Busy Kidz

Busy Kidz Play is our brain's favorite way of learning.

⚠️
23/07/2026

⚠️

📌မိုးရာသီမှာ ကလေးတွေဖြစ်တတ်တဲ့ ​ယားနာများ

မိုးရာသီရောက်ပြီဆိုရင် ကလေးတွေမှာ အရေပြားယားယံတာ၊ အနီစက်လေးတွေထွက်တာ၊ ပေါင်ခြံ၊ လည်ပင်းကြားနဲ့ ချိုင်းကြားတွေမှာ ပွန်းပြီးအနာဖြစ်တာတွေ ပိုတွေ့ရတတ်ပါတယ်။ ဆေးခန်းမှာဆိုလည်း ဒီလိုလူနာတွေက ကလေး/လူကြီးမရွေး လာပြတတ်ပါတယ်။

💠ဖြစ်ရတဲ့အကြောင်းအရင်းများ

မိုးရာသီရဲ့ ပူနွေးစိုထိုင်းတဲ့ရာသီဥတု၊ ချွေးထွက်များခြင်း၊ အဝတ်စိုတွေနဲ့ အချိန်ကြာကြာနေခြင်း၊ ချိုင်း/ပေါင်ခြံလိုကြားတွေ စိုစွတ်နေခြင်းတွေကြောင့်ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် အရေပြားရဲ့ သဘာဝကာကွယ်ရေးအလွှာ ပျက်စီးလွယ်ပြီး ယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ မှို၊ ဘက်တီးရီးယားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ မှိုပိုးကူးစက်မှုဟာ ကူးစက်ခံထားရသူ၊ အိမ်မွေးတိရစ္ဆာန်၊ မျှဝေသုံးထားတဲ့ မျက်နှာသုတ်ပဝါ၊ အဝတ်အစားနဲ့ စိုစွတ်တဲ့မျက်နှာပြင်တွေကနေလည်း ကူးစက်နိုင်ပါတယ်။

💠ပထမဆုံးအဖြစ်များတာက Heat Rash သို့မဟုတ် ချွေးမိတ်ပါ။

ချွေးဂလင်းအပေါက်လေးတွေ ပိတ်သွားပြီး ချွေးတွေက အရေပြားအောက်မှာ ပိတ်မိနေတာကြောင့် ဖြစ်တတ်ပါတယ်။ ရာသီဥတုပူပြီး စိုထိုင်းတဲ့အချိန်၊ ကလေးကို အဝတ်အစားအထပ်ထပ်ဝတ်ပေးထားတဲ့အချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။

လည်ပင်းအောက်၊ ချိုင်းကြား၊ ရင်ဘတ်၊ ကျော၊ ဆံပင်စပ်နဲ့ Diaper အောက်မှာ အနီရောင်အဖုသေးသေးလေးတွေ၊ တစ်ခါတလေ အရေကြည်ဖုလေးတွေ ပေါ်လာပြီး ယားတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးပါ။

Heat rash ဖြစ်ရင် ကလေးကို အေးမြတဲ့နေရာမှာထားပေးရပါမယ်။ အေးမြသောရေနဲ့ ချိုးပေးပြီး အရေပြားကို ညင်သာစွာခြောက်အောင် သုတ်ပေးရပါတယ်။ ပေါ့ပါးပြီး ချောင်ချောင်ချိချိရှိတဲ့ ချည်သားအဝတ်အစားဝတ်ပေးပါ။ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလို အရေပြားကြားတွေကို ခြောက်သွေ့အောင်ထားပေးပါ။ အဆီပြန်ပြီး ထူထဲတဲ့ Ointment တွေကို ချွေးဖုပေါ် လိမ်းပေးတာက ချွေးဂလင်းတွေကို ပိုပိတ်စေနိုင်လို့ မလိမ်းသင့်ပါဘူး။

💠Eczema (နှင်းခူ)

