Shinn Shinn baby snack os

Shinn Shinn baby snack os baby snack

31/05/2023
31/05/2023

အချစ်🥰

Oatပူတင်းရယ် oat ဒိန်ချဉ် လေးလုပ်ကျွေးဖြစ်တာလေးSave🥰
31/05/2023

Oatပူတင်းရယ် oat ဒိန်ချဉ် လေးလုပ်ကျွေးဖြစ်တာလေး
Save🥰

30/05/2023

မဂ်လာပါ

30/05/2023

လွတ်လပ်စွာ Share နိုင်ပါသည်။

30/05/2023

မဂ်လာပါ မေမေတို့ရေ

ဒီ Post လေးထဲမှာ... Crystal လေးကို အသက် ၁နှစ်ပြည့်ပြီး နောက်ပိုင်း ပြင်ဆင်ကျွေးမွေးပုံလေးတွေကို

Link လေးတွေစုစည်းဖော်ပြပေးထားပါတယ်

၁ နှစ်အထက် Menu လေးတွေ

ချက်ပေးဖြစ်ခဲ့သော Recipes လေးတွေကိုပါ အကုန်စုစည်း ပေးထားပါတယ်

နောက်ပိုင်း ချက်ကျွေးပြင်ဆင်ပေးဖြစ်တာလေးတွေလည်း ဒီpost လေးအောက်မှာပဲထပ်ဖြည့်ပေးပါမယ်😊

#မေမေတို့ရဲ့ဘေဘီလေးတွေအဟာရပြည့်ဝကျန်းမာစေဖို့ရည်ရွယ်ရင်း

ရှာရလွယ်ကူစေရန် စုစည်းဖော်ပြထားပါတယ်ရှင်

ပြင်ဆင်ပေးဖြစ်သော၁နှစ်အထက်မီနူးများ
https://www.facebook.com/100063661105242/posts/631343212331043/

Breakfast မီနူးများ (1နှစ်အထက်)
https://www.facebook.com/100063661105242/posts/631392022326162/

ကြက်ဥ သီးစုံပါစတာခေါက်ဆွဲကြော်
https://www.facebook.com/100063661105242/posts/633867548745276/

ရိုးရှင်းလွယ်ကူBreakfast မီနူးများ

https://www.facebook.com/100063661105242/posts/638307678301263/

ကြက်သားအာလူးအချိုချက်

https://www.facebook.com/100063661105242/posts/639452204853477/

နို့ကြက်ဥပူတင်းအိအိတုံ
https://www.facebook.com/100063661105242/posts/641083698023661/

ဝက်သားပေါင်းခေါက်ဆွဲပြုတ်
https://www.facebook.com/100063661105242/posts/651676360297728/

၁နှစ်အထက်မီနူးများ(အစားကောင်းကောင်းမစားတဲ့ရက်ကျွေးဖြစ်ခဲ့လေးတွေပါ)
https://www.facebook.com/100063661105242/posts/654091070056257/

1နှစ်ကျော်Baby တွေအတွက်Crystal May May ရဲ်ထမင်းချက်နည်း
https://www.facebook.com/100063661105242/posts/657263166405714/

ပဲကြာဆန်ကြော်

https://www.facebook.com/100063661105242/posts/657575999707764/

ငါးခူစင်းကော ချက်နည်း
https://www.facebook.com/100063661105242/posts/658358272962870/

Baby Pizza Collection
https://www.facebook.com/100063661105242/posts/658917276240303/

Baby Banana Cheese Pizza
https://www.facebook.com/100063661105242/posts/659114292887268/

အသီးအနှံကြက်ချိုပေါင်း
https://www.facebook.com/100063661105242/posts/659704899494874/

ပုစွန်အသားလုံး ကညွတ်ကြော်

https://www.facebook.com/100063661105242/posts/661257622672935/

ပုစွန်အသားလုံး လုပ်နည်း
https://www.facebook.com/100063661105242/posts/661400632658634/

Baby Banana Cheese Break Roll

https://www.facebook.com/100063661105242/posts/662367799228584/

ဝက်သားပြားကြော်
https://www.facebook.com/100063661105242/posts/664603162338381/

ဘေဘေီနို့ခေါက်ဆွဲ
https://www.facebook.com/100063661105242/posts/665292912269406/

