Golden Lotus Baby Accessories & Plush Toys

Golden Lotus Baby Accessories & Plush Toys North Okkalapa Township

📚Phonics အတွက်ရေးပြီးသားအကြောင်းအရာလေးကိုပဲ Sight Words (Tricky Words) နဲ့တွဲရင်း ထပ် share ဖြစ်ပါတယ်✨ အဓိကသမီးAmara လေး...
09/11/2025

📚Phonics အတွက်ရေးပြီးသားအကြောင်းအရာလေးကိုပဲ Sight Words (Tricky Words) နဲ့တွဲရင်း ထပ် share ဖြစ်ပါတယ်

✨ အဓိကသမီးAmara လေးကို phonics သင်တာက ကိုယ်တွေငယ်ငယ်ကလို meaning တွေကိုမရမချင်းအော်ကျက်နေရမှာစိုးလို့ပါ၊ ပြီးတော့ စာဖတ်ရတာလည်းလွယ်ကူအောင်ပါ။
✨ အဲ့ဒီမှာ Phonics သင်ထားတော့ ဘာလေးကိုမှကျက်ဖို့မလိုဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး၊ ကလေးက Sight Words အမြင်စွဲစကားလုံးတွေကိုတော့ မြင်တာနဲ့တန်းသိအောင် များများဖတ် များများကြည့်ပြီး အလွတ်ရအောင်တော့လုပ်ထားဖို့လိုပါတယ်၊ ဘာလို့ဆို Sight Words
တောိတော်များများက Phonics စည်းမျဥ်းနဲ့ဖတ်လို့မရလို့ပါ၊ ဒါကြောင့် အလွတ်သဘော မှတ်ထားရုံကလွဲလို့ တခြားနည်းလမ်းမရှိလို့ပါ။ ပြီးတော့ ဖတ်စာစာအုပ်တွေမှာ ဒီ sight words စာလုံးတွေက 50% ကနေ 75% လောက် အထိ ပါဝင်နေတာကြောင့်ပါ။
✨ Phonics က (Decoding Skill) ဖြစ်ပြီး ကလေးကို စာလုံးအသစ်အသစ်တွေ ထောင်ပေါင်းများစွာ ကို သူဘာသာ ဖတ်နိုင်အောင် လုပ်ပေးတာမျိုးပါ
🚀 Sight Words ကတော့ Fluency Skillပေါ့ စာလုံးတွေကို မြင်တာနဲ့ ချက်ချင်းမှတ်မိပြီး အသံပေါင်းစရာမလိုပဲ စာဖတ်တာကို ပိုမြန်ပိုသွက်စေပါတယ်။

✨ စာဖတ်ရတာက ကလေးအတွက် Brain Powerအများကြီးသုံးရပါတယ် Sight words တွေသိထားပြီးမှတ်မိနေရင် မသိသေးတဲ့ Phonics စာလုံးအသစ်တွေကို (ဥပမာ- elephant, dinosaur, flower, friend) ဖတ်ဖို့ ပိုပြီး အာရုံစိုက်နိုင်ပါတယ်။
✨ အကျိုးကတော့ စကားလုံးတိုင်းကို blending လုပ်စရာလို မပင်ပန်းတော့ဘဲ စာဖတ်ရတာကို ပိုပျော်လာစေပါတယ်။ စာဖတ်တာ မြန်ဆန်ချောမွေ့မှ စာရဲ့ အဓိပ္ပာယ်ကို နားလည် နိုင်ပါမယ်။
စာလုံးတစ်ခုချင်းကို အသံပေါင်းနေရရင်၊ ကလေးက ဝါကျရဲ့ အစ မှာ ဘာပြောခဲ့လဲဆိုတာ မေ့သွားနိုင်လို့ပါ။
✨ Sight Words ကြောင့် စာဖတ်နှုန်း မြန်လာရင် ကလေးရဲ့ Comprehension ကလည်း အလိုအလျောက် ပိုကောင်းလာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို Phonics သင်တယ်ဆိုရင် နှစ်ခုလုံးကို တွဲပြီး စနစ်တကျ သင်ပေးဖို့ လိုပါတယ်။

