12/08/2026
Sydney မြို့ကို ပြေးဖြတ်ပြီး Opera House ရှေ့မှာ အဆုံးသတ်မယ့် Marathon
2026 TCS Sydney Marathon — ကမ္ဘာ့မာရသွန်ကြီးခြောက်ပွဲထဲက အသစ်ဆုံးပြိုင်ပွဲရဲ့ သမိုင်းဝင်နေ့
မာရသွန်ဆိုတာ 42.195 km အကွာအဝေးကို ပြေးပြီး အချိန်ကောင်းတစ်ခုရဖို့ ကြိုးစားတဲ့ အားကစားပြိုင်ပွဲတစ်ခုလို့ ပြောရင် မမှားပါဘူး။ ဒါပေမယ့် ကမ္ဘာ့အဆင့် marathon တချို့မှာတော့ 42.195 km ထက် ပိုကြီးတဲ့ အရာတစ်ခု ရှိပါတယ်။
မြို့တစ်မြို့ရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ လူတွေရဲ့ စိတ်ဓာတ်နဲ့ ကမ္ဘာ့အကောင်းဆုံးအပြေးသမားတွေကို လမ်းတစ်လျှောက်တည်းမှာ စုစည်းပေးနိုင်တဲ့ အားကစားပွဲကြီးတစ်ခု ဖြစ်လာတာပါ။
အဲဒီထဲမှာ အခုအချိန်မှာ အသစ်ဆုံးအဖွဲ့ဝင်ကတော့ TCS Sydney Marathon presented by ASICS ဖြစ်ပါတယ်။
2025 ခုနှစ်မှာ Abbott World Marathon Majors (AbbottWMM) ထဲ ဝင်ရောက်ခဲ့ပြီးနောက် 2026 ခုနှစ်ပြိုင်ပွဲက Sydney Marathon အတွက် တကယ့်အဓိပ္ပာယ်ရှိတဲ့ “ဒုတိယ Major” ဖြစ်လာပါတယ်။ ပြိုင်ပွဲကို 2026 August 30၊ Sunday မှာ ကျင်းပမှာဖြစ်ပြီး 42.195 km လမ်းကြောင်းဟာ North Sydney ကနေ စတင်ကာ Sydney Harbour Bridge ကို ဖြတ်ပြီး နောက်ဆုံးမှာ ကမ္ဘာကျော် Sydney Opera House ရဲ့ရှေ့မှာ finish ဖြစ်မှာပါ။
“Sydney Awaits” — Sydney က စောင့်နေတယ်
2026 ခုနှစ်အတွက် ပြိုင်ပွဲရဲ့ campaign message က “2026: The Year You Run Sydney!” ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ “Sydney Awaits” ဆိုတဲ့ message နဲ့ ကမ္ဘာတစ်ဝန်းက runner တွေကို Sydney ဆီ ခေါ်နေပါတယ်။ ဒါဟာ elite athlete တွေအတွက်သာ မဟုတ်ဘဲ marathon runner တစ်ယောက်ရဲ့ ကိုယ်ပိုင် journey ကို အဓိကထားတဲ့ concept ပါ။
ဒီပြိုင်ပွဲရဲ့ spirit ကို အတိုချုံးပြောရရင်—
Run Sydney. Run Together.
တစ်ယောက်တည်းရဲ့ race ဖြစ်သလို လူပေါင်းသောင်းချီ ပါဝင်တဲ့ မြို့တစ်မြို့လုံးရဲ့ running festival လည်း ဖြစ်ပါတယ်။
2025 ခုနှစ်မှာ marathon finishers 32,963 ယောက်၊ နိုင်ငံ 117 နိုင်ငံက runner တွေ ပါဝင်ခဲ့ပြီး spectator 200,000 ကျော် ရှိခဲ့ပါတယ်။ Charity အတွက်လည်း AUD $9.8 million ကျော် ရန်ပုံငွေရှာဖွေနိုင်ခဲ့ပါတယ်။
လမ်းကြောင်းက ဘာကြောင့် ဒီလောက်ထူးခြားတာလဲ?
