Ladies Diary

Ladies Diary This page keeps our readers engaged and active on social media and in their environment on a daily ba

မျက်နှာသစ်တစ်မျိုးထဲနဲ့ဝက်ခြံတွေကိုသက်သာစေတဲ့ The Ordinary ရဲ့Glucoside Foaming Cleanser ———————————————————————————————...
03/07/2025

မျက်နှာသစ်တစ်မျိုးထဲနဲ့ဝက်ခြံတွေကိုသက်သာစေတဲ့ The Ordinary ရဲ့Glucoside Foaming Cleanser ————————————————————————————————

Skincareလောကထဲကို The ordinary နဲ့ပဲစတင်သုံးလာခဲ့သူမို့အချစ်ဦးဆိုလဲမမှားဘူး။မျက်နှာသစ်Cleanser တစ်ခုထဲကဝက်ခြံတွေကိုမြန်မြန်ဆန်ဆန်ချပ်ရပ်သွားတယ်ဆိုတာဟုတ်ရောဟုတ်နိင်ပါ့မလားဆိုပီးရွှေစင်ကိုယ်တိုင် သူ့ကိုမသုံးခင်ကတွေးခဲ့ဘူးတယ်။

The Ordinary ရဲ့နောက်ဆုံးထွက်ထားတဲ့Glucoside FoamingကSkin barrierကိုအဓိကကောင်းစေတယ်။Textureအနေနဲ့ Gentle Foaming ဖြစ်ပြီးမျက်နှာသစ်ပြီးတောင်မျက်နှာကိုခြောက်သွေ့ယားယံမသွားစေပဲအစိုဓါတ်ကိုKeepလုပ်ပေးထားတယ်။

မျက်နှာသစ်တမျိုးထဲကဘာကြောင့်ဝက်ခြံတွေကိုသက်သာစေနိင်လဲဆိုတော့သူ့ထဲမှာပါတဲ့ Anti Inflammatory Properties ကဝက်ခြံဖစ်တာကိုအဓီကသက်သာစေပြီးဝက်ခြံကြောင့်ယောင်ယမ်းနေတာတွေပါသက်သာစေတယ်။Key Ingredients တွေအနေနဲ့ကတော့ Decyl Glucoside ရယ် Coco -Glucoside တွေပါဝင်ပါတယ်။

စမ်းသုံးကြည့်ချင်သူတွေအတွက် 50Ml ကို 3သောင်းနဲ့ 4သောင်းပတ်ချာလည်ဆိုတော့Product ကောင်းကောင်းနဲ့ဘက်ဂျက်လဲအဆင်ပြေတယ်။Oily skin လို့ပြောထားပေမယ့်dry to sensitive အထိသုံးလို့ရတယ်။Ph level အနေနဲ့ 5.0-6.0ဖြစ်ပြီး

📌Alcho Free
📌Oil Free
📌Silicone Free
📌Gluten Free
📌Cruetly Free

ဝက်ခြံ၊Breakoutတွေအရမ်းထွက်လာပီဆိုရွှေစင်ရဲ့Night Routine Stepsအနေနဲ့The ordinaryရဲ့Glucoside Foaming နဲ့မျက်နာသစ်ပီးရင် Toner ရယ်The ordinaryရဲ့ Salicylic Acid 2%ရယ် moisture ရယ် လိမ်းပီးအိပ်ရာဝင်ပါတယ်။

ချစ်ခြင်းများဖြင့် ❤️


မျက်အိတ်ဖောင်းခြင်း မျက်ကွင်းညိုခြင်းသိကောင်းစရာ————————————————————————————————              မျက်အိတ်ဖောင်းရခြင်း အကြော...
01/02/2023

မျက်အိတ်ဖောင်းခြင်း မျက်ကွင်းညိုခြင်းသိကောင်းစရာ
————————————————————————————————
မျက်အိတ်ဖောင်းရခြင်း အကြောင်းအရာအများစုထဲကမှအိပ်ရာဝင်နောက်ကျခြင်း ၊ ဖုန်း /Computer စသည့် screen time အချိန်ကြာအသုံးပြုခြင်း ၊အလင်းတန်းများကိုအာရုံစူးစိုက်ခြင်း၊အသက်အရွယ် Aging လက္ခဏာ ဖြစ်ပေါ်ခြင်းအပြင် မျက်လုံးအိမ်အောက်ရှိအဆီများစုဝေးရာမှ မျက်အိတ်ဖောင်းခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်။

