May Coe - Words For Soul

May Coe - Words For Soul Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Coe - Words For Soul, Yangon.

ဘဝမှာဘယ်လောက်ပဲစိတ်ဓာတ်ကျစရာတွေရှိပါစေ မနေ့ကထက်ပိုကောင်းတဲ့ Version အသစ်နဲ့ ကိုယ်ကိုယ်ကို ပြန်လည်ပျိုးထောင်ဖို့ ၊ စိတ်အာဟာရတွေဖြစ်ဖို့ ၊ အတူတူရှင်သန်ရှေ့ဆက်ကြဖို့ ကိုယ်တိုင်ခံစား‌ရေးသား နှလုံးသားအတွက် စကားစုများ

လူတွေက ပြောကြတယ်... "အချိန်က အရာအားလုံးကို ကုစားပေးတယ်" တဲ့။ဒါပေမယ့် လူတိုင်းအတွက်တော့ ဒီစကားက မမှန်ကန်ပါဘူး။ တစ်ချို့အရ...
17/07/2026

လူတွေက ပြောကြတယ်... "အချိန်က အရာအားလုံးကို ကုစားပေးတယ်" တဲ့။

ဒါပေမယ့် လူတိုင်းအတွက်တော့ ဒီစကားက မမှန်ကန်ပါဘူး။ တစ်ချို့အရာတွေက အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားတယ်လို့ ထင်ရပေမယ့် နှလုံးသားထဲမှာ နေရာယူထားဆဲပါပဲ။

စိတ်ဒဏ်ရာဆိုတာ မမြင်ရပေမယ့် နေ့တိုင်း နာကျင်စေတတ်တဲ့ အရာပါ။ အချိန်တစ်ခုတည်းနဲ့ အရာအားလုံး မပြီးဆုံးသွားပါဘူး။ အချိန်ကို သမားတော်အဖြစ် ပြောင်းလဲဖို့ဆိုရင် ကိုယ်တိုင်ကလည်း အချိန်နဲ့အတူ ကုစားဖို့ ကြိုးစားရပါမယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ကုစားဖို့ ဒီ (၃) ချက်ကို သတိရပေးဖို့တော့လိုတယ်
၁။ ဖြစ်ပျက်သမျှဟာ သဘာဝပဲလို့ လက်ခံပြီး နာကျင်မှုကို ရင်ဆိုင်ပါ။
၂။ မေ့ပစ်ဖို့ အတင်းမတွန်းအားပေးဘဲ နားလည်တတ်ဖို့ ကြိုးစားပါ။
၃။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပြီး တန်ဖိုးထားဖို့ ပြန်သင်ယူပါ။

ကုစားဖို့ရာ အချိန်ထက်... ကိုယ်ကိုယ်တိုင်က ကုစားတတ်ဖို့ ပိုအရေးကြီးပါတယ်။ ✨

သင့်အတွက် ခွန်အားဖြစ်စေတယ်ဆိုရင် 'Love' ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။ တခြားသူတွေပါ ဖတ်ရအောင်လည်း Share ပေးသွားပါဦး။

#မေကိုး
နှလုံးသားအတွက် စကားစုများ

မျှော်လင့်ချက်တိုင်းက ကိုယ့်အတွက် "အားဆေး" ဖြစ်မနေနိုင်ဘူးဆိုတာ သိဖို့လိုပါတယ် 💊♨️မျှော်လင့်ချက်ဆိုတာ စောင့်ဆိုင်းခြင်းပ...
12/07/2026

မျှော်လင့်ချက်တိုင်းက ကိုယ့်အတွက် "အားဆေး" ဖြစ်မနေနိုင်ဘူးဆိုတာ သိဖို့လိုပါတယ် 💊♨️

မျှော်လင့်ချက်ဆိုတာ စောင့်ဆိုင်းခြင်းပါပဲ။ စောင့်ဆိုင်းရတယ်ဆိုတာ အချိန်နဲ့ စိတ်ဆန္ဒတစ်ခုလုံးကို ရင်းနှီးမြှပ်နှံထားရတာပါ။ ဒါပေမဲ့ အဲဒီရင်းနှီးမှုက ကိုယ့်ကို ပြန်သတ်နေတာမျိုး မဖြစ်စေဖို့လိုပါတယ်