Sydney Marathon ရဲ့ အကြီးမားဆုံးအားသာချက်က course ပါ။
Start line က North Sydney မှာရှိပြီး Sydney Harbour Bridge ကို ဖြတ်သွားပါတယ်။ လမ်းတစ်လျှောက် The Rocks၊ Circular Quay၊ Centennial Park စတဲ့ Sydney ရဲ့ iconic နေရာတွေကို ဖြတ်ပြီး နောက်ဆုံးမှာ Sydney Opera House Forecourt မှာ finish ဖြစ်ပါတယ်။
အထူးသဖြင့် marathon တစ်ပွဲကို ပြေးပြီးတဲ့အချိန်မှာ finish line ကို ရောက်တာနဲ့ Opera House ကို မျက်စိရှေ့မှာ မြင်ရမယ့် experience က တော်တော်ထူးခြားပါတယ်။
ဒါကြောင့် Sydney Marathon ကို “fast marathon” တစ်ခုတည်းအဖြစ် မမြင်ဘဲ city marathon တစ်ခုအဖြစ် မြင်ရတာ ပိုမှန်ပါတယ်။
ဒါပေမယ့် 2026 Sydney Marathon ရဲ့ အကြီးဆုံး headline က Course မဟုတ်ပါဘူး
ဒီနှစ်မှာ marathon world champions နှစ်ယောက် တစ်ပြိုင်နက်တည်း Sydney မှာ ပြေးကြမှာပါ။
အမျိုးသားဘက်မှာ 2025 World Athletics Championships marathon champion Alphonce Simbu ရှိပါတယ်။
Tanzania အတွက် သမိုင်းဝင် World Championship gold medal ရယူပေးခဲ့သူ Simbu ရဲ့ marathon PB က 2:02:47 ဖြစ်ပါတယ်။ ထူးခြားတာက သူဟာ 2025 Boston Marathon မှာ ဒုတိယ၊ 2026 Boston Marathon မှာလည်း ဒုတိယ ရရှိထားပြီး Sydney ကို form ကောင်းကောင်းနဲ့ ဝင်လာတာပါ။
အမျိုးသမီးဘက်မှာတော့ 2025 World Champion Peres Jepchirchir ရှိပါတယ်။
Jepchirchir က Olympic champion ဖြစ်သလို Boston၊ New York နဲ့ London Marathon တွေကိုလည်း အနိုင်ရဖူးတဲ့ elite marathoner တစ်ယောက်ပါ။ သူမရဲ့ marathon PB က 2:14:43 ဖြစ်ပြီး 2026 Sydney women's field ထဲမှာ အမြန်ဆုံး PB ဖြစ်ပါတယ်။
ဒါကြောင့် 2026 Sydney Marathon ဟာ—
Men's World Champion + Women's World Champion
နှစ်ယောက်လုံး တစ်နေ့တည်း၊ တစ်မြို့တည်း၊ တစ်ပြိုင်ပွဲတည်းမှာ start line ပေါ် တစ်ချိန်တည်း ရပ်မယ့် ပြိုင်ပွဲဖြစ်လာပါတယ်။
Sydney Marathon Race Director ကိုယ်တိုင်က ဒါဟာ event history မှာ ပထမဆုံးအကြိမ်လို့ အတည်ပြုထားပါတယ်။
Men's Elite Field — 2:02 runners တွေ စုဝေးလာပြီ
အမျိုးသား field ကလည်း မလွယ်ပါဘူး။
Sisay Lemma (Ethiopia) ရဲ့ PB က 2:01:48 ဖြစ်ပြီး 2026 Sydney field ထဲမှာ အမြန်ဆုံး marathon PB ကို ပိုင်ဆိုင်ထားပါတယ်။ Boston နဲ့ London Marathon champion ဖြစ်ဖူးတဲ့ athlete တစ်ယောက်လည်း ဖြစ်ပါတယ်။
Timothy Kiplagat (Kenya) ကတော့ 2:02:55 PB ရှိပါတယ်။ 2024 Tokyo Marathon မှာ နောက်ဆုံးအနိုင်ရသူနဲ့ finish line အထိ အပြင်းအထန်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Melbourne Marathon course record ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Vincent Ngetich (Kenya) ကလည်း Major circuit မှာ အမြဲတမ်း အပေါ်ပိုင်းမှာ ရှိနေတဲ့ runner တစ်ယောက်ပါ။ Berlin 2023 မှာ ဒုတိယ၊ Tokyo 2024 နဲ့ 2025 မှာ တတိယ ရခဲ့ပါတယ်။
