Pearl Honey

Pearl Honey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pearl Honey, Baby Goods/Kids Goods, .

03/08/2024
မင်မင်ဆီမှာ  မှာလို့ရပါပီ မေမေတို့ရေ😘😘
15/03/2024

မင်မင်ဆီမှာ မှာလို့ရပါပီ မေမေတို့ရေ😘😘

👉ဘေဘီလေးက ရှူးရှူးခနခဏပေါက်👶
🪽Har Har ဒိုက်ပါလေးကလည်း တစ်ထုပ်မှာ ၁၀ ချပ်ပဲပါတာဆိုတော့ ဒိုက်ပါ ခနခဏပြေးပြေးဝယ်နေရတော့ အထုပ်သေးတွေမဆောင်ချင်တော့ဘူး အထုပ်ကြီးတွေပဲ ဆောင်ထားချင်တယ်ဆိုတဲ့ မေမေတို့အတွက်🥰
👉Har Har Baby ကနေ ၂၀ ချပ်ပါ အထုပ်ကြီးတွေထုတ်ပေးထားပြီမို့ ဘေဘီလေးအတွက် ဒိုက်ပါ ခနခဏပြေးဝယ်ရတဲ့ ဒုက္ခကို ဝေးဝေးသာပို့လိုက်တော့နော်😍
👉အထုပ်တိုင်းမှာ ၂၀ချပ်ပါတာဆိုတော့ ပိုတန်တာပေါ့ 😍
👼ငှက်မွှေးလေးလိုပေါ့ပါးပြီး ခြောက်သွေ့မြန်လို့ ဘေဘီလေးအတွက် အဆင်ပြေတာ Har Har Baby ဒိုက်ပါ ပါ 🥰

15/03/2024
15/03/2024

👼ငှက်မွှေးလေးလိုပေါ့ပါးပြီး ခြောက်သွေ့မြန်လို့ ဘေဘီလေးအတွက် အဆင်ပြေတာ Har Har baby pullups diaper ပါ

ဘယ်သူရဲ့ နှလုံးသားထဲမှာ အလ္လာဟ်အချစ်ဝင်ရောက်လာပြီလဲအလ္လာဟ်အရှင်မြတ်လည်း သူ့ကို ချစ်သွားပြီဆိုရင်ဒီလိုလက္ခဏာတွေကို ခံစားလာရမ...
26/02/2024

ဘယ်သူရဲ့ နှလုံးသားထဲမှာ အလ္လာဟ်အချစ်ဝင်ရောက်လာပြီလဲ
အလ္လာဟ်အရှင်မြတ်လည်း သူ့ကို ချစ်သွားပြီဆိုရင်
ဒီလိုလက္ခဏာတွေကို ခံစားလာရမယ်

1 အလ္လာဟ်အရှင်သူ့ကို သိပ်အများကြီး အပင်ပန်း မခံခိုင်းဘဲ လုံလောက်တဲ့ရိုဇီကို ချီးမြှင့်မယ်

2 အရင်လို မဟုတ်ဘဲ ရသလောက်ရိုဇီနဲ့ တင်းတိမ်တတ်လာပြီး အလ္လာဟ်ကို အမြဲ ကျေးဇူးတင်နေမိမယ်။

3 တစ်နေ့ထက်တစ်နေ့ ကိုယ့်ကို လူတွေပိုပြီး ချစ်လာတာ လေးစားလာတာကို တွေ့လာရမယ်

4 နမားဇ်မှာ အရသာတွေ့လာပြီး စဂ်ျဒဟ်လုပ်တဲ့အခါ ဦးခေါင်းကို ပြန်မ မ ချင်ဘဲ အကြာကြီးလုပ်နေမိမယ်

5 ဂိုနဟ်ဖက်ကို ကိုယ်က သွားမိရင်တောင် အကြောင်းတစ်ခုခုပေါ်လာလို့ မလုပ်ဖြစ်လိုက်တာတွေ ဖြစ်လာမယ်။ ဒါ အလ္လာဟ်ဖက်ကနေ ထိန်းသိမ်းပေးလိုက်တာဖြစ်တယ်။

6 မကြာဆိုသလို ဒါလေး စားချင်လိုက်တာ ဒါလေးဖြစ်ချင်လိုက်တာလို့ တွေးမိလိုက်တဲ့အခါ မကြာခင်မှာ တကယ်ပဲ စိတ်ကူးထဲကအတိုင်း ဖြစ်သွားတာကြုံရမယ်။

