Hlaing Os

Call Contact the business

Hlaing Os မင်ဂလာပါရှင်🙏
HlaingOs ကနေ ကြိုဆိုပါတယ်ရှင်🙏
HlaingOs admin များ စာဖြေချိန် မနက် 10 နာရီ မှ ညနေ 5 နာရီထိ မေမေတို့မေးသမျှ ကို အလှည်ကျဆီဖြေဆိုပေးပါသည်ရှင်🙏

09/09/2026

Hlaing Yadanar Htun

🤱 မိခင်ဖြစ်လာတဲ့အခါ… 💕“ဘာကြောင့် ဒီလောက်တောင် ကြံ့ခိုင်နေနိုင်တာလဲ?” လို့ မေးလာရင်…အမှန်တော့ မိခင်တွေကကြံ့ခိုင်ချင်လို့ ...
08/09/2026

🤱 မိခင်ဖြစ်လာတဲ့အခါ… 💕

“ဘာကြောင့် ဒီလောက်တောင် ကြံ့ခိုင်နေနိုင်တာလဲ?” လို့ မေးလာရင်…

အမှန်တော့ မိခင်တွေက

ကြံ့ခိုင်ချင်လို့ ကြံ့ခိုင်နေတာ မဟုတ်ပါဘူး… 🥹

ကိုယ့်အတွက်ပဲဆိုရင်

ပင်ပန်းတဲ့နေ့တွေမှာ ခဏလောက် အားလျော့လို့ရတယ်…

ငိုချင်ရင် ငိုလို့ရတယ်…

နားချင်ရင် နားလို့ရတယ်… 💭

ဒါပေမယ့် ကိုယ့်ကိုမျှော်နေတဲ့

ကလေးလေးတစ်ယောက်ရှိလာတဲ့အခါ… 👶🏻❤️

နာကျင်နေလည်း ပြုံးပြရတယ် 😊

ပင်ပန်းနေလည်း ထရတယ် 🌙

အားမရှိတော့လည်း “မဖြစ်ဘူး” လို့ မပြောနိုင်တော့ဘူး… 🫂

မိခင်တွေ ကြံ့ခိုင်နေတာဟာ

ကြံ့ခိုင်ဖို့ ရွေးချယ်ထားလို့ မဟုတ်ဘူး။

ကိုယ့်ရဲ့ကလေးလေးအတွက်

“ငါတော့ အားမလျော့နိုင်သေးဘူး” ဆိုတဲ့

မေတ္တာတစ်ခုကြောင့်ပါ… 🤱💕✨

မိခင်တစ်ယောက်ရဲ့ ခွန်အားနောက်ကွယ်မှာ

ဘယ်လောက်များတဲ့ ပင်ပန်းမှုတွေ၊ မျက်ရည်တွေ၊

တိတ်တိတ်လေး ခံစားခဲ့ရတဲ့ နာကျင်မှုတွေ ရှိနေမလဲ… 🥺💔

ဒါကြောင့် မိခင်တိုင်းကို

“ဘာလို့ဒီလောက်တောင် သန်မာနေတာလဲ” လို့ မမေးပါနဲ့…

တစ်ခါတလေ “မေမေ ပင်ပန်းနေပြီလား… ခဏနားပါဦး” လို့ ပြောပေးလိုက်ရုံနဲ့တင်

မိခင်တစ်ယောက်အတွက် အားအင်ကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ 🫶🏻🌷

💗 မိခင်တိုင်းဟာ ကိုယ့်ကလေးလေးအတွက်

နေ့တိုင်း ပြန်လည်ကြံ့ခိုင်နေကြတဲ့ သူရဲကောင်းလေးတွေပါ။ 👑🤱

✍🏻 စာရေးသားသူ –
Hlaing Os

🧠👶 ကလေးတွေ ဦးနှောက်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ??? 🥦🍳🥛🐟၂၁ ရာစုမှာ မိဘတော်တော်များများကလည်း မိ...
07/09/2026

🧠👶 ကလေးတွေ ဦးနှောက်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ??? 🥦🍳🥛🐟

၂၁ ရာစုမှာ မိဘတော်တော်များများကလည်း မိမိရဲ့ ကလေးငယ်တွေ ဉာဏ်ကောင်းဖို့အတွက်ကော၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးအောင် အဖက်ဖက်က လုံးပန်းလာကြပါတယ်။ 💪🧠✨