ပြီးတော့ ဒီနှစ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး debutant တစ်ယောက်ရှိပါတယ်။
Hagos Gebrhiwet (Ethiopia) ပါ။
သူက marathon မှာ အတွေ့အကြုံနည်းပေမယ့် 5,000 m မှာ သမိုင်းတစ်လျှောက် ဒုတိယအမြန်ဆုံး runner ဖြစ်ပြီး half marathon PB က 57:41 ဖြစ်ပါတယ်။ Olympic 5,000 m medalist တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် “track specialist တစ်ယောက် marathon မှာ ဘာလုပ်ပြမလဲ” ဆိုတာကို Sydney မှာ စောင့်ကြည့်ရမယ့် athlete ဖြစ်ပါတယ်။
ပြီးတော့ 2025 Sydney Marathon podium သုံးယောက်လုံးလည်း ပြန်လာပါတယ်။
Hailemaryam Kiros — 2:06:06
Addisu Gobena — 2:06:16
Tebello Ramakongoana — 2:04:18
Kiros ရဲ့ 2025 Sydney winning time 2:06:06 ဟာ Australian soil ပေါ်မှာ အမျိုးသား marathon အတွက် အမြန်ဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် field က အဲဒီ record ကို ချိုးဖျက်နိုင်မယ့် level အထိ တက်လာပါတယ်။
တကယ်တော့ men's field ထဲမှာ PB 2:10 အောက် ရှိသူ 25 ယောက်ရှိပြီး၊ 14 ယောက်က 2:05 အောက်၊ 5 ယောက်က 2:04 အောက်၊ 3 ယောက်က 2:03 အောက် ပြေးဖူးကြပါတယ်။
ဒါဟာ Major တစ်ပွဲအတွက် တော်တော်ကြမ်းတဲ့ field ပါ။
Women's Race — Jepchirchir ကို ဘယ်သူ စိန်ခေါ်မလဲ?
Women's field မှာ Jepchirchir ရဲ့ အဓိကပြိုင်ဘက်တွေထဲမှာ Irine Cheptai (Kenya) ပါပါတယ်။
သူမရဲ့ PB က 2:17:51 ဖြစ်ပြီး 2024 Chicago Marathon မှာ အဲဒီအချိန်နဲ့ တတိယ ရရှိခဲ့ပါတယ်။
Magdalena Shauri (Tanzania) ကလည်း 2025 Chicago Marathon မှာ တတိယရခဲ့သူဖြစ်ပြီး Tanzanian national record holder တစ်ယောက်ပါ။
2026 ခုနှစ်အတွင်း marathon အနိုင်ရထားပြီးသား athlete သုံးယောက်လည်း Sydney ကို ရောက်လာပါတယ်—
Stella Chesang (Uganda) — Osaka Women's Marathon champion
Ruti Aga (Ethiopia) — Xiamen Marathon champion
Haven Hailu (Ethiopia) — Seoul Marathon champion, 2:19:09
နောက်ထပ် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ နာမည်တစ်ခုကတော့ Vivian Cheruiyot ပါ။
သူမဟာ Olympic medal 4 ခု ရရှိထားပြီး World Champion အကြိမ်ကြိမ် ဖြစ်ဖူးတဲ့ distance-running legend တစ်ယောက်ပါ။ အသက်အရွယ်နဲ့ အတိတ်ကအောင်မြင်မှုတွေကြောင့်သာ မဟုတ်ဘဲ 2025 London Marathon မှာ fifth ရခဲ့တာကြောင့် “အခုထိ ဘာလုပ်ပြနိုင်သေးလဲ” ဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။
Women's field ထဲမှာ PB 2:26 အောက် ရှိသူ 24 ယောက်၊ 2:22 အောက် 20 ယောက်၊ 2:20 အောက် 13 ယောက်၊ 2:19 အောက် 9 ယောက် ရှိပါတယ်။
