19/10/2022
Guiding to choose Fabric
**************************
ဒီတပတ် ပြောပြပေးမဲ့ အကြောင်း အရာ ကတော့ Readymade clothing brand ထုတ်မဲ့ သူတွေ အတွက် ပိတ်စ အကြောင်း ပါ။
၁.ချည်ဖွန် /Chiffon
ချည်ဖွန် လေးတွေက အခု လက်ရှိ trend ဖြစ်နေတဲ့အပြင် အရင်ကတည်းက. လည်း customer တွေ ကြိုက်နှစ်သက်ကြပါတယ်။ ချည်ဖွန် ကို Dress.,Top:,Skirt စသဖြင့် အမျိုး မျိုး ချုပ်ရောင်း ကြပါတယ်။ ချည်ဖွန် မှာက အထူ နဲ့ အပါး ရယ် Grade A. B.C ဆိုတာ ရယ် ရှိတာပေါ့ နော်။ အထူ အပါးက ကျတော့ တချို့ ချီဖွန် တွေက ထူတဲ့ အတွက် အောက်က အခံစ သုံးစရာ မလိုဘူးပေါ့ နော်။ တချို့က ပါးတော့ အောက်ခံစ အနေနဲ့ 203 တို့ နာမီနို တို့ကို ခံရတာပေါ့ နော်။ ပါးတဲ့ အစတွေက wave ရှိတဲ့ design တွေ အလွင့် အကား လေးတွေ အရှည် ကြီး တွေ ချုပ်တာက တော်တော် ကို လှတာပေါ့နော်။ Grade က ကျတော့ အသားပျော့ပျော့အိအိ နဲ့ နည်းနည်း မာတာ ကြမ်းတာကို ခွဲရတာပေါ့နော်။
ချည်ဖွန် နဲ့ ထုတ်မယ် ဆိုရင် ကျွမ်း ကျင်တဲ့ ချုပ်သမား သို့မဟုတ် ချုပ်ရုံ ရှိမှ ဖြစ်မှာပါ။ ဒါက အရေးကြီးဆုံး အချက်ပါ။
၂. အင်းလေးချည်/inlay cotton
Local clothing brand တွေ အသုံးများကြပါတယ်။ အင်းလေး ချည် လည်း အစားစား ရှိပါမယ် ။ ရိုးရိုး ချည်ထူ၊ ချည်ထူ အချော၊ ချည်ချော အပါး ၊ ချည်ကြိတ်သား၊ ချည်ပေါင်းသညး ဆိုရယ် ပီး ရှိကြပါတယ် ။ အင်းလေးချည်ကို ချုပ် ကြတာ ကတော့ Top,Croptop, Pant,Dress,မြန်မာ ဝတ်စုံ စသဖြင့် တွေ့ရပါတယ် ။ ချည်ကြိတ်သား၊ က ပေါ့ပေါ့ပါးပါးနဲ့ ပါ။ သူက ပြည်တွင်း ထုတ် ကုန် ဖြစ်တဲ့ အပြင် ဆိုးဆေး ဘာဘာ သုံးရတော့လေ ပိတ်စ တအုပ်တည်းမှာတောင်မှ ဆေးမညီတာတွေ အရောင်လိုင်းမညီတာတွေ ပါလာတတ်ပါတယ်။ ပိတ်စ error အတွက် ကြိုတင် တွက်ချက်ထားရပါတယ်။ ပီးရင် ရေလျှော်ရင် ဆေးကျွတ်တတ်တာ၊ ချည်ရုန်းပီးကျုံ့သွား တာတွေလည်း ထည့်စဥ်းစားရမှာပါ။
အင်းလေး ချည်ပေါင်းသားမှာ ပေါင်း တယ် ဆိုတာ ကလေ ဖယောင်း နဲ့ ကြိတ်ပီး ပိတ်စကို ဆွဲဆန့်ပီး ကြိတ်တဲ့ ပေါင်း နည်းပါ။ ကိုယ့်brand ရဲ့ quality ကို ထိန်း သိမ်း ချင်ရင်တော့ ရေစိမ် လျှော်ပီး မှ ချုပ်တာက ပိုကောင်းတယ် ထင်ပါတယ် ။
(Fabric ရေချနည်း ပေါင်း နည်းကို သပ်သပ် ရေးပါ မည်။)
၃.Rib/22/ANC