1year&1month ဟင်းပွဲမီနူးများ
https://www.facebook.com/100063661105242/posts/666151805516850/

1 year& 1month Breakfast မီနူးများ
https://www.facebook.com/100063661105242/posts/666022405529790/

ဟင်းနုနွယ် ပန်ကိတ်

https://www.facebook.com/100063661105242/posts/667459202052777/

စတော်ဘယ်ရီပန်ကိတ်

https://www.facebook.com/100063661105242/posts/677397544392276/

စတော်ဘယ်ရီငှက်ပျောပူတင်း
https://www.facebook.com/100063661105242/posts/678064007658963/

Chicken Cheese Pasta
https://www.facebook.com/100063661105242/posts/679681714163859/

အသက်၁နှစ်ပြည့်ပြီးမှကျွေးသင့်သောအစားအစာများ
https://www.facebook.com/100063661105242/posts/686097423522288/

1year&2months ပြင်ဆင်ပေးဖြစ်သောထမင်းနဲ့ဟင်းအတွဲအစပ်များ

https://www.facebook.com/100063661105242/posts/687079646757399/

ထမင်းပီဇာ
https://www.facebook.com/100063661105242/posts/699000875565276/

နေပူပူအစား မပျက်စေဖို့ပြင်ဆင်ပေးဖြစ်သောမီနူးများ
https://m.facebook.com/story.php?story_fbid=697031029095594&id=100063661105242&mibextid=Nif5oz

နို့ကြက်ဥပူတင်း
https://m.facebook.com/story.php?story_fbid=697527332379297&id=100063661105242&mibextid=Nif5oz

Macaroni Cheese Pasta
https://m.facebook.com/story.php?story_fbid=643255247806506&id=100063661105242&mibextid=Nif5oz

ဝက်သား+မုန်လာဥ နီ နှမ်းနက်စေ့ထမင်းလုံး
Baby Oat Pizza
https://m.facebook.com/story.php?story_fbid=685162326949131&id=100063661105242&mibextid=Nif5oz

ကြက်စွပ်ပြုတ်ရည်လုပ်နည်း

https://m.facebook.com/story.php?story_fbid=699621475503216&id=100063661105242&mibextid=Nif5oz

ကြက်သားပြားကြော်

https://m.facebook.com/story.php?story_fbid=678754430923254&id=100063661105242&mibextid=Nif5oz

ဖက်ထုပ်အသားပေါင်းလုပ်နည်း
https://www.facebook.com/100063661105242/posts/702850845180279/
ကြက်သားအာလူးပန်ကိတ်
https://www.facebook.com/100063661105242/posts/704652768333420/

1year &3 months အတွင်းပြင်ဆင်ပေးဖြစ်သောမီနူးများ
https://www.facebook.com/100063661105242/posts/705660768232620/

Home made Oat Muffins( for Breakfast)
https://www.facebook.com/100063661105242/posts/708792851252745/

အမဲသားပြားကြော်
https://www.facebook.com/100063661105242/posts/709244594540904/

ခေါက်ဆွဲ ကြော်
https://www.facebook.com/100063661105242/posts/709956454469718/

Egg Cheese Pasta
https://www.facebook.com/100063661105242/posts/713944997404197/

ပုစွန်ငါးဆုပ်ခရမ်းချဥ်သီးချက်
https://www.facebook.com/100063661105242/posts/716669740465056/

အသားပေါင်းခေါက်ဆွဲပြုတ်
https://www.facebook.com/100063661105242/posts/721133900018640/

ABC Soup

https://www.facebook.com/100063661105242/posts/726922372773126/

အမဲသားမွကြော်

https://www.facebook.com/100063661105242/posts/733639118768118/

ပုစွန်တန်ပူရာကြော်
https://www.facebook.com/100063661105242/posts/737739985024698/

ကြက်ဥသီးစုံခေါက်ဆွဲကြော်
https://www.facebook.com/100063661105242/posts/741582111307152/