မျက်လုံးအိမ်အောက်ရှိထောက်ပံံ့ပေးသည့် Tissue structure and muscles တွေကအားနည်းလာသည့်အခါ အရေပြားလျော့သွားတတ်ပြီးအများအားဖြင့်မျက်လုံးတဝိုက်အဆီများစုဝေးလာပြီး မျက်လုံးအိမ်ဧရိယာကိုဖောင်းလာစေတတ်ပါတယ်။

အောက်မှာ မျက်အိတ်ဖောင်းခြင်းမျက်ကွင်းညိုခြင်းကုသမှုဆိုင်ရာနည်းလမ်းTips တွေကိုရွှေစင်နဲ့အတူတူလေ့လာကြည့်ရအောင်

ချစ်ခြင်းများဖြင့် ❤️


အနမ်းမိုးရွာရင်တောင်kissproof ဖြစ်တဲ့ Bella ရဲ့ Let's kiss lipstick collection===============================          B...
20/01/2023

အနမ်းမိုးရွာရင်တောင်kissproof ဖြစ်တဲ့ Bella ရဲ့ Let's kiss lipstick collection

===============================
Bella ရဲ့lipstick Collection ထဲက let's kiss collection က Kissproof ဆိုတာလေးကရင်ခုန်စိတ်လှူပ်ရှားစရာလေးနော် ။ သူက အရောင်အားဖြင့်ရွေးချယ်စရာ (၅) ရောင်ပါဝင်ပြီး တစ်​ရောင်ချင်းစီကskin color tones မရွေးတဲ့ကာလာ(၅)မျိူးဖြစ်တာကြောင့်အသားအရောင်မရွေးလိုက်ဖက်တယ် ။

Texture အနေနဲ့ Velvety Matte type ဆိုတော့ ကတ္တီပါသားလေးလိုအိအိလေးနဲ့နှုတ်ခမ်းသားအပေါ် တင်းကပ်မနေပဲနူးညံပေါ့ပါးစေတယ်။

Vitamin E ပါဝင်ပြီးရေဓါတ်ဖြည့်ပေးတဲ့အတွက်နှုတ်ခမ်းအက်ကွဲခြင်းအဖတ်လန်ခြင်းမှလဲကင်းဝေးစေတယ်။Bella lipstick collection ထဲမှာ Let's kiss collection က အရောင်ထွက်အလှဆုံးနဲ့ နှုတ်ခမ်းသားပေါ်ပေါ့ပါးနူးညံမှုအပေးနိင်ဆုံးမို့အတော်လေးကြိုက်တယ်။

Long lastingကတော့(၆-၇)နာရီထိနှုတ်ခမ်းသားပေါ်ရှိနေပြီး Kiss-proof ဆိုတဲ့အတိုင်းအနမ်းမိုးရွာချတာတောင်နှုတ်ခမ်းနီပျက်သွားမှာစိတိပူစရာမလိုတော့ဘူးလေနော် 🌚

Packaging အမိုက်စားဖြစ်တဲ့အပြင်Valentine လဲနီးနေပီဆိုတော့ကိုယ့်ချစ်သူကောင်မလေး ဒါမှမဟုတ် Crush လေးတွေကို ကိုယ့်ရဲ့အချစ်သင်္ကေတလေးတွေကိုဖွင့်ဟပြောပြလက်ဆောင်ပေးလို့အကောင်းဆုံးအချိန်ပဲလေနော် ❤️

ရွှေစင်တစ်ရောင်ချင်းစီဆိုးပြထားလို့တစ်ပုံခြင်းစီမှာအကြိုက်တူတာလေးတွေရှိရင်​comment လေးချန်ခဲ့ပေးပါနော်

