Forever Mail Box

Forever Mail Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forever Mail Box, Yangon.

ဒီပန်းချီကားကို Scene of the deluge လို့ ခေါ်ပြီး  1827 မှာ  Joseph Désiré (1797-1865) က ရေးဆွဲထားတာဖြစ်တယ်။ပန်းချီကားထဲ...
03/11/2022

ဒီပန်းချီကားကို Scene of the deluge လို့ ခေါ်ပြီး 1827 မှာ Joseph Désiré (1797-1865) က ရေးဆွဲထားတာဖြစ်တယ်။

ပန်းချီကားထဲမှာ
သန်မာနုပျိုတဲ့အမျိုးသားဟာ
ရေထဲဆုံးဆုံးနစ်တော့မယ်လူအိုကြီးကို ဆွဲခေါ်ဖို့သာ အာရုံစိုက်ကြိုးစားနေတယ်။
တဖက်မှာတော့ ငယ်ရွယ်ပျိုမြစ်တဲ့မိန်းမပျိုလေးဟာ ရေမနစ်ဖို့အရေး လက်တဖက်ကနေ သစ်ကိုင်းကို အမိအရဖမ်းဆုတ်ထားရပြီး
ရင်သွေးငယ်လေးကို လက်တစ်ဖက်ကနေ မြှောက်ကာ အသက်ဘေးက လွတ်မြောက်ဖို့ကြိုးပမ်းနေရှာတယ်။

ပန်းချီဆရာဟာ ဆိုလိုချင်တာကတော့
🔹 လူအိုအမျိုးသားကြီးဟာ အတိတ်ကာလ ဖြစ်တယ်။
🔹 ငယ်ရွယ်ပျိုမြစ်တဲ့မိန်းမပျိုလေးဟာ ပစ္စုပ္ပန်ကာလ ဖြစ်ပြီး
🔹 ရင်သွေးငယ်လေးဟာ အနာဂတ် ဖြစ်တယ်။

လူတွေဟာ အတိတ်ကိုပဲ တဝယ်လည်လည် သံယောဇဉ်မပြတ်တာကြောင့် ပစ္စုပ္ပန် နဲ့ အနာဂတ် တွေကို လစ်လျုရှူမိကြောင်း ကို ပန်းချီဆရာက တင်စားပုံဖော်ထားတာဖြစ်တယ်။

အချို့တွေဟာ မိဘ ဆိုတဲ့ ခရီးလမ်းကို ရွေးချယ်ခဲ့ကြပေမယ့်
💃🕺 အရင်လို အပျို/လူပျို ဘဝကလို လွတ်လပ်ချင်ကြတယ်။
💃🕺 အရင်လို အလှတွေ ထိုင်ပြင်နေချင်တယ်။
💃🕺 အရင်လို ဒေါက်ဖိနပ်လေးစီးပြီး ကျော့ကျော့လေး အပြင်သွားချင်ကြတယ်။
💃🕺 အရင်လို သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ ညဉ့်နက်သန်းခေါင်အထိ ပျော်ပါးချင်ကြတယ်။
💃🕺 အရင်လို ဖုန်းလေးကိုင်ပြီး အချိန်တွေဖြုန်းချင်တယ်။
💃🕺 မိခင် ဖခင် ဖြစ်သွားတော့ အရင်ကလို ကိုယ်ပိုင်ပျော်ပါးချိန်တွေ လျော့သွားတာကို သာ အာရုံစိုက်ဖြစ်ကြတယ်။ အစားထိုးအနေနဲ့ရလာတဲ့ ကြည်နူးစရာ ကလေးငယ်ရဲ့ တီတီတာတာသံလေးတွေ ကို တွယ်တာဖို့အာရုံမစိုက်ဖြစ်ကြဘူး။ လူ့သဘာဝကိုက အနုတ်လက္ခဏာဆောင်တာကိုသာ အသားပေးတွေးတတ်ကြတယ်။ ဦးနှောက်က ဒီလိုအလုပ်လုပ်တာကို Negative bias လို့ခေါ်တယ်။ ( နောက်များမှ ဒီအကြောင်းရှင်းပြမယ်။ )
💃🕺 မိခင် ဖခင် ဖြစ်သွားတော့ အရင်က သူငယ်ချင်းတွေက အပျို/လူပျို ပဲ ရှိသေးတော့ အပေါင်းအသင်းကြား သွားရလာရ အရင်လို သိပ် အဆင်မပြေကြတော့ဘူး။ မိခင်/ဖခင်ဘဝ မှာ အခြားသော မိခင်/ဖခင် တွေနဲ့ အသစ်သောသူငယ်ချင်းတွေရှာမယ်ဆိုတာထက် အရင်ကသူငယ်ချင်းတွေကိုပဲ တွယ်တာနေပြီး သူတို့လို မလုပ်ရလို့ ဝမ်းနည်းမဆုံးဖြစ်တတ်ကြတယ်။

