Ruby Hsu Online Shopping

Ruby Hsu Online Shopping Good

ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း  သိသွားတယ်။မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့ဘယ်သူက ...
15/08/2021

ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း သိသွားတယ်။

မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုမခွဲနိုင်အောင် ချစ်နေမှန်း သိသွားတယ်။

လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။

အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ...
ငွေကြေးမဟုတ်ပါ ... လှပခြင်းလည်း မဟုတ်ပါ ...
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ၊ မေတ္တာကိုသာ မတိုးပွားစေနိုင်ပေမဲ့
စိတ်ထား အစစ်အမှန်တွေကိုတော့၊ တကယ်စီစစ် သိရှိသွားပါတယ်။

ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်၀က်ကြွေးမယ်၊ ငါတစ်၀က်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။

ငါ တစ်ကိုက်ပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။

ငါ တစ်ချက်မှ မစားရက္ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။

ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ ပါးစပ္က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ ...

မိမိအပေါ်ကောင်းတဲ့သူကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။"

#

12/08/2021

မောင်းလို့ရတယ် မရဘူး ???

၁။ ဘီးလေမရှိဘူး / လေအရမ်းနည်းနေတယ်။
မောင်းလို့မရဘူး !!!
တာယာလိမ်သွားမယ်။ တာယာပျက်စီးသွားမယ်။
လေထိုးပါ / အပိုဘီးနဲ့လဲပါ။

၂။ အင်ဂျင်ဝိုင်မရှိဘူး / အင်ဂျင်ဝိုင်မီးပြနေတယ်။
မောင်းလို့မရဘူး !!!
အင်ဂျင်နာမယ်။ အင်ဂျင်ချရတဲ့အထိ ဖြစ်နိုင်တယ်။
အင်ဂျင်ဝိုင်ဖြည့်ပါ / စစ်ဆေးပြုပြင်ပါ။

၃။ Heat မီးပြနေတယ် / Heat တက်နေတယ်။
မောင်းလို့မရဘူး !!!
ဂတ်စကတ်ပြတ်မယ်။ အင်ဂျင်ချရတဲ့အထိဖြစ်နိုင်တယ်။
စစ်ဆေးပါ / ပြုပြင်ပြီးမှဆက်မောင်းပါ။

၄။ ညဘက်မောင်းနေရင်း ရှေ့မီးကြီးတွေ မလင်းတော့ဘူး။
မောင်းလို့ရတယ်။
မီးသေးဖွင့်ထားပါ။ စုံမီးဖွင့်ထားပါ။တတ်နိုင်သမျှ ဖြည်းဖြည်းမောင်းပါ။ ကိုယ့်လမ်းကြောအတွင်းကပဲ မောင်းပါ။ အမြန်ပြုပြင်ပါ။

၅။ ညဘက်မောင်းနေရင်း နောက်မီးတွေ မလင်းတော့ဘူး။
မောင်းလို့ရတယ်။
နောက်ယာဉ် ဝင်တိုက်မယ့်အန္တရယ်ရှိတယ်။ စုံမီးဖွင့်ထားပါ။ တတ်နိုင်သမျှဘေးကပ်မောင်းပါ။ အမြန်ပြုပြင်ပါ။

၆။ ABS မီးပြနေတယ်။
မောင်းလို့ရတယ်။
စလစ်ဖြစ်မှာကို မထိန်းပေးတော့ပါ။
အရှိန်လျော့မောင်းပါ။ ရုတ်တရက် ဘရိတ်အကုန်နင်းတာကို တတ်နိုင်သမျှရှောင်ပါ။ မိုးဖွဲဖွဲ ရေစပ်စပ် အခြေအနေမှာ ပိုသတိထားမောင်းပါ။ စစ်ဆေးပြုပြင်ပါ။

၇။ ဆီကုန်မီးပြပြီ။
မောင်းလို့ရတယ်။
များသောအားဖြင့် 4L, 5L လောက် လက်ကျန်ရှိအုန်းမယ်။ အနီးဆုံးဆီဆိုင်ရှာပြီး ဆီဖြည့်ပါ။

8။ SRS / လေအိတ်မီးလင်းနေတယ်။
မောင်းလို့ရတယ်။
လေအိပ်အကာကွယ် မရနိုင်တော့ပါ။
ခါးပတ်တပ်ထားပါ။ ဆင်ဆာပျက်တာ ကြိုးပြတ်တာ ဘောက်ပျက်တာကြောင့်လင်းတတ်ပါတယ်။ ကွန်ပျူတာထိုးစစ်ကြည့်ပြီး ပျက်တဲ့ပစ္စည်းလဲတာ ဝါယာရိန်းလိုက်တာ လုပ်ရပါမယ်။