7 ရင်ထဲက နှစ်နှစ်ကာကာတောင်းလိုက်တဲ့ ဒိုအာတွေဟာ ရုတ်ချည်းလက်ခံမှု ရသွားတာတွေ မြင်တွေ့ရမယ်။

8 သောကတွေတော့ မကြာဆိုသလို ကြုံရနိုင်ပေမယ့် ဘယ်လောက်ကြီးတဲ့ သောကဖြစ်နေပါစေ အလ္လာဟ်အရှင် ခဏ စမ်းသပ်တာပါ အချိန်တန်ရင် အဆင်ပြေသွားမှာပါဆိုတဲ့ ခံစားမှု စိတ်ထဲမှာဖြစ်ပေါ်နေပြီး တည်ငြိမ်မှုရှိနေတတ်တယ်။

9 အရင်နဲ့ ဘာမှမဆိုင်တော့ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အမြဲ စိတ်ချမ်းသာနေတတ်တယ်။
ရို့ကျိုးမှုတွေဝင်လာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးမှုတွေ မာနတွေ ပျောက်သွားတတ်တယ်။

10 ကိုယ့်ကို ဒုက္ခပေးတဲ့သူတွေကို ဘာမှ မတုန့်ပြန်ရဘဲနဲ့ ကိုယ့်အရှေ့မှာ သူတို့တွေပြန်ပြီး ဇလီလ်ဖြစ်သွားတာတွေကို မြင်လာရမယ်

11 မောသ်ကို အရင်လို မကြောက်တော့ဘဲ အချိန်မရွေးအဆင်သင့်အနေအထားနဲ့ စောင့်မျှော်နေတဲ့သူဖြစ်လာမယ်။

12 ဒွန္နယာရေးရာတွေအတွက် မျက်ရည်မကျတတ်တော့ဘဲ အာခေရသ်အတွက် သာ မျက်ရည်ကျမိလိမ့်မယ်။

13 ကိုယ့ထက် ဘယ်လောက်ပဲ ဒွန္နယာပိုင်းမှာ ပြည့်စုံတဲ့သူကိုတွေ့ရပါစေ အားကျမှုတွေ မက်မောမှုတွေ မဖြစ်တော့ဘူး။
သူတော်စင်တွေ အေဗာဒသ်များမြောင်စွာ လုပ်တဲ့သူတွေကိုသာ အားကျနေမိလိမ့်မယ်။

14 အရင်က ကိုယ်ပျော်မြူးခဲ့တဲ့ ဂိုနဟ်ရဲ့ ပတ်ဝန်းကျင်တွေအကြောင်း တွေးမိရုံနဲ့ ကြက်သီးမွှေးတွေထလာလိမ့်မယ်။

15 မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လာပြီး "ငါဆုံးဖြတ်လိုက်တာ မှန်သွားပါလား" ဆိုတာမျိုး အမြဲလို ကြုံလာရမယ်။
ဒါက အလ္လာဟ်အရှင်ဖက်ကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးနေတာဖြစ်တယ်။

16 ငါ့ ဘဝရပ်တည်ဖို့ စည်းစိမ်တွေ ဥစ္စာတွေ အိမ်တွေ ကားတွေ ထက် အလ္လာဟ်ရှိရင် လုံလောက်ပါပြီ ဆိုတဲ့ ခံယူချက်ဖြစ်လာမယ်။

17 အခြေအနေတိုင်းမှာ အလ္လာဟ်ကို ရှုက်ရ်လုပ်နေမိမယ်။ ဒါစားမှ ဒါဝတ်ရမှဆိုတဲ့ စိတ်မျိုးမရှိတော့ဘဲ ဘာပဲစားရစားရ ဘာပဲဝတ်ရဝတ်ရ အလ္လာဟ်ကို ကျေးဇူးတင်မိမယ်။

18 ဒွန္နယာရဲ့ စည်းစိမ်ထက် ဂျန္နသ်ရဲ့စည်းစိမ်ကို ပိုမက်မောလာပြီ
ဒွန္နယာရဲ့ဒုက္ခထက် အာခေရသ် ရဲ့ ဒုက္ခကို ပိုပြိးကြောက်လာမယ်။

