Kyaw Naing CC

Kyaw Naing CC Knowledge Sharing for Processes of Store, Receiving, Purchasing and Cost Control(Finance) and UAE hotel Job

My Family
02/08/2026

My Family

🙏🙏🙏
23/07/2026

🙏🙏🙏

Dubai ရဲ့ မြို့ဟောင်း တစ်နေရာ အမှတ်တယ
21/07/2026

Dubai ရဲ့ မြို့ဟောင်း တစ်နေရာ အမှတ်တယ

၃နှစ်ကျော် အတွင်း ခလေးတွေအရွယ်ရောက်လာကြပြီ❤️❤️❤️
11/07/2026

၃နှစ်ကျော် အတွင်း ခလေးတွေအရွယ်ရောက်လာကြပြီ❤️❤️❤️

FYI
21/06/2026

FYI

Lunchtime with ☕️ tea 🫖
20/06/2026

Lunchtime with ☕️ tea 🫖

14/06/2026

"ဆယ်ကျော်သက်ကလေးတွေဟာ မိဘတွေဆီကမရတဲ့အရာတွေကို အပြင်လောကမှာ ရှာဖွေကြပါတယ်။"
ကလေးတစ်ယောက် အမေ့ဝမ်းဗိုက်ထဲကနေ လူ့လောကရောက်လာဖို့ ၉လစောင့်ရပါတယ်။
အိမ်ထောင်တစ်ခု တည်ငြိမ်ဖို့ ၁၀နှစ်စောင့်ရပါတယ်။
အဲဒီလိုပါပဲ ဘယ်အရာမဆို အဖြေတစ်ခု ထွက်လာဖို့
အချိန်ကာလတစ်ခု ကြာပါတယ်။
ဆယ်ကျော်သက်ကလေးတစ်ယောက်က ရုတ်တရက် လမ်းမှားသွားတာ မဟုတ်ပါဘူး။
တစ်နေ့တည်းနဲ့ အကျင့်ပျက်သွားတာလည်း မဟုတ်ပါဘူး။
Peer pressure/peer influence ကြောင့် ချက်ချင်းပြောင်းလဲသွားတာလည်း မဟုတ်ပါဘူး။

အခုခေတ် ဆယ်ကျော်ကလေးတွေရဲ့အပြုအမူနဲ့အကျင့်စရိုက်တွေက
မိဘတွေရဲ့ “Unparenting” ကြောင့် တဖြည်းဖြည်း
ရုပ်လုံးပီပြင်လာတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

Unparenting ဆိုတာ
ကလေးကို ငယ်ရွယ်စဉ်မှာ
မသင်ကြားဘူး။/လေ့ကျင့်မပေးဘူး။/အချိန်မပေးဘူး။
စားဝတ်နေရေးပဲ ဖြည့်ဆည်းပေးပြီး စိတ်ပိုင်းဆိုင်ရာကို မကြည့်တာမျိုး။
သူတို့ ပြောချင်တာတွေကို နားမထောင်ပေးတာ။
“ငါပင်ပန်းနေလို့” ဆိုပြီး ကလေးခံစားချက်ကို လျစ်လျူရှုထားတာ။
ဖုန်းတစ်လုံးပေးပြီး ကြီးလာစေတာ။
မိဘရဲ့စိတ်ဒဏ်ရာတွေကို ကလေးပေါ် ပြန်ပုံချတာ။

ဒီအရာတွေဟာ တစ်ရက်တည်းနဲ့ မထိခိုက်ဘူး။
ဒါပေမယ့် ၁၀နှစ်လောက်ကြာလာတဲ့အခါ
ကလေးရဲ့အတွေး၊ အပြော၊အဆို/အကျင့်၊ စိတ်ဓာတ်ထဲမှာ အမြစ်တွယ်လာပါတယ်။

ဆယ်ကျော်သက်တွေကို ကြည့်ရင်
မိဘတွေက “သူငယ်ချင်းပေါင်းမှားလို့”
“TikTok ကြောင့်”
“ခေတ်ပျက်လို့” လို့ပြောကြတယ်။

ဒါပေမယ့် တကယ်တမ်း
ကလေးက အပြင်လောကဆီမှာ ရှာဖွေနေတာဟာ
အိမ်ထဲမှာ ဘာမှ မရလို့ ဖြစ်ပါတယ်။

နားလည်ပေးမယ့်သူ။
နားထောင်ပေးမယ့်သူ။
တန်ဖိုးထားပေးမယ့်သူ။
ချီးကျူးပေးမယ့်သူ။
လုံခြုံမှုပေးမယ့်သူ။ မိသားစုထဲမှာ ရှိမနေတာမျိုး။