၉။ တံခါးမီးလင်းနေတယ်။
မောင်းလို့ရတယ်။
တံခါးတွေ lock သေချာကျလားစစ်ပြီးမှမောင်းပါ။ ရေဝင်တာ ကြိုးပြတ်တာ ခလုတ်ပြတ်တာကြောင့် ဖြစ်တတ်ပါတယ်။ စစ်ဆေးပြုပြင်ရပါမယ်။

၁၀။ ဘရိတ်ကပ်နေတယ်။
မောင်းလို့မရဘူး !!!
ရှူးအပူလွန်ပြီး ညှော်နံ့ထွက်လာမယ်။ ရှူးပျက်စီးသွားမယ်။
ဘိရိတ်ကို နင်းလိုက်လွတ်လိုက်လုပ်ကြည့်ပါ။ ကားကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ ဘရိတ်ကပ်နေသေးရင် ပြုပြင်သူကိုခေါ်ပါ။

၁၁။ ဘရိတ်မမိဘူး။
မောင်းလို့မရဘူး !!!
ယာဉ်တိုက်မှုဖြစ်နိုင်တယ်။
ပြုပြင်သူကိုခေါ်ပါ။

၁၂။ ဘရိတ်လျောနေတယ်။
မောင်းလို့ရတယ်။
ယာဉ်တိုက်မှုဖြစ်နိုင်တယ်။ သတိထားပြီးဖြည်းဖြည်းမောင်းပါ။ အနီးဆုံးဝပ်ရှောတွင် စစ်ဆေးပြုပြင်ပါ။

၁၃။ ဘရိတ်ဆီမီးလင်းနေတယ်။
မောင်းလို့ရတယ်။
ဘရိတ်မိလားနင်းကြည့်ပါ။ ဘရိတ်မမိရင် မောင်းလို့မရပါ။ ဘရိတ်ဆီလျော့နေလားစစ်ပါ။ လျော့နေရင် ဖြည့်ပါ။ စစ်ဆေးပြုပြင်ပါ။

၁၄။ ဘက်ထွီမီးလင်းနေတယ်။
မောင်းလို့မရဘူး !!!
လမ်းမှာထိုးရပ်သွားနိုင်တယ်။ စက်သတ်ပြီး ပြန်နှိုးမရဖြစ်မယ်။
အချို့ လျှက်ထုတ်စက်လဲထားတဲ့ကားတွေမှာ လင်းနေလည်းမောင်းလို့ရတယ်။ ပြုပြင်သူကိုခေါ်ပါ။

၁၅။ IMA မီးလင်းလာတယ်။
မောင်းလို့ရတယ်။
IMA ဘက်ထွီ အပူချိန်မြင့်နေတယ်။ ကားရပ် ခဏနားပါ။ တံခါးတွေဖွင့်ထားပါ။ IMA Fan လေပေါက်တွေမှာ ပိတ်ကာထားမိတာရှိရင် ဖယ်ရှားပါ။ မှန်ပိတ် အဲကွန်းဖွင့်မောင်းပါ။

၁၆။ သော့ဘက်ထွီမီးပြနေတယ်။
မောင်းလို့ရတယ်။
သော့ဘက်ထွီမကောင်းတာ လှိုင်းမမိတာဖြစ်နိုင်တယ်။

၁၇။ ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။
မောင်းလို့ရတယ်။
ဆီစစ်ပိတ်နေတာ ဆီပန့်မကောင်းတာ ပလပ်မကောင်းတာ ပလပ်ကွိုင်မကောင်းတာ ဖြစ်နိုင်တယ်။ စစ်ဆေးပြုပြင်ရပါမယ်။

၁၈။ ခွေးတိုက်မိပြီး ရေတိုင်ကီပေါက်သွားတယ်။
မောင်းလို့မရဘူး !!!
Coolant တွေထွက်ကုန်ပြီး (နံပတ် ၃ ကြည့်) အင်ဂျင် Heat တက်လာမယ်။ ပြုပြင်သူကိုခေါ်ပါ။

၁၉။ အောက်ပိုင်းတိုက်မိပြီး ဆီခံဗန်းကွဲသွားတယ်။
မောင်းလို့မရဘူး !!!
အင်ဂျင်ဝိုင် / ဂီယာဝိုင်တွေ ထွက်ကုန်ပြီး (နံပတ် ၂ ကြည့်) အင်ဂျင် / ဂီယာဘောက်ပျက်မယ်။ ပြုပြင်သူကိုခေါ်ပါ။

