𝐑𝐮𝐛𝐲’𝐬 𝐒𝐨𝐮𝐥

  • Home
  • Myanmar
  • Yangon
  • 𝐑𝐮𝐛𝐲’𝐬 𝐒𝐨𝐮𝐥

𝐑𝐮𝐛𝐲’𝐬 𝐒𝐨𝐮𝐥 𝐋𝐞𝐚𝐫𝐧|𝐁𝐥𝐞𝐧𝐝|𝐂𝐫𝐞𝐚𝐭𝐞 𝐰𝐢𝐭𝐡 𝐑𝐮𝐛𝐲’𝐬 𝐒𝐨𝐮𝐥 🌸✨

ကုန်ကြမ်းလေးတွေ အသစ်ရောက် 💕Perfumer တစ်ယောက်ဖြစ်ချင်တယ်ဆို တွေ့ရာ essential oilsတွေ လျှောက်သုံးနေမယ့်အစား Perfume Grade ...
06/09/2025

ကုန်ကြမ်းလေးတွေ အသစ်ရောက် 💕

Perfumer တစ်ယောက်ဖြစ်ချင်တယ်ဆို တွေ့ရာ essential oilsတွေ လျှောက်သုံးနေမယ့်အစား Perfume Grade Oils တွေကို ပဲ ရွေးချယ် သုံးသင့်ပါတယ် 💕

Handmade Perfume အဖြစ် စျေးကွက်ထဲ ရောင်းချချင်ရင်ဖြစ်ဖြစ် ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ် လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် Perfume Grade Oil တွေကိုပဲ သုံးပြီး ဖန်တီးသင့်ပါတယ် နော်

စျေးကွက်ထဲမှာ essential oil တွေပေါပေမယ့် perfume grade မဖြစ်တာတွေများပါတယ်

Diffuser,scented candle,soap making တွေအပြင် အခြားဘက်စုံသုံး essential oil တွေဖြစ်ပေမယ့် perfume grade oil လို့မပြောထားရင် မေးဝယ်သင့်ပါတယ် ❗️

ဒါမှ IFRA guideline နဲ့ safety standard တွေကို လိုက်နာထားတဲ့
skin irritation, sensitization တွေ မဖြစ်တဲ့
professional standard perfume ကို ရရှိမှာပါနော် 🫶🏻💕

ပြည်တွင်းမှာ perfume grade oils တွေရှာရခက်တဲ့အခါ Admin ဆီ မေးပြီး လာမှာလို့ရပါတယ်ရှင် ❗️

သုံးသောင်းကျပ်နဲ့ join လို့ရပါသေးတယ်နော် 🫶🏻🪄🔮
31/08/2025

သုံးသောင်းကျပ်နဲ့ join လို့ရပါသေးတယ်နော် 🫶🏻🪄🔮

Fruity Smells For Rainy Days 🍒🍇🍑မိုးရာသီနဲ့ လိုက်ဖက်ညီမယ့် fruity perfume လေး တွေ ဖန်တီးမယ်ဆို သိထားသင့်ပြီး  မိုးရွာတဲ့...
25/08/2025

Fruity Smells For Rainy Days 🍒🍇🍑

မိုးရာသီနဲ့ လိုက်ဖက်ညီမယ့် fruity perfume လေး တွေ ဖန်တီးမယ်ဆို သိထားသင့်ပြီး

မိုးရွာတဲ့နေ့လေးတွေမှာ ကိုယ်လိုချင်တဲ့ vibe ကို ပြောင်းပေးနိုင်တဲ့ fruity notes လေးတွေအကြောင်းပြောပြပေးချင်ပါတယ် 🌧️

မိုးအေးအေးလေးမှာ စိုထိုင်းထိုင်း အေးစက်စက်လေထုနဲ့ match ဖြစ်ဖို့ဆို
Fresh & Dewy Fruity Notes လေးတွေသုံးသင့်ပြီး