Baby Cheese Cake
https://www.facebook.com/100063661105242/posts/742832794515417/

30/05/2023
30/05/2023

#ကလေးကျန်းမာရေး #အာဟာရ
#၂နှစ်အောက်ကလေးများ၏ အစားအစာ ရွေးချယ်ပြောင်းလဲမှုများ
ဒေါက်တာကြယ်စင်ယုမွန်

❗️❗️❗️ စာနည်းနည်းရှည်ပါတယ် ဒါပေမယ့် ကလေးတွေရဲ့ ပြောင်းလဲမှုလေးတွေကိုသိထားရင် မေမေတွေ အတွက် ပိုအဆင်ပြေစေမှာပါ။

မွေးစကစလို့ ကလေးငယ်တွေဟာ အချိန်နဲ့အမျှကြီးထွားဖွံ့ဖြိုးနေပါတယ်။ ခန္ဓာကိုယ်ပြောင်းလဲမှု၊ ဦး နှောက်ဖွံ့ဖြိုးမှုစတာတွေအတွက် အာဟာရလိုအပ်ချက်ကလည်း အသက်အရွယ်အလိုက် မတူညီကြပါဘူး။ မိခင်နို့သာသောက်သုံးတဲ့အရွယ် မွေးစမှ(၆)လအထိ နောက်ပိုင်းမှာ မိခင်တို့ရဲ့ ဗဟုသုတကျယ်ပြန့်မှုက ကလေးငယ်အတွက် အစားအစာရွေးချယ်မှုမှာ အလွန်အထောက်အကူပေးပါတယ်။

ကလေးငယ်များဟာ အလွန်နုနယ်တဲ့အတွက် အထိအခိုက်မခံပါဘူး။ ကိုယ်ကျွေးတဲ့ အစားအစာ အာဟာရချို့တဲ့နေရင် ကလေးဟာ သူ့အသက်အရွယ်ရှိမှာသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေမယ်၊ အရပ်ပုနေမယ်။ အဆိုးဆုံးကတော့ ဦးနှောက်အပြည့်အ၀ မဖွံ့ဖြိုးနိုင်ပါဘူး။ ပိန်တာ၊ ၀တာ၊ အရပ်ရှည်တာ၊ ပုတာဟာ သိပ်အရေးမကြီးဘူးလို့ ထင်ကောင်းထင်လို့ရပေမယ့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကတော့ နောက်ထပ်ပြန်ပြင်လို့မရတဲ့ အရာဖြစ်ပါတယ်။

#ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ ငယ်ရွယ်စဉ်မှာ ပြုပြင်လို့ရပါတယ်။ ကလေးငယ်တွေရဲ့ ဦးနှောက်မှာ မွေးစမှ အသက် ၅ နှစ်အထိ ဦးနှောက်ကလာပ်စည်းတွေ ဖွံ့ဖြိုးပါတယ်။ ဒီအချိန်မှာ ဦးနှောက်ကို အထောက်အကူဖြစ် စေမယ့်အာဟာရနဲ့ ကလေးငယ်ကို နွေးထွေးပျော်ရွှင်တဲ့ ပတ်၀န်းကျင်ကို ဖန်တီးပေးရပါမယ်။ ဒါမှသာ ကလေး ငယ်ရဲ့ဦးနှောက်ဟာ အပြည့်အ၀ဖွံ့ဖြိုးနိုင်မှာဖြစ်ပါတယ်။ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။

၂နှစ်အောက် ကလေးများအတွက် အစာအာဟာရ ရွေးချယ်မှု/ ပြောင်းလဲမှုများကို အသက်အရွယ် အပိုင်းအခြားလိုက် ဖော်ပြသွားပါမယ်။