✨ အဲ့တော့ Sight Words ဘယ်လိုသင်ကြမလဲ၊ ကလေးမှတ်မိအောင် ဘယ်လိုလုပ်မလဲ
✨ တစ်ခါတည်း စာလုံးအများကြီးသင်ပေးလို့တော့မရပါဘူး ကလေးလည်း stress ရသလို မှတ်လည်းမမှတ်မိပါဘူး။
✨ တစ်ပတ်မှာ ၅ လုံး လောက်ကိုသာ ရွေးပြီး သေချာလေး ပြောပြ ဖတ်ပြပေးလို့ရပါတယ်။ (ဥပမာ- the, is, a, was, at)
✨ ကိုယ့်ကလေးနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းတွေ၊ Game လေးတွေဆော့ပြီး သင်ပေးလို့ရပါတယ်။
သမီး Amara ကိုတော့ Sight Words တွေကို A4 နဲ့ရော Vinyl နဲ့ရောထုတ်ထားပြီး နေ့တိုင်းဖတ်ခိုင်းပါတယ်၊
worksheetတွေ flash cards တွေလည်းသုံးတယ်၊ sight word readersတွေလည်းဖတ်တယ်၊ coloringလည်းလုပ်ပါတယ်။
🌟 ရလဒ်အနေနဲ့
🌟 Phonics စသင်ပြီးရင် ကလေးရဲ့ စာဖတ်နှုန်း တိုးတက်လာမယ်၊
🌟 စာလုံးအသစ်တစ်လုံး ကို တွေ့တိုင်း မေမေတို့ကို လိုက်မမေးတော့ဘဲ သူ့ဖာသာ အသံထွက်ဖတ် နိုင်သွားတာကို ကျေနပ်ပီတိဖြစ်ရတယ်။
🌟 နောက်ပိုင်းကလေးက Vocabulary ပိုကြွယ်လာမယ်၊ 🌟🌟 Spelling အားကောင်းလာတဲ့အတွက် စာရေးတဲ့အခါ လည်း လွယ်ကူသွားမယ်။

Phonics က စာတတ်မြောက်ခြင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်လို့ စနစ်တကျ သင်ထားတဲ့ ကလေးက ကျောင်းမှာ သူများထပ်ပိုပြီး စာလုပ်ရတာလွယ်ကူမယ်၊
ကိုယ်ဖတ်ဖို့ပေးလိုက်တဲ့ စာအုပ်တစ်အုပ်လုံးကို အခက်အခဲမရှိ ဖတ်နိုင်သွားတာကို မြင်ရတာ မေမေ့အတွက် ကျေနပ်ပီတိဖြစ်ရပါတယ်။

👇👇👇
ကလေးကို စိတ်ရှည်လက်ရှည် ပဲ သင်ပေးပါ။ ကလေးက စာလေးတွေဖတ်ပြီး ဗဟုသုတတွေ တိုးလာတာ က မေမေတို့အတွက် အမြတ်ပါပဲ။
Phonics ကို ပျော်စရာကောင်းတဲ့ ကစားနည်း Gameတစ်ခုလို မြင်အောင် ဖန်တီးပေးဖို့ကလည်း အရေးကြီးဆုံးပါနော်။

Phonics အကြောင်းရေးထားဖူးတာလေးပါ

https://www.facebook.com/share/v/1AV68hgzG9/?



မေမေ့ မျှော်လင့်ခြင်းနဲ့ ကလေးလေးရဲ့ကမ္ဘာ💕ကိုယ်ကိုတိုင် မိခင်တစ်ယောက်ဖြစ်လာတော့ မေမေ့ရဲ့ အတ္တက ကလေးလေးကို အရာရာမှာ အကုန်သ...
03/10/2025

မေမေ့ မျှော်လင့်ခြင်းနဲ့ ကလေးလေးရဲ့ကမ္ဘာ💕

ကိုယ်ကိုတိုင် မိခင်တစ်ယောက်ဖြစ်လာတော့ မေမေ့ရဲ့ အတ္တက ကလေးလေးကို အရာရာမှာ အကုန်သိအကုန်တတ်စေချင်ပြီး ထူးချွန်ထက်မြတ်စေချင်တယ်။