ချစ်ခြင်းများဖြင့်❤️


Thanks BellaLet's kissproof collection အရမ်းမိုက်တယ် ကာလာတွေတအားလှပြီးSkin color tones မရွေးလိုက်တယ်။Products စထွက်ပြီးန...
18/01/2023

Thanks Bella

Let's kissproof collection အရမ်းမိုက်တယ်
ကာလာတွေတအားလှပြီးSkin color tones မရွေးလိုက်တယ်။

Products စထွက်ပြီးနောက်ရက်အစောဆုံးသတိတရပို့ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။အလုပ်လေးများလို့အခုမှတင်လိုက်ရတယ်။ရွှေစင်ကာလာလေးတွေစမ်းပြပေးမယ်နော်။

💋

15/01/2023

Hello Hello ❤️

————————————————————————————————
Beauty tips လေးတွေShareမလုပ်ဖြစ်တာကြာပီဆိုတော့ဒီနေ့မှာခေါင်းအစခြေအဆုံးအသုံးဝင်မယ့်အကြောင်းအရာလေးကို Short video လေးတင်ပေးလိုက်တယ်။

ရှားစောင်းလက်ပတ်ကတော့အားလုံးသိထားပြီးတဲ့အတိုင်းအသားအရည်ကိုအစိုဓါတ်သေချာlockedလုပ်ပေးနိင်တဲ့သဘာဝအဖိုးတန်လေးဖြစ်ပါတယ်။သူထဲမှာအသားအရည်ကိုစိုပြေစေတဲ့ Vitamin E အ​ပြင်

📌နေလောင်ခြင်းကိုသက်သာစေခြင်း
📌Antioxidant နဲ့ antibacterial ပါဝင်ခြင်း
📌Cooling ပါဝင်လိုရောင်ရမ်းမှုလျော့ချပေးခြင်း
📌ဝက်ခြံနဲ့ပိုးဝင်ခြင်းကိုလျော့ချပေးခြင်း
📌ခြေဖနောင့်အက်ကွဲခြင်းမှသက်သာစေခြင်း
📌အသားအရည်အရေးအကြောင်းကာကွယ်ခြင်း
📌juiceသောက်ခြင်းဖြင့်သွေးတွင်းသကြားဓါတ်လျော့ချပေးခြင်း

စတဲ့အကျိူးကျေးဇူးများစွာပါရှိပါတယ်

ဒီVideoထဲမှာခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့နည်းလမ်းလေးတွေကိုရွှေစင်သုံးနေကျအတိုင်းပြန်ပြီးမျှဝေပေးလိုက်တယ်။

Very sensitive သမားကလွဲပြီးတော်တော်များများနဲ့အသုံးတည့်ကြပါတယ်။Alove vera (ရှားစောင်းလက်ပပ်)ဝယ်ပြီးမှမတည့်သူကတော့မျက်နှာကိုတော့အသုံးမပြုပဲbodyအတွက်သုံးကြည့်အသားလေးကစိုစိုဝင်းဝင်းလေးဖြစ်လာစေတယ်။

နောက်ပို့စ်တွေမှာပြန်တွေ့ကြမယ် 🙆‍♀️

ချစ်ခြင်းများ​ဖြင့်❤️

နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲအဖတ်လန်သူတို့အတွက် Burmese Dream ရဲ့ Lip Rehab Oil————————————————————————————————          ...
11/01/2023

နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲအဖတ်လန်သူတို့အတွက် Burmese Dream ရဲ့ Lip Rehab Oil

————————————————————————————————
နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းသားအစိုဓါတ်မပြည့်ဝလို့ခြောက်သွေ့ပြီးအက်ကွဲသူ နှုတ်ခမ်းအဖတ်လန်သူတွေရှိလား။ ရွှေစင်အခုတလော အကြိုက်တွေ့နေတဲ့ Lip gloss အနေနဲ့ရော နှုတ်ခမ်းသားကိုပေါင်းတင်ပေးတဲ့ Lip oilတစ်ခုကိုပြောပြပေးမယ်နော်

