Mochi BKK

Call

Mochi BKK မင်္ဂလာပါရှင့်🙏
Trendy & affordable fashion 👗

Ready stock in Thailand
Order to cb

BLACKPINK အဖွဲ့က Lisa ရဲ့ "Sawadika" ဆိုတဲ့ အကြမ်းစား  Performance နဲ့ အမိုက်စား Rap၊ အလန်းစား beat တွေနဲ့ သီချင်း နားထေ...
07/09/2026

BLACKPINK အဖွဲ့က Lisa ရဲ့ "Sawadika" ဆိုတဲ့ အကြမ်းစား Performance နဲ့ အမိုက်စား Rap၊ အလန်းစား beat တွေနဲ့ သီချင်း နားထောင်ပြီးကြပြီလား😁။
သေအောင် Viral ဖြစ်တာနော်။
လွန်ခဲ့တဲ့ သုံးရက် က
အဲ့သီချင်းကို သူရဲ့ ကိုယ်ပိုင် ကုမ္မဏီ Lloud ကနေ Official Launch လုပ်ပြီး ၇နာရီ အကြာမှာ စတွေ့တာ အဲ့မှာတင် viewers 75 M ဖြစ်နေပြီ😱 အဲ့တုန်းက ss မယူထားလိုက်ရဘူး။😒

ခနအကြာ Reaction လုပ်ကြတာ ကမ္ဘာတစ်ဝမ်းပဲ။
Lisa ရဲ့အောင်မြင်မှု့ အရမ်းကြောက်စရာကောင်းတယ်။ တကယ်တမ်း Lisa ကို သိခဲ့တာ Money သီချင်းနဲ့ အသေကြိုက်ခဲ့ရတာ😅 ။
Money သီချင်းက 2021/ September မှာထဲက ပေါ်တာ။ ဒါမဲ့ ကိုယ်သိခဲ့ရတာက 2023 ကုန်ခါနီးလောက်မှ။
တောထဲနေတုန်းက Internet တွေမရတဲ့ကြားထဲကနေ ဆရာမတစ်ယောက်ရဲ့ ပြောရရင် ငွေနဲ့ပတ်သတ်ပြီး luck ကောင်းစေတယ်ဆိုလို့ internet ရတဲ့ဆီသွားပြီး တကူးတက သွား Down ခဲ့ရတဲ့သီချင်းလေး😅။ အမြဲလဲနားထောင်ဖြစ်တာ ။ တိုက်ဆိုင်တာလားမသိပေမဲ့ ဈေးရောင်းတဲ့ချိန် ရောင်းကောင်းတာတော့အမှန်😁။
ခုလဲ သီချင်းအသစ်တင်ပြီး 7 နာရီကြာထဲက နေစိတ်ဝင်စားလို့ခနခနဝင်ကြည့်တာ ခနလေးနဲ့ကို view ကတက်တာ ကြက်သီးထစရာကြီး။
အိမ်က သမီးတော်တောင် သူ့သီချင်းနဲ့ကနေပြီ😂
သူ့ရဲ့သီချင်းလေးကလဲ အရမ်းကောင်းတာကိုလေနော် ထိုင်းယဉ်ကျေးမှု့အကြောင်းတွေပါ ထည့်ပြီး Performance အမိုက်စားကြီးနဲ့ဆိုတော့ လုံးဝကို Viral ဖြစ်နေတော့တာ။ တစ်ကမ္ဘာလုံးက လူငယ်တွေ အရမ်းကြိုက်ပြီး အားပေးနေကြတာ။
သူ့ရဲ့ interview တွေလိုက်ကြည့်မိတယ်။
အရမ်းတော်တဲ့သူလေးက Polyglot လေး။ ဘာသာစကား ၅ ခု (Thai, Korea , Japanese, Chinese, English) ကို ကျွမ်းကျွမ်းကျင်ပြောတတ်တဲ့အပြင် တခြား ဘာသာစကားတွေလဲ တိုလီမိုလီ ပြောတတ်သေးတာ။ အဲ့မှာတင် အားကျမှု့တစ်သိန်း😕
ထိုင်းမှာမွေးပြီး ၁၃ နှစ်သမီးနဲ့ Audition အရွေးခံရပြီး ကိုရီးယားရောက်သွားတယ်။ အကရော အဆိုပါ ဝါသနာကြီးသူလေး🥰