အစားဆိုလည်း အစားမရွေးပဲ အကုန်စားတတ်တဲ့ကလေးလေး ဖြစ်စေချင်တယ်၊ စိတ်ထားနူးညံ့ပြီး ပြောလွယ်ဆိုလွယ်ကလေးလေးမျိုးဖြစ်စေချင်တယ်၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လူမှုဆက်ဆံရေးကောင်းအောင် အပေါင်းအသင်းဝင်ဆံ့အောင် ပြောရရင် Social skills ကောင်းစေချင်တယ်၊ အပြောအဆိုအမူအရာ ယဉ်ကျေးစေချင်တယ်၊ စာဖတ်တဲ့ အလေ့အကျင့်ရှိစေချင်တယ် စသဖြင့်ပေါ့လေ။
ကလေးသည် အနီးကပ်ဆုံးမိဘကိုပဲ ကြည့်ပြီးသင်ယူနေတာ ဖြစ်တဲ့အတွက် ကိုယ်က ကလေးလေးရဲ့ role model အနေနဲ့ ကိုယ်ဖြစ်စေချင်တာတွေကို ကိုယ်ကအရင် လုပ်ပြရတယ် နေထိုင်ပြုမူရတယ်၊ ကိုယ်က သူ့အတွက် အရာရာမှာ စံပြတစ်ယောက် ဖြစ်နေစေဖို့ပေါ့၊
အဲ့တော့ အစားဆိုလည်း ကလေးရှေ့ မကြိုက်ဘူးမပြောပဲ အကုန်စားတယ်၊ ကလေးရှေ့စကားပြောရင် နူးနူးညံ့ညံ့ ချိုချိုသာသာလေး သမီးလေးရေ သားသားရေနဲ့ပေါ့၊ လူအများ သူစိမ်းတွေနဲ့လည်း ကလေးရှေ့ဆို အရမ်းတွေပြောရတယ်၊ စာအုပ်တွေလည်းဖတ်နေရသေးတယ်၊ အဲ့တော့ ဒီမေမေက လူလိမ္မာလေးဖြစ်လာတာပေါ့။
လက်တွေ့မှာ မေမေဖြစ်စေချင်တဲ့အတိုင်း တစ်ကယ်ဖြစ်လာလားဆိုတော့ 😅
ကလေးလေးက “အဲ့အရွက်ကြီး မကြိုက်ဘူး မစားချင်ဘူး”၊ “ မကြိုက်ဘူးပြောတာ မေမေက ဘာလို့ အတင်းကျွေးနေတာလဲ” ကတစ်ခါ၊
တစ်ခုခုဆို ကလေးလေးရေ “ဒီမှာစိတ်တိုနေတယ်”ကတစ်မျိုး၊ ကလေးလေး နှုတ်ဆက်လိုက်လေဆို ပြန်မပြောနားမထောင် ပြီးမှ “မခေါ်ချင်လို့မခေါ်တာလေ ချစ်မှမချစ်တာ”ကတစ်ဖုံ၊ ကလေးလေးရေ စာဖတ်မယ်နော်ဆို “ဘယ်နှအုပ်ဖတ်မှာလဲ တစ်အုပ်ပဲဖတ်မှာနော် မေမေဖတ်ပြနော်” က တစ်မျိုးနဲ့ 🤪