✅✅✅ မွေးစမှ(၆)လအထိကတော့ မိခင်နို့သောက်သုံးတဲ့အရွယ်ဖြစ်တဲ့အတွက် အမေကသာ အာဟာရပြည့်ဝနေဖို့လိုပါတယ်။ ကလေးငယ်အနေနဲ့ကတော့ အမေ့ဆီမှတစ်ဆင့် အာဟာရများ ရယူနေတဲ့အတွက် ထူးထူးခြားခြားမရေးတော့ပါဘူး။ အမေများအစားအသောက်မရှောင်ဖို့၊ မျှတသောအာဟာ ရကိုသာ စားကြဖို့တိုက်တွန်းလိုပါတယ်။ ကိုယ်စားမှ ကိုယ့်ကလေးဆီ ရောက်မယ်ဆိုတာလေး သတိချပ်စေချင် ပါတယ်။ ငါးခြောက်ဖုတ်နဲ့ ဟင်းခါးပဲစားတဲ့ခေတ်မဟုတ်တော့ပါဘူး။ တချို့လွဲမှားနေသော အယူအဆအချို့ကို လက်မခံသင့်တော့ပါဘူး။

✅✅✅ အသက် (၆)လမှစပြီး ဖြည့်စွက်စာ စကျွေးလို့ရပါပြီ။ ဒီအချိန်ဟာ အမေအတွက်ရော ကလေးအတွက် ပါ ပြောင်းလဲမှုတွေ၊ အဆင်မပြေမှုတွေ စတင်ကြုံတွေ့ရတဲ့အချိန်ဖြစ်ပါတယ်။ အမေက အစားအစာမပြင်ဆင် တတ်တာတွေ၊ ကလေးက အစာလုံးဝကျွေးလို့မရတာတွေ အစားအသောက်မသန့်ရှင်းမှုကြောင့် ကလေး ၀မ်းပျက်၊ ၀မ်းလျှောဖြစ်ရတာတွေစသဖြင့် မျိုးစုံတွေ့ကြုံရပါတယ်။ တစ်ဆက်တည်းမှာပဲ ကလေးက ကိုယ် အလေးချိန် မတက်လာတော့တာတွေ၊ ပိန်လှီသွားတာတွေ၊ ခဏခဏဖျားတာတွေပါ ဖြစ်လာပါတယ်။ အကြောင်းရင်း တော်တော်များများကတော့ အာဟာရရွေးချယ်မှုနဲ့ စားသောက်ပုံပြောင်းလဲမှုတို့ကြောင့်ဖြစ်ပါ တယ်။ အလွန်သတိထားရမယ့်အချိန်ဖြစ်ပါတယ်။

✳️✳️✳️ အသက်(၆)လမှ (၁)နှစ်အတွင်းမှာ ကလေးဟာ ကလေး စားသောက်ပုံကနေ (၁)နှစ်ဆိုရင်လူကြီးစားသောက်ပုံအထိကို အဆင့်ဆင့် ပြောင်းလဲနေပါတယ်။ ဒီပြောင်းလဲ ချက်ကို အမေများက အမီလိုက်ဖို့လိုပါတယ်။

ဖြည့်စွက်စာစကျွေးတဲ့ အသက် (၆)လမှစပြီး အမေဟာကလေးငယ်ကို အစားအသောက်အသစ်တွေ အရသာအသစ်တွေ တဖြည်းဖြည်း စတင်မိတ်ဆက်ပေးရပါတယ်။ ကလေးတွေရဲ့ အစားအသောက်ကြိုက်တာ မကြိုက်တာတွေလည်း ဒီအချိန်မှာဖွံ့ဖြိုးလာတာပါ။ အရွက်လုံး၀မစားတာတွေ၊ အသားလုံး၀မစားတာတွေ၊ အချို ကြိုက်တာတွေ စတာတွေဟာ ပြုပြင်လို့ရပါတယ်