အလ္လာဟ်အရှင်မြတ်သခင် ၎င်းအရည်အချင်းများအားလုံး ကျွန်တော်မျိုးတို့ကို ချီးမြှင့်တော်မူပါစေ။
အာမီးန်
မျှဝေပါသည်

Credit:: Orgina

သူတပါးအရိပ်လေးကိုမတော်တဆနင်းမိတာကအစ တောင်းပန်တတ်ရတယ်...ကိုယ်ကအသာစီးရနေတဲ့အချိန် ကိုယ့်ထက်အသာမရတဲ့သူကိုအလျှော့ပေးရတယ်...မ...
15/01/2024

သူတပါးအရိပ်လေးကိုမတော်တဆနင်းမိတာကအစ တောင်းပန်တတ်ရတယ်...

ကိုယ်ကအသာစီးရနေတဲ့အချိန် ကိုယ့်ထက်အသာမရတဲ့သူကိုအလျှော့ပေးရတယ်...

မပြေလည်တဲ့သူတွေတိုးဝှေ့နေကြတဲ့ တန်ဖိုးနည်းဆိုင်တွေကို ပြေလည်နေတဲ့သူတွေကရှောင်ပေးရတယ်...

ပင်ပင်ပန်းပန်းရှာဖွေစားသောက်နေတဲ့သူတွေကို ဈေးမဆစ်ပဲ တန်ရာတန်ကြေးပေးရတယ်...

အနာတရတွေနဲ့လျောက်လှမ်းနေတဲ့သူတွေတွေ့တဲ့အခါ ကိုယ်ပါနာကျင်နေယောင်ဆောင်ပြရတယ်...

ကြိုးဝိုင်းမှာတဖက်လူက အလံဖြူထောင်ပြရင် တိုက်ခိုက်တာကိုရပ်ပြီး ကျေအေးပေးရတယ်...

ယှဉ်ပြိုင်ဖို့ပြိုင်ဖက်ရွေးတဲ့အခါ တန်းတူညီမျှတဲ့သူကိုရွေးရတယ်...

ကိုယ့်အတွက်အကျိုးပြုစေတဲ့ အသေးစိတ်အရာလေးကအစ ကျေးဇူးတင်တတ်ရတယ်...

ကိုယ်ကထိုင်နေတာကြာလာတဲ့အခါ မက်တပ်ရပ်နေသူတွေနဲ့ နေရာချင်းလဲပေးရတယ်...

အခွင့်အရေးနဲ့ကြုံလာရင် ကိုယ့်ထက်အဆင်မပြေတဲ့သူကိုဦးစားပေးရတယ်...

သူတပါးချော်လဲတာမြင်ရင် မရယ်မိအောင်ထိန်းရတယ်...

တော်ပြီကွာလို့တဖက်လူကပြောလာရင် ရပ်ပေးရတယ်...

ရန်ဖြစ်တဲ့အခါ လက်သီးနဲ့ရှေ့တည့်တည့်ကထိုးရတယ်...
ဓာတ်မီးနဲ့ထိုးတဲ့အခါ အနောက်ကနေထိုးရတယ်...

ဒါတွေဟာ ကိုယ့်ဆီကစိုက်ထုတ်မပေးရတဲ့ လူ့ယဉ်ကျေးမှုတွေပဲ...

ကမ္ဘာမြေဟာ ကိုယ်ချင်းစာတရားတွေပြည့်ဝသွားတဲ့အခါ ကျေးငှက်တွေပျော်မြူးပြီး စမ်းချောင်းလေးတွေတေးသွားတီးခတ်နေလိမ့်မယ်...
လူ့အပြုံးတွေအသက်ဝင်ကြလိမ့်မယ်...
မြက်ခင်းတွေပိုမိုစိမ်းလန်းကြပြီး တောအုပ်လေးတွေပိုမိုအုပ်ဆိုင်းလာလိမ့်မယ်...
ဆောင်းဟာဆောင်းလိုအေးပြီး
နွေဟာနွေလိုနွေး
မိုးဟာမိုးလိုရွာသွန်းလိမ့်မယ်...