အမျိုးပေါင်း ၁၇၀လောက်ကနေ့တိုင်းဖြစ်နေတာ မေမေ့မှာ စကားတွေလည်းပြောရလွန်းလို့ “ကလေးလေးရာယ် အိပ်တော့နော်” ဆိုပြီး တစ်နေ့တာလုံးရဲ့ ကိုယ့်အတွက် အပြည့်အဝအနားရခါနီးထိ အိပ်မယ်မေမေရဲ့၊ ဘယ်သူကလေ Baby ကိုဘာပြောတာ၊ မနက်ကျရင်လေ ဘာစားမယ်နော်၊ ဘာဝယ်ပေးဦးနော်၊ ဘယ်သွားမယ်နော်၊ သူက Babyကိုဘာလုပ်လိုက်တာ Babyစိတ်တိုလိုက်တာ၊ ဖေဖေက Babyကို အရုပ်လည်းမဝယ်ပေးဘူး ဆိုပြီး မကျေနပ်တာတွေ ဖြစ်ချင်တာတွေ အတွက် တစ်ခွန်းချင်းရှင်းပြ ပြောပြပြီး အိပ်ပါတော့သမီးရာယ် မေမေနားချင်ပြီကို အခါပေါင်း တစ်သိန်းလောက်ပြောရပြီးမှပဲ အိပ်တော့တယ်၊ အဲ့ဒါနဲ့ကိုယ်လည်း အဲ့တော့မှ အပြည့်အဝနားရတာ ည၁နာရီကျော် ၂နာရီထိုးနဲ့ လူလည်းပန်ဒါဖြစ်နေပါပြီ။
ဒီလို ကသောင်းကနင်းတွေဖြစ်လာတော့ မေမေရှေ့ကနေ လုပ်ပြပေးနေတာတွေက မှန်ရဲ့လား အရာရောထင်ရဲ့လား တစ်ခုခုလွဲနေပြီလားဆိုတဲ့ စိုးရိမ်စိတ်ဟာ ဝင်လာတတ်ပါတယ် ဝင်လာမှာလည်း အသေအချာပါပဲ ၊ ကိုယ်ဒီလောက်လုပ်နေရဲ့သားနဲ့ဆိုပြီး။
မေမေလုပ်နေတာတွေကို ရှေ့လျှောက်ဆက်ပြီး လုပ်သွားပေးပါ မေမေလုပ်နေတာတွေက အကျိုးမယုတ်သလို မှန်ကန်တဲ့လုပ်ဆောင်မှု့ပါ။
ကလေးလေးကတော့ ချက်ချင်းကြီး copy paste လုပ်နိုင်ရလောက်အောင် စက်ရုပ်မဟုတ်နေတဲ့အတွက် ကလေးလေးမှာ မကြိုက်တာကို မကြိုက်ဘူးပြောခွင့်၊ မလုပ်ချင်တာကို မလုပ်ပဲနေခွင့်ရှိသလို စိတ်တိုတယ် ဒေါသထွက်တယ်ဆိုတာကိုလည်း မေမေကလက်ခံပေးနိုင်ရပါမယ်။ အသက်အရွယ်အရ သူ့ရဲ့ရွေးချယ်ခွင့် ဆုံးဖြတ်ခွင့်နဲ့ ပင်ကိုယ်စိတ်ကလေးကို ဖိအားမပေးသင့်ပါဘူး။
အဲ့တော့အပေါ်က မေမေလုပ်တဲ့အချက်လေးတွေမှာ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ နားလည်ပေးခြင်းနဲ့ ကလေးလေးကို ဒါလုပ်ရမယ်လို့ ဖိအားမပေးပဲ ဒါလေးလုပ်ကြရအောင်နော် ဆိုတာလေးအစားထိုးပြီး မေမေက လူလိမ္မာလေးဆက်လုပ်သွားလို့ရပါတယ်၊ ကလေးလေးကတော့ မေမေ့ရဲ့လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်းလိုက်လာပါလိမ့်မယ်။
#ပွင့်သောပန်းတိုင်းလန်းဆန်းကြပါစေ
& Bhone Myatမေမေ