အစားအသောက်နဲ့ တစ်မျိုး 🍎၊ အားဆေးနဲ့တစ်ဖုံ 💊၊ နည်းမျိုးစုံနဲ့ ဆောင်ရွက်လာကြပါတယ်။

အရေးကြီးတာကတော့ ကလေးငယ်တွေကို အာဟာရပြည့်အောင် ကျွေးမယ်ဆိုရင် ဉာဏ်ကောင်းရုံသာမက ခန္ဓာကိုယ်ကိုလည်း ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။ 🌱❤️

ဒါပေမယ့် ကျွေးတဲ့နေရာမှာ စနစ်တကျနဲ့ တကယ်အာဟာရဖြစ်မယ့် အစားအစာတွေကို ရွေးချယ်ကျွေးသင့်ပါတယ်။ 🍽️✅

1️⃣ ပရိုတင်း (Protein) 🥩🐟🥚
ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ အသားစားတာ အရမ်းနည်းပါတယ်။ တကယ်တော့ အသားဓာတ် ပြည့်ပြည့်ဝဝ စားမှသာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးနိုင်ပါတယ်။ 🧠💪

အသားဓာတ်ကို— 🥩 အသား
🐟 ငါး
🥚 ဥအမျိုးမျိုး
🥛 နို့နှင့် နို့ထွက်ပစ္စည်း
🫘 ပဲအမျိုးမျိုး
တို့မှာ ရရှိနိုင်ပါတယ်။
2️⃣ Choline (ကိုလင်းဓာတ်) 🧠✨
ကိုလင်းဓာတ်က ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။

🥚 ကြက်ဥအနှစ်မှာ အဓိကတွေ့ရပြီး
🥩 အသား
🐟 ငါး
🦐 ပင်လယ်စာ
🌰 အစေ့အဆန်
🫘 ပဲအမျိုးမျိုး
🥛 နို့ထွက်ပစ္စည်း
🥬 ဟင်းနုနွယ်
တို့မှာလည်း တွေ့ရပါတယ်။

3️⃣ Zinc (ဇင့်ဓာတ်) ⚙️💪
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တော်တော်များများမှာ Zinc က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း လိုအပ်ပါတယ်။ 🧠🌱

🍚 ဆန်
🌾 ဂျုံ
🌽 ပြောင်း
🥩 အသား
🐟 ငါး
စတာတွေမှာ ပါဝင်ပါတယ်။

4️⃣ Iron (သံဓာတ်) 🩸❤️
ကလေးငယ်တွေမှာ သံဓာတ်ချို့တဲ့မှုနဲ့ သွေးအားနည်းမှု ဖြစ်နိုင်တာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စနစ်တကျ ကျွေးမွေးဖို့ လိုပါတယ်။

သံဓာတ်ချို့တဲ့ခြင်းဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ သင်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ 🧠📚
🥩 အနီရောင်အသား
🍖 ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း
🥬 ကန်စွန်းရွက်
🌿 ဟင်းနုနွယ်
🫘 ပဲအမျိုးမျိုး
🥣 သံဓာတ်ထပ်ထည့်ထားတဲ့ အစားအစာများ (Fortified Food)
💡 Tip: သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို 🍊 ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေနဲ့ တွဲစားပေးရင် သံဓာတ်စုပ်ယူမှု ပိုကောင်းစေနိုင်ပါတယ်။

🍋 သံပုရာသီး
🍊 လိမ္မော်သီး
🍅 ခရမ်းချဉ်သီး
🫑 ငရုတ်ပွအနီ
⚠️ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပြီးနောက် ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ လက်ဖက်ရည်တို့ကို ချက်ချင်းမသောက်တာ ပိုကောင်းပါတယ်။ ☕️

5️⃣ Omega-3 Fatty Acid 🧠🐟
Omega-3 က ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။ 🧠✨

🐟 ဆော်လမွန်ငါး
🐟 တူနာငါး
🐟 ဆာဒင်းငါး
🌱 နှမ်းကြပ်စေ့ (Flaxseed)
🌰 အစေ့အဆန်များ
🫘 ပဲပုပ်စေ့
စတာတွေမှာ ရရှိနိုင်ပါတယ်။

