Onlineမှသည် 2

Onlineမှသည်   2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Onlineမှသည် 2, Yangon.

ရင်ဖွင့်ကြမယ်ကွယ်
•စိတ်ထဲမွန်းကျပ်နေတာ ဖွင့်ချလိုက်ရရင် စိတ်ထွက်ပေါက်လေး ရတာပေါ့
•အားပေးစကားလေးတွေ ဖတ်ရရင် စိတ်ခွန်အားရတာပေါ့
•အများက ရေးပေးကြမှာဖြစ်လို့ အကြံကောင်းလေးတွေပါတာပေါ့
ဒီတော့ တစ်ယောက်တည်း မခံစားပါနဲ့ တို့အားလုံး မင်းနဲ့အတူ မျှဝေခံစားပေးပါမယ်☺️

"အထီးကျန်ခြင်းရဲ့ အဓိပ္ပာယ်"တစ်ခါတလေကျရင်၊ ကျွန်တော်တို့အားလုံးဟာ လူအုပ်ကြီးထဲမှာတောင် အထီးကျန်နေတတ်ကြပါတယ်။ လူတွေနဲ့ပြည...
07/04/2026

"အထီးကျန်ခြင်းရဲ့ အဓိပ္ပာယ်"

တစ်ခါတလေကျရင်၊ ကျွန်တော်တို့အားလုံးဟာ လူအုပ်ကြီးထဲမှာတောင် အထီးကျန်နေတတ်ကြပါတယ်။ လူတွေနဲ့ပြည့်နှက်နေတဲ့ လောကကြီးမှာ ကိုယ်တိုင်ဟာ တစ်ယောက်တည်းဖြစ်နေသလို ခံစားရတာပါ။ ဒါဟာ စိတ်ဓာတ်ကျစရာမဟုတ်ပါဘူး။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ပိုပြီးတန်ဖိုးထားတတ်လာဖို့၊ ကိုယ့်ကိုယ်ကို ပိုပြီးနားလည်လာဖို့ အခွင့်အရေးတစ်ခုပါပဲ။

အထီးကျန်တာဟာ တစ်ခါတလေကျရင် ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ ထင်ရပေမယ့်၊ တကယ်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ အားသာချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အထီးကျန်ခြင်းကို ရင်ဆိုင်ရဲတာဟာ သတ္တိတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ၊ ကိုယ့်ကိုယ်ကို ချစ်တတ်တာဟာ အထီးကျန်ခြင်းကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

ဒါကြောင့်၊ သင်ဟာ အခုလက်ရှိမှာ အထီးကျန်နေတယ်လို့ ခံစားရရင်၊ ဒါဟာ ယာယီပဲဆိုတာကို သတိရပါ။ ဒီအချိန်တွေကို ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ဖို့၊ ကိုယ့်ရဲ့ ဝါသနာတွေကို ဖော်ထုတ်ဖို့၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အသုံးပြုပါ။ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်ကိုချစ်တဲ့၊ သင့်ကို နားလည်ပေးမယ့် လူတွေ အများကြီးရှိပါတယ်။

အထီးကျန်ခြင်းကို ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့၊ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ မေတ္တာနဲ့၊ သင်ဟာ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ သင်ဟာ တစ်ယောက်တည်း အဆင်ပြေပါတယ်!

ှသည်

ကျွန်မနဲ့ကောင်လေးကonlineမှာပဲစတွေ့ပီးချစ်သူဘဝရောက်ခဲ့ကြတယ် ကောင်လေးက ပြည်ပမှာအလုပ်လုပ်တာပါ နှစ်ကုန်ပိုင်းဆိုရင်မြန်မာကို...
18/03/2026