🔻 ဒီလို အတိတ် က ဘဝ ကိုသာပြန်ရဖို့ကြိုးစားနေရင်
🔻 ပျော်ရွှင်နေတဲ့ ပစ္စုပ္ပန် အချိန်ကာလလေးတွေကို ဆုံးရှုံးရနိုင်သလို
🔻 လှပတဲ့ အနာဂတ် ကို ပုံဖော်ဖြစ်လိမ့်မှာမဟုတ်ဘူး။
ဒါ့အပြင် ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ဘေးက မိသားစုကို ပါ နာကျင်ထိခိုက်စေနိုင်တယ်။ လက်လွတ်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တယ်။
ပန်းချီကားထဲကလိုပဲ ဒီနေ့ဟာ ဘယ်လိုပဲလုပ်လုပ်မနေ့တုန်းကလိုမဖြစ်နိုင်သလိုပဲ အတိတ်ဆိုတာ ဘယ်လောက်ပဲ လိုက်ပြီးကယ်ဆယ်ကယ်ဆယ် ဘယ်တော့မှပြန်မရနိုင်တော့ပါဘူး။
💞 ပစ္စုပ္ပန် အချိန်ကာလ လေး မှာ ဘဝကို ပျော်ရွှင်စွာအသက်ရှင်ပါ။
💞 ပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်လေးဖန်တီးပါ။

********************

မိဘငယ်လေးတွေကို အကြံပြုချင်တာကတော့
အိမ်ထောင်ပြုပြီး ၂နှစ်အကြာမှ ကလေးယူပါ။ အိမ်ထောင်ရေးသုခ ခံစားပါ။ နှစ်ဦးကြားချစ်ခြင်းမေတ္တာနှောင်ကြိုးကို မြဲအောင်ချည်ပါ။ သားသမီးဆိုတဲ့ကြိုးနဲ့ ချည်မယ်ဆိုပြီး ထီမထိုးပါနဲ့။ သားသမီးဟာ လူသားပါ။ အသုံးချခံပစ္စည်းတစ်ခုမဟုတ်ပါ။
ကလေးကို တကယ်လိုချင်မှသာ ပြင်ဆင်ပြီး ယူပါ။
အကြံပေးသလိုသာလုပ်ရင် နောင်မှာ ကလေးကို ငြိုငြင်တာ၊ ကလေးကြောင့် မိမိဘဝအဟန့်အတားဖြစ်ရတယ်ဆိုတဲ့အတွေးမျိုးတွေ မဝင်တော့ဘဲ ဘဝမှာ
Endure the life မဟုတ်ဘဲ
ကြံ့ကြံ့ခံပြီး ဘဝကိုဖြတ်သန်းဖို့မလိုဘဲ ဘဝကိုဖြတ်သန်းနေရတဲ့အချိန်တိုင်းဟာ ပျော်ရွှင်စရာကောင်းပါလားဆိုပြီး
Enjoy the life ဖြစ်စေဖို့ အာမခံပါတယ်။

#ဂုဏျရညျခြို #ဂုဏ်ရည်ချို

24/10/2022
18/10/2022

ချစ်သူဖြစ်တဲ့နေ့ကစပြီး ဒီနေ့ဒီအချိန်အထိ
ရန်ဖြစ်လိုက် စကားများလိုက် ပြတ်လိုက်နဲ့

တစ်ကယ်တန်းကျ ကိုယ်တို့ကတစ်ယောက်မရှိရင်
တစ်ယောက်မနေနိုင်တဲ့ Larva လေးတွေလိုမျိုး
သူမရှိရင် မနေတတ်တော့မှန်း ပိုသိလာတယ်။

