Nova hospital and home health care service

Nova  hospital and home health care service

care service
born care
care service
Call Now: 09 799 628 963 09 251 097 538

01/01/2026

“ Welcome to happy new year’s 2026 wishes 🙏🙏❤️❤️❤️”

2026 ရောက်လို့ နှစ်သစ်မှသည် နေ့ရက်တိုင်း ပိုမိုကောင်းမွန်တဲ့ ကျန်းမာ ကြံ့ခိုင်သော်ဘဝများစွာကို ပိုင်ဆိုင်ကြပါစေ🙏🙏🙏

🤝မိသားစုအားလုံး စီးပွါးရေးကောင်းလို့ဘဝတွေ တိုးတက်အောင်မြင်ကြပါစေ🙏🙏🙏

🤛အခက်အခဲမှန်သမျှ ကျော်လွှာနိုင်လို့ လိုအင်ဆန္ဒတွေ ပြည့်ဆုံကြပါစေသာ••••

🤝စိတ်ရွှင်လမ်းလို့အေချမ်းသောနေ့ရက်တွေပိုင်ဆိုင်လို့
ကျန်းမာ ပျော်ရွှင်တဲ့ နေ့သစ်တွေနဲ့ နေ့ရက်တိုင်လျှောက်လှမ်းနိုင်ကြပါစေ•••••🙏🙏🙏

Happy New Year to you all! ❤️


မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှတဲ့ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယရလေးမှာလူကြီးမိဘများ၊ ချစ်စရာခလေးငယ်လေးများနှင့် ဆွေမျိုးမ...
06/10/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှတဲ့
ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယရလေးမှာ
လူကြီးမိဘများ၊ ချစ်စရာခလေးငယ်လေးများနှင့် ဆွေမျိုးမိတ်ဆွေများ အားလုံး အားလုံး
ကျန်းမာပျော်ရွှင်လို့ စိတ်နှလုံးအေးချမ်းကြပါစေလို့❤️🎉

“ NOVA hospital and Home Care Service “ မိသားစုမှ နွေးထွေး၊ ချစ်ခင် ကျင်နှာစွာဖြင့် စုမွန်ကောင်းတောင်းပေးလိုက်ပါစေ 🙏🙏🙏”

#သီတင်းကျွတ်လပြည့်နေ့



ယုံကြည်စိတ်ချရလို့ နွေးထွေးကျင်နာစွာ ကိုင်တွယ် ပြုစုပေးတတ်သော်  #ဆရာမလေးတွေလိုအပ်နေပြီလား?အဲ့အတွက် “  Nurse and Nurse ai...
21/08/2025

ယုံကြည်စိတ်ချရလို့ နွေးထွေးကျင်နာစွာ ကိုင်တွယ်
ပြုစုပေးတတ်သော် #ဆရာမလေးတွေလိုအပ်နေပြီလား?

အဲ့အတွက် “ Nurse and Nurse aid ဆရာမလေးများ”
က စောင့်မျှော်နေပါတယ်လို့••🤝

👏- မွေးပြီကာစကလေးငယ်နှင့် မိခင်များအတွက်
ကျန်းမာရေးလိုအပ်ချက်များကိုပြုစုပေးဖို့ ။
အဖော်အဖြင့်ကူညီစောင့်ရှောက်ပေးဖို့၊ 👉 (နေအိမ် ၊ဆေးရုံ၊ဆေးခန်းတွေ) အတွက် လိုအပ်တာပဲ ဖြစ်ဖြစ်

👏- သက်ကြီး ရွယ်အို ဘိုးဘိုး ဘွားဘွားများ
- နားမကျန်ဖြစ်သော လူနာများ
- နာတာရှည်ဝေဒနာ ခံစားနေရသောလူနာများ အားလုံးတို့အတွက်ပဲဖြစ်ဖြစ်လိုအပ်တာတွေကို
ပြုစုစောင့်ရှောက်ပေးဖို့ပါ••••