Lisa ကြည့်ပြီး ကိုယ့်သမီးလေးလဲ အဲ့လိုသာဆိုကောင်းမှာလို့ တွေးမိတယ်😁။ တကယ်ပဲ Lisa ကြိုက်လို့ သမီးရဲ့ nickname ကို Lina လို့ပေးတာ😅
အမေရဲ့ k-pop ရူးသွတ်မှု့ဟာ သမီးဆီကူးစက်ပြန့်နှံ့။
ခုတော့ ကလေးအမေရဲ့ တစ်ခုထဲသော စိတ်ထွက်ပေါက်က ဒါဖြစ်နေတယ်။


ခုကြည့်တာ message requests ထဲလဲ အများကြီး‌ေရာ တော်တော်မမောနိုင်တဲ့ဟာတွေ ဒါတောင် မြင်တာနဲ့ block and report လုပ်တာမနည်းဘူ...
06/09/2026

ခုကြည့်တာ message requests ထဲလဲ အများကြီး‌ေရာ
တော်တော်မမောနိုင်တဲ့ဟာတွေ ဒါတောင် မြင်တာနဲ့ block and report လုပ်တာမနည်းဘူး။
ဗိုက်ဘာမှာ ကျားဖြန့်တွေ ပို့တဲ့ message ကို မျက်နှာပြောင်၊ အကြောတင်းပြီး reply ပြန်နေကြတယ်။

ကျားဖြန့်တွေရဲ့ ပထမဆုံး ပို့တဲ့ message ရော၊ အဲဒီ message ကို reply တာကို ပြန် response တာရောက အလိုအလျောက် automatic စက်တွေက ဒါမှမဟုတ် chatbot တွေက လုပ်နေကြတာပါနော်။ ဒီဘက်က ဆဲတာ၊ ရိတာ၊ လှောင်တာတွေကို ကျားဖြန့်တွေဘက်က သတိတောင် ထားမိမှာ မဟုတ်ဘူး။

အဲဒီအစား ဒီကောင်တွေ သတိထားမိသွားမှာက ခင်ဗျားဖုန်းဟာ လူအစစ်ကိုင်နေတဲ့ ဖုန်းအစစ်ဖြစ်နေတယ် ဆိုတာပဲ။ ကိုယ်ဟာ active number ဖြစ်ကြောင်း ကိုယ်တိုင် အတည်ပြုပေးလိုက်တာပါပဲ။ Reply ပြန်လိုက်တာနဲ့ ကိုယ်က ကျားဖြန့်တွေ စစ်တဲ့ ဆန်ကာထဲ ပါသွားပြီဆိုတာ သတိပြုပါ။

Scam လုပ်ငန်းတွေအတွက် အထိရောက်ဆုံး တုံ့ပြန်မှုက Zero Engagement ပါ။ ဘာမှ ပြန်မပြောဘဲ တန်းပြီး Block & Report Spam လုပ်ပစ်တာကသာ သူတို့ရဲ့ Resource ကို အကုန်ကျစေဆုံးနဲ့ ကိုယ့်ရဲ့ Data Privacy ကို အလုံခြုံဆုံး ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
credit

အရင်က ခွန်အားဖြစ်ခဲ့ရတဲ့ Vitamin လေးတွေ😍ဒီ page က အလိမ်မဟုတ်ရပါဘူးနော် လို့မင်မင် Mochi က 2016 လောက်ထဲက online shop လုပ်...
01/09/2026

အရင်က ခွန်အားဖြစ်ခဲ့ရတဲ့ Vitamin လေးတွေ😍

ဒီ page က အလိမ်မဟုတ်ရပါဘူးနော် လို့

မင်မင် Mochi က 2016 လောက်ထဲက online shop

လုပ်ခဲ့တာပါရှင်😅😅😅

မယုံကြည်တဲ့သူတွေကို အပြစ်လဲမမြင်ပါဘူးနော်။

Account မှာပဲ အလွယ် တင်မိခဲ့တော့ ဒီ Page က ဖွင့်သာဖွင့်ပြီး သိပ်မသုံးဖြစ်ခဲ့လို့ပါ။😁

