Neo's Tiny Togs

Neo's Tiny Togs Neo's Tiny Togs - ကလေးလေးတို့ရဲ့နေ့စဥ်ပျော်ရွှင်မှု

Hello ဒီနေ့မှာတော့  Neo's Tiny Togs လေးကနေ ချည်သားလေးတွေကို ရွေးချယ်သင့်တဲ့အကြောင်းလေး sharing လုပ်ပေးချင်ပါတယ် ရှင့် ချ...
07/03/2026

Hello ဒီနေ့မှာတော့ Neo's Tiny Togs လေးကနေ ချည်သားလေးတွေကို ရွေးချယ်သင့်တဲ့အကြောင်းလေး sharing လုပ်ပေးချင်ပါတယ် ရှင့်
ချည်သား အင်္ကျီလေးတွေဟာ သဘာဝကပေးတဲ့ လက်ဆောင်ဖြစ်လို့ လူတိုင်းနဲ့ သင့်တော်ပေမဲ့ အထူးသဖြင့် ကလေးလေး တွေအတွက်တော့ မရှိမဖြစ် ဝတ်ဆင်သင့်ပါတယ်ရှင့်
၁။ နုနယ်တဲ့ အသားအရေရှိသည့် ကလေးငယ်များ
* ကလေးငယ်တွေရဲ့ အရေပြားဟာ လူကြီးတွေထက် ပိုပါးလွှာပြီး ထိခိုက်လွယ်တာကြောင့် ချည်သားရဲ့ နူးညံ့မှုက အသားပွတ်တိုက်မိပြီး နီမြန်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
* သွက်လက်ဖြတ်လတ်ပြီး ချွေးထွက်များတဲ့ ကလေးတွေအတွက် လေဝင်လေထွက်ကောင်းတဲ့ ချည်သားက အသင့်တော်ဆုံးပါ။
၂။ Sensitive Skin (သို့) အသားအရေ ပြဿနာရှိသူများ
* ဓာတုဗေဒ အမျှင်တွေနဲ့ မတည့်ဘဲ ယားယံတတ်သူတွေ၊ အင်ပြင်ထွက်တတ်သူတွေအတွက် ချည်သားစစ်စစ်က စိတ်အချရဆုံးပါ။
၃။ ချွေးထွက်များပြီး အပူဒဏ်မခံနိုင်သူများ
* မြန်မာနိုင်ငံလို ပူအိုက်တဲ့ ရာသီဥတုမှာ နေထိုင်ရသူတွေအနေနဲ့ ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်သားကို ဝတ်ဆင်ခြင်းဖြင့် ကိုယ်ခန္ဓာကို အမြဲအေးမြနေစေမှာပါ။
* ညဘက် အိပ်စက်တဲ့အခါမှာလည်း ချည်သားအင်္ကျီလေးတွေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
မေမေတို့ရေ... ကလေးလေး တို့က အသားအရေ အရမ်းနုနယ်တာမို့ အပူဓာတ်ကင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားစစ်စစ်လေးတွေကိုပဲ ရွေးချယ်ပေးသင့်ပါတယ်နော်။ Neo's Tiny Togs ရဲ့ ချည်သားလေးတွေက အသားအေးပြီး နူးညံ့လွန်းလို့ ကလေး လေးတို့ အိပ်မက်လှလှလေးတွေ မက်မှာ အသေအချာပါပဲရှင့်




ချစ်ရတဲ့ မေမေ တို့ရှင့် 💙💙ကလေးငယ်တွေအတွက် ချည်သား  အင်္ကျီလေးတွေကို ရွေးချယ်ပေးခြင်းက အသားအရေကျန်းမာရေးနဲ့သက်သောင့်သက်သာ...
02/03/2026