ကလေးတစ်ယောက်ဟာ
မိဘနဲ့ ရင်ဖွင့်လို့မရတဲ့အချိန်မှာ
သူငယ်ချင်းတွေနဲ့ ရင်ဖွင့်လာတယ်။
အိမ်မှာ နားလည်မှုမရတဲ့အချိန်မှာ
Online ပေါ်က approval ကိုလိုချင်လာတယ်။
အချစ်မရတဲ့အချိန်မှာ
အာရုံစိုက်ခံရဖို့ မှားယွင်းတဲ့နည်းလမ်းတွေကို ရွေးလာတယ်။

ဒါကြောင့်
ဆယ်ကျော်သက် parenting ဆိုတာ
၁၃နှစ်ရောက်မှ စတင်ရတဲ့အရာမဟုတ်ဘူး။
ကလေး စကားစပြောတဲ့နေ့ကတည်းက စတာပါ။

မိဘတွေအနေနဲ့ သိထားသင့်တာက
ဆယ်ကျော်သက်တွေဟာ “ဆိုး” နေတာမဟုတ်ဘူး။
တချို့က “နာ” နေတာပါ။
တချို့က “နားလည် မခံရ"တာပါ။
တချို့က “အချစ်နဲ့ဂရုစိုက်မှု/အချိန်ပေးမှု လိုအပ် နေကြတာပါ။

ဒါကြောင့် သားသမီးပြုစု ထိန်းကျောင်းခြင်းဆိုတာ
ကလေးကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ
သူ့စိတ်ကမ္ဘာကို နားလည်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

ကိုယ့် သားသမီးတွေက
ကိုယ်ဘာပြောပြော နား မထာင်သလို ထင်ရပေမယ့်
ကိုယ့်ရဲ့အသံ၊ ကိုယ့်ရဲ့အပြုအမူ၊ ကိုယ်က သူတို့ကိုဆက်ဆံပုံတွေကို
သူ့စိတ်ထဲမှာ နေ့တိုင်း မှတ်တမ်းတင်နေပါတယ်။

ကလေးတွေဟာ
မိဘပြောတာထက်
မိဘလုပ်ပြတာကို ပိုပြီး သင်ယူကြပါတယ်။

ဒီခေတ်ဆယ်ကျော်သက် သားသမီးတွေကခေါင်းမာတယ်။ဆိုဆုံးမရ ခက်တယ်။မလိမ္မာဘူး လို့ ခံစားရရင်
သူတို့ကို အပြစ်မတင်ခင် ကိုယ့်ရဲ့ မိဘဖြစ်ခြင်းကို
အရင် ပြန်ဆန်းစစ်ပေးပါ။"ငါ မိဘပီသစွာ ကြိုးစားနေသလား?"
ဒါဟာ ဆယ်ကျော်သက်တွေရဲ့ပြဿနာမဟုတ်ပါဘူး။
မိဘတွေရဲ့ သားသမီးပြုစုပျိုးထောင်နည်းက
ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးမှ အဖြေထွက်လာတာ/
အောင်စာရင်းထွက်လာတာ ဖြစ်ပါတယ်။
ဒါဟာ မိဘတွေရဲ့ပြဿနာ Parenting result(ရလာဒ်) ဖြစ်ပါတယ်။
ကလေးတွေဟာ အိမ်မှာ မပျော်ရင်
အပြင်မှာ ပျော်စရာ သွားရှာပါတယ်။
အိမ်မှာ သင်ကြားဆုံးမ မခံရရင်
အပြင်မှာ သူတို့ကို သင်ကြားဆုံးမနိုင်တဲ့သူရဲ့
လွှမ်းမိုးမှုအောက် ရောက်သွားပါတယ်။

ဒါကြောင့်
ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို လှပစေချင်ရင်
သူ့အပြုအမူတစ်ခုတည်းကို မပြင်ခင်
မိဘဖြစ်တဲ့ ကိုယ့် parenting ကို အရင်ပြန်ကြည့်ဖို့ လိုပါတယ်။
(အမှန်တရားမို့ ဆေးခါးလေးပါနော်။)
ညနေမိုး(ကလေး)


advice

World Cup ⚽️
14/06/2026

World Cup ⚽️

13/06/2026
Today at Abu Dhabi city
07/06/2026

Today at Abu Dhabi city

Address

Dhaferr Street
Yangon

Telephone

+959420079427

Website

Alerts

Be the first to know and let us send you an email when Kyaw Naing CC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Naing CC:

Shortcuts

Share