ရွှေစင်ကLipstickဆို Matte Type ခနခနဆိုးဖြစ်တဲ့အထဲပါတယ်။Matte lipstick တွေကနဂိုနှုတ်ခမ်းအရေပြားအောက်ခံအလွှာ Moisture အစိုဓါတ်များသူတွေတောင်Matte ဆိုးတာများလာရင် နှုတ်ခမ်းအဖတ်လန်တာခြောက်သွေ့တာဖစ်တတ်တယ်။

ရွှေစင်နှုတ်ခမ်းShapeက ထူတဲ့အထဲပါတယ်။ဒါ့ကြောင့်Lip glossတွေအဆီတရွဲရွဲတွေဆိုမလိုက်လို့lip gloss တွေဆိုသိပ်မသုံးဖြစ်ဘူး။ဒါပေမယ့်အခုတလောနှုတ်ခမ်းသားအဖတ်လန်နေလို့ dre Dream ရဲ့Lip Rehab oilကိုသုံးတာတအားသဘောကြနေတယ်။

သူ့ထဲမှာ ဗံဒါစေ့ကရတဲ့အဆီအနှစ်ရယ်Vitamin E ရယ်ပါဝင်လို့နှုတ်ခမ်းအရေပြားခြောက်သွေ့ပျက်စီးတာပြုပြင်ပေးတယ်။Nourishing oilပါလို့နှုတ်ခမ်းအဖတ်လန်နေတာကိုဆွဲခွာပစ်တတ်တဲ့ရွှေစင်တို့လိုသူမျိူးတွေအတွက်လိုအပ်တဲ့အစိုဓါတ်ကိုသေချာထိန်းပေးတယ်။Exfoliant ပါဝင်လို့နှုတ်ခမ်းမှာရှိတဲ့Dead cellတွေကိုလဲဖယ်ရှားပေးတယ်။

သူ့ကိုဆိုးထားရင် အဆီတဝင်းဝင်းနှုတ်ခမ်းပေါ်တင်နေတာမျိူးမဟုတ်ပဲ healthy glow look လေးရတယ်။

✔️Non-sticky
✔️Lip shine
✔️Nourishes
✔️Feel confident

ရွှေစင်Lips rehab အသုံးပြုပုံကတော့

📌AM
————————————————————————
မနက်ရုံးသွားရင် အောက်ခံLips oil လေးသုံးတယ်ပြီးရင် lipstick တင်တယ်။နောက်တခေါက်Lip gloss အနေနဲ့ခပ်ပါးပါးလေးအသုံးပြုတယ်။Healthy glow glass look ရလို့ Sunkiss တဖြတ်တကပ်ရိုက်လို့ရတယ်🌚

📌PM
————————————————————————
ညဘက်Double cleansing လုပ်ပြီးရင် Burmese Dream ကပဲထွက်တဲ့ sugar lips scrub လေးသုံးတယ်။သကြားအပွင့်ကတော်တော်နူးညံသလို Deadcellတွေကို exfoliate လုပ်ပေးတာတွေ့ရတယ်။ပြီးရင်တော့ညဘက်အိပ်ရာဝင်ခါနီးပေါင်းတင်Lip oilအနေနဲ့သူ့ချည်းပဲ ၂ထပ်လောက်ဆိုးပြီးအိပ်ရာဝင်ချတယ်။မနက်နိးရင် နှုတ်ခမ်းသားနူးနူးအိအိလေးဖြစ်ပြီးအဖတ်လန်တာမရှိတော့ဘူး။

Lip gloss မ​ကြိုက်သူတောင်သုံးတာကုန်ခါနီးနေပြီမို့ရွှေစင်လို နှုတ်ခမ်းတအားခြောက်ပြီးအက်ကွဲနေရင်သုံးကြည့်နော်။

နောက်ပို့စ်တွေမှာထပ်တွေ့ကြမယ်🥰
ချစ်ခြင်းများဖြင့် ❤️

ချစ်ရတဲ့လေဒီလေးအပါအဝင်အမျိူးသားလေးတို့ရေ          အခုတလောအလုပ်များနေတာနဲ့ အသုံးဝင်မယ့်Beauty Tips တွေ Life stlye လေးတွေက...
09/01/2023