လူ့ခန္ဓာကိုယ်က အချိုဓာတ်ကို အခြားအရသာတွေထက်ပိုကြိုက်ပါတယ်။ အရွက်/ အသီးတွေရဲ့ အရသာနဲ့အနံ့ဟာ အနည်း ငယ် စိမ်းရွှင်ရွှင်ဖြစ်တဲ့အတွက် ကလေးအများစုက စားဖို့ငြင်းဆန်ပါတယ်။ ဒါပေမယ့် လက်မလျှော့ရပါဘူး။ အ ရွက်မကြိုက်တဲ့ကလေးကို နည်းမျိုးစုံနဲ့ချက်ပြုတ်ပြီး ကြိမ်ဖန်များစွာ ပြန်ကျွေးရပါမယ်။ အရသာသစ်ကို လက်ခံ နိုင်ဖို့ဆိုတာ အကြိမ်ဆယ်ကြိမ်ကျော်ထက်မနည်း လိုတယ်လို့ ပညာရှင်များကပြောပါတယ်။ အရွက်တစ်မျိုးကို ၂ခါ ၃ခါလောက်ကျွေးကြည့်ရုံနဲ့ လက်လျှော့လိုက်တာမျိုး၊ ကလေးကအရွက်မကြိုက်ဘူးဟု သတ်မှတ်လိုက် တာမျိုးမလုပ်သင့်ပါဘူး။ ကျန်းမာတဲ့အာဟာရပုံစံကို နှစ်သက်စွာစားသောက်တတ်ဖို့ လေ့ကျင့်ပေးဖို့လိုပါတယ်။

⚠️⚠️⚠️ အသက်တစ်နှစ်အောက်မှာ လိုအပ်တဲ့အာဟာရတွေကတော့အသား/ ငါး အမျိုးမျိုး (ပင်လယ်ငါးများ သတိထားပါ၊ မာကျူရီ ပါ၀င်နှုန်းမြင့်နိုင်၍)၊ ပဲအမျိုးမျိုး (G6PD ဓာတ်နည်းသော ကလေးများ သတိထားပါ)၊ ဥများ၊ အသီးအနှံများ၊ အရွက်အမျိုးမျိုး၊ မိခင်နို့၊ ကစီဓာတ်ကြွယ်ဝသော ဆန်/ဂျုံ/ ပြောင်း/ဘာလီ စသဖြင့် ဆီ (ကျန်းမာသော ဆီ - သံလွင်ဆီ၊ ပဲဆီစစ်စစ်၊ နေကြာဆီ)စသဖြင့် အစာအုပ်စုများဖြစ်ပါတယ်။

အစားအစာ အသစ်ကိုစကျွေးလျှင် ဓာတ်တည့်မတည့်သတိပြုပါ။ အစားအစာသစ် ၂မျိုး ၃မျိုးကို တစ်ပြိုင်တည်းမကျွေးရပါ။ သန့်ရှင်းစွာချက်ပြုတ်ပါ။ အစားအစာပြင်ဆင်သူရော၊ ကျွေးမွေးသူရော သန့်ရှင်းဖို့လိုပါတယ်။ ကလေးငယ်များ၏ လက်ကိုလည်း သေချာဆေးပေးပါ။ လက်စုပ်တဲ့အကျင့်ရှိတဲ့ ကလေးတွေဟာ ၀မ်းလျှော၊ ၀မ်းပျက် အဖြစ်များ ပါတယ်။

🛑 အရေးကြီးတဲ့နောက်တစ်ချက်ကတော့ ၁နှစ်အောက်ကလေးများကို နို့နှင့်နို့ထွက်ပစ္စည်းမကျွေးရပါ ဘူး။ (Formula milk မဟုတ်ပါ)။ ၁ နှစ်အောက် ကလေးတွေဟာ နွားနိမှာ ပါ၀င်တဲ့ ပရိုတိန်းကိုကလေးငယ်ရဲ့ ခန္ဓာ ကိုယ်ကမချေဖျက်နိုင်ပါဘူး။ ဒါကြောင့် ပြန်လည်စွန့်ထုတ်တဲ့အချိန်မှာ ကလေးငယ်ရဲ့ကျောက်ကပ်ကိုအလုပ် ပိုလုပ်ခိုင်းသလိုဖြစ်နေပါတယ်။ (High renal load) ကျောက်ကပ်ကို ထိခိုက်နိုင်တယ်ဆိုတာလေး သတိထား ပေးပါ။

🛑 နောက်တစ်ချက်ကတော့ ၁နှစ်အောက်ကလေးများရဲ့ အစားအစာမှာ ဆား'မထည့်ရပါဘူး။ ဒီအချက် လေးကိုလည်း သတိပြုစေချင်ပါတယ်။