👉 Omega-3 ကြွယ်ဝတဲ့ ငါးတွေကို တစ်ပတ်ကို ၂ ကြိမ်ခန့် စားသုံးပေးနိုင်ပါတယ်။ 🐟🐟
6️⃣ Calcium (ကယ်လ်စီယမ်/ထုံးဓာတ်) 🦴🥛
ကယ်လ်စီယမ်က ကလေးတွေရဲ့ အရိုးနဲ့ သွားတွေ သန်မာဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ 🦷🦴💪

🥛 နို့နှင့် နို့ထွက်ပစ္စည်းများ
🐟 အရိုးပါစားလို့ရတဲ့ ငါးသေးသေးလေးများ
🥬 အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
စတာတွေမှာ ရရှိနိုင်ပါတယ်။

7️⃣ Vitamin D ☀️🦴
Vitamin D က ကလေးတွေရဲ့ အရိုး၊ သွားနဲ့ ကြွက်သားတွေ ကျန်းမာဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ 💪🦴

☀️ သင့်တော်တဲ့ နေရောင်ခြည်ထိတွေ့မှုကနေ Vitamin D ရရှိနိုင်သလို အချို့အစားအစာတွေမှာလည်း Vitamin D ထည့်သွင်းထားတာတွေ ရှိပါတယ်။

8️⃣ Vitamin A 👀🥕🎃
Vitamin A ကြွယ်ဝတဲ့ အစားအစာတွေကတော့—
🍠 ကန်စွန်းဥအဝါ
🥕 မုန်လာဥနီ
🎃 ရွှေဖရုံသီး
တို့ ဖြစ်ပါတယ်။
👀✨ မျက်စိကျန်းမာရေးနဲ့ ကိုယ်ခံအားအတွက်လည်း Vitamin A က အရေးကြီးပါတယ်။

⚠️ အရေးကြီးတဲ့ သတိပြုရန်
အာဟာရပြည့်အောင် ကျွေးမွေးတာက အရေးကြီးပေမယ့် အသက် ၁ နှစ်အောက် ကလေးငယ်တွေမှာ အိမ်သုံးဆား (Table Salt) ထပ်ထည့်ထားတဲ့ အစားအစာတွေကို မကျွေးသင့်ပါ။ 👶🚫🧂

❤️ ကလေးတစ်ယောက် ကျန်းမာစွာ ကြီးပြင်းဖွံ့ဖြိုးဖို့အတွက် အစားအစာတစ်မျိုးတည်းကို အားကိုးတာထက် အာဟာရအုပ်စုစုံလင်မျှတအောင် ကျွေးမွေးပေးခြင်းက ပိုအရေးကြီးပါတယ်။ 🍚🥩🐟🥚🥬🍎🥛

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် 👨‍⚕️
Credit: drnyinyikyaw

Not from

🚨 “ကလေးကို ရိုက်လိုက်ရင် နားလည်သွားမယ်” လို့ ထင်နေပါသလား?တစ်ခါတလေ ကလေးက ပြောမရ၊ ဆိုမရ ဖြစ်လာတဲ့အခါ 😤မိဘတွေအနေနဲ့ စိတ်တို...
06/09/2026

🚨 “ကလေးကို ရိုက်လိုက်ရင် နားလည်သွားမယ်” လို့ ထင်နေပါသလား?
တစ်ခါတလေ ကလေးက ပြောမရ၊ ဆိုမရ ဖြစ်လာတဲ့အခါ 😤

မိဘတွေအနေနဲ့ စိတ်တိုပြီး “တစ်ချက်လောက် ရိုက်လိုက်မှ ရမယ်” ဆိုတဲ့စိတ် ဖြစ်လာတတ်ပါတယ်။
တချို့ကလည်း

👉 “ငယ်ငယ်က ငါတို့လည်း အရိုက်ခံရတာပဲ”
👉 “ရိုက်မှ နားလည်တာ”
👉 “ရိုက်တာက ဆုံးမတာပါ”
လို့ ယုံကြည်နေတတ်ကြပါတယ်။

ဒါပေမယ့်… 🤔
ကလေးကို ရိုက်ပြီး ဆုံးမတာက တကယ်ပဲ ကလေးကို ပိုကောင်းလာစေသလား?