Cozy Indoors Vibe လေးနဲ့ match ဖြစ်ချင်ရင်တော့
Cozy & Comforting Fruity Notes တွေကိုရွေးသင့်ပါတယ်

Fresh & Dewy Fruity Notes
-Pear 🍐
-Green Apple 🍏
-Melon (honeydew,cantaloupe)🍈
-Lychee

Cozy & Comforting Fruity Notes
-Plum
-Blackcurrant
-Fig

ဒီ notes လေးတွေသုံးပြီး မိုးအေးအေးလေးနဲ့ လိုက်ဖက်ညီတဲ့ fresh or cozy vibe perfume လေး ဖန်တီးကြည့်လိုက်တော့နော် 🫶🏻💕


ဒီတခေါက်မှာတော့ Perfume Making မှာအရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်တဲ့ Maceration အကြောင်းလေးပြောပြပေးချင်ပါတယ်နော် 🫶🏻✨Perfum...
18/07/2025

ဒီတခေါက်မှာတော့ Perfume Making မှာအရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်တဲ့ Maceration အကြောင်းလေးပြောပြပေးချင်ပါတယ်နော် 🫶🏻

✨Perfume Maceration ဆိုတာဘာလဲ ?

Maceration ဆိုတာ

Perfume oil + Alcohol တို့ကို ပေါင်းပြီးတဲ့နောက်
အနည်းဆုံး 2–4 weeks အနားပေးထားခြင်း ဖြစ်ပါတယ်။

ဒါဟာ perfume ထဲမှာပါဝင်တဲ့အရာတွေအားလုံးကို
✔ ကောင်းကောင်းလိုက်ဖက်ညီအောင်ပြုလုပ်ပေးပြီး
✔ အနံ့long lasting ဖြစ်လာအောင်ကူညီပေးပါတယ် ။

⏳ ဘယ်လောက်ကြာ ကြာ Maceration လုပ်ရမလဲ?

Perfume Type အရ
EDT ဆို 1-2 weeks
EDP ဆို 2-4 weeks
Parfum ဆို 4weeks - 2months ထိ ထားသင့်ပါတယ် ။

✨Maceration လုပ်တဲ့နည်းလမ်း

✅ Perfume ကို dark-colored glass bottle (amber/glass) ထဲထည့်ပါ
✅ အေးမြပြီး နေရောင်မထိတဲ့နေရာမှာထားပါ (e.g. drawer, cupboard)
✅ အပူချိန် 20–25°C ထဲမှာထားသင့်ပါတယ်
✅ တစ်ပတ်ကို 1 ခါလောက် bottle ကိုလှုပ်ပေးပါ
❌air bubble & oxidation ဖြစ်နိုင်တဲ့အတွက် အရမ်းကြီး Shake တာမျိုးမလုပ်ပါနဲ့ နော်

✨Maceration ပြီးသွားပြီလား ဆိုတာ ဘယ်လိုသိမလဲ?

Liquid ရဲ့ clarity (ကြည်လင်မှု) က တိုးလာပြီး
Top ,Heart ,Base notes တို့ ဟာ လိုက်ဖက်ညီနေမယ်
Alcohol ရဲ့ sharpnessဟာလဲ ပျော့သွားပြီး scent ပေါ်လာတယ်

အဲ့တာတွေဖြစ်ပြီဆိုရင် အသုံးပြုဖို့အဆင်သင့်ပါပဲနော် ။

Maceration မလုပ်ခင်နဲ့ လုပ်ပြီးချိန်တွေရဲ့ပြောင်းလဲမှုကိုသိရဖို့ before and after test လေးလဲ လုပ်ဖို့မမေ့နဲ့နော် 🥰