20/09/2025

မင်မင့် 4နှစ်11လသမီးလေး H.W အတွက် ဖတ်ထားတာလေးပါ ချစ်လို့🥰

17/09/2025

အကုန်လုံးကို မဆိုလိုပါ🙏

မူလတန်းအရွယ် ကလေးငယ်လေးတွေကို စာသင်ပေးနေတဲ့သူတွေကို မိဘတစ်ယောက်အနေနဲ့ ပြောချင်တာလေးပါ။
ကိုယ်သင်တဲ့ဘာသာရပ်ကို ကလေးငယ်လေးတွေ နားလည်အောင် သင့်တော်တဲ့ စကားလုံး၊ သင့်တော်တဲ့ဥပမာနဲ့ ရှင်းပြပြောပြနိုင်ရပါမယ်၊ ကလေးက ထပ်ပြီး သိချင်တာမျိုး ပြန်မေးတဲ့အခါမျိုးတွေမှာ၊ တစ်ခြားတစ်နည်းနဲ့ပြန်ရှင်းပြတာ၊ ဆက်စပ်တဲ့ ပြင်ပအကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ရှင်းပြပြောပြနိုင်ရပါမယ်။ ကျောင်းစာအုပ်ထဲက စာတွေပဲ ဖတ်ပြ ပြောပြ သိနေတာမျိုး မလုပ်ပါနဲ့ရှင်။
ကလေးငယ်လေးတွေကို စာသင်နေတဲ့သူတွေ ပြင်ပစာပေတွေဖတ်ကြပါ၊ သူများဘယ်လိုသင်လဲ လေ့လာကြပါ၊ အကြံဉာဏ်ယူပါ။
အခုက ဘာသာရပ်သင်သူ ဆရာ ဆရာမတွေက ပြင်ပဗဟုသုတတွေမှာအားနည်းနေပါသေးတယ်။ ကလေးက သူနားလည်တဲ့ သူသိချင်တဲ့အရာမျိုး ထပ်မေးလိုက်ရင် ပြည့်ပြည့်စုံစုံပြောပြနိုင်ဖို့ လိုပါတယ်၊ကလေးကအမေးအမြန်းထူတယ် ပြောပြတာကိုနားမလည်ဘူး သူသိချင်တာတွေပဲမေးနေတယ်ဆိုပြီး ကလေးရဲ့ သိချင်စိတ်နဲ့ မေးခွန်းပြန်ထုတ်တတ်တဲ့အကျင့်၊ မသိနားမလည်တာကို ပြန်မေးရဲတဲ့သတ္တိကို မyiteချိုးလိုက်ပါနဲ့။
အမျိုးမျိုးလှည့်တွေးပါ ဒီပုံစံဒီကလေးကို ဘယ်လိုရှင်းပြပြောပြရင် သူနားလည်မလဲဆိုတာမျိုးပေါ့
Text bookထဲက စာတွေကို ကျွမ်းကျင်အောင်သင်တတ်ရုံနဲ့ဆရာ ဆရာမတို့ရဲ့ ကြိုးပမ်းအားထုတ်မှု့ကို မရပ်လိုက်ပါနဲ့ ပြင်ပစာပေတွေ များများဖတ်ကြပါ။
ကလေးမိဘတွေထဲမှာ အိမ်မှာပြန်ကြည့်ပေးနိုင်တဲ့မိဘရှိသလို ကျောင်းသည်သာ ပညာရှာမှီးရာဆိုပြီး ကျောင်းကိုပဲပုံအပ်ပြီး ယုံကြည်ထားတဲ့ မိဘတွေလည်းရှိတဲ့အတွက် ကျောင်းနဲ့ ဒီဆရာ ဆရာမသည်သာ ကလေးအတွက် အားကိုးရာပါ၊ ကလေးကို Genius ကြီးဖြစ်အောင် ဘာသာစုံအမှတ်ပြည့်ရနေအောင် သင်ပေးရမယ် မဆိုလိုပါဘူး၊ အရွယ်အလိုက် သိသင့်သိထိုက် သိနေရမယ့် ဗဟုသုတမျိုးရှိအောင်နဲ့ ကလေးကိုယ်တိုင် ဘာတွေကိုဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ အသိလေးဝင်အောင် ဆွဲခေါ်ပေးကြပါ။