ဆွဲသားတွေပေါ့နော် သူတို့က လေ။ ဆွဲသားက လေးဖက်ဆွဲများ နှစ်ဖက်ဆွဲ များ korea ဆွဲသား စသဖြင့် ရှိပါတယ် ။ ပိတ်စ အညှပ်မမှားဖို့ လိုပါမယ်။ ပီးရင် အပါးနဲ့ အထူလည်း ရှိပါတယ် ။ ANC က အပါးပါ။ ဗြောင်လည်း ရှိသလို အပွင့်လည်း ရှိပါတယ် ။ သူ့အောက်က ခံရတာက 203 ပါ။ korea ဆွဲသားကတော့ ထူထူအိအိ လေးပါ။ dress တွေချုပ်ရင် Bodycorn လေးတွေ Drawstring လေးတွေဆို အရမ်း လှ ပါပဲ ရှင့်။
နောက် တခုက rib အခု trends ဖြစ်နေတာပေါ့။ သူ့မှာ လည်း Hisi rib,Golden rib,bouncy rib, flouncy rib စသဖြင့် အမျိုး ကွဲ တွေ ရှိပါတယ် ။
၄. ယိုးဒယား ချည် / Linen
သူလည်း ဂါဝန် တွေ အချုပ်များပါတယ်။ Blouse တွေ Top တွေ ၊ Skirt တွေ Pants တွေလည်း အချုပ်များကြပီးတော့ သူ့ရဲ့ အားသာချက် က အရောင်ညီတာ ပိတ် အကျဲ အသိပ် ညီတာ ၊ ကာလာ စုံတာပါ။
၅.စပန့်
စပန့် က ယိုးဒယား စပန့် ၊ ဗီယက်နမ် စပန့် ၊ USA စပန့် ၊ အင်ဒို စပန့် နဲ့ တရုတ်က ဝင်တဲ့ စပန့်၊ နောက် ပြည်တွင်း မှာဆေးဆိုး ပန်းရိုက် လုပ်တဲ့ စပန့်တွေလည်း ရှိပါတယ် ။ စပန့်လို့ ပြောလိုက်တာနဲ့ အင်္ကျီ ဘောင်းဘီ ဝမ်းဆက် လေးတွေချည်း ပြေးမမြင်ပါနဲ့။ အမြင့် လိုင်း တွေလည်း ချုပ်လို့ရပါတယ် ။
၆. ဘရိုကိတ်
ပွဲတက် dress တွေ skirt တွေ Coat လေးတွေလည်း ထုတ်လုပ်ရောင်းချကြပါတယ်။
၇. ပိုး
ပိုးက အမျိုးမျိုး ရှိပါတယ် ။ ချည်ပိုး ကစလို့ ထိုင်း ပိုး ၊ ပိုးယုံ ၊ valentinoပိုး ၊ ဂျပန် ပိုး စသဖြင့် ရှိပါတယ် ။ dress လေးတွေ ၊ပွဲတက် dress လေးတွေ အထိ ချုပ်လုပ်ရောင်းချလို့ရပါတယ်။
တခြား Fabric လေးတွေလည်း အမျိုး အစား စုံစုံလင်လင်ကို ရှိပါသေးတယ် ။ အလျဥ်းသင့်သလို ဖော်ပြပေးသွားပါမည်။
ကိုယ်ထုတ်မဲ့ design ကို အရင် plan ချပါ။ ပီးရင် ပိတ်စ ကို ဝယ်ပါ။ Accessories တွေပါ လိုအပ်တာ ဖြည့်ပီးမှ ပုံကြမ်း ထုတ်ကြည့်ပါ။ တချို့က ပုံကြမ်း ထုတ်ပီး မှ ပိတ်စ ဝယ်တာ လည်း ရှိပါတယ် ။ Sample တထည် အရင် ချုပ်ပါ။ စိတ်တုင်းကျပီဟေ့ဆိုမှ အများနဲ့ ထုတ်ပါ။
ဆိုတော့ ကိုယ်ရွေးချယ်လိုက်တဲ့ design က ကိုယ့်လက်ထဲရှိတဲ့ ပိတ်စ နဲ့ အံဝင်ခွင်ကျဖြစ်ဖို့တော့ ၁၀၀%အရေး ကြီး ကြောင်း သတိထားစေလိုပါတယ်။
စာများ ကို ကူးယူခွင့်မပြုပါ။ ကြိုက်သလို share နိုင်ပါသည်။
Double H အထည်ချုပ် လုပ်ငန်း