😥
25/06/2025

😥

ကနေဒါနိုင်ငံမှာ နေထိုင်မှုကုန်ကျစရိတ်တွေ မြင့်မားလာခဲ့တာကြောင့် အိမ်မွေးအာဝုတွေကို စွန့်ပစ်မှု ပိုမိုများပြားလာခဲ့ကြောင်း သိရှိရပါတယ်။ တိရစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့အစည်းကတောင်မှ အာဝုလေးတွေကို ဆက်လက် မကယ်ဆယ်နိုင်မှာကို စိုးရိမ်နေရပါတယ်။

အထူးသဖြင့် အစားအစာစရိတ် မြင့်တက်လာခြင်း၊ နေထိုင်မှုကုန်ကျစရိတ် ကြီးမားလာခြင်းတို့က ကနေဒါနိုင်ငံသားတွေကို ထိုးနှက်နေပြီး အကျိုးဆက်အနေနဲ့ အခုလိုမျိုး တိလေးတွေကိုပါ သက်ရောက်မှုရှိလာခဲ့တာပါ။

Pet Food Bank Program ကတစ်ဆင့် ပြီးခဲ့တဲ့မေလ (၃၁) ရက်နေ့အထိ လှူဒါန်းခဲ့တဲ့ အစားအသောက်ပေါင်းက တစ်နှစ်က ဒီလိုအချိန်မှာ လှူဒါန်းခဲ့တဲ့ အစားအသောက်ပေါင်းထက် (၄,၁၈၀) အထိ ပိုမိုများပြားခဲ့ပါတယ်။

ဒါပေမယ့် (၂၀၂၄) ခုနှစ်ကတည်းက အလှူရှင်တွေ ကျဆင်းလာတာကြောင့်လည်း လာမယ့်ကာလတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။

❗️Promotion Price 30000 ks ❗️သင်တန်းကြေးမူရင်း 150000 ks ကိုအခု 30000 ks  ဖြင့်  𝑷𝒆𝒓𝒇𝒖𝒎𝒆 𝑴𝒂𝒌𝒊𝒏𝒈 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔 𝒇𝒐𝒓 𝑩𝒆𝒈𝒊𝒏𝒏𝒆...
13/06/2025

❗️Promotion Price 30000 ks ❗️သင်တန်းကြေးမူရင်း 150000 ks ကိုအခု 30000 ks ဖြင့် 𝑷𝒆𝒓𝒇𝒖𝒎𝒆 𝑴𝒂𝒌𝒊𝒏𝒈 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔 𝒇𝒐𝒓 𝑩𝒆𝒈𝒊𝒏𝒏𝒆𝒓𝒔 💝

လကုန်ထိသုံးသောင်းကျပ်ဖြင့် joinလို့ရပါပြီ📣

Perfume ကိုစိတ်ဝင်စားပြီး ကိုယ်တိုင်ဖန်တီးထုတ်လုပ်လိုပါသလား ???

___Perfume ကို စိတ်ဝင်စားတဲ့သူတွေအတွက် မဖြစ်မနေ လေ့လာရမယ့် သင်တန်း ___

🔮ရေမွှေးဖန်တီးခြင်းကို ဘယ်ကစရမှန်းမသိသေးသူများအတွက်
🔮Luxury perfume အနံ့များကို နားလည်ပြီး ကိုယ်တိုင်ဖန်တီးလိုသူများအတွက်
🔮Perfume handmade လုပ်ငန်းစတင်လိုသူများအတွက်

အခုလို အခွင့်အရေးကောင်းလေးကို Ruby’s Soul မှ မိတ်ဆက်ပေးလိုက်ပါပြီ 💖

📌 သင်တန်းမှာ ဘာတွေ လေ့လာရမလဲ?