ကျွန်မနဲ့ကောင်လေးကonlineမှာပဲစတွေ့ပီးချစ်သူဘဝရောက်ခဲ့ကြတယ် ကောင်လေးက ပြည်ပမှာအလုပ်လုပ်တာပါ နှစ်ကုန်ပိုင်းဆိုရင်မြန်မာကို ပြန်လာပါတယ် သူပြန်လာတဲ့အချိန်လေးပဲ ကျွန်မတို့လူချင်းဆုံရတယ် အဲ့ဒီလိုဘဝနဲ့ပဲ လက်ထပ်ဖို့ တိုင်ပင်တိုင်းလဲညှိမရဘူး အဖြေမရှိတဲ့ပုစ္ဆာနဲ့ပဲ အခုဆိုရင်ချစ်သူသက်တမ်း၇နှစ်ရှိပါပီ ကျွန်မတို့၂ယောက်စလုံးအသက်ကလဲ၄၀ကျော်နေပါပီ
မနှစ်ကတော့ ပြန်လာရင် လက်ထပ်ဖို့၁နှစ်လုံးသေချာဆွေးနွေးခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ဘူး ကျွန်မရဲ့ဆန္ဒကလက်ထပ်ပီးရင် သူ့အိမ်မှာသွားမနေချင်ဘူး
အိမ်တလုံး မဝယ်နိုင်သေးခင်မှာ အိမ်ငှါးပီးနေချင်တယ် သူ့ဆန္ဒကတော့ သူ့အမေအိမ်မှာပဲသွားပီးနေစေချင်တယ် လင်ရယ်မယားရယ်ဖြစ်လာပီဆိုရင် သီးသန့်နေသင့်တာကို ပြောပြပေမဲ့ သူကမလေးရှားမှာပဲအလုပ်လုပ်ရမှာမို့ ကျွန်မတယောက်ထဲနဲ့အိမ်မငှါးသင့်ဘူးပေါ့ ကျွန်မကလဲ လက်မခံဘူး သူ့အမေအိမ်မှာသွားမနေချင်ဘူး သူ့အမေကလဲသူ့အိမ်မှာပဲ ကျွန်မပါ နေလို့ပြောတယ် အဓိကခေါ်ရတဲ့အကြောင်းကတော့သူ့သားရဲ့လစာကို လူပျိုတုန်းကလိုပဲ သူ့ဆီပဲပို့စေချင်တာပါ အိမ်စရိတ်သူပဲစီမံပီး သူ့အိမ်မှာပဲ ကျွန်မလဲစားဖို့ပေါ့
ကျွန်မကတော့ ကို့ယောက်ကျားလစာမိန်းမကယူသင့်တာမို့ ကျွန်မဆီကိုပဲပို့ပီး ကျွန်မဆီကနေမှ သူ့အမေနဲ့အမကိုတလစာထောက်ပံ့ငွေပြန်ပေးချင်တာပေါ့ကွယ် အမေချစ်သားက အဲ့ဒါကိုလက်မခံဘူး အဲ့ဒီကိစ္စကိုညှိရင်းနဲ့ပဲ၇နှစ်ဖြစ်လာပီ အခုအထိ လက်မထပ်ဖြစ်သေးဘူး မနှစ်ကတော့တိကျတဲ့အဖြေရှာလာဖို့သူပြန်လာရင်လက်ထပ်ပီး ကျွန်မကိုအိမ်ငှါးပေးခဲ့ဖို့ သေချာပြောထားပေမဲ့ အရင်နှစ်တွေလိုပါပဲ သူ့အမေကိုမလွန်ဆန်နိုင်ဘူးပဲကွယ် ကျွန်မကပဲ သူ့အိမ်မှာသွားနေဖို့ပြောတယ် ကျွန်မကလဲ လက်မခံဘူးဆိုတော့သူပြန်သွားပီးရင်၂လပိုင်းကုန်လောက်မှာ မလေးရှားကိုလိုက်ခဲ့ဖို့ခေါ်မယ်တဲ့ သူ့သူဌေးကိုပြောပီး ကျ္န်မကိုပါအလုပ်သွင်းပေးမယ်ပေါ့ကွယ်၂ယောက်စလုံးအလုပ်လုပ်ပီးအတူတူနေကြပီး ပိုက်ဆံစုမယ်ပေါ့ ကျွန်မကမြန်မာနိုင်ငံမှာပဲနေချင်တာပါ ကျွန်မမှာလဲအသက်၇၀ကျော်အမေနဲ့အမလဲရှိတော့ သူတို့ကိုမထားခဲ့ချင်ပါဘူးကွယ် သူ့အစီအစဉ်ကို ကျွန်မကသဘောမတူထားပါဘူး ပြန်လာရင်လက်ထပ်ပီး အိမ်ငှါးပေးဖို့ပဲ တောင်းဆိုထားပါတယ်ကွယ် လစာကို ကျွန်မဆီပို့ရမှာကို သူ့အမေကသဘောမတူဖြစ်နေတာပါ အိမ်ထောင်ကျသွားတဲ့သားဆီကလစာကို အရင်လိုပဲအကုန်လက်ဝါးကြီးအုပ်ချင်လို့ သူ့အိမ်မှာနေဖို့ပဲ​ပြောနေတဲ့
သူ့အမေကမှန်လား
အမေရဲ့ဆန္ဒကိုပဲဦးထိပ်ထားတဲ့သားကမှန်သလားလင်လစာ မယားကိုအပ်စေချင်တဲ့ကျွန်မကမှန်သလားကွယ်
ကျွန်မတို့အသက်တွေကလဲမငယ်ကြတော့လို့ ညှိမရတဲ့ပုစ္ဆာနဲ့ပဲအချိန်ကုန်လာတော့ ကျွန်မသူ့ကိုစိတ်ကုန်နေပါပီ
လက်တွဲဖြုတ်ဖို့ပဲတွေးနေပီကွယ်
ကျွန်မတို့ရဲ့အဖြေမရှိတဲ့ပုစ္ဆာအတွက် ဘယ်လိုဖြေရှင်းသင့်လဲဆိုတာသိချင်ပါတယ်ရှင်

ှသည်

ကျနော့်ရဲ့အိမ်ထောင်ရေးကိုလဲရင်ဖွင့်ချင်ပါတယ်။ ကျနော့်အမှားတွေလဲပါခဲ့လို့ဆူချင်ဆူဆဲချင်ဆဲကြပါဗျာ။ ကျနော်တို့ကသင်တန်းတခုတက...
28/02/2026