တကယ်တော့ ကလေးကို ရိုက်နှက်ခြင်းဟာ ခဏတာ နားထောင်သွားစေနိုင်ပေမယ့် ရေရှည်မှာ မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ 💔

အထူးသဖြင့် ဒီ အချက် (၉) ချက် ကို မိဘတိုင်း သိထားသင့်ပါတယ် 👇

━━━━━━━━━━━━━━━ 🥇 ၁။ “အားကြီးသူက မှန်တယ်” ဆိုတဲ့ အယူအဆကို သင်ပေးသလို ဖြစ်နိုင်တယ်

ကလေးမှားလို့ မိဘက ရိုက်တယ်ဆိုရင်

ကလေးရဲ့စိတ်ထဲမှာ…
❝ အားကြီးတဲ့သူက အားနည်းတဲ့သူကို အပြစ်ပေးလို့ရတယ် ❞

ဆိုတဲ့ အယူအဆမျိုး ဝင်သွားနိုင်ပါတယ်။
အရွယ်ရောက်လာတဲ့အခါ သူ့ထက်အားနည်းသူကိုလည်း အလားတူ ပြုမူလာနိုင်ပါတယ်။ 😔

━━━━━━━━━━━━━━━ 🥈 ၂။ “အသက်ကြီးသူက အသက်ငယ်သူကို ရိုက်လို့ရတယ်” လို့ ထင်လာနိုင်တယ်

ကလေးကို
❌ “သူများကို မရိုက်ရဘူး”
လို့ ဆုံးမနေပြီး
တစ်ချိန်တည်းမှာပဲ

👋 မိဘက ကလေးကို ရိုက်နေမယ်ဆိုရင်…
ကလေးအတွက် ဘယ်ဟာမှန်လဲဆိုတာ နားလည်ရခက်သွားနိုင်ပါတယ်။

“မေမေ/ဖေဖေက ရိုက်လို့ရရင် ငါလည်း ရိုက်လို့ရတာပဲလား?” 🤷‍♀️

━━━━━━━━━━━━━━━ 🥉 ၃။ ပြဿနာကို အကြမ်းဖက်ပြီး ဖြေရှင်းလို့ရတယ်လို့ သင်ပေးသလို ဖြစ်နိုင်တယ်

ကလေးက တစ်ခုခုမှားလုပ်တယ် ➡️ ရိုက်တယ်
စကားနားမထောင်ဘူး ➡️ ရိုက်တယ်

ဒီလိုပုံစံကို ထပ်ခါထပ်ခါ ကြုံလာရင်…
“ပြဿနာဖြစ်ရင် အင်အားသုံးပြီး ဖြေရှင်းလို့ရတယ်” ဆိုတဲ့ အယူအဆမျိုး သင်ယူသွားနိုင်ပါတယ်။ 😟

━━━━━━━━━━━━━━━ 💔 ၄။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု လျော့နည်းလာနိုင်တယ်

ကလေးတစ်ယောက်အတွက်
မိဘဆိုတာ လုံခြုံရာနေရာ ဖြစ်သင့်ပါတယ်။
ဒါပေမယ့် ကိုယ့်ကို ကာကွယ်ပေးရမယ့်သူက ကိုယ့်ကို နာကျင်အောင်လုပ်တဲ့အခါ…

“ငါဘာများမှားနေလို့လဲ?”
“မေမေ/ဖေဖေက ငါ့ကို မချစ်ဘူးလား?”
ဆိုတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ 🥺

━━━━━━━━━━━━━━━ 🧠 ၅။ ရေရှည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်

ကလေးဘဝမှာ ထပ်ခါတလဲလဲ အကြမ်းဖက်ဆုံးမခံရခြင်းဟာ ရေရှည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဆက်နွယ်မှုရှိနိုင်ကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။

ကိုယ်ခန္ဓာပေါ်က အနာက ပျောက်သွားပေမယ့်…
စိတ်ထဲက အနာကတော့ ဘယ်လောက်ကြာမှ ပျောက်မလဲ? 💔