⭐️ဆေးရုံ / Home Care များအတွက်
🌟 Day duty
🌟 Night duty
🌟 Monthlys
🌟Hospital and home care
🌟 Caregiver service
🤝ဆရာမလေးများကို 24hrs Nursing Service
အဆင်ပြေသလို ခေါ်ယူနိုင်ပါတယ်

ကျွမ်းကျင် စိတ်ရှည်မှု အပြည့်အဝနှင့်
ပြုစု စောင့်ရှောက်ပေးဖို့ ဝါရင့် ဆရာမလေးများက
အသင့်ရှိနေပါပြီလို့••••

Duty ချိန်း၊ ပြောင်း ၊
Dutyအချိန်အတိအကျကို စိတ်ပူစရာမလို
ယုံကြည်စိတ်ချရမှု💯%အတိကျအာမခံချက်ကို

🫴NOVA Hospital and Home Caregiver service Care Service ကလေ လုံးဝ လုံးဝ ပေးပါတယ်နော်••👍👍👍

ဒါ့ကြောင့်

ရန်ကုန် ၊မန္တလေး “ မြို့အတွင်း မင်မင်တို့ပေးနေတဲ့
ကျန်းမာရေးစောင့်ရှောက်မှုထဲ့က
လူကြီးမင်းတို့အတွက် လိုအပ်တာကို
အခုပဲ အချိန်မရွေး ဆက်သွယ်လိုက်တော့နော်•••••

"သူနာပြုအကူ ဝန်ဆောင်မှု လုပ်ငန်း”
( ရန်ကုန် ၊မန္တလေး )
☎️Call Now : 09 799 628 963
09 251 097 538







Caregiver careservice

17/09/2023

👪မိဘတွေ သတိထားသင့်တဲ့ အော်တစ်ဇင်ရဲ့ လက္ခဏာများ

အော်တစ်ဇင် (Autism) ရောဂါအကြောင်းကို ကြားဖူးနားဝရှိပေမဲ့ ဘယ်လိုလက္ခဏာတွေနဲ့လာနိုင်လဲဆိုတာ သေချာမသိသေးတဲ့ ဖေဖေမေမေတို့အတွက် ဒီနေ့ Post ကနေ ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။

Autism (အော်တစ်ဇင်) ရောဂါက အာရုံကြောဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီး ကလေးတွေမှာ အပြုအမူပိုင်းနဲ့ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ လာနိုင်ပါတယ်။

အော်တစ်ဇင်ရောဂါက ဘာကြောင့်ဖြစ်လဲ တိတိကျကျမသိရသေးပေမဲ့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုတွေကြောင့်လို့ ယူဆထားပါတယ်။ မျိုးရိုးထဲမှာ အော်တစ်ဇင်ဖြစ်ဖူးတဲ့ရာဇဝင်ရှိရင် မွေးလာတဲ့ကလေးတွေလည်း အော်တစ်ဇင်ဖြစ်ဖို့ အလားအလာပိုများပါတယ်။ ပြီးတော့ အော်တစ်ဇင်က မိန်းကလေး🙍🏻‍♀️တွေထက် ယောကျ်ားလေး🙍🏻‍♂️တွေမှာ 4 ဆ ဖြစ်နိုင်ခြေများပါတယ်။

ဒါဆိုဆက်ပြီး အော်တစ်ဇင်ရဲ့ရောဂါလက္ခဏာတွေကို ကြည့်လိုက်ရအောင်။

ရောဂါလက္ခဏာတွေက ငယ်သေးတဲ့အရွယ် အသက် 1 နှစ် 2 နှစ်အရွယ်ကနေ စပြတာလည်းရှိပါတယ်။ အချို့ကလည်း အသက် 3 နှစ်ကျော်မှ စသတိထားမိတာလည်း ရှိနိုင်ပါတယ်။ အတွေ့များတဲ့လက္ခဏာတွေကတော့