အပူနဲ့ ချွေးဟာ Eczema ကို ပိုယားစေနိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ချွေးစိုတဲ့အဝတ်ကို အချိန်ကြာကြာမထားဘဲ ချက်ချင်းလဲပေးပါ။ ကစားပြီး ချွေးထွက်လာရင် ရေနဲ့ ခဏဆေးပေးပြီး အရေပြားကို ပွတ်မသုတ်ဘဲ ညင်သာစွာသုတ်ပေးရပါမယ်။

Eczema ဖြစ်နေတဲ့အရေပြားမှာတော့ Fragrance အမွှေးအကြိုင်မပါတဲ့ Gentle cleanser နဲ့ ကလေးအတွက်သင့်တော်တဲ့ Moisturizer ကို သုံးနိုင်ပါတယ်။ Heat rash နဲ့ Eczema က ကုသပုံမတူတဲ့အတွက် အဖုအမျိုးအစား မသေချာရင် Steroid cream ကို ကိုယ့်ဘာသာ မလိမ်းသင့်ပါဘူး။

💠မှိုပိုးဝင်ခြင်း သို့မဟုတ် Ringworm

ဆေးခန်းမှာ မကြာခဏတွေ့ရတဲ့အရေပြားပြဿနာပါ။ Ringworm ဆိုတာ Dermatophyte လို့ခေါ်တဲ့ မှိုပိုးကြောင့်ဖြစ်တာပါ။ ကိုယ်ခန္ဓာပေါ်မှာဖြစ်ရင် အနားသားနည်းနည်းထူပြီး အဖတ်ကွာနေတဲ့ အဝိုင်းပုံစံအနီကွက် ဖြစ်တတ်ပါတယ်။ အလယ်ပိုင်းက နည်းနည်းပြန်ရှင်းနေပြီး အနားဘက်က ပိုယား၊ ပိုနီကာ အကွက်က တဖြည်းဖြည်းကျယ်လာနိုင်ပါတယ်။ မှိုပိုးကူးစက်မှုဟာ လူအချင်းချင်း၊ အိမ်မွေးကြောင်၊ ခွေးတွေကနေ၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ခေါင်းဖြီးနဲ့ အဝတ်အစားတွေ မျှဝေသုံးခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။

အရေပြားပေါ်က Ringworm တချို့ကို Antifungal cream နဲ့ နှစ်ပတ်မှ လေးပတ်ခန့် ကုသရတတ်ပေမယ့် ကလေးရဲ့အသက်၊ ဖြစ်တဲ့နေရာနဲ့ အဖုအမျိုးအစားအလိုက် ဆေးရွေးချယ်မှုက မတူနိုင်ပါဘူး။ ဒါကြောင့် ဆေးခန်းပြဖို့လိုပါတယ်။

💠ဦးရေပြားမှိုပိုးဝင်ခြင်း

ကလေးရဲ့ ဦးရေပြားမှာ အဖတ်ကွာတာ၊ ယားတာ၊ ဆံပင်တွေ ကျိုးပြတ်နေတာ၊ ကွက်ပြီးဆံပင်ကျွတ်နေတာတွေ ဖြစ်ရင် Tinea capitis သို့မဟုတ် ဦးရေပြားမှို ဖြစ်နိုင်ပါတယ်။ ဦးရေပြားမှိုဖြစ်ရင်လည်း ဆေးခန်းပြရမှာပါ။ မကုသဘဲထားရင် ရောင်ရမ်းပြီး နာကျင်တဲ့အဖုကြီးဖြစ်လာတာနဲ့ ဆံပင်ကျွတ်ကျန်ခဲ့တာမျိုး ရှိနိုင်လို့ စောစောပြသင့်ပါတယ်။