01/09/2026

ဟိုးအရင်က ဒီလိုအိတ်လေးတွေပါရောင်းခဲ့တယ်။
မြန်မာနိုင်ငံထဲ ထိုင်းထီတွေခေတ်စ စားချိန် ထိုင်းထီလဲရောင်းခဲ့ဖူးတယ်။
အဝတ်အထည်၊ဆေး နဲ့ လူသုံးကုန်၊
နောက်ဆုံး ရေခဲထုတ်လဲ လုပ်ရောင်းဖူးပါတယ်။😁
ဒီ Page က အရင်တုန်းက အရောင်းပို့စ်တွေ သိပ်မတင်ဖြစ်။ Personal acc နဲ့သာပွဲသိမ်းဖြစ်နေလို့ မတင်ဖြစ်ခဲ့တာပါ။

ဒီနေ့ အိမ်မှာ ကလေးအဖေက ကြက်အသည်း၊အမြစ်ဟင်းချက်တယ်။စားခါနီးမှ ကောက်ချက်လိုက်တော့ ဟင်းက သိပ်မကျက်ချင်ဘူးဖြစ်သွားတယ်။ ဟင်းပ...
31/08/2026

ဒီနေ့ အိမ်မှာ ကလေးအဖေက ကြက်အသည်း၊အမြစ်ဟင်းချက်တယ်။

စားခါနီးမှ ကောက်ချက်လိုက်တော့ ဟင်းက
သိပ်မကျက်ချင်ဘူးဖြစ်သွားတယ်။ ဟင်းပန်းကန်ကြည့်ပြီး ဆုံးပါးသွားတဲ့ ဖေကြီးကို သတိရသွားမိပြန်တယ်။😢

အိမ်ထောင် စ ကျခါစ တစ်ခြံထဲ အိမ်ခွဲဆောက်ထားတော့ အိမ်မှာဟင်းချက်ပြီးရင် သားမက်လုပ်သူက ယောက္ခမတွေ မျက်နှာလုပ်ပြီးပို့တာပေါ့လေ။

အများအားဖြင့်က ယောက္ခမအိမ်မှာပဲသွားစားကြတာများတယ်။

အိမ်ကအဖေက ပြောရရင် အသန့်ကြိုက်၊အကောင်းကြိုက် ရုံးတစ်ဖက်၊အလုပ်(လယ်)တစ်ဖက်နဲ့ကို သူ့မှာ အားရင်အားသလို မီးဖိုချောင်ဝင်၊ ချက်ပြုတ်တတ်သေးတာ။ သူ့မိန်းမ(အမေ့)ကို မျက်နှာလုပ်ချင်တာလဲပါမှာပေါ့နော် ။ အမှန်တိုင်းပြောရရင် အမေ့ထက် အဖေက ဟင်းချက်ပိုကောင်းပြီး၊ ပိုစိတ်ရှည်တယ်။

အဲ့လိုနဲ့ သားမက်လဲရရော ယောက္ခမနဲ့သားမက်စောင့်ကြည့်ကာလပေါ့လေ ယူခါစဆိုတော့
သားမက်ကဟင်းချက်ပို့တော့ အမေ့ကို တိုးတိုးလေးကပ်ပြောပါလေရော "သူ့ယောကျာ်းချက်တဲ့ဟင်း မစားရဲပေါင်တဲ့ ပလပ်ပလပ်နဲ့ ချက်ပစ်လိုက်တာ အသားဟင်းတစ်ခွက် ခနလေးပဲ မကျက်ရင်ဘယ်လိုလုပ်မလဲ ငါတော့မစားရဲဘူးတဲ့"😅 အဲ့ဒါ သမီးကိုရှေ့ထားပြီး အတင်းတုတ်တာနော် ရိုးရိုးပြောတာတောင်မဟုတ် တမင်မဲ့ရွဲ့ပြီးကိုပြောတာ🤭
အမေက "တော်ကလဲ ချက်ပို့တာကိုငြိမ်ငြိမ်မစားဘူးတဲ့ ဂျီဂျောင်လုပ်လို့ နောက်ချက်မပို့ဘဲနေမယ် တိတ်တိတ်စား"ဆိုတော့။