ကိုယ်ချင်းစာ နာတတ်ကြဖို့ပဲလိုပါတယ်... ။

Credit # Original Writer

သားသားက၃နှစ်ပဲရှိသေးတာ လူကြီးလေးအတိုင်းပဲ ကော်ဖီပဲသောက်တာဟုတ်တယ်..အိမ်ကသမီးကလည်း ထမင်းကျွေးလို့မရဘူး မာလာရှမ်းကောမှမာလာရ...
26/12/2023

သားသားက၃နှစ်ပဲရှိသေးတာ လူကြီးလေးအတိုင်းပဲ ကော်ဖီပဲသောက်တာ
ဟုတ်တယ်..အိမ်ကသမီးကလည်း ထမင်းကျွေးလို့မရဘူး မာလာရှမ်းကောမှမာလာရှမ်းကောပဲ

◾ကလေးသူငယ်များနှင့်အစားအစာ

ကလေးငယ်ငယ်လေးတွေ ကော်ဖီသောက်တယ်၊ အပူအစပ်အရသာပြင်းတဲ့ အစားတွေစားတယ်
တချို့ဆို Energy Drink နေ့တိုင်း မသောက်ရရင် အော်ဟစ်သောင်းကြမ်း ကြတယ်လေ
လမ်းမှာ အချိုရည်ဘူးကိုင်ပြီး လျှောက်သွားနေတဲ့ ကလေးလေး တွေလည်း မြင်ရတာ မဆန်းတော့ပါဘူး။

ကလေးလေးတွေ
- Coffee သောက်တတ်တာ
- Energy drink သောက်တတ်တာ
- အရသာပြင်းတဲ့ အစာတွေပဲ စားတော့ တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး 😰😰😰

ကျွန်တော်တို့ရဲ့ လျှာမှာ အရသာကို သိရှိခံစားဖို့ Taste buds ခေါ်တဲ့ အရသာခံတဲ့အဖုလေးတွေရှိပါတယ်။
အဲ့ဒါလေးတွေကြောင့် ချို ချဉ် ငန် ဖန်/ခါး စပ် အစရှိတဲ့ အရသာတွေကို ခွဲခြားသိရှိခံစားလို့ရတာပါ။

ကလေးတွေ အချိုကြိုက်တယ်ဆိုတာ အချိုကိုသိရှိခံစားနိုင်တဲ့ Taste Buds လေးတွေ လူကြီးတွေထက် အများကြီးပါလို့ပါ။
အားလုံးသိကြတဲ့ အတိုင်း အချိုဓာတ်ဟာ လူကို
- စိတ်ချမ်းသာစေတယ်
- စိတ်ဖိစီးမှုလျှော့နည်းစေတယ်
- အာရုံစူးစိုက်မှု ပိုကောင်းစေတယ်လေ

အချိုဓာတ်လျော့နည်းနေရင် လူကနေမကောင်းဘူး၊ နုံးနေတယ်၊ စိတ်မပျော်ဘူး၊ စိတ်တိုတယ်လေ (အနီးနားမှာ Diet လုပ်နေတဲ့သူတွေ ကြည့်ပါလား အလကားနေရင်း စိတ်တိုနေကြတယ်မလား 😅)

အပေါ်က အချက်တွေကြောင့် ကလေးတွေဟာ လူကြီးတွေထက် အချိုကြိုက်ကြတာပါ။
နောက်ထပ် သူတို့က ခါးတာကို လုံးဝ မကြိုက်ကြတဲ့ အတွက် ခါးတဲ့အစာတွေ (မချိုတဲ့ အစာ > ဟင်းသီးဟင်းရွက်တွေကို) မကြိုက်ကြတာပါ။

အပေါ်မှာပြောခဲ့တာက ကလေးတွေဘာလို့ အချိုကြိုက်ပြီး အခါးကြောက်ရလဲ ဆိုတာပါ။

ကလေးလေးတွေ မွေးစ မှာ မိခင်နို့ပဲ သောက်ကြပါတယ်။ နို့ဘူးပါရောတိုက်တဲ့ကလေးတွေကြတော့
မိခင်နို့ထက်ပိုချိုတဲ့ နို့ဘူးကိုပိုပြီး ကြိုက်သွားတတ်ကြပါတယ်။
နို့ဘူးကိုပိုကြိုက်သွားတဲ့ နောက်တစ်ချက်က အားမစိုက်ရတာပါ နို့ဘူးမှာအပေါက်ပါတော့ နို့ရည်တွေက ပါးစပ်ထဲဝေါခနဲ ဝင်ပါတယ် (မိခင်နို့ကြတော့ စို့ရတာကိုး)