💠ကလေးငယ်တွေမှာဖြစ်တတ်တဲ့ Candida Diaper Rash

ပုံမှန် Diaper rash က Diaper နဲ့တိုက်ရိုက်ထိတွေ့တဲ့ တင်ပါးအပြင်ဘက်ပိုင်းမှာ အဓိကဖြစ်ပြီး ပေါင်ခြံကြားတွေမှာ လွတ်တတ်ပါတယ်။Candida မှိုပိုးဝင်လာရင်တော့ ပေါင်ခြံနဲ့ အရေပြားကျိုကြားတွေအထိ နီရဲလာပြီး အနီကွက်ကြီးပတ်လည်မှာ အနီဖု၊ ပြည်ဖုသေးသေးလေးတွေ တွေ့ရတတ်ပါတယ်။

မဖြစ်အောင် ကာကွယ်ဖို့ Diaper ကို မကြာခဏလဲပေးပါ။ ရေ သို့မဟုတ် အနံ့နဲ့ Alcohol မပါတဲ့ Wipes ကိုသုံးပြီး ညင်သာစွာ သန့်ရှင်းပေးပါ။ ခြောက်သွေ့အောင်ထားပြီး Diaper မဝတ်ဘဲ လေဝင်လေထွက်ရအောင် ခဏခဏထားပေးပါ။ Barrier cream ကို လုံလောက်စွာလိမ်းပေးသင့်ပါတယ်။

💠အရေပြားရောဂါတွေမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ?

ကလေးရဲ့ အဝတ်အစားနဲ့ အတွင်းခံတွေ စိုလာရင် ချက်ချင်းလဲပေးပါ။ ရေချိုးပြီးရင် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနဲ့ ခြေချောင်းကြားတွေကို သေချာခြောက်အောင်ထားပါ။

မျက်နှာသုတ်ပဝါ၊ ဘီး၊ ဦးထုပ်နဲ့ အဝတ်အစားတွေကို မျှဝေမသုံးပါနဲ့။ အဝတ်တွေကို သေချာလျှော်ပြီး လုံးဝခြောက်မှ ဝတ်ပေးပါ။ အိမ်မွေးတိရစ္ဆာန်မှာ အမွေးကျွတ်ကွက်တွေ၊ အရေပြားအကွက်တွေရှိရင် တိရစ္ဆာန်ဆရာဝန်ကို ပြသင့်ပါတယ်။ ကလေးရဲ့လက်သည်းကိုတိုတိုထားပေးပြီး ယားလို့ကုတ်ရာကနေ ဘက်တီးရီးယားပိုး ထပ်မဝင်အောင် ကာကွယ်ပေးရပါမယ်။

💠နောက်ဆုံးအနေနဲ့ မိဘများကိုပြောပြချင်တာက
ကလေးမှာ ယားတဲ့အဖုထွက်တာနဲ့ မှိုပိုးဝင်တာတော့မဟုတ်ပါဘူး။ အဖုပုံစံနဲ့ဖြစ်တဲ့နေရာအလိုက် Heat rash၊ Eczema၊ မှိုပိုးနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းစတာတွေဖြစ်တတ်ပါတယ်။
လိုအပ်ရင်ဆေးခန်းပြပါ။ အရေပြားကို အေးမြသန့်ရှင်းခြောက်သွေ့အောင်ထားခြင်းနဲ့ ဆေးတွေကို ကိုယ့်ဘာသာ ရောနှောမသုံးခြင်းက မိုးရာသီမှာ ကလေးအရေပြားကို ကာကွယ်ဖို့ အရေးကြီးဆုံးအချက်တွေ ဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

ငယ်သွားမကျိုးသေးတဲ့ ကလေးများအတွက် 🦷
23/07/2026

ငယ်သွားမကျိုးသေးတဲ့ ကလေးများအတွက် 🦷

23/07/2026


#ကလေးစာအုပ် #စာအုပ် #ကတ္ထူစာအုပ်

🥚🥚အရေးပါပုံ 🥚🥚
20/07/2026

🥚🥚အရေးပါပုံ 🥚🥚

ကလေးငယ်များရဲ့ နံနက်စာမှာ ကြက်ဥပါဝင်ဖို့ ဘာကြောင့် အရေးကြီးသလဲ?