၂၀။ Drive belt ပြတ်သွားပြီ။
မောင်းလို့မရဘူး !!!
ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။
စတီယာရင်လေးသွားမယ်။ ဘရိတ်မာသွားမယ်။ ဘက်ထွီ အားမဝင်တော့ဘူး။ အဲကွန်းမအေးတော့ဘူး။ ပြုပြင်သူကိုခေါ်ပါ။

၂၁။ ကားကလူးပြီး ယိမ်းထိုးနေတယ်။
မောင်းလို့ရတာလည်းရှိ မရတာလည်းရှိ 😁
ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။
တာယာတွေမကောင်းတာ၊ ဘီးနတ်တွေချောင်နေတာ၊ ဟက်ဘောတွေချောင်နေတာ၊ ဆွဲထိန်းတွေမကောင်းတော့တာ၊ စတီယာရင်စနစ်ယိုယွင်းလာတာ အောက်ပိုင်းအစိတ်အပိုင်းများ မကောင်းတော့တာကြောင့်ဖြစ်တယ်။ အမြန်ဆုံးစစ်ဆေးပြုပြင်ပါ။

မှတ်ချက်။ ။ ကားအမျိုးအစားနဲ့ပြသနာမတူနိုင်တာ ကားအကြောင်းသိနားလည်းကျွမ်းကျင်မှုမတူတာကြောင့် လှေနံဓါးထစ်မမှတ်ယူဘဲ အခြေအနေအရ လိုအပ်သလို ချိန်ဆယူသင့်ပါတယ်။
ကားနဲ့ပတ်သက်ပြီး သိပ်မသိသူများအတွက် အထောက်အကူရအောင် အတွေ့အကြုံအရ ရေးခြင်းဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက မေတ္တာရှေ့ထားထောက်ပြစေလိုပါတယ်။

Credit to Ko Tun Ooမှကူးယူဖော်ပြခြင်းဖြစ်သည်။

ကားမောင်းသင်မယ်ဆို
ကို
Phလေးသာဆက်ပီးစာရင်းသွင်းလိုက်ပါ
ကောင်းမွန်တဲ့ဝန်ဆောင်မှုများသင်ဆီအရောက်လိုက်ပါလိမ့်မယ်။

ပုံမှန်၅ရက်သင်တန်း ကြေးသီးသန့်၂၀၀၀၀၀ပါ
တနေ့၂နာရီ တပါတ်မှာ၂ရက် သင်ကြားပေးသည်

အမြန်၅ရက်သင်တန်းကြေးသီးသန့် ၂၅၀၀၀၀
တနေ့၂နာရီ၅ရက်ဆက်တိုက်သင်ကြားပေးသည်

Ph:09799595732 09797249831

စေတနာ ထားရကြိုးနပ်ပါဘီရှင့်❤️❤️❤️ အသဲတွေအားလုံးလဲ နေကောင်းအောင်ဂရုစိုက်ကြပါ 🙏🙏🙏 Oximeter လေးတွေလဲ ထပ်ရအောင်ကြိုးစားပေးနေ...
22/07/2021

စေတနာ ထားရကြိုးနပ်ပါဘီရှင့်❤️❤️❤️ အသဲတွေအားလုံးလဲ နေကောင်းအောင်ဂရုစိုက်ကြပါ 🙏🙏🙏 Oximeter လေးတွေလဲ ထပ်ရအောင်ကြိုးစားပေးနေပါတယ်ရှင့်💪💪💪

📣Plus Oximeter all sold out📣ဝယ်ယူအားပေးသူ တယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🙏
21/07/2021

📣Plus Oximeter all sold out📣
ဝယ်ယူအားပေးသူ တယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🙏

📣📣💃လက်တွေ့စမ်းပြထားတယ်နော် error ကင်းပြီး quality ကောင်းတဲ့ အလုံးတွေဘဲ ရောင်းပေးထားတယ်ရှင့်❤️❤️❤️
20/07/2021

📣📣💃လက်တွေ့စမ်းပြထားတယ်နော် error ကင်းပြီး quality ကောင်းတဲ့ အလုံးတွေဘဲ ရောင်းပေးထားတယ်ရှင့်❤️❤️❤️

20/07/2021

သဲတို့ oximeter လေးတွေစမ်းပြထားတယ်ရှင့်❤️

Address

Yangon

Telephone

+959950486620

Website

Alerts

Be the first to know and let us send you an email when Ruby Hsu Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ruby Hsu Online Shopping:

Share