ကိုယ်မြှင့်မှ မြင့်လာမယ့်ကလေးလေးတွေကို ကိုယ့်ထပ်သာတဲ့ ဘဝနဲ့ပတ်ဝန်းကျင်ကြီးကိုပေးကြရအောင်ပါ၊ ကလေးတစ်ယောက်ထဲ တော်နေတာထပ် ကလေးဆယ်ယောက်နားလည်သွားတာ ပိုအဓိပ္ပါယ်ရှိပါတယ်

ကိုယ့်အနေအထားလေးနဲ့ မျှော်မှန်းတာတွေများပြီး အားမလိုအားမရဖြစ်နေတဲ့ ကလေးနှစ်ယောက်မေမေပါ

#မူလတန်းပညာရေး
#စာဖတ်ကြပါ

14/07/2022
🐭👖 Micky Stocking ချည်ဆွဲသား အေးအေးလေးမို့ 👧👦 သားသားမီးမီးတို့ ဝတ်ရတာသက်တောင့်သက်သာရှိစေမှာပါ🏷 5ထည်စျေးလေးတွေပါဆိုဒ်က ၁န...
22/02/2022

🐭👖 Micky Stocking ချည်ဆွဲသား အေးအေးလေးမို့
👧👦 သားသားမီးမီးတို့ ဝတ်ရတာသက်တောင့်သက်သာရှိစေမှာပါ
🏷 5ထည်စျေးလေးတွေပါ
ဆိုဒ်က ၁နှစ် မှ ၁၂ နှစ် ထိရပါတယ်

M - 18” 💸 12,000Ks (1နှစ်မှ 2နှစ်)

L - 20 “ 💸 13,000Ks (2နှစ်မှ 3နှစ်)

XL - 22” 💸 14,000Ks (4နှစ်မှ 5နှစ်)

2XL - 25” 💸 15,000Ks (5နှစ်ခွဲ မှ 6နှစ်ခွဲ)

3XL - 27” 💸 16,000Ks (7နှစ် မှ 8နှစ်ခွဲ)

4XL - 33” 💸 17,000Ks (9နှစ် မှ 12နှစ်)

#အသက်ခန့်မှန်းမို့ဝတ်နေကျဘောင်းဘီဆိုဒ်တိုင်းလေးနဲ့ယူပေးပါရှင့်
#အရောင်ရွေးလို့မရလို့ပါ၊သားသားမီးမီးပြောပေးပါရှင့်
ါသည်
#ကလေးဘောင်းဘီ
#ကလေးစတော်ကင်

🥰 Cotton, Made in Thailand ဘေးစင်းဘောင်းဘီလေးတွေရောင်စုံရောက်ပါတယ်🌈 Color အရမ်းလှပြီး ချည်သားအိအိမထူမပါးလေးမို့ 😎 အိမ်နေ...
18/02/2022

🥰 Cotton, Made in Thailand ဘေးစင်းဘောင်းဘီလေးတွေရောင်စုံရောက်ပါတယ်
🌈 Color အရမ်းလှပြီး ချည်သားအိအိမထူမပါးလေးမို့ 😎 အိမ်နေရင်းဝတ်လို့ရသလို အပြင်ဝတ်လည်းအဆင်ပြေပါတယ်နော်

🏷 5ထည်စျေးလေးတွေပါ
S - 21" 💸18000Ks (2 နှစ်ကျော် မှ 3နှစ် ခွဲ )
M - 23" 💸 20000Ks ( 4 နှစ် မှ 5 နှစ် )
L - 25" 💸 21000Ks ( 6 နှစ် မှ 7 နှစ် )
Xl - 27" 💸 22000Ks ( 7 နှစ် ခွဲ မှ 8 နှစ် ခွဲ )
2Xl - 29" 💸 23000Ks ( 9 နှစ် မှ 10 နှစ် ခွဲ )
3Xl - 31" 💸 24000Ks ( 11 နှစ် မှ 13 နှစ် )
#အသက်ခန့်မှန်းမို့ဝတ်နေကျဘောင်းဘီဆိုဒ်တိုင်းလေးနဲ့ယူပေးပါရှင့်

