16/02/2024
အရုပ်ကလေးဘဲကြိုက်နေပီlostoလေးအကြောင်းမသိသေးတဲ့သူများအတွကိ❤️
Lotso - Character of the Week
my poor lostso🥺
တစ်ချိန်က ကိုယ့်ကို သိပ်ချစ်၊သိပ်ဂရုစိုက်ပါတယ်ဆိုတဲ့သူက အခုတော့ ကိုယ့်နေရာမှာ တခြားသူကိုအစားထိုးသွားခဲ့ပြီ...။အစားထိုးခံလိုက်ရတယ်ဆိုတဲ့အသိက ကျွန်တော်တို့လို လူတွေအတွက်တောင် ခံစားရခက်တာ အရုပ်တစ်ရုပ်အတွက်ဆို ဘယ်လောက်တောင်များ ခံစားရခက်လိုက်မလဲ...?
ဟုတ်ပါတယ်။ကျွန်တော်ပြောနေတာ Toy Story 3 ထဲက Lotso လို့ခေါ်တဲ့ ပန်းရောင်ဝက်ဝံရုပ်ကြီးအကြောင်းပါ။တစ်ချိန်တုန်းကတော့ Lotsoဆိုတာ Daisyလို့ခေါ်တဲ့ ကလေးမလေးရဲ့အချစ်တော်ကြီးပါ။
Daisyက သူချစ်တဲ့အရုပ်လေးတွေကို အမြဲလိုလို သွားလေရာကို ယူသွားတတ်တယ်။တစ်ရက်မှာတော့ ခရီးသွားရင်းနဲ့ Daisy အိပ်ပျော်သွားတယ်။ Daisy.မိဘတွေက အိပ်ပျော်သွားတဲ့ Daisyကို ကားပေါ်ကိုပွေ့ချီပြီး အိမ်ပြန်ခေါ်သွားခဲ့ကြပေမယ့် အရုပ်လေးတွေကိုတော့ မေ့ကျန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့အရုပ်လေးတွေဖြစ်တဲ့ Lotso, Chuckles နဲ့ Big Baby တို့ကလည်း သူတို့ပိုင်ရှင်ဆီပြန်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ခက်ခက်ခဲခဲလာခဲ့ရတဲ့ အိမ်ပြန်ခရီးရဲ့ အဆုံးသတ်ကတော့ မလှခဲ့ပါဘူး။သူတို့ပြန်ရောက်တဲ့အချိန်မှာ Daisyဟာ Lotsoနဲ့ပုံစံတူဝက်ဝံရုပ်လေးကို ပွေ့ဖက်ရင်းစာဖတ်နေခဲ့ပြီ။အော်...အလာကောင်းရက်နဲ့ အခါနှောင်းရလေခြင်း...
Lotso ဘာ့ကြောင့်ဗီလိန်ဖြစ်လာသလဲမေးခဲ့ရင် အဖြေက ဒီတစ်ချက်တည်းနဲ့တင် လုံလောက်သွားပါပြီ။အသည်းကွဲတဲ့ခံစားချက်က Lotso ရဲ့စိတ်ကို အမှောင်ဖုံးသွားစေခဲ့တယ်လို့ ပြောရမှာပါ။အစားထိုးခံလိုက်ရတာက သူတစ်ယောက်တည်းဆိုပေမယ့် သူနဲ့အတူပါလာတဲ့ Chucklesနဲ့ Big Baby ရုပ်တို့ကိုပါ Daisyဆီကို ပြန်သွားခွင့်မပြုခဲ့ပါဘူး။ကျွန်တော်တို့လို လူတွေတောင်မှ ဒေါသထွက်တဲ့အခါ မနိုင်နိုင်ရာကို ပတ်ရမ်းတတ်ကြတာပဲမလား...
Lotsoရဲ့ ပိုင်ရှင် Daisy ဆိုတဲ့ကလေးမလေး ဘက်ကနေ ကြည့်ပြန်တော့လည်း မမှားပါဘူး။အရုပ်တွေ ပျောက်ပျောက်သွားချင်းတော့ သူလည်းခံစားရမှာပါပဲ။နောက်တော့ သူ့မိဘတွေက ပုံစံတူအရုပ်လေးတစ်ရုပ် အသစ်ထပ်ဝယ်ပေးလိုက်တယ်။ကလေးဆိုတော့လည်း ပုံစံတူအရုပ်လေးတစ်ရုပ် အစားပြန်ရလိုက်တော့ ပုံမှန်ပြန်ဖြစ်သွားတာပါပဲ။တစ်ဖက်က အစွဲအလမ်းပိုကြီးခဲ့မိသူ Lotso မှာတော့ ကမ္ဘာတွေပျက်လို့။အဲ့ဒီနေ့ကစလို့ Lotso ရဲ့အတွင်းစိတ်ထဲမှာ "ငါတို့အားလုံးက အစွန့်ပစ်ခံရဖို့ကို ထိုင်စောင့်နေရတဲ့ အမှိုက်တွေပဲ။အရုပ်တစ်ရုပ်ဆိုတာ အဲ့ထက်မပိုဘူး"ဆိုတဲ့ အတွေးစကြီး ကိန်းအောင်းသွားတော့တာပါပဲ။
Lotsoကိုကြည့်ရင်း ရလိုက်တဲ့အတွေးကတော့ အစွဲအလမ်းပိုကြီးမိတဲ့သူက ပိုခံစားရတတ်တဲ့လောကကြီးမှာ ကိုယ့်ကိုကိုယ်ထက်ပိုပြီး ဘယ်သူ့ကိုမှ မစွဲလမ်းမိဖို့ပါပဲ...။
#🐳