သမီးလုပ်တဲ့သူကလဲ မနေဘူး ချက်ချင်းယောကျာ်းပြန်ပြောတာ😅
အဲ့တော့ယောကျာ်းလုပ်တဲ့သူက "အွန်း ဖေကြီးက သားကျ ပြောတယ် ဖေ့သမီးကျ သားလိုတောင်မချက်တတ်ဘဲနဲ့"ဆိုပြီး ပြောတော့ ဖေကြီးခဗျာ ဘာမှမပြောတော့ဘဲ မစားချင်စားချင် ကြိတ်မှိတ်မြိုချတော့တာ😅
ထမင်းစားရင်းအဲ့အချိန်လေးတွေ ပြန်တွေးရင်းဖေကြီးမရှိတော့တာကိုမေ့ပြီး ကြည်နူးမိရသေးတယ်။😔🥹 နောက်မှသတိရပြီး ရင်ထဲဆို့နင့်သွားမိတယ်။
ဖေကြီးနဲ့နေခဲ့ရတဲ့ကာလတစ်လျှောက်လုံး အပူပင်သောကဆိုတာမရှိ၊ လုံးဝကို တံတိုင်းကြီးသဖွယ် ကာကွယ်ပေးခဲ့လို့ အရာရာလုံခြုံခဲ့ရတာပါ။
အနီးကပ် ထားတာတောင် သူ့သမီးအဆင်ပြေရဲ့လား။သူ့‌မြေး လေးတွေအဆင်ပြေရဲ့လားဆိုတာ တစ်ချက်မှအလစ်မပေးခဲ့ဘူး။
သမီးလုပ်တဲ့သူ ညဘက်အိပ်ရေးပျက်မှန်းသိရင် မနက်ခင်းဆို သူ့မြေးတွေကိုအစောကြီးတိတ်တိတ်လေး လာခေါ်သွားရော။ 🥹🧑‍🍼

အိမ်မှု့ကိစ္စမလုပ်တတ်၊ စိတ်မဝင်စားတဲ့ သမီးကို သမ္မာအာဇီဝကျကျနဲ့ ငွေရှာတတ်ဖို့၊ အသုံးနဲ့အဖြုန်း ခွဲခြားတတ်ဖို့၊ စီးပွားရေးလုပ်တတ်ဖို့၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်းလေးဖြစ်ဖို့ အမြဲသင်ပေးခဲ့တာ။
မှတ်မိသေးတယ် မင်္ဂလာဦးညမှာ ဖေကြီးပြောပြ၊ဆုံးမ တဲ့ပုံပြင်လေး ဒင်ကြီးလဲတစ်ဝမ်း၊ဗျိုင်းလဲတစ်ဝမ်းပဲ ဆိုတာလေးလေ🙂

ဖေကြီးလိုလူမျိုးက အိမ်တစ်အိမ်ရဲ့ တကယ့်အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၊ အမေ့အတွက်ဆိုခင်ပွန်းကောင်းတစ်ယောက်၊ သမီးတွေအတွက် လုံးဝ ဖခင်ကောင်းတစ်ယောက်အပြင် သားမက်တွေအတွက်လဲစံပြယောက္ခမကောင်းတစ်ယောက်ပါဖေ။😔

ဖေကြီးဒီဘဝဒီခန္ဓာကြီးလွတ်မြောက်သွားပြီ၊အပူတွေငြိမ်းသွားပြီ။သောကတွေ အေးသွားပြီ။

နေမပျော်တော့တဲ့ လောကကြီးထဲ ကျေးဇူးရှင် အဖိုးနဲ့ ဖေကြီးတို့ရှိမနေတော့တာက သမီးတို့ရင်နာရပေမဲ့လဲ အဖိုးတို့ဖေကြီးတို့ရှိနေပြီး ပူပင်၊သောက များနေရမှာနဲ့စာရင် ပိုကောင်းပါတယ်လေနော်😔

သူတို့အိုမင်းလာတဲ့ချိန် တောင်မွေးလေးအဖြစ်ရှိနေဖို့ သူနာပြုဖြစ်ခိုင်းပြီး အနားကပ်ခေါ်ထားတာတောင် ဒီသမီးမိုက်က ချန်ရစ်ပြီး ထွက်ခဲ့သေးတာနော်😔🥺
ရင်တွေနာရလွန်းလို့ ကျစရာမျက်ရည်တွေတောင်မရှိတော့ဘူးထင်ပါတယ်။ ဒါမှမဟုတ် အဖိုးတို့ဖေကြီးတို့ပြောထားသလိုမျိုး ငါတို့ သေရင် လုံးဝမငိုရဘူး၊မျက်ရည်မကျရဘူးဆိုတာများ ရင်ထဲစွဲနေလို့များလား🥺
စိတ်ချပါ သမီးကြောင့် သွားရမဲ့လမ်းမဖြောင့်တာမျိုး မဖြစ်စေချင်ပါဘူး။ ဖေကြီးသမီးက ငိုချင်ရင်တောင် မျက်ရည်မကျအောင် ထိန်းနိုင်တဲ့အထိ အကြောတင်းပါတယ်၊အသဲမာပါတယ်ဖေကြီးရယ်။