ကျွန်မအနေနဲ့ ကလေးငယ်က ကြက်ဥတည့်တယ်ဆိုရင် နံနက်တိုင်း ကြက်ဥတစ်လုံးကျွေးဖို့ပြောလေ့ရှိပါတယ်။
ကလေးငယ်များရဲ့ တစ်နေ့တာကို ကျန်းမာသန်စွမ်းစွာ စတင်နိုင်ဖို့ နံနက်စာဟာ အလွန်အရေးကြီးပါတယ်။အာဟာရပြည့်ဝသော မနက်စာဟာ ဦးနှောက်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားမှု၊ သင်ယူနိုင်စွမ်းနဲ့ တစ်နေ့တာလုံး လှုပ်ရှားသွားလာနိုင်ဖို့ လိုအပ်သော စွမ်းအင်ကို ပံ့ပိုးပေးနိုင်ပါတယ်။

ကြက်ဥဟာ အာဟာရဓာတ်များစွာ ပါဝင်သော အကောင်းဆုံး မနက်စာတစ်မျိုးဖြစ်ပါတယ်။ ကြက်ဥကို ပုံစံအမျိုးမျိုးပြုလုပ်ပေးပြီး ကျွေးနိုင်ပါတယ်။

🍳 ကြက်ဥမှာ ဘာတွေ ပါဝင်သလဲ?

🥚 အရည်အသွေးမြင့် ပရိုတင်းဓာတ် (High-quality Protein)

* ကြွက်သားနှင့် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေခြင်း
* ဗိုက်ကို ကြာကြာပြည့်စေတာကြောင့် အဆာခံနိုက်ခြင်း

🧠 Choline

* ဦးနှောက်ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်းအတွက် အရေးကြီးပါပါတယ်။
* အသက်ငယ်ရွယ်စဉ် ဦးနှောက်ဖွံ့ဖြိုးနေချိန်မှာအထူးလိုအပ်တဲ့အာဟာရဖြစ်ပါတယ်။

👀 Lutein နှင့် Zeaxanthin

* မျက်စိကျန်းမာရေးနှင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

🦴 Vitamin D

* Calcium နဲ့အတူ အရိုးနှင့် သွားများကို သန်မာစေဖို့အရေးပါပါတယ်။

💪 Vitamin B12 နှင့် Iron

* သွေးနီဥများဖွဲ့စည်းရန်၊ ဦးနှောက်လုပ်ဆောင်ချက်နဲ့ စွမ်းအင်အတွက်ကို အထောက်အကူပြုပါတယ်။

❤️ ကျန်းမာရေးအတွက် ကောင်းသောအဆီ (Healthy Fats)

* ကလေးငယ်များရဲ့ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

🍽️ ကြက်ဥကို ဘယ်လိုပုံစံတွေနဲ့ မနက်စာလုပ်ပေးလို့ရမလဲ?
ဥပမာအချို့ပေးရရင်

✔️ ပန်ကိတ်

✔️ ပူတင်း

✔️ Cupcake/ Muffin

✔️ Scrambled Egg/ မွှေကြော်

✔️ ကြက်ဥ Sandwich

✔️ ကြက်ဥပြုတ်နဲ့ Oats

✔️ ကြက်ဥပြုတ်နဲ့ ဒိန်ချဉ်

✔️ ကြက်ဥပြုတ်နဲ့ အသီးအနှံ

ကြက်ဥကို အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် Whole Grain များနှင့် တွဲဖက်ကျွေးပါက ပိုမိုမျှတသော မနက်စာဖြစ်စေပါတယ်။

👶 ဘယ်အရွယ်ကစပြီး ကြက်ဥကျွေးနိုင်သလဲ?