✅ အသက်(၁)နှစ်ဆိုရင် ကလေးငယ်တွေဟာ မိမိတို့မိသားစုရဲ့စားသောက်ပုံအတိုင်း စတင်စားနိုင်ပါပြီ။ အနောက်တိုင်းလည်း အနောက်တိုင်းအလျောက်၊ ကျွန်မတို့အရှေ့တိုင်းသားများလည်း ထမင်းနဲ့ဟင်းကို လူကြီး ပုံစံကဲ့သို့ စတင်စားသုံးနိုင်တဲ့အရွယ်ရောက်ပါပြီ။ အရိုးများတဲ့ငါးတို့၊ ပင်လယ်စာတို့ကိုတော့ သတိထားရပါမယ်။ ကလေးတွေရဲ့အစာအိမ်ဟာ အရွယ်အစားသေးတဲ့အတွက် လူကြီးတွေလောက်တော့ တခါတည်းများများမစား နိုင်ပါဘူး။ နည်းနည်းနဲ့ ၂ နာရီ ခြား ၃နာရီခြား ကျွေးပေးရပါမယ်။ ကလေးတွေဟာ အမေခွံ့ကျွေးနေတာကို စားတဲ့အဆင့်ကနေ သူ့လက်နဲ့ယူစားချင်လာပါမယ်။ တိုးတက်မှုဖြစ်ပါတယ်။

✳️✳️✳️ အသက်၁၅လနဲ့ ၁၈လခန့်မှာတော့ ဇွန်း၊ ခက်ရင်း၊ တူ စတာတွေကို အသုံးပြုပြီး စစားတတ်ပါပြီ။ ဒီအချိန်မှာ အတင်းခွံ့ကျွေးတာတွေမလုပ်ရပါဘူး။ သူ့ဟာသူ အားကိုးတတ်၊ စားတတ်အောင် ကူညီပေးရပါမယ်။ ❌❌❌ အသက်ကြီးတဲ့အထိ အမေခွံ့ကျွေးမှ စားတယ် ဆိုတာ မကောင်းပါဘူး။

✅✅ အသက် ၁ နှစ်ကျော်ရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းကို စတင်ကျွေးလို့ရပါပြီ။ နွားနို့ရွေးချယ်ရာမှာ အဆီပြည့် နို့/မလိုင်ပြည့်နို့ကို ရွေးချယ်ရပါမယ်။ (high fat milk/ full cream) ကလေးတွေရဲ့ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အဆီဓာတ်လိုအပ်တဲ့အတွက် မလိုင်ပြည့်နို့ကိုရွေးရခြင်းဖြစ်ပါတယ်။ လူကြီးတွေအနေနဲ့ အဆီ နည်းနို့ကိုသောက်တိုင်း ကလေးများကို မတိုက်ရပါဘူး။ အဆီဓာတ်ဆိုတာလည်း တန်ဆေး၊ လွန်ဘေး ဖြစ်တာ ကြောင့် အ၀လွန်မျိုးရိုးရှိသူများ၊ သွေးတွင်းအဆီဓာတ်မျာတဲ့ ရောဂါရှိသူများမိသားစုမှ ကလေးများကတော့ ဆရာ၀န်နှင့် သေချာတိုင်ပင်ဖို့လိုပါတယ်။ ပုံမှန်ကလေးများကတော့ ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ အရိုးနဲ့သွားသန်မာဖို့ နို့သောက်ကိုသောက်ရပါမယ်။ ငယ်စဉ်ကတည်းကနို့သောက်တဲ့ အနောက်တိုင်းသားများဟာ အာရှသားများ ထက် ပိုမိုကြီးထွားသန်မာတာကို တွေ့ရပါတယ်။