ပုံကတော့ နှစ်ယောက်တစ်ကမ္ဘာ ဖြစ်ခဲ့တဲ့အချိန်က ပုံတွေပါ။
ပျော်စရာ၊ ရွှင်စရာ လေးတွေပဲတင်ချင်ပါတယ်။🫰✌️

31/08/2026

တစ်နေ့တစ်နေ့

သူ့ပိုက်ဆံတွေ ပျောက်မှာစိုးလို့ ရေ ရတာ အမော😕😅

တစ်စေ့နှစ်စေ့ပျောက်သွားရင်လဲ သူ့ဖေကို

ပြဿနာရှာရတာအမော😅

ဒီ သား၊အဖ တွေနဲ့ နေရတာ

မဟော်သဓာ တရားစီရင်ရတာမှ လွယ်အူးမယ်ထင်🥴

Manifestation အစွမ်း အံ့မခမ်းပဲ ဟေ့😁နောက်ဆုံးတော့ရခဲ့ပြီ Iphone 17 pro clone 😅😅😅
31/08/2026

Manifestation အစွမ်း အံ့မခမ်းပဲ ဟေ့😁

နောက်ဆုံးတော့ရခဲ့ပြီ

Iphone 17 pro clone 😅😅😅


ရောက် စ က လောင်းရိပ်မိပြီး အရွက် ၃ရွက် ထွက်တာတောင် ကျိုးတိုးကျဲတဲလေးမို့ ဘာသစ်ငုတ်တိုလေးလဲမသိဘူးလို့မှတ်တာာ။ဒီအပင်လေးနာမ...
30/08/2026

ရောက် စ က လောင်းရိပ်မိပြီး အရွက် ၃ရွက် ထွက်တာတောင် ကျိုးတိုးကျဲတဲလေးမို့ ဘာသစ်ငုတ်တိုလေးလဲမသိဘူးလို့မှတ်တာာ။

ဒီအပင်လေးနာမည်က - Cycad(Cycas)

ဒီအပင်လေးတွေကို အိမ်ရှေ့၊ Hotel တွေရှေ့မှာ ကျက်သရေတိုးအောင် အလှအနေနဲ့စိုက်ကြတာတွေ့ရတယ်။

ဒီအပင်လေးက AI ပြောပြချက်အရ ဒိုင်နိုစောခေတ်ထဲက ရှိတာမို့ ရှေးကျတဲ့အပင်မျိုးနွယ်ဖြစ်တယ်တဲ့။
ဒါကြောင့် သူ့ရဲ့မျိုးစိတ်ရယ်၊ပင်စည်ရဲ့အခြေနေပေါ်မူတည်ပြီး ဈေးလဲကြီးတာတွေ့ရတယ်။

ဒီအပင်လေးတွေက ဂရုစိုက်ပေးဖို့လဲလိုတယ်။ လောင်းရိပ်မကြိုက်ဘူး။သူ့ပတ်ဝန်းကျင်မြေကြီးကိုတတ်နိုင်သလောက်ရှင်းလင်းသန့်စင်ပေးရတယ်တဲ့။
ရေအရမ်းများပြီးရေဝပ်ရင်လဲ သူ့ရဲ့အမြစ်တွေပုပ်တတ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပင်စည်နဲ့ အရွက်တွေမှာ Cycasin လို့ခေါ်တဲ့ အဆိပ်တောက်ရှိတဲ့အတွက် အစူးရှိတဲ့သူ့ရဲ့အရွက်တွေရယ်၊ ပင်စည်ရယ်ကို ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မဆော့မိအောင်၊ ပါးစပ်ထဲမထည့်မိအောင် သတိထားဖို့လိုပါတယ်တဲ့။

အရင်က မန်ကျီးပင် ကြီးကြီးတွေနဲ့ သူ့ရဲ့အနားကပ်ဆိုက်ထားလား သူ့ဘာသာပေါက်လားမသိ တဲ့ သင်္ဘောပင် ရဲ့ လောင်းရိပ်ကြောင့် ကောင်းစွာမဖွံ့ဖြိုးတဲ့အပင်လေးက ၊ လောင်းရိပ်မရှိတော့တာရယ်၊ အိမ်က ကလေးအဖေက ငြိမ်ငြိမ်မနေပဲ သူ့အမြစ် နေရာ အနား ရှင်းလင်းသန့်စင်ပေးတော့ ဖွံ့လာလိုက်တာာ🌱