ချစ်ရတဲ့လေဒီလေးအပါအဝင်အမျိူးသားလေးတို့ရေ

အခုတလောအလုပ်များနေတာနဲ့ အသုံးဝင်မယ့်Beauty Tips တွေ Life stlye လေးတွေကိုရွှေစင်ရဲ့Page မှာ Sharing မလုပ်ဖစ်တာအချိန်ပိစိလေးကြာသွားတယ်နော် 🤓

ဒါပေမယ့်လဲ KBZ pay ရဲ့ Offical Account Life style မှာတော့ အသုံးဝင်မယ့် Beauty Tips လေးတွေ အချိန် အလျဉ်းသင့်သလို Tips တွေSharing လုပ်ပေးဖြစ်တယ် ။

page မှာမရေးပေးဖြစ်တဲ့အကြောင်းအရာအချို့ကို KBZ pay မှာcontent လေးတွေတင်ပေးဖြစ်နေလို့ချစ်ရသူတို့ကLadies Diary ကိုFollow လုပ်ပြီး လိုအပ်ချက်လေးတွေကိုအကြုံပြုပေးဖို့လဲထပ်မံဖိတ်ခေါ်ပါတယ်။

နောက်ပို့စ်တွေမှာအမိုက်စားlifestyle တွေ Beauty tips တွေနဲ့ထပ်တွေ့ကြမယ်

ချစ်ခြင်းများဖြင့် ❤️

အမာရွတ်သိသိသာသာသက်သာစေတဲ့ Pixi Glow Tonic +The ordinary Alpha Arbutin2%+HA————————————————————————————————        ၂၀၂၃ရဲ...
06/01/2023

အမာရွတ်သိသိသာသာသက်သာစေတဲ့ Pixi Glow Tonic +The ordinary Alpha Arbutin2%+HA

————————————————————————————————
၂၀၂၃ရဲ့ပထမဆုံးလမှာတော့ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမဲစက် အမာရွတ်တွေကိုသိသိသာသာပါးစေတဲ့ Toner နဲ့SerumအတွဲလေးကိုUser post အဖြစ်sharing လုပ်ပေးလိုက်ပါတယ်။

ရွှေစင်မျက်နှာက oily and Acne prone skin ဖြစ်လို့ ဝက်ခြံကပေါ်လ်ုက်ပျောက်လိုက်ဖြစ်တဲ့အထဲပါတယ်။ဝက်ခြံကပေါက်ပြီးပျောက်သွားပေမယ့်လို့အမာရွတ်အသေးလေးကတော့ကျန်ကျန်ခဲ့တယ်။

Oily and Acne prone type မလို့Toner အနေနဲ့ Pixi Glow tonic ကိုသုံးတယ်။ Pixiကတော့ရွှေစင်ရဲ့၄ဗူးမြောက်Tonerထဲပါတယ်။

📌Pixi glow tonic

———————————————————————
ဒီ Pixi glow tonic မှာ Dead cellတွေကိုသေချာဖယ်ရှားပေးတယ်။Glycolic 5%ပါလို့ဝက်ခြံနဲ့အဆီဖုကိုကောင်းကောင်းcontrolလုပ်နိင်တယ်။Alcohol free Toner ဖြစ်လို့ sensitive သမားသုံးလို့ရတယ်။

📌The ordinary alpha arbutin 2%+Hyaluronic

———————————————————————
The ordinary ရဲ့ Alpha arbutin ကတော့အများကြီးပြောပြစရာတောင်မလိုလောက်တော့ဘူး။ရွှေစင်သုံးနေတာ၃ဗူးမြောက်ရှိပြီ။အမဲစက်တွေဖြစ်ပေါ်စေတဲ့Melainဓါတ်ထုတ်လွှတ်မှုကိုလျော့ချပေးပြီး Hyperpigmentation အတွက်တကယ့်ကိုသိသိသာသာပါးစေတဲ့နေရာမှာအမှတ်အပြည့်ပဲလေနော်။

အသားအရည်ကိုသိသိသာသာကြည်တတ်လာစေတဲ့အပြင်သူ့ထဲမှာHyaluronic ထည့်ထားလို့မျက်နှာကိုbrighteningဖြစ်ပြီးစိုစိုကြည်ကြည်လေးဖြစ်စေတယ်။

