21/01/2022
“PHOENIX” တို့ ကတ္တီပါဖိနပ်လေးတွေကို ဆိုင်မှာကိုယ်တိုင်ကိုယ်ကျလာစီးကြည့်ပြီး ဝယ်ချင်လွန်းလို့ ဆိုင်မဖွင့်သေးဘူးလား ခဏခဏမေးနေတဲ့ မမ ညီမလေးတို့ရေ….
ရန်ကုန်မြို့မှာ PHOENIX Footwear ဆိုင်ကို ဖွင့်လှစ်လိုက်ပါပြီရှင် 🥳🥳🥳
ဆိုင်မှာဆိုတော့ ဖိနပ်ဒီဇိုင်းတွေကို စိတ်ကြိုက်ရွေးပြီး စီးကြည့်လို့ရမယ့်အပြင် လိုင်းပေါ်ကမှာသလို ဆိုဒ်အတိုင်းမှားမှာ မပူရတော့ဘူးပေါ့။ ✅✅
PHOENIX ကိုယ်တိုင်ချုပ်ထားတဲ့ ကတ္တီပါဖိနပ်တွေကို အနည်းဆုံး ၂၀၀၀ကျပ်ကစလို့ ရောင်းချပေးမှာဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ ကတ္တီပါဖိနပ်လှလှလေးတစ်ရံကို ၂၀၀၀ ဆိုတာတော့ အရမ်းတန်နေပါပြီနော်။ PHOENIX တို့ဆိုင်မှာ ၆၀၀၀တန်က ဈေးအများဆုံးပဲ။ ဈေးအများဆုံးတောင် မများဘူးလို့ ပြောလို့ရမယ့်ထဲ ပါပါတယ်ရှင်။ 😎 ဖိနပ်လေးတွေက ဒီဇိုင်းဆန်းပြီး ဈေးသက်သာလွန်းတော့ မမ ညီမလေးတို့လာရင် တစ်ရံပြီးတစ်ရံ ဝယ်မဝဖြစ်နေတော့မှာ။ 🥰🥰🥰
ဆိုင်မှာတော့ အမျိုးသမီးစီး ဖိနပ်လေးတွေပဲ ပြထားပေမယ့် ကိုယ်ချစ်ရတဲ့ အမျိုးသားလေးနဲ့ဆင်တူစီးချင်တာဆိုတဲ့ ချစ်တတ်တဲ့မမ ညီမလေးတို့က အမျိုးသားစီး အော်ဒါအပ်လို့ရပါတယ်ရှင်။ ဖိနပ်ဆင်တူလေးတွေနဲ့ အချစ်ခရီးလမ်းကို အတူလျှောက်လှမ်းရင်း ရိုလို့ရတာပေါ့နော်။ 😜😍
ဆိုင်မှာ စိတ်ကြိုက်ရွေး၊ အစမ်းစီးကြည့်ပြီး ဝယ်ချင်တာဆိုရင်တော့
🏡 No.1200 ကန်သာယာ(၁)လမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ မှာရှိတဲ့ PHOENIX Footwear ဆိုင်ကို လှမ်းလာခဲ့လိုက်ပါရှင်။
ဆိုင်ရှာလို့မတွေ့ရင် 09-790952090, 09-786687896 ကိုဆက်လိုက်နော် မင်မင်တို့ လမ်းညွှန်ပေးပါ့မယ်။
နေ့စဉ်ဘဝရဲ့ ခြေလှမ်းတိုင်းမှာ သက်သောင့်သက်သာဖြစ်စေမယ့် “PHOENIX”
#ကတ္တီပါဖိနပ်
#ဖိနပ်