━━━━━━━━━━━━━━━ 🤝 ၆။ မိဘနဲ့ ကလေးကြား ယုံကြည်မှု ပျက်စီးလာနိုင်တယ်

ကလေးတစ်ယောက်ဟာ
“မေမေ/ဖေဖေက ငါ့ကို ကာကွယ်ပေးမယ်”
လို့ ယုံကြည်ချင်ပါတယ်။

ဒါပေမယ့် ကိုယ်ယုံကြည်ရတဲ့သူဆီကပဲ နာကျင်မှုရလာတဲ့အခါ…
❤️ ချစ်ခြင်း
🤝 ယုံကြည်မှု
🫂 လုံခြုံမှု
တွေကို တဖြည်းဖြည်း ထိခိုက်လာနိုင်ပါတယ်။

━━━━━━━━━━━━━━━ 😨 ၇။ ကြောက်နေတဲ့အချိန်မှာ သင်ခန်းစာကောင်းကောင်း မသင်ယူနိုင်ပါဘူး
ကလေးကို ရိုက်နေတဲ့အချိန်မှာ
ကလေးရဲ့ ဦးနှောက်က “ဘာကြောင့် ငါမှားတာလဲ?” ဆိုတာထက်
🚨 “ဘယ်လိုလုပ်ရင် မနာတော့မလဲ?”

ဆိုတာကို ပိုပြီး အာရုံစိုက်နေတတ်ပါတယ်။
ဒါကြောင့် ကြောက်အောင်လုပ်ပြီး သင်ပေးတာနဲ့ နားလည်အောင် သင်ပေးတာဟာ မတူပါဘူး။

━━━━━━━━━━━━━━━ ❤️ ၈။ ရေရှည်မှာ မိဘရဲ့ ဩဇာလွှမ်းမိုးမှုကို ထိခိုက်စေနိုင်တယ်
ကလေးက မိဘကို
ချစ်လို့၊ ယုံလို့၊ လုံခြုံတယ်လို့ ခံစားရလို့ နားထောင်တာက ပိုခိုင်မာပါတယ်။
ရိုက်နှက်ပြီး နားထောင်အောင်လုပ်တာက
ကြောက်လို့ နားထောင်တာ ဖြစ်နိုင်ပါတယ်။
ကြောက်စိတ်ပျောက်သွားတဲ့အခါ
နားထောင်မှုလည်း ပျောက်သွားနိုင်ပါတယ်။ 😔

━━━━━━━━━━━━━━━ 🤥 ၉။ အရိုက်မခံရအောင် လိမ်ညာတတ်လာနိုင်တယ်
“အမှားလုပ်ရင် ရိုက်ခံရမယ်” လို့ ကလေးက ယုံကြည်လာရင်…
အမှားကို ဝန်ခံဖို့ထက်
🙈 ဖုံးကွယ်ဖို့
🤥 လိမ်ဖို့
🏃‍♂️ ရှောင်ဖို့
ကြိုးစားလာနိုင်ပါတယ်။
ကလေးကို ရိုးသားတတ်အောင် သင်ပေးချင်ရင်
အမှားလုပ်မိတဲ့အခါ ပြောရဲတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လည်း အရေးကြီးပါတယ်။ ❤️

━━━━━━━━━━━━━━━
🌱 ဒါဆို ကလေးမှားတဲ့အခါ ဘာလုပ်မလဲ?
ရိုက်မယ့်အစား…
🗣️ စကားပြောပါ
👂 ကလေးရဲ့အကြောင်းပြချက်ကို နားထောင်ပါ
💡 ဘာကြောင့်မမှန်လဲ ရှင်းပြပါ
📌 စည်းကမ်းနဲ့ သဘာဝအကျိုးဆက်တွေကို နားလည်အောင် သင်ပေးပါ

❤️ အပြုအမူကို ပြုပြင်ပါ — ကလေးကို မနှိမ်ပါနဲ့
ဆုံးမခြင်းရဲ့ ရည်ရွယ်ချက်က
ကလေးကို ကြောက်အောင်လုပ်ဖို့ မဟုတ်ပါဘူး။
မှန်ကန်တဲ့အရာကို ကိုယ်တိုင်နားလည်ပြီး ရွေးချယ်တတ်လာအောင် သင်ပေးဖို့ပါ။ 🌱

👨‍👩‍👧‍👦 “ငါ့ကလေးကို ရိုက်ခဲ့ဖူးတယ်” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
မိဘဆိုတာလည်း လူသားပါ။
စိတ်တိုနိုင်ပါတယ်။ ပင်ပန်းနိုင်ပါတယ်။ ထိန်းမနိုင်တဲ့အချိန်လည်း ရှိနိုင်ပါတယ်။ ❤️