အမာရွတ်တွေကိုအချိန်တိုအတွင်းသက်သာချင်ရင်pixi နဲ့The ordinary alphaလေးသုံးကြည့်။လုံးဝကိုresultသိသာစေတယ်။အခုတော့နှုတ်ဆက်ရင်းနဲ့နောက်ပို့စ်တွေမှာတွေ့ကြမယ်။

ချစ်ခြင်းများဖြင့်❤️



2022 တစ်နှစ်တာအတွင်းသိသာဆုံး skincare Productsများ————————————————————————————————                      မကြာခင်နှစ်တစ်နှ...
31/12/2022

2022 တစ်နှစ်တာအတွင်းသိသာဆုံး skincare Productsများ

————————————————————————————————
မကြာခင်နှစ်တစ်နှစ်ကိုကူးပြောင်းတော့မှာဖြစ်တဲ့အတွက် ၂၀၂၂အတွင်းမှာ ရွှေစင်အတွက်skincare အမျိူးအစားများစွာရှိတဲ့အထဲက သိသာပြီးResult အမှန်တကယ်ကောင်းတဲ့ Products တစ်ချိူ့ကိုတစ်စုတစ်စည်းထဲ​ဖော်ပြလိုက်ပါတယ်။

တစ်နှစ်တာအတွင်းသုံးဖူးသမျှထဲမှာသိသာခဲ့တဲ့Face and body care တွေကိုပြောပြထားလို့ရွှေစင်နဲ့အကြိုက်ချင်းထပ်တူကျမကျ အတူတူဆက်ကြည့်ကြမယ်နော်။

ဖော်ပြထားတဲ့skincare တိုင်းက ဝက်ခြံသမားကစလို့ sensitive သမားတွေအထိ အသုံးပြုနိုင်ပြီးအရေပြားဆရာဝန်approve ရထားပြီးသား skincare တွေဖြစ်ပါတယ်။တစ်ခုချင်းစီရဲ့ Product review တွေကရေးပေးထားခဲ့ဖူးလို့ဒီနေ့မှာတော့ အကျဉ်းချူပ်အဖြစ်ဖော်ပြလ်ုက်ပါတယ်။

ချစ်ခြင်းများဖြင့် ❤️

It is just 1day to new year————————————————————————————————ချစ်ရသူတို့ရေ မကြာခင်မှာ ၂၀၂၂ကုန်ပြီး ၂၀၂၃နှစ်သစ်လဲရောက်တော့မ...
31/12/2022

It is just 1day to new year
————————————————————————————————
ချစ်ရသူတို့ရေ မကြာခင်မှာ ၂၀၂၂ကုန်ပြီး ၂၀၂၃နှစ်သစ်လဲရောက်တော့မယ်နော်။

ပထမဆုံးအနေနဲ့၂၀၂၂ရဲ့တစ်နှစ်တာအတွင်းမှာ ရွှေစင်တို့ကြုံရ ဆုံရ ကြိုးစားခဲ့ခက်ခဲခဲ့ရတဲ့အချိန်တွေရှိခဲ့သလို အောင်မြင်ခြင်းကျရှုံးခြင်းတွေရင်ဆိုင်ခဲ့ရပေမယ့် ဒီတစ်နှစ်တာထိအကောင်းဆုံးဖြတ်ကျော်ခဲ့ကြတဲ့အတွက် Self-appreciation အဖြစ်မိမိကိုယ်မိမိဂုဏ်ယူချစ်ခင်ကြရအောင်။

ဒုတိယအနေနဲ့ Ladies diary ရယ်လို့ဖြစ်လာအောင် page boost လုံးဝမပါပဲ ရွှေစင်ရဲ့ Beauty tips တွေရဲ့အကြောင်းအရာကိုအားပေးနှစိသက်သဘောကျကြတဲ့ Ladiesလေးတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။