တည့်နေကြတဲ့ အချိန်ထပ် ရန်ဖြစ်စကားများနေရတဲ့
အချိန်တွေက ပိုများတယ်၊ တစ်ယောက်နဲ့တစ်ယောက်
ငြင်းခုန်နေကြတဲ့အချိန်တွေက သိပ်ပျော်ဖို့ကောင်းတယ်။

စကားများထားလို့သာ စိတ်ဆိုးနေကြတာ
စိတ်ထဲမှာတော့အချိန်တိုင်း တွေးပူရပြန်ရော...
ပြစ်ထားတဲ့အချိန်တွေဆို မနေနိုင်မထိုင်နိုင်
အချိန်တစ်ခုအထိပဲ မခေါ်ပဲထားတာ

ကိုယ်လဲ မနေနိုင် သူကမနေတတ်နဲ့
ပြန်ခေါ်ကြတဲ့အချိန်ဆို ပိုချစ်လာတယ်။
Suprice တွေ Cola တွေထပ်
ဂရုစိုက်ပြီး အလေးထားပေးရင်
ပြတ်စရာအကြောင်းမှ မရှိတာ။

အသေးအဖွဲလေးကအစ ပြောဆိုဆက်ဆံကြမယ်။
ဘာမှမဟုတ်ဘူးဆိုတာတွေက တစ်ချိန်မှာ
ကြီးမားတဲ့ ပြဿနာတွေလဲဖြစ်လာနိုင်တယ်။

အစစအရာရာ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတော့
နားလည်မှုပိုရှိလာတယ်၊ ပိုယုံကြည်ထားတယ်။

တစ်ခြားမိန်းကလေးတွေ ဘယ်လိုပုံစံတွေဝတ်ဝတ်
ကိုယ့်ကောင်မလေးဆို လုံလုံခြုံခြုံလေးမှ
ကိုယ့်စိတ်ထဲ စိတ်ချပြီးနေလို့ရတယ်။

ကိုယ့်ကောင်မလေးဆို ခြေသလုံးကအစ
သူများကြည့်မှာ မလိုချင်တဲ့စိတ်မျိုး
မင်းနဲ့ပတ်သတ်ရင် သဝန်တိုခြင်းက အတ္တဆန်တယ်။

ပျော်စရာရှိရင်မျှဝေကြရင်း ဝမ်းနည်းစရာဆို
အတူဖြေရှင်းကြရင်း သံယောဇဉ်တွေက
သံမဏိပမာ ခိုင်မြဲတည်တံ့လာတယ်။

ကိုယ်တို့က ရန်ဖြစ်မယ်၊ စကားများမယ်၊ ပြတ်မယ်
ဒါပေမယ့် ဘယ်တော့လက်တွဲမဖြုတ်ဘူး။
လက်မလွှတ်စတမ်း မြဲကြမယ်။

ဒီနေ့နဲ့မနက်ဖြန်က မသေချာတဲ့ ဘဝတွေမို့
မနေ့ကထပ် မင်းကိုဒီနေ့ပိုချစ်တယ်။

18/10/2022

သန်မာချင်ယောင်ဆောင်ထားတဲ့
လူတစ်ယောက်မှာလဲ
ပြိုလဲချင်တဲ့ အချိန်တွေရှိတယ် ။

သူ အဆင်ပြေနေတာပဲလေဆိုတဲ့နောက်မှာ
အဆင်မပြေခြင်းတွေ
အများကြီး ရှိနေတတ်တယ်

သူပျော်နေတာပဲလေဆိုတဲ့ အနောက်မှာ
ငိုရခြင်းတွေ
အများကြီးရှိနေတတ်တယ်

ဒီလိုပါပဲ ...
ဘယ်သူ့ရင်ဘတ်မှာမဆို
ဒဏ်ရာတွေ အသီးသီး
ရှိတတ်ကြတာပါပဲ ။

ဘယ်သူ့ပါးမှာမဆို
မျက်ရည်တွေ
စိုစွတ်ခဲ့ဖူးတာပါပဲ

19/09/2022

BLACKPINK ကတော့ ဒုတိယမြောက်အယ်လ်ဘမ်ကိုပရိသတ်တွေဆီ အရောက်ပို့ပေးခဲ့ပါပြီနော်။ BLACKPINK ကတော့ စက်တင်ဘာလ(၁၅)ရက်နေ့က အင်ခ...

Address

Yangon
11191

Telephone

+959694756608

Website

Alerts

Be the first to know and let us send you an email when Forever Mail Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forever Mail Box:

Share