အရေးကြီးတာက ဒီနေ့ကစပြီး ပိုကောင်းတဲ့နည်းလမ်းကို ရွေးချယ်ဖို့ပါ။

🤍 ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းကနေ ရှောင်ရှားနိုင်ကြပါစေ။

📌 ဒီစာလေးက မိဘတစ်ယောက်အတွက် အထောက်အကူဖြစ်နိုင်တယ်ဆိုရင် Share လုပ်ပြီး မျှဝေပေးပါ။

💬 သင်ကရော ဘယ်လိုထင်ပါသလဲ?
“ကလေးကို ရိုက်တာက ဆုံးမတာလား၊ အကြမ်းဖက်တာလား?”

👇 Comment မှာ သင့်အမြင်ကို မျှဝေပေးခဲ့ပါ။

#မိဘများအတွက် #ကလေးပြုစုပျိုးထောင်ခြင်း #ကလေးကိုမရိုက်ပါနဲ့ #မိဘနှင့်ကလေး

6လထက် 👶🏻 ကလေးလေးတို့အတွက် ၁ လစာ အစားအသောက်အစီအစဉ် Part 3တတိယအပတ် — 6လထက်အခြေခံအစာသစ်များ စတင်မိတ်ဆက်ခြင်း 👶🏻🥣💗နေ့ရက်အစား...
30/08/2026

6လထက် 👶🏻 ကလေးလေးတို့အတွက် ၁ လစာ အစားအသောက်အစီအစဉ်
Part 3

တတိယအပတ် — 6လထက်

အခြေခံအစာသစ်များ စတင်မိတ်ဆက်ခြင်း 👶🏻🥣💗
နေ့ရက်အစားအသောက်မှတ်ချက်များ

၆ လထက် ကလေးလေးများအတွက် အစာသစ်များကို တစ်မျိုးချင်းစီ အနည်းငယ်စီ စတင်မိတ်ဆက်ပေးပါ။

အစာတစ်မျိုးချင်းစီအတွက် အသေးစိတ်အချက်အလက်များကို ပုံအောက်တွင် ဖော်ပြပေးထားပါတယ်။ 👇🏻💗”

⚠️ အစားအစာအသစ်တစ်မျိုးချင်းစီကို စတင်ကျွေးပြီး မတည့်မှုလက္ခဏာများကို စောင့်ကြည့်ပါ။

6လထက် 👶🏻 ကလေးလေးတို့အတွက် ၁ လစာ အစားအသောက်အစီအစဉ် Part 2ဒုတိယအပတ် — 6လထက်အခြေခံအစာသစ်များ စတင်မိတ်ဆက်ခြင်း 👶🏻🥣💗နေ့ရက်အစာ...
28/08/2026

6လထက် 👶🏻 ကလေးလေးတို့အတွက် ၁ လစာ အစားအသောက်အစီအစဉ်
Part 2

ဒုတိယအပတ် — 6လထက်

အခြေခံအစာသစ်များ စတင်မိတ်ဆက်ခြင်း 👶🏻🥣💗
နေ့ရက်အစားအသောက်မှတ်ချက်များ

၆ လထက် ကလေးလေးများအတွက် အစာသစ်များကို တစ်မျိုးချင်းစီ အနည်းငယ်စီ စတင်မိတ်ဆက်ပေးပါ။

အစာတစ်မျိုးချင်းစီအတွက် အသေးစိတ်အချက်အလက်များကို ပုံအောက်တွင် ဖော်ပြပေးထားပါတယ်။ 👇🏻💗”

⚠️ အစားအစာအသစ်တစ်မျိုးချင်းစီကို စတင်ကျွေးပြီး မတည့်မှုလက္ခဏာများကို စောင့်ကြည့်ပါ။

Part 1👇
https://www.facebook.com/share/p/1L9v2dibME/

ယခင်ဈေး 💵 Price 9500ks ယခုရောငိးပေးမယ်ဈေး 🎉8000ks 🎉📅 Date — ရက်စွဲ 2029/4လပိုင်း📦 Qty — အရေအတွက် 8ဘူး🍯🐝 Pure Honey —   🐝...
28/08/2026