ကျနော့်ရဲ့အိမ်ထောင်ရေးကိုလဲရင်ဖွင့်ချင်ပါတယ်။ ကျနော့်အမှားတွေလဲပါခဲ့လို့ဆူချင်ဆူဆဲချင်ဆဲကြပါဗျာ။ ကျနော်တို့ကသင်တန်းတခုတက်ရာကသိကျွမ်းပီးလက်ထပ်ခဲ့ကြတာပါ။ သူ့မှာလဲရည်းစားရှိဖူးတယ်။ ကျနော့်မှာလဲ၇နှစ်လောက်တွဲခဲ့တဲ့ သိပ်ချစ်ရတဲ့ချစ်သူရှိခဲ့ဖူးတယ် ။ ကျနော့်အမျိုးသမီးရဲ့ရည်းစားဟောင်းကခုသူ့အလုပ်မှာပဲရှိပါတယ်။ အလုပ်သွားတိုင်းတွေ့ရတယ်ပေါ့ဗျာ။ ကျနော်သူ့သိက္ခာကိုယုံခဲ့ပါတယ်။ သူလဲအိမ်ထောင်သည်ဖြစ်နေပီမို့ဟိုဘက်ကလဲချဉ်းကပ်မှာမဟုတ်တော့ဘူးလို့ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ဗျာ ဟိုကောင်ကဖုန်းမကြာခဏဆက်လာတော့ကျနော့်စိတ်ကသံသယဖြစ်လာတယ်။ အမျိုးသမီးကတော့အလုပ်ကိစ္စဆက်တာလို့ဖြေရှင်းပါတယ်။ marketingသမားချင်းမို့အဲ့ကောင်နဲ့အပြင်သွားရတာတွေလဲရှိတယ်။ တခြားသူတွေလဲပါတဲ့အခါပါတယ်လို့ပြောပါတယ်။ ကျနော်လဲသဘောထားသေးသိမ်တဲ့သူမဟုတ်ပေမဲ့မကြာခဏဖုန်းဆက်တာတွေနဲ့သူတို့အလုပ်ကိစ္စသွားရတာတွေကျနော်မကြည်ဖြူတော့ဘူး။ လင်မယား၂ယောက်စလုံးကလဲလခစားဝန်ထမ်းတွေဆိုတော့သူ့ကိုအဲ့ဒီအလုပ်ကထွက်ပီးတခြားအလုပ်ရှာဖို့ပြောတာသူကလက်မခံဘူးဖြစ်နေတယ်။ ဒီကိစ္စပဲခဏခဏပြဿနာတက်တာညှိမရတော့ကျနော်လဲရွဲ့ချင်လာတယ်။ အရင်ကောင်မလေးကခုချိန်အထိအိမ်ထောင်မပြုသေးဘူးဗျာ။ ကျနော်အိမ်ထောင်ကျသွားတာသူမသိသေးဘူးလို့ထင်ပါတယ်။ ဖောက်ပြန်ချင်တဲ့စိတ်တော့မရှိပါဘူးဗျာ။ မိန်းမကိုကိုယ်ချင်းစာတတ်ဖို့ပဲရည်ရွယ်တာပါ။ ကောင်မလေးကိုviberကစကားပြန်ပြောစာပို့တော့ကျနော့်ကိုလဲသံယောဇဉ်မကုန်သေးတဲ့အရိပ်အယောင်တွေတွေ့လာရတယ်။ ကျနော်တို့ချင်းက၇နှစ်လောက်တွဲခဲ့ကြတာသိပ်ချစ်ခဲ့ကြတာဗျာ။ အချစ်ဦးကမြေးဦးရတောင်မမေ့နိုင်ကြဘူးဆိုတဲ့စကားကသိပ်မှန်တယ်ဆိုတာအခုသိလာပီဗျာ။ မိန်းမနဲ့က၁နှစ်လောက်ပဲလေ့လာပီးအသက်ကလဲ၃၀ကျော်နေပီအိမ်ထောင်ပြုသင့်ပီဆိုတော့သူ့အနေအထားကိုလဲကျနော်ရွေးလို့ရလို့လက်ထပ်ခွင့်တောင်းခဲ့တာပါ။ အရင်ကောင်မလေးလောက်မချစ်ခဲ့ပေမဲ့ယူပီးတော့လဲအတူပေါင်းနေတဲ့ကို့မိန်းမပဲဗျာချစ်ပါတယ်။ အခုဖြစ်နေတာကသူ့ကိုကိုယ်ချင်းစာတတ်ဖို့ရည်ရွယ်ပီးစာပို့နေခဲ့တာမှန်ပေမဲ့သူကပိုရွဲ့လာတယ်။ ကျနော့်စိတ်ကလဲအရင်ကအချိန်တွေကိုပြန်တမ်းတမိသလိုကောင်မလေးကိုသတိရပီးပြန်တွေ့ချင်လာမိတယ်။ အခုထိတော့စာပို့ပီးနေကောင်းကျန်းမာလားမေးရုံအဆင့်ပါပဲ။ သူ့မိသားစုပြဿနာတွေလဲအခုထိမငြိမ်းချမ်းသေးတော့သူကအရင်လိုပဲရင်ဖွင့်တော့ကျနော်သူ့ကိုပြန်သနားလာရတယ်။ မိဘတွေမကြည်ဖြူလို့ဝေးခဲ့ရတာမျိုးပေါ့ဗျာ။ မဆုံဖြစ်အောင်ကျနော့်စိတ်ကိုထိန်းပါ့မယ်။ ဆုံခဲ့ရင်လဲကျနော်အိမ်ထောင်ကျပီဆိုတာနဲ့အိမ်ထောင်ရေးသိပ်အဆင်မပြေတာပါပြောပြမှာပါဗျ။ တဆက်တည်းမှာတွေးမိတာကကျနော်တောင်စာပို့ရုံအဆင့်နဲ့အရင်အချိန်တွေပြန်သတိရတောင့်တနေသေးရင်အလုပ်သွားတိုင်းသူ့ရည်းစားဦးနဲ့နေ့စဉ်တွေ့နေရတဲ့မိန်းမဆိုရင် ကျနော့်ထက်ပိုပီးမျိုသိပ်ရမယ်လို့တွေးမိပီးသံသယကပိုကြီးလာတယ်။ မိန်းမကလဲအဲ့ဒီအလုပ်ကမထွက်ဘူးပဲပြောနေတာမို့ဗျာ။ ကျနော့်အရင်ကောင်မလေးနဲ့စာတွေပို့နေတာသူသိတော့သူ့ဘက်ကမထိန်းတဲ့အပြင်ညတိုင်းလိုလိုကိုသူတို့ချင်းစကားပြောလာကြတယ်။ ဟိုကောင်ဖုန်းမခေါ်ရင်လဲသူကအကြောင်းရှာပီးစခေါ်တယ်။ အိမ်ထောင်ပြုတာက၁နှစ်တောင်မရှိသေးပါဘူးဗျာ။ ရည်းစားရှိဖူးတယ်လို့သူဝန်ခံထားပေမဲ့ဟိုကောင်ကသူ့အလုပ်မှာပဲဆိုတာတော့နောက်မှသိရတာပါ။ အရင်ကသိခဲ့ရင်လဲကျနော်တမျိုးစီစဉ်ဖြစ်ခဲ့မယ်ထင်တယ်ဗျ။ ကျနော့်ရှေ့တော့အလုပ်ကိစ္စပဲပြောကြတာပေါ့ဗျာ။ မိန်းမရဲ့အသံကလိုတာထက်ပိုပီးချွဲတဲ့အသံပါနေတယ်လို့ကျနော်ခံစားနေရတယ်။ ဟိုကောင်ကလဲအခုထိလူပျိုပဲတဲ့ဗျာ။ ကျနော့်နေရာကခံစားပေးပီးဘာလုပ်သင့်လဲဆိုတာအကြံပေးကြပါဗျာ။ ရည်းစားဦးကိုမမေ့သေးတာမှန်ပေမဲ့မိန်းမအပေါ်ဖောက်ပြန်ချင်တဲ့စိတ်မရှိပါဘူး။ သူအလုပ်ထွက်ပီးတခြားအလုပ်လုပ်ရင်တော့ကျနော်လဲကောင်မလေးကိုအဆက်အသွယ်မလုပ်တော့ဘူးပေါ့ဗျာ။ သူကကျနော့်ကိုဒီထက်ထပ်ရွဲ့လာရင်တော့ကျနော်လဲစိတ်ကိုထိန်းဖို့တော်တော်ခက်လိမ့်မယ်ဗျာ။ မိန်းမသားတယောက်ကိုကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ယောက်ျားမျိုးထဲတော့ကျနော်မပါပါဘူးဗျာ။ ဒါပေမဲ့သူရွဲ့လာတာရယ်ကောင်မလေးဘဝကလဲမိသားစုပြဿနာတွေနဲ့သနားစရာမို့ရယ်ကျနော်လဲသံယောဇဉ်မပြတ်သေးတာရယ်ကြောင့်ကျနော့်စိတ်ကိုဟိုဘက်ကိုပြန်ယိုင်လာစေတယ်ပေါ့ဗျာ။ ကောင်မလေးကိုလဲအရင်ကထဲကတန်ဖိုးထားပီးသိပ်ချစ်ခဲ့တာမို့ကျနော့်ကြောင့်ဘာမှမသိသေးတဲ့သူ့ကိုမနစ်နာစေချင်ဘူးဗျာ။ အကြံပေးစေချင်ပါတယ် ။ စာရှည်သွားလို့အားနာပါတယ်ဗျာ။ အိမ်ထောင်မပြိုကွဲချင်လို့ပါ။ ဖတ်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။