ချစ်ရတဲ့ မေမေ တို့ရှင့် 💙💙
ကလေးငယ်တွေအတွက် ချည်သား အင်္ကျီလေးတွေကို ရွေးချယ်ပေးခြင်းက အသားအရေကျန်းမာရေးနဲ့သက်သောင့်သက်သာရှိမှုအတွက် အကောင်းဆုံးဖြစ်ပါတယ်ရှင့်
၁။ လေဝင်လေထွက်ကောင်းမွန်ခြင်း
* ချည်သားဟာ သဘာဝအမျှင်အမျိုးအစားဖြစ်လို့ လေဝင်လေထွက် အလွန်ကောင်းမွန်ပါတယ်။
* ကလေးငယ်တွေ ချွေးထွက်တဲ့အခါ အသားထဲမှာ ချွေးအောင်းမနေဘဲ အမြန်ဆုံး ခြောက်သွေ့စေလို့ အသားယားယံတာမျိုး မဖြစ်စေပါဘူးနော်
၂။ နူးညံ့ပြီး အသားမနာစေခြင်း
* ကလေးငယ်တွေရဲ့ အသားအရေက လူကြီးတွေထက် (၅) ဆခန့် ပိုပြီး ပါးလွှာနုနယ်ပါတယ်။
* ချည်သားအင်္ကျီလေးတွေက နူးညံ့တဲ့အတွက် ကလေးလှုပ်ရှားတဲ့အခါ အသားပွတ်တိုက်ပြီး နီမြန်းတာမျိုး (Rashes) မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်ရှင့်
၃။ ဓာတ်မတည့်မှု ကင်းဝေးခြင်း
* ချည်သားစစ်စစ်ဟာ ဓာတုပစ္စည်း ပါဝင်မှုနည်းပါးလို့ Sensitive Skin ရှိတဲ့ ကလေးလေးတွေအတွက် အသင့်တော်ဆုံးပါ။
* မွေးရာပါအမှတ် သို့မဟုတ် အသားအရေပြဿနာရှိတဲ့ ကလေးတွေအတွက်လည်း စိတ်အချရဆုံး အသားအမျိုးအစား ဖြစ်ပါတယ်ရှင့်
၄။ ဆေးကြောရလွယ်ကူပြီး တာရှည်ခံခြင်း
* ချည်သားဟာ ခိုင်ခံ့တဲ့အမျှင်ရှိလို့ မကြာခဏ လျှော်ဖွတ်ပေးရတဲ့ ကလေးအဝတ်အစားတွေအတွက် အလွန်တာရှည်ခံပါတယ်။
* အကြိမ်ကြိမ် လျှော်ဖွတ်သော်လည်း အသားမကြမ်းသွားဘဲ ပိုပြီး နူးညံ့လာတတ်တဲ့ သဘောရှိပါတယ် ဆိုတဲ့ အကြောင်းလေး ကို ချစ်ခင်ရင်းနှီးစွာ Sharing လုပ်လိုက်ပါတယ်နော် ။ 🥰🥰



Hello 🔈🔈🔔🔔💚 Neo's Tiny Togs 💚 မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် နော် 😍Neo's မှာ ရနိုင်တာလေးတွေက တော့ သားသားမီးမီးလေးတွေရဲ...
01/03/2026

Hello 🔈🔈🔔🔔
💚 Neo's Tiny Togs 💚 မှ
နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် နော် 😍
Neo's မှာ ရနိုင်တာလေးတွေက တော့ သားသားမီးမီးလေးတွေရဲ့👦👧 နေ့စဥ် အိမ်နေရင်းလဲချစ်ဖို့ကောင်း😘 အပြင်သွားလဲ သင့်တော်တဲ့ 🥰 ချစ်စရာ အင်္ကျီလေးတွေကို ❤ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ် ရှင့် 😍😍
ဖေဖေ မေမေ တို့အနေနဲ့ ကို့ရဲ့သားသား မီးမီးလေး တွေကို ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ချည်သား​ လေးတွေကို ရွေးချယ်​ပေးတော့မယ်ဆိုရင် စျေးနှုန်းသင့်ပြီး Quality ကောင်းတဲ့ Neo's Tiny Togs လေးကို သတိရဖို့မမေ့ပါနဲ့နော် 😁😁


Address

Northdagon
Yangon

Alerts

Be the first to know and let us send you an email when Neo's Tiny Togs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share