ယခင်ဈေး 💵 Price 9500ks

ယခုရောငိးပေးမယ်ဈေး 🎉8000ks 🎉

📅 Date — ရက်စွဲ 2029/4လပိုင်း
📦 Qty — အရေအတွက် 8ဘူး

🍯🐝 Pure Honey — 🐝🍯

မင်မင်တို့ မှာ မေမေတို့ အမေးများနေတဲ့ Pure Honey လေး ပြန်ရောက်ထားပါပြီရှင့် 🥰💛

⚠️ အရေးကြီးတဲ့ အသိပေးချက်
👶🏻 1 နှစ်မပြည့်သေးတဲ့ ကလေးငယ်များကို ပျားရည် မပေးပါနှင့်။ ❗
🍯 1 နှစ်နှင့်အထက်မှသာ မိဘ/အုပ်ထိန်းသူတို့က သင့်တော်သလို အသုံးပြုပေးပါနော်။

🌼 Pure Honey လေးကို ဘာတွေနဲ့ သုံးလို့ရလဲ?

🥣 အစားအစာနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်
🥞 Pancake / Bread တွေမှာ ထည့်သုံးနိုင်ပါတယ်
🍪 Snack / Dessert တွေမှာ အသုံးပြုနိုင်ပါတယ်
🥛 အစားအစာနဲ့ သင့်တော်သလို တွဲဖက်အသုံးပြုနိုင်ပါတယ်

🍯 Squeeze Bottle လေးဖြစ်လို့
မေမေတို့ Cooking လုပ်တဲ့အချိန်မှာဖြစ်ဖြစ်၊ Snack လေးတွေ ပြင်ဆင်တဲ့အချိန်မှာဖြစ်ဖြစ် အသုံးပြုရလွယ်ကူပါတယ်ရှင် 🥰✨

💛 အစားအစာလေးတွေနဲ့ တွဲဖက်အသုံးပြုဖို့ Honey ရှာနေတဲ့ မေမေတို့အတွက် Pure Honey လေးကို

🛒 မှာ အခုပဲ မှာယူနိုင်ပါပြီရှင့် 🍯💕

📌 မေတ္တာရပ်ခံ အသိပေးချက်

HlaingOs မှ ဖန်တီးထားသော စာသားများ၊ ဓာတ်ပုံများနှင့် ဒီဇိုင်းများကို Credit မပေးဘဲ ကူးယူအသုံးပြုခြင်း၊ Logo ဖျောက်၍ အသုံးပြုခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ 🙏

ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားသည်ကို တွေ့ရှိပါက သက်သေအထောက်အထားများနှင့်အတူ အသိပေးဖော်ပြသွားမည်ဖြစ်ပါသည်။



6လထက် 👶🏻 ကလေးလေးတို့အတွက် ၁ လစာ အစားအသောက်အစီအစဉ် Part 1ပထမအပတ် — ၆ လထက်အခြေခံအစာသစ်များ စတင်မိတ်ဆက်ခြင်း 👶🏻🥣💗နေ့ရက်အစား...
25/08/2026

6လထက် 👶🏻 ကလေးလေးတို့အတွက် ၁ လစာ အစားအသောက်အစီအစဉ်
Part 1

ပထမအပတ် — ၆ လထက်

အခြေခံအစာသစ်များ စတင်မိတ်ဆက်ခြင်း 👶🏻🥣💗
နေ့ရက်အစားအသောက်မှတ်ချက်များ

၆ လထက် ကလေးလေးများအတွက် အစာသစ်များကို တစ်မျိုးချင်းစီ အနည်းငယ်စီ စတင်မိတ်ဆက်ပေးပါ။

အစာတစ်မျိုးချင်းစီအတွက် အသေးစိတ်အချက်အလက်များကို ပုံအောက်တွင် ဖော်ပြပေးထားပါတယ်။ 👇🏻💗”

Part 2 👇
https://www.facebook.com/share/p/1J8ynUySPT/

Address

Yangon
MINGALARTAUNGNYUNT

Opening Hours

Monday 00:00 - 21:00
Tuesday 00:00 - 21:00
Wednesday 00:00 - 21:00
Thursday 00:00 - 21:00
Friday 00:00 - 21:00
Saturday 00:00 - 21:00
Sunday 00:00 - 21:00

Telephone

+959982069643

Website

Alerts

Be the first to know and let us send you an email when Hlaing Os posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlaing Os:

Shortcuts

Share