မျှော်လင့်ချက်နဲ့ပက်သက်လို့ အမျိုးအစားခွဲကြည့်ရင် မျှော်လင့်ချက် (၂) မျိုးရှိတယ်ဆိုတာသိခဲ့ရတယ်။

✅ အားဆေးတစ်ခွက်လို မျှော်လင့်ချက်:
ကိုယ့်ဘဝ တိုးတက်ဖို့အတွက် ယိမ်းယိုင်မသွားအောင် တွန်းအားပေးတဲ့ မျှော်လင့်ချက်မျိုးပါ။

❌ အဆိပ်တစ်ခွက်လို မျှော်လင့်ချက်:
အချိန်ကြာလေ ကိုယ့်ကိုယ်ကို နာကျင်လေ၊ စိတ်ပင်ပန်းလေဖြစ်ပြီး အချိန်ကို အကျိုးမဲ့ ဖြုန်းတီးပစ်တဲ့ မျှော်လင့်ချက်မျိုးပါ။

ဘယ်မျှော်လင့်ခြင်းကို ဘယ်အချိန်မှာ ဆုပ်ကိုင်ထားရမလဲ၊ ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတဲ့ ကွဲပြားမှုကို သိဖို့က ကိုယ့်ဘဝအတွက် အရေးကြီးဆုံး ပညာရပ်တစ်ခုပါပဲ။

#မေကိုး(စိတ်နှလုံးသားအတွက်စကားစုများ)

ဒီ post က သင့်အတွက် အကျိုးရှိတယ်ဆိုရင် Share ပေးပြီး သူငယ်ချင်းတွေကိုပါ ဝေမျှပေးလိုက်ပါဦး။ ✨

"လူယုံကြောင့် ဒုက္ခရောက်ရတယ်" ဆိုတဲ့ စကားက အခုခေတ်မှာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ ကိုယ့်ရှေ့မှာပြုံးပြပြီး ကွယ်ရာမှာ အ...
09/07/2026

"လူယုံကြောင့် ဒုက္ခရောက်ရတယ်" ဆိုတဲ့ စကားက အခုခေတ်မှာ တကယ်ကို ကြောက်စရာကောင်းပါတယ်။

ကိုယ့်ရှေ့မှာပြုံးပြပြီး ကွယ်ရာမှာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို အငိုက်မှာ တစ်ချက်ကိုက်ဖို့‌ ချောင်းနေတဲ့ "မိတ်ဆွေအယောင်ဆောင်" တွေ သတိထားမိကြရဲ့လား? 🐍

ကျွန်မ အမြဲမှတ်သားထားတဲ့ မိတ်ဆွေစစ်ဆိုတာ...
✅ ကိုယ်မရှိတဲ့ ကွယ်ရာမှာတောင် ကိုယ့်နာမည်ကို ကာကွယ်ပေးတတ်သူ။
✅ အမှားကို လူကြားထဲ အရှက်မခွဲဘဲ တိတ်တိတ်လေး သီးသန့်ပြုပြင်ပေးသူ။
✅ ခင်မင်မှုကို ငွေကြေး၊ ရာထူးထက် "သိက္ခာ" နဲ့ လဲလှယ်တတ်သူတွေပါ။

Fake အတု‌အ‌‌ယောင်တွေ ပေါများနေတဲ့ ဒီခေတ်ကြီးမှာ Real ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ရှိနေတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ 🎁

သင်ရော... "မိတ်ဆွေစစ်" တစ်ယောက်ဆီကနေ ရရှိဖူးတဲ့ အမှတ်တရလေးတွေ ရှိရင် ဝေမျှပေးခဲ့ပါဦး။

#မေကိုး(စိတ်နှလုံးသားအတွက်စကားစုများ)

တစ်ခါတလေ ဘဝက ရှေ့ဆက်ဖို့ အင်အားတွေ ကုန်ခမ်းနေပြီလား? 😔ခက်ခဲပင်ပန်းမှုတွေ ကြုံလာတိုင်း အရှုံးမပေးမိအောင် ဒီ (၃) ချက်ကို မ...
06/07/2026

တစ်ခါတလေ ဘဝက ရှေ့ဆက်ဖို့ အင်အားတွေ ကုန်ခမ်းနေပြီလား? 😔

ခက်ခဲပင်ပန်းမှုတွေ ကြုံလာတိုင်း အရှုံးမပေးမိအောင် ဒီ (၃) ချက်ကို မဖြစ်မနေ ဖတ်ကြည့်ပေးပါ။

ဘဝမှာ ရှင်သန်နေရင်း လဲကျချင်တဲ့အခါ...