✅ Essential Oil & Fragrance Oil များအကြောင်းနှင့် Essential Oil 7Groups

✅ Perfume Notes (Top, Middle & Base Notes) ကို နားလည်ခြင်း

✅ Perfume base အကြောင်း

✅Types of Perfume

✅ Perfume Formulation & Basic Blending Techniques

✅ ရေမွှေး ကိုယ်တိုင်ဖန်တီးနည်း (Step-by-Step Guide)

🗓️သင်တန်းအသေးစိတ် 🗓️

Private Facebook Group , Videos သင်ခန်းစာများ ဖြင့် သင်ကြားမှာဖြစ်ပြီး အခုချက်ချင်းအပ် အခုချက်ချင်းလေ့လာလို့ရပါပြီ။

တခါအပ်ရုံနဲ့ Group ထဲ တသက်တာ လေ့လာလို့ရမှာ ဖြစ်ပြီး နားမလည်တာမှန်သမျှကို အချိန်မရွေး မေးလို့ရပါတယ်ရှင် 💗💐

Your Perfume Journey ကိုစတင်ဖို့
comment (or) message box မှာ join လို့ရေးခဲ့ပေးနော်❗️

အချိန်ကန့်သတ်ထားသော အခွင့်အရေးမို့ အချိန်မကုန်ခင် အခုပဲ register လုပ်လိုက်ပါ !!!❗️🫶🏻😉

Scents For Rainy Days 🌂🌧️မိုးရွာတဲ့နေ့တွေမှာ နွေးထွေးမှုတွေဝန်းရံထားသလို ခံစားရစေမယ့် ရနံ့ notes လေးတွေကို ဖော်ပြပေးလိုက...
06/06/2025

Scents For Rainy Days 🌂🌧️

မိုးရွာတဲ့နေ့တွေမှာ နွေးထွေးမှုတွေဝန်းရံထားသလို ခံစားရစေမယ့် ရနံ့ notes လေးတွေကို ဖော်ပြပေးလိုက်ပါတယ် နော် 🫶🏻

🪵Woody Notes

မြေဆီလွှာအနံ့ကိုဖြစ်စေတဲ့ woody notes တွေ —
Sandalwood, Cedarwood, Vetiver စတဲ့အနံ့တွေက မိုးရာသီရဲ့စိုစွတ်မှုနဲ့ လိုက်ဖက်ညီစေပါတယ်

🌿 Earthy & Green Notes

မိုးအေးချိန်မှာ
Oakmoss, Patchouli, Green Tea စတဲ့အနံ့တွေက စိတ်ငြိမ်းချမ်းမှုကိုဖန်တီးပေးပါတယ်။

🌸 Soft Floral Notes

Powdery Rose, Iris, Lavender တို့လို gentle floral notes တွေက
မိုးအေးချိန်မှာ သဘာဝဆန်ဆန် ချစ်စရာကောင်းတဲ့အခိုက်အတန့်လေးတွေခံစားရစေပါတယ်

🍫 Warm Gourmand Notes

အနည်းငယ် ချိုမြပြီးနွေးထွေးတဲ့ Vanilla, Tonka Bean, Cocoa စတဲ့အနံ့တွေကတော့
မိုးရာသီရဲ့ cozy feeling နဲ့ တကယ်ကို လိုက်ဖက်ညီစေပါတယ်

မိုးရွာတဲ့နေ့တွေမှာ သက်သောင့်သက်သာ အနားယူဖို့ Groundedness ဖြစ်ဖို့ stress တွေ လျှော့ချဖို့ ဆို warm & soft scent လေးတွေနဲ့ ကိုယ့်ကိုကိုယ် wrap လုပ်ဖို့လိုမယ်နော် 🤩

ကိုယ့်ရဲ့ rainy day perfume လေးရော ဖန်တီးကြည့်ပြီးပြီလား ???

လေးကိုလဲ special price နဲ့ join လို့ရပါသေးတယ်နော်

💡 Brand Perfume Notes တွေကို သိထားရင် ဘာအတွက် အသုံးဝင်နိုင်သလဲ?Perfume Learning beginner တို့အတွက် Brand Perfume Notes တ...
20/05/2025

💡 Brand Perfume Notes တွေကို သိထားရင် ဘာအတွက် အသုံးဝင်နိုင်သလဲ?