◽နာမည်ခေါ်ရင်ပြန်ပြီး မတုံ့ပြန်တာ
◽စကားမပြောတာ၊ စကားပြောနောက်ကျတာ၊ စကားတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါပြောနေတာ
◽စကားပြောတဲ့အခါ မျက်လုံးချင်းမဆုံတာ
◽စကားပြောစဥ်ပုံမှန်မဟုတ်တဲ့ လေယူလေသိမ်း၊ အနိမ့်အမြင့်တွေနဲ့ ပြောနေတာ
◽တစ်ယောက်တည်းနေတတ်ပြီး သူငယ်ချင်းအပေါင်းအသင်းနည်းတာ
◽ပတ်ဝန်းကျင်ကို စိတ်ဝင်စားတဲ့အမူအရာမရှိတာ (ဥပမာ လက်ညှိုးညွှန်တာ၊ လက်ပြတာ မရှိခြင်း)
◽အပြုအမူတစ်ခုခုကို ထပ်ခါတလဲလဲ လုပ်နေတာ (လက်ကိုတဖျပ်ဖျပ်ရိုက်နေတာ၊ ခန္ဓာကိုယ်ကို လှုပ်ခါနေတာ)
◽မိမိကိုယ်ကို ထိခိုက်အောင် ပြုလုပ်တတ်တာ
◽အခြားသူတွေရဲ့ ခံစားချက်ကို နားမလည်တတ်သလို မိမိလိုအပ်တဲ့အရာကိုလည်း ပြောပြဖို့ အခက်တွေ့နေတာ
◽အသံ၊ အလင်းရောင်၊ ထိတွေ့မှုတွေကို တုံ့ပြန်မှုလွန်ကဲတာ
◽အစားအသောက်တွေကို ရွေးစားတတ်တာ ( အချို့အရောင်တွေပါတဲ့အစာတွေမစားတာ၊ စားလို့မရတဲ့အရာဝတ္ထုတွေကို စားချင်စိတ်ဖြစ်တာတွေနဲ့ လာနိုင်ပါတယ်။

ပြီးတော့ အချို့အော်တစ်ဇင်ကလေးတွေက ဥာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျတတ်ပြီး တချို့တွေမှာ ပုံမှန်ဥာဏ်ရည်ရှိတာ၊ ဥာဏ်အလွန်ကောင်းတာလည်း ရှိတတ်ပါတယ်။

အော်တစ်ဇင်ရောဂါက အရှင်းပျောက်အောင် ကုသလို့မရဘူးဆိုပေမဲ့ ရောဂါရှိတာ စောစီးစွာသိရှိနိုင်လေ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်လေပါ။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးက အပေါ်ကပြောသွားတဲ့ အော်တစ်ဇင်ရဲ့လက္ခဏာတွေ ခံစားနေရရင် ဆရာဝန်👩🏻‍⚕️နဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေကို ခံယူသင့်ပါတယ်။

Nova Hospital and Home Care Service
📞 09777769397. 09251097538




15/09/2023
10/05/2023

#သင့်ကလေးအတွက်လုံခြုံစိတ်ချရသော
#ကျန်းမာရေးစောင့်ရှောက်မှုရှာနေပါလား??

♻ #မွေးကင်းစ ကလေးတွေအတွက် သင်ကိုယ်တိုင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ အဆင်မပြေဖြစ်နေလား?

♻ #ဆေးရုံ၊ ဆေးခန်း တွေမှာ Duty အဖြစ် လိုချင်တာလား?

♻ #နေအိမ်အတွက် #လပြတ်နဲ့လား ?Day Duty? အတွက် လိုချင်တာလား???

⚜သင့်ကလေးကို ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးမယ့်

သူနာပြု၊ သူနာပြုအကူများလိုအပ်ပါက

Nova ကိုသာဆက်သွယ်လိုက်ပါ။

🌟 #မိခင်နှင့်ကလေးရဲ့ကျန်းမာခြင်းကိုအသေးစိတ်ဂရုစိုက်ပေးခြင်း။

🌟 #ကလေးဒိုင်ဘာလဲခြင်း။

🌟 #မိခင်နို့တိုက်ပေးခြင်း။

🌟 #ကလေးငယ်များ နေ့ည အိပ်မှန်အောင်လုပ်ပေးခြင်း။

စတဲ့ စတဲ့ ကလေးအတွက်
#ကလေးစောင့်ရှောက်မှုမှာ #ကျွမ်းကျင်အဆင့်ရှိတဲ့
ဆေးရုံမှာ လုပ်သက် (၂)နှစ် (၅) နှစ်အနည်းဆုံးရှိတဲ့