ကလေးသည် ဖြည့်စွက်စာ စတင်စားနိုင်ပြီး အသက် (၇) လခန့်မှစ၍ ကောင်းစွာချက်ပြုတ်ထားသော ကြက်ဥကို စတင်မိတ်ဆက်ပေးနိုင်ပါသည်။

လတ်တလော သုတေသနများအရ ဓာတ်မတည့်မှုဖြစ်နိုင်သော အစားအစာများ (ဥပမာ- ကြက်ဥ) ကို သင့်တော်သောအချိန်မှာ မိတ်ဆက်ပေးခြင်းဟာအချို့ကလေးများတွင် အစားအစာဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။

ကလေးငယ်ကို စစချင်း ချေထားသောအနှစ်
အနည်းငယ် (၃)ရက် စစမ်းကျွေးပါ။
အနှသ်တည့်ပြီးမှ အကာ (၃)ရက် စမ်းကျွေးပေးပါ။

⚠️ ကြက်ဥဓာတ်မတည့်မှုကို သတိထားပါ

ကလေးငယ်အချို့မှာကြက်ဥနှင့် ဓာတ်မတည့်မှုရှိနိုင်ပါတယ်။

သတိပြုရမယ့်လက္ခဏာများမှာ

• အရေပြားယားယံခြင်း၊ အဖုထွက်ခြင်း

• နှုတ်ခမ်း၊ မျက်နှာ ဖောရောင်ခြင်း

• အန်ခြင်း

• ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း

• အသက်ရှူရခက်ခဲခြင်း (အရေးပေါ်ကုသမှု လိုအပ်နိုင်ပါတယ်)

ထိုကဲ့သို့သော လက္ခဏာများတွေ့ရှိပါက ကျွေးနေစဉ် ချက်ချင်းရပ်ပြီး ဆေးရုံဆေးခန်းအမြန်သွားရောက်ပြသပါ။ အသက်ရှူရခက်ခဲခြင်းကဲ့သို့ ပြင်းထန်သော လက္ခဏာများရှိပါက အရေးပေါ်ဆေးကုသမှု ခံယူရပါမယ်။

💡 မိဘများအတွက် အကြံပြုချက်

✅ ကြက်ဥကို အမြဲတမ်း ကောင်းစွာကျက်အောင် ချက်ပြုတ်ပေးပါ။

✅ တစ်နှစ်အောက်ကို ဆားမကျွေးရ၊ နှစ်နှစ်အောက်ကို သကြားမကျွေးရ။

✅ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ Whole Grain များနှင့် တွဲဖက်ကျွေးပါ။

✅ ကလေးစားချင်စိတ် ပိုရှိလာဖို့ အမြဲပုံစံတစ်မျိုးတည်းကျွေးနေမယ့်အစား ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲချက်ပြုတ်ပေးပါ။

🌼 မိဘများသတိပြုရန်မှာ ကလေးတစ်ဦးနှင့်တစ်ဦး ကျန်းမာရေးအခြေအနေ မတူညီနိုင်တာကြောင့်အစားအစာဓာတ်မတည့်မှု သို့မဟုတ် အခြားကျန်းမာရေးပြဿနာများရှိပါက ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီးမှ ကျွေးမွေးသင့်ပါတယ်။

ကျွန်မ ပုံမှာ ပြထားတာကတော့ ကြက်ဥနဲ့ BLm Myanmar က BLM Nutri Start ဆန်မှုန့် ဒီ (၂)မျိုးကိုပဲ သုံးပြီး Pancake လုပ်ထားတာပါ။ အနံ့လေးမွှေးချင်တာမို့ ကြက်သွန်မြိတ်လေးခေါက်ထည့်ထားပါတယ်။

ကြက်သွန်မြိတ် နေရာမှာ cheese , အသီးအနှံ စတာလေးတွေထည့်မွှေပြီးလုပ်ပေးနိုင်ပါတယ်။
Texture အတော်အိတာမို့ ကလေးက အဖတ်အနည်းငယ်ဝါးနိုင်ပြီဆို (၈)လ (၉)လလောက်ကနေ စတင် လုပ်ကျွေးနိုင်ပါပြီ။

အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်

#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ
#ကြက်ဥ #မနက်စာ #ဖြည့်စွက်စာ