Perfume Learning beginner တို့အတွက် Brand Perfume Notes တွေလေ့လာလို့ရအောင် စုစည်းပြီး တင်ပေးလိုက်ပါတယ်နော် 👇

ကိုယ်က brand perfume notes တွေလေ့လာထားမယ်ဆို

1️⃣ Scent Breakdown လုပ်လို့ရတယ်
Top, Heart, Base Notes တွေကို ခွဲခြမ်းလေ့လာနိုင်ပြီး Perfume Structure တွေကို နားလည်လာမယ်။

2️⃣ Note Combinations Inspired ဖန်တီးလို့ရတယ်
ကြိုက်တဲ့ brand perfume notes တွေကိုယူပြီး ကိုယ်ပိုင် scent creation လုပ်နိုင်တယ်။

3️⃣ Perfume Duplication Practice
Dupe perfume ကို sample, gift set အဖြစ်ဖန်တီးကြည့်လို့ရမယ်။

4️⃣ Scent Preference သိလာမယ်
ကိုယ့်အကြိုက်ဆုံး notes တွေကို သိလာပြီး future blends မှာ အသုံးချနိုင်တယ်။

5️⃣ Marketing Reference အဖြစ် သုံးလို့ရတယ်
Brand perfume တစ်ခုရဲ့ mood & notes ကို အခြေခံပြီး ကိုယ်ပိုင် product description ဖန်တီးလို့ရတယ်။

📚 Perfume လေ့လာချင်သူတိုင်းအတွက် Brand Perfume Notes ဆိုတာ အရေးကြီးတဲ့ Learning Tool တစ်ခုပါ။

မသိသေးတဲ့သူများအတွက် share လုပ်ပြီး မျှဝေပေးကြပါဦးနော် 💬

Rubyရဲ့ ကို လည်း special price နဲ့ join လို့ရပါသေးတယ်ရှင်🩷



Pic-crd-Pinterest

Popular Perfume Note Combinationsဒီတခါတော့ Perfume Blending မှာ အသုံးများတဲ့ တွဲသုံးလေ့ရှိတဲ့ Notes တွေသိထားရအောင် Shari...
13/05/2025

Popular Perfume Note Combinations

ဒီတခါတော့ Perfume Blending မှာ အသုံးများတဲ့ တွဲသုံးလေ့ရှိတဲ့ Notes တွေသိထားရအောင် Sharing လေးလုပ်ချင်ပါတယ်ရှင်

Perfume တစ်ခုရဲ့အနံ့ harmony ဟာ Notes တွေကိုမှန်ကန်စွာ တွဲဖက်ထားခြင်း အပေါ် မူတည်တာမို့

အောက်က Notes Combination တွေကိုတော့ Beginners တွေ အနေနဲ့ နမူနာ စမ်းသပ်ကြည့်သင့်ပါတယ်။

Floral Elegance💐
▪️Rose + Jasmine + Ylang Ylang
▪️Orange Blossom + Tuberose + Gardenia

Citrus Freshness🍋
▪️Bergamot + Lemon + Neroli
▪️Grapefruit + Mandarin + Petitgrain

Woody Depth🪵
▪️Sandalwood + Cedarwood + Vetiver
▪️Oud + Rose + Saffron

Sweet Gourmand🍑
▪️Vanilla + Tonka Bean + Benzoin
▪️Peach + Jasmine + Musk

Green & Herbal Touch🌿
▪️Lavender + Rosemary + Sage
▪️Green Tea + Mint + Lemon

ဒါတွေကတော့ Blending လုပ်တဲ့အခါ စတင်အသုံးပြုလို့ကောင်းတဲ့ Notes Combination လေးတွေပါ။