ှသည်

အကြံတောင်းချင်ပါတယ်ရှင် အဖေ့ကိုမိန်းမတစ်ယောက်နဲ့ဒဂုံစင်တာနားမှာလက်ချင်းချိတ်ပြီးသွားနေတာမြင်လိုက်လို့ပါ အဖေကအရမ်းအေးတဲ့လ...
26/02/2026

အကြံတောင်းချင်ပါတယ်ရှင် အဖေ့ကိုမိန်းမတစ်ယောက်နဲ့ဒဂုံစင်တာနားမှာလက်ချင်းချိတ်ပြီးသွားနေတာမြင်လိုက်လို့ပါ အဖေကအရမ်းအေးတဲ့လူတစ်ယောက်ပါ အမေ့အပေါ်လည်းခင်ပွန်းကောင်း၊ကျွန်မတို့ညီအမတွေအပေါ်လည်းဖခင်ကောင်းပီသတဲ့သူပါ သူငယ်ချင်းတွေနဲ့သွားရင်းတွေ့ခဲ့တာပါ ကျွန်မမျက်လုံးတောင်မယုံနိုင်ခဲ့ပါဘူး အဖေ့ကိုအဲ့ဒီလိုမျိုးလုံးဝမထင်ထားလို့ပါ အမေ့ကိုလည်းပြန်မပြောရဲဘူးဖြစ်နေပါတယ် အမေကဒေါသအရမ်းကြီးလို့ပါ အိမ်မှာကအဖေက ငွေရှာတဲ့သူအိမ်ထောင်ဦးစီးဆိုပေမယ့် အမေ့သဘောအတိုင်း အမေ့ဦးဆောင်မှုအောက်မှာပဲအဖေနဲ့ကျွန်မတို့နေရတာပါ အဖေကလည်းအမေ့ကိုတော်တော်လေးချစ်ပြီးသည်းခံရှာတဲ့သူပါ အမေကလည်းအိမ်ရှင်မပီသတဲ့သူပါ သမီးမိန်းကလေးနှစ်ယောက်မွေးထားတာမို့ မိန်းကလေးပီသအောင်နေထိုင်တတ်ဖို့တတ်သင့်တာတွေလည်းအကုန်သင်ပေးပါတယ် စည်းကမ်းလည်းကြီးပါတယ် စည်းစနစ်လည်းကျတယ် အဖေ့ကိုလည်းသေချာထိန်းပါတယ် အဖေအလုပ်မှာအပေါင်းအသင်းနဲ့တွေ့လို့တစ်ခါတစ်လေသောက်လာရင် အမေကအိမ်တံခါးမဖွင့်ပေးတဲ့အထိစည်းကမ်းကြီးပါတယ် အမေကလည်းအဖေ့ကိုချစ်ပါတယ် အမေဒေါသကြီးလို့အဖေကပဲအမြဲတမ်းအလျှော့ပေးသည်းခံသူပါ အမေကနစ်နာအောင်ပြောလည်းအမြဲငြိမ်ခံတတ်လို့ တစ်ခါတစ်လေဆိုအဖေ့ကိုကျွန်မအရမ်းသနားမိပါတယ် အဖေကတော်တော်လေးချစ်တာပဲလို့တွေးမိတယ် အခုလိုအဖေ့ကိုအမျိုးသမီးတစ်ယောက်နဲ့လက်ချင်းချိတ်ပြီးသွားနေတာမြင်ရတာ ကျွန်မအတွက်အိပ်မက်လိုပါပဲ အဖေ့ကိုတိုက်ရိုက်မေးရင်လည်းအဖေရှက်သွားမှာစိုးပါတယ် ညီမလေးကိုလဲမပြောပြရက်ဘူး အဖေ့ကိုအရိုအသေတန်သွားမှာစိုးလို့ပါ အမေ့ကိုတော့လုံးဝမပြောရဲပါဘူးရှင် အမေ့စိတ်ကိုကျွန်မတို့သိလို့အမေသိရင်ပြဿနာကြီးလာမှာမို့ပါ အဲ့ဒီမိန်းမကဘယ်သူလဲဆိုတာကျွန်မလဲမသိပါဘူးရှင် ရိုးရိုးယဉ်ယဉ်လေးဝတ်စားထားပြီးအဖေနဲ့လက်ချင်းချိတ်ပြီးလျှောက်သွားတာပါပဲ အဖေ့ထက်တော့ငယ်မယ့်ပုံပါပဲ အဲ့ဒီနေ့ကအဖေအိမ်ပြန်လာတော့လည်း မူမပျက်ဘူးအရင်ကလိုပါပဲ ကျွန်မပဲဘာလုပ်ရမှန်းမသိဖြစ်နေလို့မူပျက်နေတယ်ထင်ပါတယ် သမီးကြီးနေမကောင်းဘူးလားလို့နဖူးလေးစမ်းပြီးအဖေကမေးရှာပါတယ် အဲ့ဒီလိုအဖေကဂရုစိုက်တော့ကျွန်မမေးဖို့ပိုပြီးအခက်တွေ့စေလို့ပါ နောက်ရက်တွေအဖေအိမ်ပြန်လာတိုင်းလည်း ကျွန်မစိတ်ထဲမှာဟိုမိန်းမနဲ့တွေ့ခဲ့တာပဲလို့တွေးနေမိလို့ဘာလုပ်ရမှန်းမသိတော့လို့ပါ ကျွန်မတို့ဒီအရွယ်ရောက်မှတော့မိတကွဲဖတကွဲမမေနိုင်ပါဘူး အမေ့ကိုမပြောရဲပေမယ့်အမေ့အပေါ်လည်းကျွန်မကမရိုးသားသလိုခံစားနေရလို့ပါ မိန်းမနဲ့သမီးတွေကိုအမြဲဦးစားပေးတဲ့အိမ်ထောင်ဦးစီးပီသတဲ့အဖေ့ကိုလည်းကျွန်မသိပ်ချစ်လို့ မမေးရက်ပြန်ဘူး ဘာလုပ်သင့်လဲအကြံပေးကြပါဦးရှင်

ှသည်

အိမ်ထောင်ရေးပြဿနာလေးပါဗျာ။ကျွန်တော်တို့က မိဘသဘောတူလို့ ယူထားကြတာဆိုပေမဲ့ ပေါင်းလာတော့လဲ တယောက်နဲ့တယောက် သံယောဇဉ်တော့ရှိလ...
21/02/2026