(၁) လူတစ်ယောက် ထွက်သွားတိုင်းမှာ ဝမ်းနည်းခွင့် ရှိပါတယ်။ ဒါပေမဲ့ သတိရရမှာက သူမရှိတော့တဲ့နောက်မှာလည်း ကိုယ်ရဲ့ ကမ္ဘာကတော့ ဆက်လည်နေဦးမှာပါ။ ကိုယ့်ကိုယ်ကို အတွက် ကိုယ်ကရှေ့ဆက်‌နေရမယ်။

(၂) နာကျင်နေဖို့ပဲ အချိန်မပေးပါနဲ့။ ဘဝဆိုတာ အချိန်မှတ်တိုင်တွေ အများကြီးပါ။ နာကျင်နေလည်း ရှေ့ဆက်နေရသလို၊ ပျော်ရွှင်နေလည်း ရှေ့ဆက်နေရတာပါပဲ။ အချိန်ဆိုတာ ကိုယ်ကို စောင့်နေမှာ မဟုတ်ဘူး။

(၃) အမြဲတမ်း ပြိုလဲနေလို့ မရဘူး။ တစ်ခါတလေ နားချင်နားမယ်၊ ဒါပေမဲ့ လက်တော့ မလျှော့လိုက်ပါနဲ့။ အဓိပ္ပာယ်ရှိတဲ့ ရှင်သန်မှုဆိုတာ ခက်ခဲမှုကြားကနေ ပြန်ထနိုင်တာကို ခေါ်တာပါ။

ဒီနေ့ ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် တစ်နေ့မှာ ကိုယ့်ကိုယ်ကို ပြန်ပြီး ကျေးဇူးတင်နေမိပါလိမ့်မယ်။ ❤️

မေကိုး(စိတ်နှလုံးသားအတွက်စကားစုများ)

#

04/07/2026

လမ်းခွဲရလို့ နာကျင်နေရတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီနာကျင်မှုနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ကံကောင်းခြင်းတစ်ခု ရှိတယ်။အဲဒါကတေ...
02/07/2026

လမ်းခွဲရလို့ နာကျင်နေရတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီနာကျင်မှုနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ကံကောင်းခြင်းတစ်ခု ရှိတယ်။

အဲဒါကတော့ ကိုယ့်ဘဝအတွက် မစစ်မှန်တဲ့သူတွေ၊ Toxic ဖြစ်တဲ့သူတွေကို အချိန်မီ ဘဝထဲက ဆွဲထုတ်ပေးလိုက်ပြီး တစ်ဘဝလုံး နာကျင်ရမယ့်ဘေးက ကာကွယ်ပေးလိုက်တာပါ။

Toxic ဖြစ်တဲ့သူ‌တွေနဲ့ လမ်းခွဲလိုက်ခြင်းက ကိုယ့်အတွက် ဒီအခွင့်အရေး ၃ ခုကိုလည်း ယူဆောင်လာပေးပါတယ် -
✅ ၁။ နေရာလွတ်ပေးခြင်း - စစ်မှန်တဲ့လူတစ်ယောက် ဝင်ရောက်လာဖို့ သင့်နှလုံးသားထဲမှာ နေရာလွတ် ဖန်တီးပေးလိုက်တာပါ။
✅ ၂။ လမ်းညွှန်ပေးခြင်း - ပိုကောင်းတဲ့သူ၊ ပိုတန်ဖိုးထားတဲ့သူနဲ့ ဆုံဖို့ လမ်းစပြပေးလိုက်တာပါ။
✅ ၃။ မိမိကိုယ်ကို ပြန်တွေ့ခြင်း - သူများအတွက် အသက်ရှင်နေရတဲ့ဘဝကနေ ကိုယ့်တန်ဖိုးကိုယ် ပြန်သိလာဖို့ အခွင့်အရေး ရလိုက်တာပါ။

ဒါကြောင့် လမ်းခွဲခြင်းက အဆုံးသတ်မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ပိုတောက်ပမယ့် "Next Chapter" အတွက် စတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းပါ။ ☀️

ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။ 🧡

သင်တို့ရော Toxic People တွေကနေ ရုန်းထွက်ခဲ့ရဖူးပါသလား?