✅✅✅ အသက် ၁၂လနဲ့ ၁၈လခန့်မှာတော့ ကလေးငယ်ကိုနို့ဘူးအစား၊ ခွက်နဲ့တိုက်လို့ရပါပြီ။ သေချာလေ့ ကျင့်ပေးဖို့လိုပါတယ်။ အသက် ၅ နှစ်၊ ၆နှစ်အထိ နို့ဘူးသောက်နေတာဟာ မသင့်တော်ပါဘူး။ သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးတိုးတက်လာသင့်ပါတယ်။ ကလေးများဟာအစပိုင်းမှာ နို့ကိုမကြိုက်ပါဘူး။ သူတို့သောက်နေကျ မိခင်နို့နဲ့ အရသာမတူတဲ့အတွက်ပါ။ ဒါပေမယ့် တဖြည်းဖြည်း လေ့ကျင့်ပေးဖို့လိုပါတယ်။ ကြိုးစားပြီးတိုက်ကြည့်ရင်တော့ ကလေးက လက်ခံလာပါလိမ့်မယ်။ ပဲနို့လည်းတိုက်လို့ရပါတယ်။ နွားနို့သောက်လို့ ၀မ်းလျှောတာမျိုးက ဖြစ်တတ်ပါတယ်။ အဲတာမျိုးဖြစ်ရင် lactose free milk ပြောင်းတိုက်ကြည့်ပါ။ (ဥပမာ - ပဲနို့)

🛑 နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ ၁ နှစ်အထက်ကလေးများ သံဓာတ်ချို့တဲ့တာပါ။ (iron deficiency) သံဓာတ်ချို့တဲ့တဲ့ကလေးများမှာ သူများကလေးတွေလို အမောမခံတာ၊ ကိုယ်ရေးကိုယ်သွေး ကျတာ၊ ဖွံ့ဖြိုးမှုနှေးတာ၊ သွေးအားနည်းတာတွေဖြစ်နိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင်ဖို့အတွက် ကတော့ နေ့စဉ်နို့ ၂ ခွက်၀င်အောင်တိုက်ပါ။ သံဓာတ်ကြွယ်ဝသော အသားများ၊ ပဲ၊ သံဓာတ်ဖြည့်ထားသော အစားအစာများကျွေးပါ။ သံဓာတ်ဖြည့်ထားသော ဘီစကွတ်၊ နို့၊ ပေါင်မုန့်၊ စီရီယယ်စသဖြင့် မျိုးစုံရှိပါတယ်။ ဗီတာမင်အားဆေးတွေ ဖြည့်စွက်တိုက်ချင်ရင်တော့ ဆရာ၀န်နှင့် တိုင်ပင်သင့်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုး တွေ၊ ဆေးပမာဏများသွားတာတွေ မဖြစ်စေရန်အတွက်ပါ။

⚠️⚠️⚠️ ၂ နှစ်အောက်ကလေးငယ်များအတွက် ရှောင်ရန်/သတိထားရမယ့် အချက်တွေကတော့ မိမိတို့မျိုးရိုးမှာ အစားအသောက် ဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကျပ်ရှိတာတွေရှိရင် ကလေးကို အစားအစာသစ် စကျွေးရင် ပိုသတိထားရပါမယ်။ မျိုးရိုးလိုက်တတ်ပါတယ်။ လိုအပ်ပါက ဆရာ၀န်နဲ့တိုင်ပင်ရပါမယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ သီးစေနိုင်မည့်အစားအစာများကို မကျွေးသင့်ပါဘူး။ (ဥပမာ - ပေါက်ပေါက်ဆုပ်၊ ချိုချဉ် အမာများ၊ အရွက်စိမ်းများ၊ အစေ့အဆံများ စတာတွေကျွေးရင်သတိထားပါ)။

ကလေးအစားစားနေချိန် လုံး၀ ပစ်ထားလို့မရပါဘူး။ အစာဝါးတာ၊ မျိုချတာစတာတွေကို သေချာကြည့်ရပါမယ်။ ကလေးဟာ စားရင်း သောက်ရင်း ကစားတတ်တဲ့အတွက် ရုတ်တရက် နင်တာတွေ၊ အန်တာတွေ၊ သီးတာတွေဖြစ်နိုင်ပါတယ်။ သတိထားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အလုပ်များတဲ့ မေမေတို့ကတော့ စိတ်ချရတဲ့လူတစ်ယောက်ကို ကလေးအနားထားဖို့လိုပါတယ်။