အိမ်ထောင်ရေးပြဿနာလေးပါဗျာ။ကျွန်တော်တို့က မိဘသဘောတူလို့ ယူထားကြတာဆိုပေမဲ့ ပေါင်းလာတော့လဲ တယောက်နဲ့တယောက် သံယောဇဉ်တော့ရှိလာကြပါတယ်။လက်ထပ်တာက ၁နှစ်ခွဲလောက်ရှိပါပီ။ကလေးယူဖို့ဆွေးနွေးတိုင်း မိန်းမက နောက်မှယူမယ်လို့ပဲပြောပါတယ်။အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က အသက်ရနေပါပီ။ကျွန်တော်ကကျောင်းပီးကတည်းက မိဘအလုပ်ကိုဦးစီးလုပ်ကိုင်ပေးရင်း နေလာတာ အသက်၄၀အထိပါပဲ။ချစ်သူရည်းစားမထားဖူးပါဘူး။အဖေ့သူငယ်ချင်းတယောက်ရဲ့ချိတ်ဆက်ပေးမှုနဲ့ လူကြီးချင်းသဘောတူပီး လူပျိုကြီး အပျိုကြီးချင်း အိမ်ထောင်ပြုဖြစ်ကြတာပါ။မိန်းမရဲ့အသက်ကလဲ ကျွန်တော့်ထက် ၆လပဲ ငယ်ပါတယ်။အသက်ကြီးမှ အိမ်ထောင်ပြုဖြစ်ကြတော့ ကလေးရခဲ့ရင် လိုချင်တာပေါ့ဗျာ။ငွေကြေးလဲပူပင်စရာမလိုတဲ့အခြေအနေဖြစ်တာရယ် ကျွန်တော်က သားတယောက်တည်းဖြစ်တာရယ်မို့ မျိုးဆက်က လိုတယ်ပေါ့ဗျာ။မိန်းမက ကလေးယူဖို့ ဆွေးနွေးတိုင်း မယူချင်သေးဘူး နောက်မှလို့ပဲ ဖြေတယ်ဗျာ။ဘာလို့မယူချင်သေးတာလဲမေးရင်လဲ သူမလိုချင်သေးလို့ပါပဲပြောတယ်။ဒီအသက်အရွယ်တွေရောက်နေကြပီ နောက်မှဆိုတာ ဖြစ်သင့်လားဗျာ။ကလေးရရင်ကိုပဲ ကျေးဇူးတင်ရမဲ့အခြေအနေမှာ တားဆေးသောက်နေတုန်းပဲ။ရှင်းရှင်းပြောရရင် ကျွန်တော်စိတ်ညစ်လာတယ်ဗျာ။မိန်းမရဲ့ပုံစံကလဲ အနေအေးတယ်။စကားဆိုလဲ မေးမှပြောတဲ့ပုံစံမျိုးပါ။ဇနီးမယားတာဝန်တော့ ကျေပါတယ်ဗျာ။ကလေးယူဖို့ကိစ္စကိုပဲ ဆွေးနွေးလို့မရသေးဘူး။ကျွန်တော့်မိဘတွေကလဲ ကလေးမရသေးဘူးလားပဲ မေးနေကြတယ်။မိန်းမကတားဆေးသောက်နေတာ ကျွန်တော့်မိဘကို မပြောပြထားပါဘူး။သူတို့သိရင်လဲ ပြဿနာတက်မှာပါ။မိန်းမက ရေရာတဲ့အကြောင်းပြချက် ဘာမှမပေးပဲ နောက်မှယူမယ်ချည်းပြောနေတာ ကျွန်တော်လဲအဲ့ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ရမလဲမသိတော့ဘူးဗျာ။ကျွန်တော်ကအသောက်အစားမရှိပါဘူး။စီးပွါးရေးပဲ တစိုက်မတ်မတ်လုပ်တဲ့လူပါ။အိမ်ထောင်သက်မကြာသေးပေမဲ့ ဝန်ခံရရင် သူ့ရဲ့အေးတိအေးစက်ပုံစံကို ကျွန်တော်အနည်းငယ် ငြီးငွေ့လာပီဗျာ။မိဘပေးစားလို့ လက်ထပ်ရလို့များ ခုလို အိမ်ထောင်ရေးဖြစ်နေတာလားဗျာ။ကျွန်တော်ဖောက်ပြန်ဖို့တော့ စိတ်တောင်မကူးဖူးပါဘူး။လက်ရှိအိမ်ထောင်ရေးကိုပဲ သာယာစိုပြေချင်တာပါ။စက်ရုပ်တရုပ်လို နေနေတဲ့ မိန်းမကိုလဲ အသက်ဝင်စေချင်တယ်ဗျာ။ဆေးတွေဆက်မသောက်စေချင်ဘူး။သူ့ကိုလဲ ပြောလို့မရသေးဘူး။ကျွန်တော်နဲ့မိဘတွေက ကလေး အရမ်းလိုချင်နေတယ်ပေါ့ဗျာ။ကျွန်တော်ဆက်လုပ်ရမှန်းမသိတော့ဘူးဗျာ။အကြံပေးကြပါဦးဗျာ။

ှသည်

သို့      ဦး seaman ကြီးရေ ခုဆို ကျတော့်ကို အဆက်သွယ် ဖြတ်သွားတာ ၈ လတောင် ရှိသွားပီနော် 😑 အကိုနဲ့ ခင်ခဲ့ရတဲ့ ၄လတာ အချိန်...
18/02/2026