Course record က 2:18:22 ဖြစ်ပေမယ့် အဲဒီ record ထက် မြန်ဖူးတဲ့ အမျိုးသမီး 5 ယောက် ရှိပြီး 2:17 အောက် ရောက်ဖူးသူ 2 ယောက် တောင် ပါပါတယ်။
Marathon မဟုတ်တဲ့ “Marathon Story” တစ်ခုလည်း ရှိတယ်
Sydney Marathon ရဲ့ ထူးခြားချက်က wheelchair division ကိုလည်း အလေးထားတာပါ။
Women's wheelchair race မှာ Australian sporting icon Madison de Rozario ပြန်လာပါမယ်။ သူမက Sydney Marathon champion နှစ်ကြိမ် ဖြစ်ပြီး Tokyo 2020 Paralympic champion၊ London Marathon champion နှစ်ကြိမ် ဖြစ်ပါတယ်။
သူမကို စိန်ခေါ်မယ့်သူကတော့ wheelchair marathon ရဲ့ legend Manuela Schär (Switzerland) ပါ။
Schär ဟာ Paralympic medal 10 ခု ရရှိထားပြီး marathon world record holder ဖြစ်သလို AbbottWMM Series ကို 3 ကြိမ် အနိုင်ရထားပါတယ်။
ပိုပြီးထူးခြားတာက သူမဟာ AbbottWMM ရဲ့ six races အားလုံးကို series တစ်ခုတည်းအတွင်း အနိုင်ရခဲ့တဲ့ ပထမဆုံး athlete ဖြစ်ပါတယ်။
Sydney မှာ အနိုင်ရခဲ့ရင်တော့ Cape Town အပါအဝင် AbbottWMM ရဲ့ race အသစ်တွေပါ ထည့်တွက်ပြီး ရှစ်ပွဲလုံးကို အနိုင်ရတဲ့ ပထမဆုံး athlete ဖြစ်လာနိုင်ပါတယ်။
Sydney Marathon က ပြိုင်ပွဲတစ်ခုထက် ပိုကြီးလာပြီ
2026 မှာ Sydney Marathon ဟာ Australian Marathon Championships ကိုလည်း လက်ခံကျင်းပပါတယ်။
အဓိပ္ပာယ်ကတော့ ကမ္ဘာ့အကောင်းဆုံး runner တွေနဲ့ Australian အကောင်းဆုံး runner တွေဟာ course တစ်ခုတည်းပေါ်မှာ ပြေးကြမယ်ဆိုတဲ့ သဘောပါ။ ပြီးတော့ ဒီနှစ် Australian Championship ရဲ့ prize purse ကလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ပါတယ်။
ဒါကြောင့် Australian athlete တွေအတွက် Sydney က “ကမ္ဘာ့အကောင်းဆုံးတွေကို ကြည့်ရုံ” မဟုတ်တော့ဘဲ ကမ္ဘာ့အကောင်းဆုံးတွေနဲ့ တကယ်ပြိုင်ရမယ့် stage ဖြစ်လာပါတယ်။
နောက်ထပ် ထူးခြားတာ — Marathon ကို AI နဲ့ စိတ်ပိုင်းဆိုင်ရာအထိ လေ့ကျင့်ပေးမယ်
2026 Sydney Marathon က technology ကိုလည်း အားကစားထဲ ထည့်သွင်းထားပါတယ်။
ပြိုင်ပွဲက Marathon State of Mind နဲ့ ပူးပေါင်းပြီး participant 40,000 ကျော် ကို personalized mindset coaching ကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
Event organizer ရဲ့ အဆိုအရ marathon တစ်ခုလုံးရဲ့ participant အားလုံးကို AI-powered mindset coaching ပေးတဲ့ ကမ္ဘာ့ပထမဆုံး marathon ဖြစ်ပါတယ်။
ဒါကလည်း Sydney Marathon ရဲ့ theme ကို ပြောပြနေပါတယ်—
မာရသွန်ဆိုတာ ခြေထောက်နဲ့သာ ပြေးရတာ မဟုတ်ဘူး။
Mindset ကလည်း race တစ်စိတ်တစ်ပိုင်းပဲ။
“Planet PB” — ကိုယ့် PB တစ်ခုတည်း မဟုတ်ဘူး
Sydney Marathon ရဲ့ sustainability concept ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
Planet PB ဆိုတဲ့ program အောက်မှာ runner တွေကို ကိုယ့် personal best ကိုသာ မလိုက်ဘဲ ပတ်ဝန်းကျင်အတွက်လည်း “PB” တစ်ခု တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။