ကလေးကို ဘယ်နှစ်ကြိမ်ကျွေးရမလဲဆိုတာကတော့ တစ်နေ့ကို အနပ်ကြီး ၃ ကြိမ်နဲ့ သားရေစာ ၂ ကြိမ်၊ ၃ ကြိမ်ကြားကျွေးရပါမယ်။ ဗိုက်ပြည့်နေ့လို့ မစားဘူးဆိုပြီး ငြင်းဆိုနေတဲ့ကလေးကိုတော့ အတင်းကျွေး စရာမလိုပါဘူး။ တခါတရံ တနပ်လောက်လွတ်သွားက လက်ခံလို့ရပါတယ်။ ဒါပေမယ့် ကလေးစားချင်တိုင်း တစ်နေ့လုံး တစ်စွပ်စွပ်ကျွေးနေတာမျိုးလည်း မလုပ်ရပါဘူး။ သူ့အချိန့်နဲ့သူစည်းကမ်းတကျ လေ့ကျင့်ပေးရပါ မယ်။ ငယ်ရွယ်စဉ်ကတည်းက စားသောက်ပုံ၊ ရွေးချယ်မှု စနစ်ကျမှကြီးလာတဲ့အခါ ကျန်းမာသောစားသောက် မှုပုံစံကို ရွေးချယ်တတ်မှာဖြစ်ပါတယ်။ ၂ နှစ်အောက် ကလေးငယ်များဟာ အကြမ်းဖျင်းတစ်နေ့ကို ကယ်လိုရီ ၁၀၀၀ မှ ၁၄၀၀ ခန့်လိုအပ်ပါတယ်။ မိမိကလေးရဲ့ အခြေအနေ၊ စားသောက်မှု ပုံစံကိုကြည့်ပြီး အာဟာရလုံလောက်မှုရှိ/မရှိကို အမေက ဆုံးဖြတ်နိုင်ပါတယ်။ အနီးကပ်နေသူမှသာ ကလေးရဲ့ ကြီးထွားနှုန်း၊ တိုးတက်မှုတွေကို ပိုသိနိုင်တာပါ။

✅✅✅နောက်တစ်ခုကတော့ ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့စားသောက်မှုမှတ်တမ်းပါ။ အသက်ဘယ်အရွယ်မှာ ဘာ စကျွေးတယ်၊ ဘာနဲ့မတည့်ဘူး၊ ကိုယ်အလေးချိန်က ဘယ်လောက်၊ အရပ်ဘယ်လောက်၊ ဘယ်အရွယ်စထိုင် တယ်၊ လမ်းထလျှောက်တယ်စတဲ့ အသေးစိတ်ကို စာအုပ်သီးသန့်နဲ့မှတ်ထားပေးပါ။ ကာကွယ်ဆေးထိုးတဲ့ အမျိုးအစား၊ ရက် စတာတွေကိုလည်း သေချာမှတ်ပေးပါ။ ကလေးတစ်ယောက် ကောင်းမွန်စွာဖွံ့ဖြိုးလာဖို့ဟာ အစာအာဟာရ၊ ချစ်ခြင်းမေတ္တာ၊ ပတ်၀န်းကျင် စတဲ့အချက်များစွာလိုအပ်ပါတယ်။ ကျွန်မတို့တတ်နိုင်သမျှ ပံ့ပိုးရင်း ပိုမိုကျန်းမာသောမျိုးဆက်သစ်များကို ပျိုးထောင်ပေးနိုင်ဖို့မျှော်လင့်မိပါတယ်။

ကလေးများကျန်းမာ ပျော်ရွှင်ကြပါစေ။

30/05/2023
၆လအထက် ဖြည့်စွက်စာ များ09780162337မြို့တွင်း၊နယ်ဝေး အိမ်ရောက်ငွေချေ ရပါတယ်ရှင့်
30/05/2023

၆လအထက် ဖြည့်စွက်စာ များ
09780162337
မြို့တွင်း၊နယ်ဝေး အိမ်ရောက်ငွေချေ ရပါတယ်ရှင့်

30/05/2023

Address

Yangon

Telephone

+959780162337

Website

Alerts

Be the first to know and let us send you an email when Shinn Shinn baby snack os posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shinn Shinn baby snack os:

Share