အကိုင်အတွယ်ညင်သာတဲ့ ဝါရင့် ဆရာမလေးတွေ
ပဲဖြစ်ပါတယ်။

↤↤↤↤↤ health Care Service
လက်ရှိ မန္တလေးမြို့ ပုဂ္ဂလိက ဆေးရုံကြီးများတွင်
Special Case များနှင့် case များဝင်ရောက် လုပ်ကိုင်လျက်ရှိတဲ့ သူနာပြုတွေနဲ့ အဖွဲ့အစည်းထားခြင်းဖြစ်လို့.......
↦↦↦↦↦

💥 #ရန်ကုန်၊ #မန္တလေး မြို့တွေကနေ ရယူနိုင်လို့ အချိန်မရွေး ဆက်သွယ် လိုက်ပါရှင့်။💥

Duty Fee
======

လုပ်သက် ( ၂ ) ၊ ( ၃ ) နှစ်အထပ်

💸Day -15,000Ks > Night 17,000Ks

လုပ်သက် (5)နှစ်အထက်
💸 Day 20,000 KS > Night 22,000KS

Duty Time
========

Day > 7 : 00 AM to 7: 00 PM
Night > 7:00 PM to 7:00 AM

#လပြတ် စျေးနှုန်း 🗨Message Box (or) Phone
☎️Call Now : 09 77 77 69 397
လေးထဲ မေးမြန်းနိုင်ပါတယ်ရှင့်။

ျိန်းပြောင်းကို အတိအကျ.ရှိအောင် တာဝန်ယူမှု အပြည့်အဝလုပ်ဆောင်ပေးနေပါတယ်ရှင့်။






17/03/2023

မွေးကင်းစကလေးငယ်တွေကို နည်းစနစ်ကျကျနဲ့ ဘယ်လိုရေချိုးသန့်စင်ပေးမလဲ ❓

ကလေးငယ်တွေကို တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ရေချိုးပေးသင့်လဲ?

မေမေတို့ရဲ့မွေးကင်းစကလေးငယ်တွေကို တစ်ပတ်မှာ ၁-၂ ကြိမ်ခန့်သာရေချိုးပေးသင့်ပါတယ်။ အဲဒီထက်ပိုရေချိုးပေးရင် ကလေးငယ်ရဲ့ အရေပြားကိုခြောက်သွေ့စေနိုင်လို့ပါ။

ဘယ်လို ကလေးတွေကို ရေမချိုးပေးသင့်လဲ?

ချက်ကြိုးမကြွေသေးတဲ့ ကလေးငယ်တွေကို ရေမချိုးပေးသင့်ပါဘူး။ ချက်ကြိုးမကြွေခင်အချိန်အထိ နူးညံ့တဲ့အဝတ်ကို သုံးပြီး ရေပတ်တိုက်ခြင်းသာ ပြုလုပ်ပေးသင့်ပါတယ်။

ကလေးကို ရေမချိုးခင်ဆောင်ရန်ရှောင်ရန်များ

ရှောင်ရန်👇
🛀ရေချိုးပေးနေတဲ့အချိန်မှာ ကလေးရဲ့အနားကနေ တစ်စက္ကန့်လေးတောင် မခွာသင့်ပါဘူး။ ဘာလို့လဲဆိုတော့ မွေးကင်စကလေးငယ်တွေက အလွန်တိမ်တဲ့ရေမှာတောင် ရေနစ်နိုင်လို့ပါ။

ဆောင်ရန် 👇
ကလေးကို ရေမချိုးပေးခင် လိုအပ်တဲ့ပစ္စည်း( သန့်ရှင်းတဲ့ပုဝါ၊ အနှီး) တွေကို လက်လှမ်းမီတဲ့နေရာတွေမှာ အရင်ထားရှိသင့်ပါတယ်။