မေကိုး(စိတ်နှလုံးသားအတွက်စကားစုများ)

ဘဝမှာ ငွေရှိတိုင်းပျော်ရမယ်အထင်နဲ့ ငွေနောက်အသည်းအသန် လိုက်နေမိတဲ့အဖြစ်တွေရှိတတ်ကြတယ်တကယ်တော့ ကျွန်မတို့ဘဝမှာ မပြိုလဲအောင...
30/06/2026

ဘဝမှာ ငွေရှိတိုင်းပျော်ရမယ်အထင်နဲ့ ငွေနောက်အသည်းအသန် လိုက်နေမိတဲ့အဖြစ်တွေရှိတတ်ကြတယ်

တကယ်တော့ ကျွန်မတို့ဘဝမှာ မပြိုလဲအောင် ထိန်းထားပေးဖို့ "မရှိမဖြစ် တိုင်ကြီး (၂) တိုင်" လိုအပ်ပါတယ်။

ဒီတိုင်နှစ်တိုင်ထဲက တစ်ခုခု လိုအပ်သွားရင် ကိုယ့်ဘဝဟာလည်း ယိုင်နဲ့သွားနိုင်ပါတယ်

(၁) ရှင်သန်ဖို့အတွက် အသက်မွေးဝမ်းကြောင်းပညာ.......
ဒါကတော့ အားလုံးသိကြတဲ့အတိုင်း စားဝတ်နေရေးအတွက် မဖြစ်မနေ သင်ယူရမယ့် ပညာပါ။ ဒီပညာက ကိုယ့်ကို လူတန်းစေ့ နေနိုင်အောင်၊ ရပ်တည်နိုင်အောင် ပံ့ပိုးပေးပါတယ်။

(၂) အဓိပ္ပာယ်ရှိဖို့အတွက် နေထိုင်တတ်တဲ့ပညာ...
ငွေတွေအများကြီးရှိပေမယ့် စိတ်မချမ်းသာဘူး၊ လွတ်လပ်မှုမရှိဘူး ဆိုတာ ဒီပညာ အားနည်းနေလို့ပါ။ ဘဝကို ဘယ်လို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းရမလဲ၊ အဆိုးထဲက အကောင်းကို ဘယ်လို ရှာမလဲဆိုတာ ဒီပညာက သင်ပေးပါတယ်။

ဘဝဆိုတာ ရှင်သန်နေဖို့တင် မဟုတ်ဘဲ "အဓိပ္ပာယ်ရှိရှိ" ရှင်သန်ဖို့လည်း လိုအပ်ပါတယ်။ ငွေကြေးနဲ့ စိတ်ချမ်းသာမှု Balance ညီနေမှသာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာပါ။

သင့်ဘဝမှာရော ဒီ (၂) ခုလုံး Balance ညီရဲ့လား?
ညီအောင်ရော ဘယ်လို ကြိုးစားနေလဲဆိုတာ Share ပေးခဲ့ပါဦး။ 👇

မေကိုး(စိတ်နှလုံးသားအတွက်စကားစုများ)

28/06/2026

ဆားတစ်ပွင့်ရဲ့တန်ဖိုးလို နေထိုင်ပါ

26/06/2026

နာကျင်မှုတွေက အမြဲတမ်း တည်မြဲမနေပါဘူး မုန်တိုင်းပီးရင် သက်တန့်လေးတွေက ထွက်လာစမြဲပါ

အခုလောလောဆယ်မှာ ဘဝက အရမ်းပင်ပန်းပြီး ဘာဆက်လုပ်ရမှန်း မသိအောင် လမ်းပျောက်နေရတယ် မဟုတ်လား?