သို့
ဦး seaman ကြီးရေ
ခုဆို ကျတော့်ကို အဆက်သွယ် ဖြတ်သွားတာ ၈ လတောင် ရှိသွားပီနော် 😑 အကိုနဲ့ ခင်ခဲ့ရတဲ့ ၄လတာ အချိန်တွေဟာ ကျတော့်အတွက် အရမ်းကို ပျော်စရာ ကောင်းခဲ့ပါတယ် 🥰 အပေါင်းသင်း မက်ပီး သံယောဇဥ် ဖစ်လွယ်တဲ့သူဆိုတော့ ရေဘဲတွေ မကောင်းဘူးလို့ ကြားဖူးပင်မယ့် တစ်ရက်မပျက် စကားတွေ ဖုန်းတွေ ပြောရင်း အကို့ကို ပိုယုံကြည်လာမိတယ် 😑 တစ်လက်စတည်း အကိုက အခွင့်ရေးယူတက်တဲ့သူမျိုး မဟုတ်လို့လည်း ကျေးဇူးတင်ပါတယ် 💜 အကို ရန်ကုန် ပြန်ရဖို့ ၃ ရက်လောက် အလိုမှာ ကျတော့်ကို အဆက်သွယ် ဖြတ်သွားခဲ့တယ်နော် 🤧 တကယ်ဆို ကျတော့်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သင့်တာပေါ့ 😶 နဂိုကတည်းက ကျတော့်ကို ထားသွားတော့မယ်ဆို တစ်လလောက်ကြိုပြောဖို့ တောင်းဆိုခဲ့တာကို 🥺 အကိုက ကချင် ခရစ်ယာန် 😶 ကျတော်က ဗမာ ဗုဒ္ဓ မို့ အစတည်းက အကို့ အပေါ် စိတ်ခံစားချက် အများကြီး မျှော်လင့်မထားခဲ့လို့ဘဲ အကို အဆက်သွယ် ဖြတ်သွားခဲ့တော့ စိတ်ပူမိတာက လွဲရင် ကျတော်လည်း အဆင်ပြေပါတယ် ☺ အကို့ fb acc က ရုတ်တရက် fb user ဆိုပီး ဖစ်သွားတော့ ကျတော့်မှာ စိတ်ပူလိုက်ရတာ အရမ်းဘဲ 😭 သိသလောက် လူတိုင်းကို လိုက်မေးခဲ့ပင်မယ့် ဘာမှ မထူးခဲ့ပါဘူး 🤧 ကံကောင်းချင်တော့ အကို့ရဲ့ ml id ကို သိနေခဲ့တယ် 😁 ဂိမ်းမဆော့ဖစ်တဲ့ ကျတော်က နေ့တိုင်း အကို့အကောင့်ကို ချောင်းနေမိတော့တာပေါ့ 😜မကြာပါဘူး အကို့ ml အကောင့်က ဂိမ်းတွေ ဆော့နေပီ 😳 နောက်ကျ ကျတော့်ရဲ့အလိုက်မသိ စာတွေ ပို့လို့ ထင်တယ် အကို့ ml name ကို ချိန်းသွားတယ်နော် 😐 ခုကြ အဲအကောင့်က လိုင်းမတက်တာ ရက်ပေါင်း ၃၀ ရှိသွားပီဆိုတော့ ကျတော့်ကြောင့်ဘဲ ဂိမ်းမဆော့တော့တာလား ဒါမှမဟုတ် ပင်လယ်ထဲဘဲ ပြန်ရောက်နေပီမို့လား 🥺 ကျတော် ရောင်းအား မကောင်းလို့ ဆူခံရမယ့် အချိန်တွေဆို လိုလို မလိုလို ပစ္စည်းတွေ ဝယ်ပေးခဲ့လို့လည်း ထပ်ပီး ကျေး ဇူးတင်ပါတယ် 😁
အကို့ရဲ့ သန်လျင်မှာ ဖွင့်မယ့် အိမ်ဆောက်ပစ္စည်းဆိုင်ကကော အဆင်ပြေလား ( အကို့ နမယ် / အလုပ်အကိုင်ရာထူး / မွေးနေ့ / ကံကောင်းစွာနဲ့ အကို့ရဲ့ပုံတစ်ပုံ) ကျတော့်မှာ ရှိနေတာကိုဘဲ ကျေနပ်ပါတယ်
ဒါတောင် မွေးနေ့ကလည်း အမှန် ဟုတ်ပါ့မလား 🤧 အကိုပြောတော့ သောကြာနေ့ မွေးတာဆိုပီး အကိုပြောတဲ့ date ကကြ တနလာကြီး 🙄
💚💙💜 အဓိက က အကို နေကောင်း ကျန်းမာပီး ပျော်ရွှင်နေရင် ရပါပီ
ဒီစာကို အကို ဖတ်မိခဲ့ရင်လည်း အကို့ကို အမြဲတမ်း သတ်ိရပီး ကျေးဇူးတင်နေမိတာကို သိစေချင်ရုံပါ ( ဒီစာက အကို့ကို ရည်ညွှန်းတယ် ဆိုတာ အကို သိရော သိပါ့မလား) အကိုနဲ့ အဆက်သွယ်ပြတ်ပီး ၂ လ ပတ်ချာလည်လောက်မှာ ကျတော်လည်း fb acc ဖျက်လိုက်မိတယ် 🤧 အကယ်၍ မြန်း ခဏလောက်လေးဖြစ်ဖြစ် အရင်လို စကားတွေ ပြောခွင့် ရှိသေးရင် ပြောချင်ပါသေးတယ် ❤🧡💛💚💙💜