ရေချိုးသန့်ရှင်းပေးပုံအဆင့်ဆင့်🛀

✔ အရင်ဆုံး ကလေးကိုရေချိုးပေးမယ့်ရေက နွေးနွေးလေးဖြစ်မဖြစ် မိမိရဲ့လက်နဲ့ အရင်ဆုံး စစ်ဆေးသင့်ပါတယ်။

✔ ကလေးရဲ့မျက်လုံးကို ကြက်သီးနွေးရေထဲတွင်နှစ်ထားတဲ့ ဂွမ်းစနဲ့ သုတ်ပေးပါ။ ပြီးရင် မျက်ချေးတွေကို နှာခေါင်းဘက်ကနေ အပြင်ဘက်သို့ ဂွမ်းစနဲ့ ညင်သာစွာဆွဲပြီး သန့်ရှင်းပေးသင့်ပါတယ်။

✔ နား နဲ့ နှာခေါင်းတွေကို သန့်ရှင်းတဲ့အခါ အပြင်ဘက်ကိုသာ သန့်ရှင်းပေးသင့်ပါတယ်။ နားထဲ နှာခေါင်းထဲထိ ဂွမ်းတံကို သုံးပြီးသန့်ရှင်းတာမျိုး ❌ မလုပ်သင့်ပါဘူး။

✔ ပြီးရင် ကလေးရဲ့ တစ်ကိုယ်လုံးကို ကလေးသုံးဆပ်ပြာကိုသုံးပြီး ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်ရှင်းပေးပါ။ ဆပ်ပြာအပြင်းစားတွေ အရမ်းမွှေးလွန်းတဲ့ ဆပ်ပြာတွေကိုတော့ ❌ မသုံးသင့်ပါဘူး။

✔ ကလေးရဲ့သေးခံကို နောက်ဆုံးမှ သန့်ရှင်းပေးပါ။ ချိုင်းကြား၊ ပေါင်ကြားနေရာများတွင် နူးညံ့တဲ့အဝတ်နဲ့ ရေကိုသုံးပြီး သေချာ ဆေးကြောသန့်ရှင်းပေးသင့်ပါတယ်။

✔ မိန်းကလေးဆိုရင် မိန်းမကိုယ်နေရာကို စနစ်တကျ ဆေးကြောပေးပါ။

✔ ရေချိုးပြီးသွားရင် ကလေးကို သန့်စင်တဲ့အဝတ်နဲ့ ညင်သာစွာသေချာခြောက်အောင်သုတ်ပေးရပါမယ်။

✔ ကလေးရဲ့ ခေါင်းကို ဆပ်ပြာအပျော့စား သုံးပြီး ညင်သာစွာဖြင့် ခေါင်းလျှော်ပေးလို့ရပါတယ်။ ခေါင်းလျှော်ပြီးသွားရင်လည်း သန့်ရှင်းတဲ့ ပုဝါနဲ့သေချာခြောက်အောင်သုတ်ပြီး
ခေါင်းသေချာဖီးပေးသင့်ပါတယ်။

❌ ❌❌ လိုးရှင်းအဆီများကို မွေးကင်းစကလေးငယ်တွေကို လိမ်းပေးခြင်းက အနီစက်တွေထွက်နိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

ဒါဆိုရင်တော့ မေမေတို့လည်း မိမိရဲ့မွေးကင်းစကလေးငယ်တွေကို နည်းစနစ်ကျကျနဲ့ ဘယ်လိုရေချိုးသန့်စင်ပေး
ရမလဲဆိုတာ သိသွားကြမယ်လို့ထင်မြင်မိပါတယ်။
🤱မေမေတို့ရဲ့ ကလေးငယ်တွေကို ဘယ်လို ရေချိုးသန့်စင်ပေးလဲ
ဆိုတာ မျှဝေပေးပါအုံးနော်။

မိမိရဲ့မွေးကင်းစကလေးငယ်တွေအတွက် ယုံယုံကြည်ကြည်နဲ့ ပြုစုစောင့်ရှောက်ပေးမယ့် service ကိုရှာနေရင်တော့ Nova hospital and home health care service ကို သတိရလိုက်ပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nova hospital and home health care service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share