မျှော်လင့်ချက်တွေ ပျက်စီးပြီး တစ်ယောက်တည်း ဒဏ်ရာတွေနဲ့ လဲကျနေတယ်လို့ ခံစားရရင်တောင် စိတ်မပျက်ပါနဲ့ဦး။

ဘဝမှာ ဘယ်အရာမှ ထာဝရ မဟုတ်ပါဘူး။

အဆိုးဆုံးနေ့ရက်တွေဟာလည်း အချိန်တန်ရင် ကုန်ဆုံးသွားမှာပါ။

မုန်တိုင်းအပြီးမှာ ကောင်းကင်ကြီး ပြန်သာယာလာပီး သက်တန့်‌ လေးတွေထွက်လာသလိုမျိုး...

မင်းရဲ့ဘဝထဲကိုလည်း ပျော်ရွှင်မှုတွေ တကျော့ပြန် ဝင်ရောက်လာဦးမှာမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး အားတင်းထားပါ...။ 🤍

မေကိုး (စိတ်နှလုံးသားအတွက်စကားစုများ)

"လက်ရှိ အရမ်းပင်ပန်းနေရတဲ့သူတွေရှိရင် ဒီစာလေးဖတ်ပြီး အားယူပါနော်။ 💭✨

တစ်ချို့လူတွေက "ဘယ်သူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး" ဆိုတဲ့ စကားကို မှားယွင်းစွာ အသုံးချနေတတ်ပါတယ် 🛑ကိုယ့်ကိုယ်ကိုယ် ချစ်...
24/06/2026

တစ်ချို့လူတွေက "ဘယ်သူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး" ဆိုတဲ့ စကားကို မှားယွင်းစွာ အသုံးချနေတတ်ပါတယ် 🛑

ကိုယ့်ကိုယ်ကိုယ် ချစ်တာ (Self Love) နဲ့ တစ်ကိုယ်ကောင်းဆန်တာ (Selfish) ဟာ ကြည့်လိုက်ရင် တူသလိုလိုနဲ့ တကယ်တမ်းတော့ အဓိပ္ပာယ် အများကြီး ကွာခြားပါတယ်။

✅ Self Love ဆိုတာ -
ကိုယ့်ရဲ့ လုပ်ရပ်တွေက သူတစ်ပါးကို မထိခိုက်စေဘဲ ကိုယ့်အတွက် သင့်တော်တဲ့ Boundary တစ်ခုကို စနစ်တကျ သတ်မှတ်ထားတာကို ခေါ်ပါတယ်။ ကိုယ့်တန်ဖိုးကို ကိုယ်သိပြီး မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်နေတာပါ။

❌ Selfish ဆိုတာ -
ကိုယ့်လုပ်ရပ်ကြောင့် တစ်ဖက်လူ ထိခိုက်နေတာတောင် ကိုယ်ချင်းစာစိတ်ပါ ပျောက်ဆုံးနေပီး ကိုယ့်အတွက်ပဲ ကြည့်တာကို ခေါ်ပါတယ်။

အချို့က "Self Love" ဆိုတဲ့ ခေါင်းစဉ်လေးကို အကာအကွယ်ယူပြီး သူတစ်ပါးကို ရည်ရွယ်ချက်ရှိရှိ "Selfish" ဆန်စွာ နာကျင်စေတာမျိုး ပြုလုပ်တတ်ကြပါတယ်။

အမှန်တရားနဲ့ မယှဉ်တဲ့ "ဂရုမစိုက်ခြင်း" ဟာ ကိုယ့်ကိုယ်ကိုယ် အတ္တနွံထဲ ဆွဲနှစ်လိုက်တာနဲ့ တူတူပါပဲ။

Self Love လား? Selfish လား? မသိသရွေ့ "ဘယ်လိုထင်ထင်ဂရုမစိုက်ဘူး" ဆိုတာကို နေရာမှားသုံးနေမိအုန်းမှာပဲ

ဒီအမြင်လေးကို သဘောကျတယ်ဆိုရင် တခြားသူတွေပါ သိသွားအောင် Share ပေးသွားပါဦး။

သင်ရော အဲလို အတ္တသမားတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါသလား? commentမှာ ဝေမျှပေးခဲ့ပါအုန်းနော် 💬

မေကိုး(စိတ်နှလုံးသားအတွက်စကားစုများ)

Address

Yangon

Alerts

Be the first to know and let us send you an email when May Coe - Words For Soul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share