သူ့ရဲ့အပင်ကြီးထွားမှု့အရမ်းနှေးပြီး သက်တမ်းရင့်အပင်အမျိုးအစားဖြစ်တဲ့အတွက် ဈေးကွက်ထဲ ဈေးကောင်းရတာဖြစ်ပါတယ်။

ဒီ post လေးက ကိုယ်လိုဘာအပင်မှန်းမသိသေးတဲ့သူတွေအတွက် ပြန်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။🌱🌱🌱

BKK

ထိုင်းစာကို online ကနေ self study လုပ်လာတာမှတ်စု စာအုပ်အထူ ၂အုပ် ကုန်ပြီ။စကားပြောတတ်ပြီလားမေး တကယ့်တကယ် စကားပြောရရင် တော...
29/08/2026

ထိုင်းစာကို online ကနေ self study လုပ်လာတာ

မှတ်စု စာအုပ်အထူ ၂အုပ် ကုန်ပြီ။

စကားပြောတတ်ပြီလားမေး

တကယ့်တကယ် စကားပြောရရင်

တောင်တစ်လုံးဆွဲ မြောက်တစ်လုံးဆွဲနဲ့

ခေါင်းထဲစာစီနေရတာနဲ့ လိုရင်းမရောက်ဘူး။🫩

Intake သာရှိပြီး output မရှိတော့ ငါတော့စကားပြောဖော် လိုတယ်ဆိုပြီး AI ကိုအဖော်လုပ်ပါရဲ့ AI က ကိုယ့်အသံကို boycott လုပ်ထားသလားမှတ်ရတယ်။

ကိုယ် ထိုင်းလိုပြောတာကိုနားမလည်ဘူး။ မြန်မာလိုပြောလဲ တလွဲ English လိုပြောလဲ မတည့်နဲ့ 🤌

တနေ့နေ့ AI နဲ့ရန်ဖြစ်ရတာလဲအမော😕

တစ်ခါတစ်လေ မြန်မာစာ၊မြန်မာစကားဖြစ်တဲ့

"ငါ ထမင်း စားတယ်" တို့

"ငါ အလုပ် လုပ်တယ်" တို့

"ငါ TV ကြည့်တယ်" တို့ကို

တစ်ကမ္ဘာလုံးနဲ့ ဆန့်ကျင်ပြီး

ဘယ်ဂြိုလ်သားက တီထွင်ခဲ့လဲတွေးပြီးဒေါသထွက်ရသေးတယ်။

သိသလောက်ဘာသာစကားတွေ S.V.O ဆိုတဲ့ "ငါ စားတယ် ထမင်းကို" ဆိုတာနဲ့ပဲ စာစီ၊စကားပြောသွားကြတာပါ။

ကိုယ်တွေအလှည့်ကျမှ "ငါထမင်းစားတယ်"(S.O.V)
ဖြစ်ရတော့ အဲ့မှာတင်လွဲပြီ။

စကားလုံးသိရင်တောင် စကားတစ်ခါပြောဖို့ကို ခေါင်းထဲ ရှေ့ ၊နောက် စဉ်းစားပြီး စီနေရတာတင်🤌

မြန်မာတစ်နိုင်ငံထဲကပဲ တိုင်းရင်း‌သားတွေကျ တည့်ပါတယ်။ဘယ်နှယ့် ကိုယ့်ဗမာတွေကျမှ စာကြောင်းလာလွဲနေရလဲ စဉ်းစားမရဘူး🙂‍↔️

ထွက်လာတဲ့ဗမာအသံလဲမေးအူး အနွဲ့အနှောင်းမရှိ၊အတက်အကျမရှိ၊ တစ်ဖြောင့်ကြီးထွက်လာတာ
အဲ့တော့ အသံအနှိမ့်၊အမြင့်၊အတက်၊အကျ အပြင် တက်ကျသံတွေ ကျပြီးတက်တဲ့အသံတွေနဲ့ ထိုင်းတွေက နားမလည်ပြန်နဲ့🥴
အရမ်းနဲ့ပျော်နေပြီ🥺

Address


Telephone

+959775574524

Website

Alerts

Be the first to know and let us send you an email when Mochi BKK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed clothing store?

Share