အဲ့ဒီကနေ ကြီးလာတဲ့အခါ ဘာအရသာမှမရှိတဲ့ အာဟာရအမှုန့်တွေရေဖျော်ကျွေးကြတယ်လေ
အစပိုင်းတော့ စားကြတာပဲမလား 😅 (အာဟာရပြည့်ပေမယ့် အရသာသိပ်မရှိတာတွေလေ)

နောက်တစ်နှစ်ဝန်းကျင်ရောက်လာတဲ့ အခါ ထမင်းစကျွေးပါတယ်။
အဲ့ဒီအချိန်ဟာ အရေးကြီးပါတယ်
တစ်သက်လုံးစားသွားရမယ့် ကျွန်တော်တို့ရဲ့ ရိုးရာစားစရာ (ထမင်း နဲ့ ဟင်း) ကို သေသေချာချာ ကျွေးရမှာပါ။

အရှေ့တိုင်းသားတွေက ထမင်းနဲ့ဟင်း စားကြပြီး
အနောက်တိုင်းသားတွေက ပေါင်မုန့် နို့ နဲ့ အသား အဓိက စားကြတာဟာ အဲ့ဒီ တစ်နှစ်ဝန်းကျင်မှာ ဂရုတစိုက်နဲ့ ကျွေးပေးခဲ့ကြလို့ပါ။

ကျွန်တော်တို့ နိုင်ငံမှာတော့ ကလေးကို ထမင်း ဟင်း ကျွေးရမယ့် အချိန်မှာ ပေါင်မုန့်လည်း ကျွေးတာပဲ ကော်ဖီလည်း တိုက်လိုက်တာပဲ အချိုရည်လည်းတိုက်လိုက်တာပဲ

အဲ့ဒါလုံးဝ မကောင်းပါဘူး

"ကလေးကတောင်းတာကိုး" ကလေးကတော့ လူကြီးဘာစားစား လိုက်တောင်းစားမှာပါပဲ သူက အကုန်လုံးကို အရသာခံကြည့်ချင်နေတာကိုး

ကလေးရဲ့ နုနယ်တဲ့ အရသာခံဖုလေးတွေဟာ အရသာပြင်းတဲ့ အရည် အစားအစာတွေ စားပြီးသောက်ပြီးတဲ့ အခါမှာ သာမန် ထမင်းဟင်းကို ခံတွင်းမတွေ့တော့ပါဘူး

ဒီ အကောင်လေးက ထမင်းတော့ မစားဘူး ဒီအရည်တွေပဲသောက်နေတာပဲ ဆိုပြီး ကလေးကို ဆူပူဆဲဆိုသံ ကြားရရင် အဲ့ဒီလူကြီးတွေကပဲ ကလေးကိုဖျက်ဆီးလိုက်ကြတာပါ။

အချိုကြိုက်တဲ့ ကလေးတွေကို အချိုရည်တွေတိုက်လိုက်တဲ့ အခါ ဗိုက်မဆာတော့ပါဘူး ၊ ဒါပေမယ့် ဆာတဲ့အခါမှာလည်း အချိုရည်ပဲတောင်းသောက်တော့တာပါ
👉 အချိုတွေကို ကလေးတောင်းသလောက်မတိုက် မကျွေးတဲ့အခါ ကလေးဟာပိန်ညှောင်လေး ဖြစ်နေရတာပေါ့
👉 အချိုတွေကို ကလေးတောင်းသလောက်လိုက်ကျွေးကြတော့ ငယ်ငယ်ရွယ်ရွယ် နဲ့ အဝလွန်တဲ့ကလေးလေးဖြစ်ရာကနေ ဆီးချို၊ သွေးတိုးရောဂါ စောစီးစွာခံစားရစေပါတယ်။

သူများကလေးတွေ တောင့်တောင့်တင်းတင်းကျန်းကျန်းမာမာ ရှိပြီး ပြေးလွှားဆော့ကစားနေတဲ့အချိန် ၊ ကိုယ်ကလေးက ပိန်ညှောင်ညှောင်သွားကျိုးလေးနဲ့ အအေးဗူးလက်ထဲကမချတဲ့ တရားခံဟာ မိမိကိုယ်တိုင်ပါ (အဲ့ဒီအချိန်ရောက်မှ ကလေးကိုရိုက်နှက်ပြီး ပြုပြင်မယ်ဆိုတာ မလွယ်တော့ပါဘူး)