19/07/2026

#ကလေးကစားစရာ #သင်ထောက်ကူ #ကလေးပစ္စည်းမျိုးစုံ

19/07/2026

#ကျောင်းသုံး #စာရေးကိရိယာ #သင်ထောက်ကူ #မြန်မာဖတ်စာလေ့ကျင့်ခန်း #မြန်မာစာ

Congratulations Ma Ei Phyu Phyu 👏🎉🎖️
16/07/2026

Congratulations Ma Ei Phyu Phyu 👏🎉🎖️

ကြိုးစားဖို့ပဲလိုတာ Fighting မေမေတို့ 💪
16/07/2026

ကြိုးစားဖို့ပဲလိုတာ Fighting မေမေတို့ 💪

မိဘတစ်ယောက်ဖြစ်ရတာ ကမ္ဘာပေါ်မှာ အလှပဆုံးဖြစ်သလို အပင်ပန်းဆုံး အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

အထူးသဖြင့် နေ့စဉ်ဘဝရဲ့ ရုန်းကန်မှုတွေကြားထဲမှာ "ငါ့ကလေးအတွက် ငါလုပ်ပေးတာတွေ လုံလောက်ရဲ့လား" ဆိုတဲ့ အတွေးနဲ့ ညဘက်အိပ်ရာဝင်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်ကြတာ မိဘတိုင်းလိုလိုပါပဲ။

"Perfect ဖြစ်တဲ့ မိဘဆိုတာထက် ကိုယ့်ကိုယ်ကိုယ် Aware ဖြစ်တဲ့ မိဘပဲ ရှိတာပါ။"

ဒါကြောင့် အမှားကင်းတဲ့ မိဘဖြစ်ဖို့ မကြိုးစားပါနဲ့။ ကိုယ့်အမှားကိုသတိပြုမိပြီး ကလေးရှေ့မှာ တိုးတက်အောင် ကြိုးစားပြတဲ့ မိဘကသာ ကလေးအတွက် အကောင်းဆုံး စံပြဖြစ်ပါတယ်။

ဒီလို တိုးတက်ဖို့ အတွက် ကိုယ်တိုင် အေးချမ်းနေဖို့၊ ကိုယ့်စိတ်လေး အေးချမ်ဖို့ အတွက် ဒီည အိပ်ရာမဝင်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစား စိတ်ခွန်အားဖြစ်စေမယ့် ညစဉ် Affirmations စကားလုံးတွေကို ဝေမျှပေးချင်ပါတယ်။

ညတိုင်း ပြောရမဲ့ စကားလုံးလေးတွေဖြစ်တောကြောင့် 𝐏𝐨𝐬𝐭 ကို 𝐒𝐚𝐯𝐞 လုပ်ထားရင် ပိုကောင်းပါတယ်။

🛌 "𝐆𝐨𝐨𝐝 𝐄𝐧𝐨𝐮𝐠𝐡 𝐏𝐚𝐫𝐞𝐧𝐭" 𝐀𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬

ညဘက် ကုတင်ပေါ်လှဲချလိုက်တဲ့အခါ ဖုန်းပွတ်ပြီး အချိန်ဖြုန်းမယ့်အစား၊ ဒါမှမဟုတ် ဒီနေ့ ကလေးကို စိတ်မရှည်မိတာတွေကို တွေးပြီး နောင်တရနေမယ့်အစား ရင်ဘတ်ပေါ် လက်ကလေးတင်ပြီး ဒီစကားလုံးတွေကို ဖြည်းဖြည်းချင်း ရွတ်ဆိုပေးပါ။

1. "ငါ ဒီနေ့ ရနိုင်သမျှ အရင်းအမြစ်တွေနဲ့ အကောင်းဆုံး ကြိုးစားခဲ့တယ်။"

