15/01/2024
မင်္ဂလာပါရှင်
အားအားချစ်လို့ခေါ်တဲ့သားသားလေးရဲ့မေမေဖြစ်ပါတယ်
သားသားလေးက 12.01.2024 မှာ တစ်နှစ် ပြည့်သွားပါပြီရှင်..
လေးစိတ်ကွဲသီးစုံထမင်း (ကြက်သား သို့ ငါး + သီးရွက်စုံ + ကြက်ဥ + ဆီ)
ကနေပြီး ထမင်းနဲ့ဟင်းကိုစကွေးရမှာဖြစ်လို့
အရမ်းကိုစိတ်လှုပ်ရှားပြီးစိတ်ပူရတဲ့အခိုက်အတန့်လဲဖြစ်ပါတယ်.................
အချိန်ပြည့်အလုပ်လုပ်ရတဲ့မေမေဖြစ်တာကြောင့်
BLW ထက် TW နဲ့ပဲကျွေးရတဲ့မေမေဖြစ်ပါတယ်...........
BLW နဲ့ကောင်းကောင်းစားနိုင်တဲ့ကလေးလေးတွေနဲ့မေမေတွေကို
လေးစားအားကျပေမဲ့သားသားအပေါ်မှာလောဘမထားဖို့
ကြိုးစားနေရသူပါရှင်....................................
သားသားလေးရဲ့ပထမဆုံး MENU
သီးစုံငါးချိုချဉ်
ကြက်ဥပန်းပွင့်စိမ်း
ဖရုံသီးထမင်း
ကန်စွန်းဥပေါင်း
ချက်နည်း
---- သီးစုံငါးချိုချဉ်
ငါးကြင်းတစ်စိတ် / မုန်လာဥနီ / ဆူကာသီး / ပဲသီး / ဖရုံသီး / ငရုတ်ပွအနီတို့ကိုအရင်ပေါင်းပါတယ်
ငါးကြင်းကိုအရိုးနွင်ပြီးကျန်အသီးများကိုသေးသေးစိတ်ပါတယ်
ကြက်သွန်ဖြူဆီသတ်ပြီးနောက်ငါးကိုထည့်ပြီးလှိမ့်ပါတယ်
ငါးမွေးလာရင်ကျန်အသီးအရွက်စိတ်ထားတာကိုထည့်ပြီးကြော်ပါတယ်
တစ်နှစ်အထက်စားလို့ရတဲ့ Sauce လေးထည့်ပြီးမွေပါတယ်
နူးအိလာရင်တော့ရပါပြီနော်.....
---- ကြက်ဥပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းကိုကလေးစားနိုင်သလောက်အနေတော်လေးတုံးပါတယ်
ကြက်ဥတစ်လုံးကိုအကာအနှစ်သမအောင်ခေါက်ပါတယ်
ဆီထည့်ပြီးကျက်လာရင်ပန်းပွင့်စိမ်းကိုအရင်ထည့်ပြီးစိမ်းလာရင်
ကြက်ဥကိုထည့်ပြီးမွေပါတယ်
ကြက်ဥကျက်လာရင်ရပါပြီနော်......
---- ဖရုံသီးထမင်း
ပေါင်းထားတဲ့ဖရုံသီးလေးရယ် လူကြီးစားတဲ့ထမင်းကိုပဲ
အလယ်ပိုင်းလေးပျော့တာလေးယူပြီးနယ်ပေးပါတယ်
---- သားသားကကန်စွန်းဥကြိုက်တာဖြစ်လို့ထမင်းအီလာရင်
ကန်စွန်းဥပေါင်းလေးကျွေးပါတယ်...
ကန်စွန်းဥကိုလဲတစ်ခါထဲပဲရောပေါင်းပါတယ်
တစ်ခါချက်ရင်တစ်ရက်စာ (နှစ်နပ်စာ) တစ်ခါထဲချက်ပြီး
မနက်စာကိုတော့ဒီအတိုင်းအခန်းအပူချိန်မှာသိမ်းပြီး
ညနေစာကိုတော့ရေခဲသေတ္တာမှာသိမ်းပါတယ်ရှင်........🥰🥰🥰🥰
#တစ်နှစ်အထက်ဖြည့်စွက်စာ