တတိယအနေနဲ့ကတော့ နှစ်သစ်ရောက်တော့မယ်ဆိုတော့ Achievements တွေ Goals တွေကိုသေချာလေးစဉ်းစားဆုံးဖြတ်ထားပါတယ်။တစ်နှစ်ပတ်လုံး ရွှေစင်တို့ပြင်ဆင်သင့်တဲ့အကျင့်လေးတွေ၊ လိုအပ်ချက်တွေနောင်တတွေကို ပြန်လည်သုံးသပ်ပြီး ပြင်စရာရှိတာတွေ ပြင်ဆင်ရင်း ၂၀၂၃ ရဲ့ မမြင်ရသေးတဲ့Challance တွေကိုအကောင်းဆုံးအဖြစ်စိတ်ဓါတ်ပြင်းပြင်းနဲ့အောင်မြင်မှုတွေကိုရယူကြမယ်နော်။

၂၀၂၃မှာပိုမိုကောင်းမွန်တဲ့ဖန်တီးမှုအသစ်တွေ အမှန်တကယ်အသုံးဝင်မယ့် Beauty Tips တွေကိုထပ်မံပြောပြချင်သေးလို့ဆက်ပြီးချစ်ခင်အားပေးဖို့ရယ်၊နှစ်သစ်မှာ အိမ်မက်တွေကိုယ်စီအောင်မြင်ခြင်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပြည့်စုံစေဖို့ မကြာခင်ကျရောက်မယ့်New Year Wish အဖြစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ချစ်ခြင်းများဖြင့်❤️


နှုတ်ခမ်းအဖတ်လန်သူခြောက်သွေ့အက်ကွဲသူတို့ဆောင်ထားသင့်တဲ့ Vaseline Lip Therapy ————————————————————————————————           ...
29/12/2022

နှုတ်ခမ်းအဖတ်လန်သူခြောက်သွေ့အက်ကွဲသူတို့ဆောင်ထားသင့်တဲ့ Vaseline Lip Therapy

————————————————————————————————
ဆောင်းတွင်းမှာနှုတ်ခမ်းသားdehydrateဖြစ်ပြီးခြောက်သွေ့အက်ကွဲတာ Matte lipsticksတွေအသုံးများလို့ အက်ရာတွေအဖတ်လန်သူတွေရှိနေရင် Vasine lip therapy လေးကိုသုံးကြည့်စေချင်တယ်။

ရွှေစင်အရင်ကနှုတ်ခမ်းနီMatte type သုံးတာများလို့ အဖတ်လန်တာခနခနကြုံရတယ်။အာ့တုန်းကဆို Vaseline ရဲ့ ရိုးရိုးဗူးအပြာကိုသုံးတယ်။နောက်ပိုင်းအရောင်ပါးပါးလေးပါတာလိုချင်တာရယ်ကြောင့် ဗူးအဝိုင်းလေးကိုသုံးတာ ၂ဗူးမြောက်ရှိပြီ။

ဒီ Lip therapy rosy lips ထဲမှာနှုတ်ခမ်းသားကို အစိုဓါတ်ပြန်ဖြည့်ပေးပြီး ​ရေဓါတ်ဆုံးရှုံးမှုလျော့ချပေးတဲ့ Petrolatum ပါဝင်တယ်။နောက်ပြီး Almond oil လဲပါလို့အစိုဓါတ်သေချာလေးဖြည့်ပေးတယ်။ Almond oilပါလို ဆီရွဲနေသလိုကြီး greasyမဖြစ်ပဲ Glossy lock ဘက်သွားတယ်

Lips mask အနေနဲ့ရောmatte lipstick အောက်ခံအနေနဲ့ရောအတော်လေးသုံးလို့ကောင်းပြီးဆေးလိပ်အသောက်များတဲ့သူတွေ နှုတ်ခမ်းသားမဲခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်ထားလို့လဲရတယ်။ဈေးနှုန်းလေးလဲအဆင်ပြေလို့ နှုတ်ခမ်းအတော်လေးခြောက်သွေ့အက်ကွဲသူတွေRepairပြန်ဂရုစိုက်သူတွေသုံးကြည့်နော်

ချစ်ခြင်းများဖြင့်❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ladies Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ladies Diary:

Share