2026 မှာ recycling hub တွေကို ပိုတိုးချဲ့ပြီး bib၊ bottle၊ bottle cap၊ gel wrapper စတဲ့ ပစ္စည်းတွေကို ခွဲခြားစွန့်ပစ်နိုင်အောင် စီစဉ်ထားပါတယ်။
Pre-loved running shoes တွေကိုလည်း ပြန်လည်အသုံးပြုနိုင်အောင် စုဆောင်းပေးမှာပါ။ Elite athlete နဲ့ course operation တွေမှာ electric Porsche vehicles ကို အသုံးပြုထားပါတယ်။
အဲဒါကြောင့် ဒီပြိုင်ပွဲမှာ PB ဆိုတာ Personal Best တစ်ခုတည်း မဟုတ်တော့ပါဘူး။
Planet PB လည်း ရှိပါတယ်။
Race Week ကိုယ်တိုင်က Festival တစ်ခု
Marathon မစခင် August 27–29 မှာ Sydney Showground မှာ TCS Sydney Marathon Running Show ကျင်းပမှာဖြစ်ပါတယ်။
Runner တွေ bib သွားယူမယ်၊ running brands တွေတွေ့မယ်၊ race preparation လုပ်မယ်—တစ်နည်းအားဖြင့် marathon weekend ရဲ့ heart ဖြစ်လာမှာပါ။
ပြီးတော့ August 29၊ marathon မတိုင်ခင်တစ်ရက်မှာ TCS Sydney Mini Marathon 5 km ရှိပါတယ်။
သူ့ရဲ့ message က အရမ်းလှပါတယ်—
“This is Sydney’s 5K. Don’t watch it. Do it.”
ကလေး၊ မိသားစု၊ beginner၊ experienced runner—ဘယ်သူမဆို Sydney ရဲ့ အလယ်မှာ 5 km ပြေးပြီး Opera House ရှေ့မှာ finish လုပ်နိုင်အောင် စီစဉ်ထားတာပါ။
နောက်ဆုံးမှာတော့…
2026 TCS Sydney Marathon ကို ကြည့်မယ်ဆိုရင် အဲဒါဟာ Abbott World Marathon Majors ထဲ ဝင်လာတဲ့ “အသစ်ဆုံး Major” တစ်ခုဆိုတာထက် ပိုပါတယ်။
Sydney Harbour Bridge ပေါ်ကနေ ကမ္ဘာ့အမြန်ဆုံး marathoners တွေ ပြေးသွားမယ်။
တစ်ဖက်မှာ Alphonce Simbu လို World Champion ရှိမယ်။
တစ်ဖက်မှာ Peres Jepchirchir လို Olympic Champion၊ World Champion ရှိမယ်။
Sisay Lemma 2:01:48၊ Timothy Kiplagat 2:02:55၊ Alphonce Simbu 2:02:47 တို့လို 2:02 အဆင့် marathoners တွေက podium အတွက် တိုက်ပွဲဝင်ကြမယ်။
ပြီးတော့ သူတို့နောက်မှာ ကမ္ဘာတစ်ဝန်းက runner သောင်းနဲ့ချီပြီး ကိုယ့်ရဲ့ marathon story ကိုယ်ရေးကြမယ်။
နောက်ဆုံးမှာတော့ အားလုံးက တစ်နေရာတည်းကို ရောက်ကြမယ်—
Sydney Opera House ရှေ့က Finish Line။
အဲဒီအချိန်မှာ ကမ္ဘာ့အကောင်းဆုံး marathoner တစ်ယောက်ရဲ့ 2 နာရီကျော်ကြာတဲ့ race ဖြစ်နိုင်သလို၊ အခြား runner တစ်ယောက်အတွက်တော့ 5 နာရီ၊ 6 နာရီ၊ 7 နာရီကြာတဲ့ ကိုယ်ပိုင်ဘဝရဲ့ အကြီးမားဆုံးအောင်ပွဲတစ်ခု ဖြစ်နိုင်ပါတယ်။
ဒါဟာ Sydney Marathon ရဲ့ အလှပါ။
One city. One marathon. Thousands of stories.
ပြီးတော့ 2026 ခုနှစ်အတွက် Sydney က runner တွေကို ပြောနေတဲ့ စကားက ရိုးရိုးလေးပါ—
Sydney Awaits.
The Year You Run Sydney.
ဝန်ခံချက်: TCS Sydney Marathon: Run Sydney's Ionic Marathon ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။