အနံ့လေးတွေ ချိုမြိန်ဖွယ် ကြည်နူးဖွယ် ဖြစ်အောင် စမ်းသပ်ကြည့်ဖို့ မမေ့နဲ့နော်။🤩



အားလုံးပဲ မင်္ဂလာပါနော် Ruby ရဲ့ online class လေးက Perfume Making အတွက် အခြေခံ အတန်းလေး ဖြစ်တာမို့ ရေမွှေး ပြုလုပ်ပုံ အဆ...
08/05/2025

အားလုံးပဲ မင်္ဂလာပါနော်

Ruby ရဲ့ online class လေးက Perfume Making အတွက် အခြေခံ အတန်းလေး ဖြစ်တာမို့
ရေမွှေး ပြုလုပ်ပုံ အဆင့်ဆင့်ကို နားလည်လွယ်မယ့် သင်ခန်းစာလေးတွေပဲ ထည့်သွင်းရှင်းပြပေးထားပါတယ်

ဒီclass မှာ ပါဝင်မယ့် သင်ခန်းစာတွေကိုလဲ တခါတည်း ကြေညာခဲ့ပြီးသားဖြစ်ပါတယ်

ဒီ အရာတွေ နားလည်သွားပြီး perfume blending တွေ လုပ်လာနိုင်တဲ့အခါကျ အနံ့တွေ ရောစပ်ခြင်း
နဲ့ပတ်သက်ပြီး သိရမယ့် အခြေခံ အကြောင်းအရာလေးတွေကို knowledge sharing အနေနဲ့ ထပ်လေ့လာလို့ရအောင် လည်း စီစဉ်ထားပါတယ်

အခု သင်ခန်းစာ group လေးဟာ beginner တွေအတွက် အခြေခံ ဖြစ်တဲ့အတွက် လေးငါးသိန်း တန် full course တွေလို
perfume ပညာရပ်ရဲ့ အကုန်အလုံးစုံတော့ပါဝင်မှာမဟုတ်ပါဘူးနော်

အခြေခံ သိထားပြီး ကိုယ်တိုင် ဒီပညာရပ်ကို ဆက်လေ့လာသွားလို့ရအောင် သောင်းဂဏန်းနဲ့ တက်ရောက်လို့ရအောင်စီစဉ်ထားခြင်းပါ

တကယ် ဝါသနာပါသူတွေအတွက် သိန်းချီပေးမှ ဒီပညာရပ်ကို ထိတွေ့ခွင့်ရတာမျိုးမဖြစ်ရလေအောင် ဒီသင်တန်းလေး ဖွင့်ဖြစ်တာပါ

ပြောခဲ့သလိုမျိုး Perfume Making Process အခြေခံ အတန်းဖြစ်တာမို့ ဘာမှမသိသေးသူ beginner တွေအတွက်ရည်ရွယ်ပြီး

Perfume Making Process ကို သိပြီးသားဆိုရင်တော့

ဒီအတန်းလေးကို မတက်ပဲ full course တွေ join ပြီး

ပိုပြီး deeper ဖြစ်ဖြစ် ဆက် လေ့လာဖို့အကြုံပြုလိုက်ပါတယ် ။

Perfume Journey ကို beginner level ကနေ သင်တန်းကြေးသောင်းဂဏန်းပမာဏနဲ့ စတင်ပြီး
Pro level ထိ ဆက်လေ့လာတဲ့ လမ်းကြောင်းမှာ လည်း Ruby’s Soul ကအမြဲ ဘေးကနေ ပံ့ပိုးပေးနေမှာမို့

နားမလည်တာရှိရင်ဖြစ်ဖြစ် ၊ အကြံဥာဏ်လိုချင်တာဖြစ်ဖြစ်
သိလိုတာမှန်သမျှ
အချိန်မရွေး အားမနာတမ်း လာရောက်မေးမြန်းလို့ရပါတယ်နော် ။

ဒီအတန်းလေးကို စိတ်ဝင်စားပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။🩷

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐑𝐮𝐛𝐲’𝐬 𝐒𝐨𝐮𝐥 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share