Handmade by Thoon

Handmade by Thoon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Handmade by Thoon, Yangon.

Handmade with love, styled by me. ✨
02/07/2026

Handmade with love, styled by me. ✨



21/06/2026

One and Only Limited Design
(Customer Ordered) 🛍️✨

​Ph, passport, ပိုက်ဆံ, ကဒ် အကုန်ဆံ့ပြီး ကိုင်ရတာ အရမ်းအဆင်ပြေတဲ့ Patchwork Wallet လေး🦊🐻

​"Overseas သွားတော့မယ့် သူငယ်ချင်းအတွက် အမှတ်တရလက်ဆောင်လေး ပေးချင်လို့" ဆိုပြီး လာမှာထားတဲ့ သီးသန့် Customized Order အိတ်ကလေး ဖြစ်ပါတယ်ရှင်။ (အခုအိတ်လေးကတော့ စက်ချုပ်ဒီဇိုင်းလေးပါနော်) 🧵

​အသုံးပြုထားတဲ့ ပိတ်စဒီဇိုင်းလှလှလေးတွေက နောက်ထပ်ရဖို့ မလွယ်ကူတော့တာမို့ ပုံစံတူ လုံးဝ (လုံးဝ) ထပ်မရနိုင်တော့ပါဘူးရှင်။ 🙅‍♀️❌

​စက်ချုပ်ပဲဖြစ်ဖြစ်၊ လက်ချုပ်ပဲဖြစ်ဖြစ်... ဘာပဲအပ်အပ် တစ်လုံးချင်းစီကို Customized အသေးစိတ် သေသေချာချာ ပုံဖော်ပေးတာမို့ နောက်ထပ် ဘယ်လိုဒီဇိုင်းဆန်းလေးတွေ ထပ်ထွက်လာဦးမလဲဆိုတာ စောင့်မျှော်ပေးပါဦးရှင် 🦊🐻✨

09/06/2026

Sue' girl 👒



👒 Sue' အရုပ်မလေး ✨​Handmade လောကမှာ Sunbonnet Sue ဆိုတာ ၁၉ ရာစုနှောင်းပိုင်းကတည်းက ရေပန်းစားခဲ့တဲ့ Classic character လေး...
06/06/2026

👒 Sue' အရုပ်မလေး ✨

​Handmade လောကမှာ Sunbonnet Sue ဆိုတာ ၁၉ ရာစုနှောင်းပိုင်းကတည်းက ရေပန်းစားခဲ့တဲ့ Classic character လေးပါ။
မျက်နှာမပြဘဲ ကိုယ်ဟန်အနေအထားနဲ့တင် အသက်ဝင်အောင် ဖန်တီးရတဲ့ အရုပ်မလေး ဖြစ်ပါတယ်ရှင်။
မျက်နှာလေးကို ဦးထုပ်ဝိုင်းကြီးနဲ့ ကွယ်ထားတဲ့ ဒီဇိုင်းလေးဟာ ယနေ့အချိန်ထိ ဟန်းမိတ်ချစ်သူတွေရဲ့ အသည်းစွဲ ဖြစ်နေဆဲပါပဲ။ 🥰

​ဒီတစ်ခါတော့ အဲ့ဒီ Sue' လေးကိုမှ Mini pouch အိတ်ပုစိလေး ချုပ်ထားတာပါရှင့်။
​Sue လေးရဲ့ ချစ်စရာပုံရိပ်ကို ယက္ကန်းပိတ်စလေးတွေနဲ့ အနုစိတ် အပြင်ပိုင်းတင်မက အတွင်းပိတ်စအထိ 100% လက်ချုပ်နဲ့ သေသေချာချာ ဂရုစိုက် ချုပ်လုပ်ထားတာပါ 🪡💖

​Coin, Earbuds, Lipstick နဲ့ သော့လေးတွေ ထည့်သိမ်းဖို့ သင့်တော်တဲ့ အရွယ်အစားလေးပါ။
​Handmade ပစ္စည်း စုဆောင်းရတာ သဘောကျသူတွေအတွက် မရှိမဖြစ် Item လေးတစ်ခုပေါ့။



12/05/2026

Angel Wings🤍🪽

မေလရဲ့ အပူဒဏ်ကို ခေတ္တမေ့လျော့စေတဲ့ မိုးပြေးလေးနဲ့အတူ... 🌦️✨​မိုးရွာပြီးစ လေထုထဲမှာ တောက်ပနေတဲ့ နတ်သမီးလေးပါ 🧚‍♀️🤍စက်ချု...
10/05/2026

မေလရဲ့ အပူဒဏ်ကို ခေတ္တမေ့လျော့စေတဲ့ မိုးပြေးလေးနဲ့အတူ... 🌦️✨
​မိုးရွာပြီးစ လေထုထဲမှာ တောက်ပနေတဲ့ နတ်သမီးလေးပါ 🧚‍♀️🤍

စက်ချုပ်မဟုတ်ဘဲ လက်ချုပ်နဲ့ပဲ အချိန်ပေးပြီး သေသေချာချာလေး ပုံဖော်ထားတာ မို့လို့ ကိုင်လိုက်တိုင်းမှာ ဖန်တီးသူရဲ့ စေတနာကို ခံစားရမှာပါ🪡

​ပူအိုက်တဲ့နေ့ရက်တွေကြားမှာ အေးမြတဲ့ အလှတရားလေးတစ်ခုအဖြစ် အနားမှာ ရှိနေပေးမယ့် နတ်သမီးလေးပေါ့🥰

ချစ်စရာ key holder လေးကိုပညာဒါနသင်ပေးပြီး လိုနေတဲ့ပိတ်စ‌လေးပါ ပို့ပေးတဲ့ ALNI handmade က မအယ်နီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🫶🤎


မင်္ဂလာဆောင် ပြန်ကမ်းလက်ဆောင်အတွက်💑 Card Holder အလုံး ၃၀၀ အော်ဒါလေးပါအိတ်သေးသေးလေးတွေဆိုပေမဲ့ ​တယောက်ထဲ အစအဆုံး ချုပ်လုပ...
25/04/2026

မင်္ဂလာဆောင် ပြန်ကမ်းလက်ဆောင်အတွက်💑
Card Holder အလုံး ၃၀၀ အော်ဒါလေးပါ

အိတ်သေးသေးလေးတွေဆိုပေမဲ့ ​
တယောက်ထဲ အစအဆုံး ချုပ်လုပ်ရတာမို့
အီစိမ့်သွားတဲ့အထိ ပင်ပန်းပေမဲ့လည်း
အခုလိုထုပ်ပိုးပြီးစီးသွားတဲ့ အနေအထားရောက်တော့ ပင်ပန်းသမျှတွေ အကုန်ပျောက်ပြီး ပီတိတွေပဲ ကျန်ပါတော့တယ်✨

​ယုံကြည်စိတ်ချစွာ မှာယူပေးတဲ့ မင်္ဂလာဇနီးမောင်နှံနှစ်ဦးလည်း တသက်လုံး ရွှေလက်တွဲမြဲပြီး ပန်းခင်းလမ်းကို အတူတူ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ရှင်🥰



Address

Yangon

Telephone

+959957077035

Website

Alerts

Be the first to know and let us send you an email when Handmade by Thoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share