသေးစိတ် ဖတ်ရှု့နိုင်ပါသည်။
2. Battery Status
Online UPS တစ်လုံး၏ ရှေ့ဖက်မျက်နှာပြင်တွင် တွေ့ရတတ်သော LCD မှတဆင့် UPS နှင့် တွဲစပ် အသုံးပြုနေသော battery များအား မည်သည့် charging mode နှင့် အားသွင်းနေသည်ကိုလည်းကောင်း (float charging, boost charging) ၊ (+) terminal voltage များ၊ (-) terminal voltage များအားလည်းကောင်း၊ charging လုပ်နေသော ampere များကိုလည်း လေ့လာ စစ်ဆေးနိုင်ပါသည်။
3. Electrical Parameters
Online UPS Cabinet တစ်ခုလုံး၏ electrical input & output status များဖြစ်သော voltage, ampere, frequency & PF များ၏ အခြေအနေသည် သက်မှတ်ထားသော range တစ်ခုအတွင်း ရှိ၊ မရှိကိုလည်း LCD မှတဆင့် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
4. Module’s Working Status
Capacity များသော UPS များတွင် အများအားဖြင့် power module တစ်ခုခြင်းစီ၏ electrical input & output status များဖြစ်သော voltage, ampere, frequency & PF များအပြင် load % များ၊ inlet temperature များ၊ outlet temperature များ၊ capacitor time များ၊ fan time စသော အချက်များကို ဖော်ပြ ကြည့်ရှု့နိုင်သည်ဖြစ်ရာ မိမိတွင် ရှိသော multi clamp meter များ၊ portable temperature gun များနှင့် သက်ဆိုင်သော နေရာများကို တိုက်ဆိုင်စစ်ဆေးခြင်းအားဖြင့် ပိုမိုတိကျသော လေ့လာ စစ်ဆေးမှု result များ ရရှိနိုင်ပါသည်။
5. Event Log/Alarm History
Event log or alarm history system တွင် ပါရှိသော/ဖော်ပြသော log တစ်ခုချင်းစီ သို့မဟုတ် alarm history တစ်ခုချင်းစီကို ဖော်ပြချက်နှင့်တကွ အဓိပ္ပါယ် ရှင်းလင်းချက်များကို သေချာရှင်းလင်းစွာ နားလည် သိရှိရန် လေ့လာသင့်ပါသည်။
ဥပမာအားဖြင့်
a) Utility Abnormal Set/Main AC Power Fault Alarm
Main incoming power supply (လျှပ်စစ်) ပြတ်တောက်သွားခြင်း၊ သတ်မှတ်ထားသော အရည်အသွေးမမှီခြင်း စသည်တို့ ဖြစ်ပွားချိန်တွင် online UPS တစ်လုံးသည် normal mode မှ battery mode သို့ ပြောင်းလဲအလုပ်လုပ်ပြီး ထိုကဲ့သို့ ပြောင်းလဲအလုပ်လုပ်သော ထူးခြားဖြစ်စဥ်များကို Event Log/Alarm History system တွင် utility abnormal set/main AC power fault alarm ဟု မှတ်တမ်းတင် ဖော်ပြတတ်သည်ဖြစ်ရာ alarm or log များကို description နှင့် တကွ မှတ်ထားသားခြင်းအားဖြင့် မိမိလေ့လာမည့် UPSသည် incoming power supply အခြေအနေအပေါ် မူတည်၍ မည်ကဲ့သို့ ပြောင်းလဲ အလုပ်လုပ်သည်ကို သိရှိနိုင်ပါသည်။
6. Function Button
Online UPS အများစုတွင် normal operation mode မှ bypass mode သို့လည်းကောင်း၊ transfer to inverter (normal mode) သို့ ပြန်လည်ပြောင်း၍ စမ်းသပ်ရန်သော်လည်းကောင်း၊ event log များ၊ alarm history များကို ရှင်းလင်းရန် clear button များကိုလည်းကောင်း၊ Dust/air filter များ၏ using time ကို reset ချရန်ခလုတ်/touch function များကို လည်းကောင်း function button တွင် တွေ့ရတတ်ပါသည်။
7. Test Mode/Command
ဤအပိုင်းတွင်မူ battery test, maintenance test ပြုလုပ်နိုင်ခြင်းများ၊ battery များကို မည်သည့် စနစ်နှင့် အားသွင်းမည်၊ တခြားသော စနစ်ဖြင့် အချိန် အတိုင်းအတာ တစ်ခုအထိ အားသွင်းမည် စသည့် အရေးကြီးသော operation system တို့ ပါ၀င်ပေရာ ကျွမ်းကျင်သော ပညာရှင်ဖြစ်မှသာ ကိုင်တွယ် အသုံးပြုသင့်ပေသည်။
UPS ထုတ်လုပ်သူများမှလည်း ဤကဲ့သို့ အရေးကြီးသောအပိုင်းများကို password များ ထားရှိခြင်းဖြင့် အသုံးပြုကိုင်တွယ်မှုကို အဆင့်ဆင့်ကို ကန့်သတ်ထားတတ်ပါသည်။
UPS အကြောင်း အကျဥ်းချုပ် (Part # 4)
>>> ဆက်ရန်
UPS Battery Charging & Battery
UPS
(Pirlozaw)
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။