#အရောင်၃၀ကျော်ပါတာမို့အဆင်ရွေးခြင်းသည်းခံပါရှင် မကြိုက်တဲ့အရောင်နဲ့သားသားမီးမီးပြောပေးပါနော်
😍 မင်မင်က အလှဆုံးအရောင်တွေပဲရွေးထည့်ပေးမှာပါ

ါသည်၊%ပေးရန်မလိုပါ
#ဘေးစင်းဘောင်းဘီ
#ကလေးဝတ်
#ကလေးဘောင်းဘီ
#ဘောင်းဘီရောင်စုံ
ောင်းဘီ

🦕 🦖 Thailand made Dinoအရုပ် ဆွဲသား စတော်ကင်လေးတွေပါ၊ သားသား မီးမီးဝတ်လို့ရပါတယ်S size - 18"M size - 20"🏷 5 ထည် 1ထုတ် - 1...
17/02/2022

🦕 🦖 Thailand made Dinoအရုပ် ဆွဲသား စတော်ကင်လေးတွေပါ၊ သားသား မီးမီးဝတ်လို့ရပါတယ်

S size - 18"
M size - 20"
🏷 5 ထည် 1ထုတ် - 13,000Ks

L size - 22"
🏷 5ထည် 1 ထုတ် 14,000Ks

Xl size - 23"
🏷 5ထည် 1ထုတ် 15,500Ks

2xl size - 28"
🏷 5ထည် 1ထုတ် 17,500Ks

👦🧒 အသက် ၁နှစ်မှ ၇နှစ်ထိရပါသည်၊ ဝတ်နေကျဘောင်းဘီအတိုင်းနှင့်ယူပေးပါရှင့်

Kpay ရပါသည်၊ %ပေးရန်မလိုပါ

🥰 Disney ဖိနပ်လှလှလေး made in Thailand ပန်းရောင်အနုနှင့်အရင့် color 2 မျိုးရပါမယ်🏷 Price : 9,500ကျပ်Size 22 13cmSize23 1...
14/02/2022

🥰 Disney ဖိနပ်လှလှလေး made in Thailand ပန်းရောင်အနုနှင့်အရင့် color 2 မျိုးရပါမယ်

🏷 Price : 9,500ကျပ်

Size 22 13cm
Size23 14cm
Size24 14.5cm
Size25 15cm
Size26 16cm
Size27 17cm

Kpay ရပါသည်၊ %ပေးရန်မလိုပါ
#ကလေးဖိနပ်

🤩🤩🤩🤗Marvel spider ကွင်းထိုးဖိနပ်လေးတွေထပ်ရောက်ပါတယ်🥰Made in Thailand မို့ quality ကတော့ရှယ်ကောင်းနော်🏷 Price - 9,800Ks👇👇...
05/02/2022

🤩🤩🤩
🤗Marvel spider ကွင်းထိုးဖိနပ်လေးတွေထပ်ရောက်ပါတယ်
🥰Made in Thailand မို့ quality ကတော့ရှယ်ကောင်းနော်

🏷 Price - 9,800Ks
👇👇👇
Size 25 16.5 cm
Size 26 17 cm
Size 27 17.5 cm
Size 28 18cm
Size 29 19cm
Size 30 19.5 cm
⭐️Size 25 to 30ထိ အပြာ၊အညို ၂ရောင်ရပါမယ်

Size 31 20cm
Size 32 20.5cm
Size 33 21.5cm
Size 34 22cm
Size 35 22.5cm
Size 36 23 cm

⭐️Size 31 to 36 က အညို၊အနီ ၂ရောင်ရပါမယ်



#ကလေးဖိနပ်
#ကွင်းထိုး

🤗 ဒီ sizeလေးတွေရနိုင်ပါသေးတယ်နော်👉Size 28 18.5cm👉Size 29 19cm👉Size 30 20cm
28/01/2022

🤗 ဒီ sizeလေးတွေရနိုင်ပါသေးတယ်နော်

👉Size 28 18.5cm
👉Size 29 19cm
👉Size 30 20cm

Address

Yangon

Telephone

+95943056099

Website

Alerts

Be the first to know and let us send you an email when Golden Lotus Baby Accessories & Plush Toys posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share