အလုပ်ကိစ္စတွေ၊ လူမှုရေးတွေနဲ့ စိတ်ဖိစီးမှုတွေကြားထဲကနေ သင် ကလေးကို ကျွေးမွေးပြုစုခဲ့တယ်။ ဒါဟာ အောင်မြင်မှုတစ်ခုပါ။ လူဆိုတာ စက်ရုပ်မဟုတ်တဲ့အတွက် နေ့တိုင်း 100% အားပြည့်မနေနိုင်ပါဘူး။ သင့်မှာရှိတဲ့ အင်အားနဲ့ ကလေးအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ပြီးပါပြီ။

2. "ငါဟာ အမှားလုပ်မိနိုင်တဲ့ လူသားတစ်ယောက် ဖြစ်သလို၊ ငါ့ကလေးအတွက် လုံလောက်တဲ့ မိဘတစ်ယောက်လည်း ဖြစ်တယ်။"

ဒီနေ့ ကလေးကို အသံကျယ်ကျယ်နဲ့ အော်မိလိုက်တာမျိုး၊ စိတ်မရှည်ဖြစ်မိတာမျိုး ရှိနိုင်ပါတယ်။ ဒါက သင်ဟာ မိဘမကောင်းလို့ မဟုတ်ဘဲ ပင်ပန်းနေတဲ့ "လူသား" တစ်ယောက်မို့လို့ပါ။ အမှားတစ်ခုကြောင့် သင်ဟာ မကောင်းတဲ့ မိဘတစ်ယောက် ဖြစ်မသွားပါဘူး။

3. "ငါ့ကလေး လိုချင်တာက ငါ့ရဲ့ ပြီးပြည့်စုံမှုမဟုတ်ဘဲ၊ ငါ့ရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။"

ကလေးတွေ ညဘက်အိပ်ပျော်သွားတဲ့အခါ သူတို့ အိပ်မက်မက်တာက မေမေ/ဖေဖေ ဘယ်လောက် ပိုက်ဆံရှာနိုင်လဲ၊ အိမ်ကြီးကြီးထဲမှာ နေရလားဆိုတာ မဟုတ်ပါဘူး။ သူတို့ကို ဖက်ထားပေးတဲ့ အနွေးထည်၊ စိတ်မဆိုးတမ်း ကစားပေးခဲ့တဲ့ မိနစ်ပိုင်းလေးတွေကိုပဲ မှတ်မိနေတာပါ။ သင်ပေးတဲ့ မေတ္တာက ကလေးအတွက် လုံလောက်ပါတယ်။

🧠 "Parenting Guilt ဆိုတာ သင်ဟာ ကလေးကို တကယ်ချစ်ပြီး ကလေးအတွက် ပိုကောင်းစေချင်တဲ့ စေတနာကြောင့် ဖြစ်လာတဲ့အရာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။

You are doing great! ပါ မိဘတို့ရေ။

နေ့တိုင်း ကလေးအတွက် အကောင်းဆုံး ဖြစ်ချင်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်နေမယ့်အစား "Good Enough Parent အဖြစ် သတ်မှတ်ပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ အိပ်စက်လိုက်ပါ။ မိဘစိတ်ချမ်းသာမှ ကလေးလည်း ပျော်ရွှင်မှာ ဖြစ်ပါတယ်။

ဒီည အိပ်ရာဝင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘာစကားလေး ပြောပြီး နှစ်သိမ့်ပေးမလဲ?

အောက်က Comment မှာ ချရေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်ပါ။

ဒါမှမဟုတ် Parenting Guilt တွေ ခံစားနေရတဲ့ တခြား Working Parents တွေအတွက်လဲ Share ပေးပြီး ခွန်အားပေးလိုက်ပါဦးနော်။ 👇

………………….

~ 𝐘𝐨𝐮𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫 - 𝐃𝐫.𝐌𝐢𝐞 🎀








Address


11141

Telephone

+959881882515

Website

Alerts

Be the first to know and let us send you an email when Busy Kidz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Busy Kidz:

  • Want your business to be the top-listed Clothing Store?

Share