နောက်တစ်ခုက Coffee ပါ

Coffee မှာပါတဲ့ Caffine ဓာတ်ဟာ

ဦးနှောက်ကိုလန်းနေအောင်လုပ်ပါတယ်၊ နှလုံးခုန်မြန်စေပါတယ်၊ ဆီးသွားများစေပါတယ်
👉 ကလေးတွေကို Coffee တိုက်ခြင်းဖြင့်

- ကလေးတွေ ဂနာမငြိမ်၊ ထိန်းမရတာ
- ညတွေကောင်းကောင်း အိပ်မပျော်တာ
- နှလုံးခုန်စည်းချက်မမှန်တာ ရင်တုန်တာတွေဖြစ်စေပါတယ်
- သွေးပေါင်တက်စေပါတယ်
- ဆီးသွားများတဲ့အတွက် ရေလုံလောက်အောင်ပြန်မသောက်ရင် ရေဓာတ်ခမ်းခြောက်မှုဖြစ်စေပါတယ်
- ကော်ဖီအရသာပြင်းပြင်း ကြိုက်သွားတဲ့အခါ တခြားအစာ ကျွေးမရတော့ပြန်ပါဘူး

တချို့နိုင်ငံတွေမှာ ၁၂ နှစ်အောက် Coffee မတိုက်ရဆိုတာရှိဖူးသလို၊ တစ်နေ့ ဘယ်လောက်ပဲ သောက်ရမယ်ဆိုတာတွေရှိပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ကတော့ သုတေသန မရှိသလို သတိပေးတားမြစ်ချက်တွေ မရှိပါဘူး။
လူကြီး မိဘတွေက စာတွေများများဖတ်ပြီး မိမိတို့သားသမီး မြေးငယ်လေးတွေ
👉 ခန္ဓာကိုယ်ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ ကြိုးစားပေးသင့်ကြောင်းပါဗျာ

# Credit Dr. ဘုန်းစည်သူလွင်

20/12/2023

ငယ်ငယ်က စာလုပ်ရမှာကို အကြောက်ဆုံးဖြစ်ခဲ့တယ်။
အရွယ်လေးရလာတော့ မပြည့်စုံမှာကို ကြောက်လာတယ်။
အဖိုးကြီးတွေဟာ လမ်းလျှောက်ဖို့ပြန်သင်ယူရမှာကို ကြောက်တယ်။
လမ်းထိပ်ကအန်တီကြီးဟာ သူအချဉ်ပေါင်းတွေ
ရောင်းမကုန်မှာကို ကြောက်တယ်။
ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးကတော့ သူ့ကောင်မလေး
ထားသွားမှာကို အကြောက်ဆုံးပဲတဲ့။
အားလုံးဟာ သူ့အရွယ်အရ သူနဲ့တန်အောင် ပူပန်ရတာမျိုးပါပဲ။
ဘယ်သူကမှ အေးချမ်းနေပါတယ်လို့ မရှိဘူး။
စိတ်ကလေးဟာ ပင်ပန်းတတ်တယ်။

"ငါ့တုန်းက ဘယ်လို" ဆိုပြီး ပင်ပန်းခဲ့တာတွေကို
ဂုဏ်ယူဝင့်ကြွားမပြောစမ်းပါနဲ့။
ခင်ဗျားတစ်ယောက်တည်း ဒီကမ္ဘာကိုထမ်းထားရတာမဟုတ်ပါဘူး။
အသက်အရွယ်အရ ခင်ဗျားတို့ကအရင်ဖြတ်သန်းခဲ့တာမှန်ပါလိမ့်မယ်။
ခင်ဗျားမှာလဲ ခက်ခဲခဲ့တာတွေရှိသလိုပေါ့။
ကျုပ်တို့ဟာလဲ ပင်ပန်းတတ်ပါတယ်။
crd.
-tarmhyuunge

Address


Telephone

+959254013241

Website

Alerts

Be the first to know and let us send you an email when Pearl Honey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pearl Honey:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Clothing Store?

Share