19/12/2020
Sit Less!
တစ်နေ့တစ်နေ့ Game အဆော့ကောင်းနေတာနဲ့၊ ရုပ်ရှင်ကြည့်ကောင်းနေတာ၊ အလုပ်ဆက်တိုက်ရှုပ်နေတာ၊ ဖုန်းဆက်တိုက်သုံးနေရတာ များနေပြီလား။
ဒီနေ့မှာတော့ တစ်နေကုန် အထိုင်များပြီး Game ဆော့နေသူများအတွက် Game ဆော့ မပြတ်ပဲ လုပ်လို့ရတဲ့ ကိုယ်လက်လှုပ်ရှားမှုပုံစံ တွေ ပြောပြချင်ပါတယ်။
၁။ ကွန်ပြူတာအရှေ့မှာ တစ်ချိန်လုံးထိုင်နေရာမှ၊ ဖုန်း (သို့) Tablet/ I Pad တစ်ချိန်လုံးထိုင်သုံးနေရာမှ မိနစ် ၂၀ မှ ၃၀ ခန့် ခေတ္တခဏ အနားယူ ပေးပါ။
၂။ အချိန် ၁ -၂ မိနစ်ခန့်ယူ၍ အိမ်တစ်ပတ် လမ်းပတ်လျှောက်တာမျိုး၊ ကြောင်လေးတွေ၊ ခွေးလေးတွေ နှင့် ဆော့ကစားတာမျိုး ပြုလုပ်ပေးပါ။
၃။ တစ်ချိန်လုံးထိုင်နေသည့် အနေအထားမျိုးမှ မတ်တပ်ရပ် ပြုလုပ်သည့် အလေ့အထ မျိုး ဖန်တီးကြည့်ပါ။
( ဥပမာ - ကွန်ပြူတာတင်ခုံကို မတ်တပ်ရပ် အနေ မြှင့်ထားပေးခြင်းမျိုး၊ TV အမြင့်ကို မတ်တပ်ရပ် ကြည့်မှ မြင်ရသည့်အမြင့်မျိုး၊ ဖုန်းသုံးရန် မတ်တပ်ရပ်ပြီး လက်တင်လို့ရသည့် ခုံတန်း အသုံးပြုခြင်းမျိုး)
၄။ တတ်နိုင်သမျှ အထိုင်များခြင်းကို အလုပ်အကိုင်မပြတ်စေပဲ နေရာအနေအထားပြောင်းလုပ်ကိုင်ကြည့်ပါ။
အထိုင်အထလှုပ်ရှားမှုများ ပြီး နေထိုင်လို့ ကောင်းလာပါလိမ့်မယ်။
Let’s sit less together!