👉🏻အကိုသာ ဒီpost ကို တွေ့ရင် commentမှာ တခုခုဖစ်ဖစ် မန့်ခဲ့ရင် သိပ်ကောင်းမှာဘဲ 🥺🥺
အရာအားလုံးအတွက် ကျေးဇူးအထူးပါရှင့် အကို 😚😚

မန်းလေးသူမို့ စာရိုက်တာက အစ ကျတော်လို့ သုံးရတာက အကျင့် ပါနေလို့ပါနော် စာကိုအဆုံးထိ ဖတ်ပေးတဲ့ ချင်းဂူတို့ရေ 😁🤫

ှသည်

ညီမလေးရင်ဖွင့်ချင်လို့ပါရှင့်ရင်ဖွင့်ချင်တာထက် အကြံဉာဏ်လေးတောင်းချင်တာပါ ဘာကြောင့်ဖြစ်နေတာလဲဆိုပြီးသိချင်တာပါရှင့်ညီမလေး...
12/02/2026

ညီမလေးရင်ဖွင့်ချင်လို့ပါရှင့်
ရင်ဖွင့်ချင်တာထက် အကြံဉာဏ်လေးတောင်းချင်တာပါ ဘာကြောင့်ဖြစ်နေတာလဲဆိုပြီးသိချင်တာပါရှင့်
ညီမလေးနဲ့ညီမလေးချစ်သူအကြောင်းပါ သူနဲ့ကတွဲလာတာ 6‌နှစ်ကျော်ပါပြီ
Jan လလယ်လောက်ကစပြီးသူနဲ့ညီမလေးနဲ့အမြဲတမ်းလိုလိုပြဿနာတွေဖြစ်နေရပါတယ်အထင်လွဲပြီးသံသယဝင်ခံနေရတာပါညီမလေးက
ဘယ်လိုဖြစ်လဲဆိုရင် ညီမလေးtelegramကလေ ညီမလေးဘယ်သူနဲ့မှ telegramက voice call /video call မပြောပဲနဲ့သူခေါ်တဲ့ခါတိုင်း line busy ပြနေတာပါအမြဲဖြစ်နေတာတော့မဟုတ်ပါဘူး ညီမလေးဖုန်းလိုင်းဖွင့်ပြီးအိပ်ပျော်သွားရင် သူခေါ်ရင်အဲ့လိုပေါ်နေတတ်ပါတယ် ခုfebထိ လေးခါတိတိအဲ့လိုဖြစ်နေတာပါ အမှန်ကတော့ညီမလေးက ဘယ်သူမှမပြောပါဘူး အိပ်ပျော်နေတာပါ
ဖုန်းကြည့်နေချိန်ဆိုရင်တော့ သူဘယ်လိုခေါ်ခေါ် အဲ့လိုမဖြစ်ဘူး ဒါပေမယ့် ဖုန်းလိုင်းဖွင့်အိပ်ပျော်သွားရင်အဲ့လိုပေါ်ပေါ်နေတာပါ
အဲ့လိုline busyပေါ်ရင်လည်း နာရီဝက်လေးဆယ့်ငါးမိနစ်လောက်ထိပေါ်နေတတ်ပါတယ် အဲ့တော့သူကညီမလေးကိုမယုံကြည်တော့ပဲ တခြားသူနဲ့ပြောတယ်ထင်ပြီးပြဿနာတွေအကြီးအကျယ်တက်နေရပြီး ပြတ်စဲရလောက်တဲ့အဆင့်ထိ ရောက်နေပါတယ်ရှင်😔
သူကလည်းညီမလေးကို လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာပါညီမလေးလည်းသူ့ကို လက်ထပ်ဖို့ထိ ရည်ရွယ်ထားသူပါရှင်
ခုကline busy ပြတာကလည်းတစ်ခါနှစ်ခါမဟုတ်ပဲ လေးခါ‌လောက်ထိဖြစ်နေတော့လေ သူ့ဘက်ကသံသယတွေဝင်နေတာဖြစ်သင့်ပါတယ်
ညီမလေးကလည်းသူထင်နေသလိုအဲ့လိုဘယ်သူနဲ့မှ telegramကမှမဟုတ်ဘူးvb /messengerဘယ်ကနေမှလည်းမပြောပါဘူးရှင်
သူ့ဘက်ကလည်း လူတစ်ရာလိုက်မေး ဒါဟာတခြားသူနဲ့ပြောနေလို့သာ အဲ့လိုဖြစ်တာပါဆိုပီး တွေးနေပါတယ်ရှင်
ဘာလို့အဲ့လိုမျိုးtelegramကမပြောပဲနဲ့အဲ့လိုbusyပြနေရတာလဲဟင် မမတို့ရော ဖြစ်ဖူးကြလားဟင် ခြောက်နှစ်ကျော်တွဲလာတာလေးက ရပ်စဲရလောက်တဲ့အထိကြုံနေရလို့ပါရှင် ညီမလေးလည်းဘာမဟုတ်တာမှမလုပ်ပဲအထင်လွဲခံနေရတယ် သူ့ဘက်ကကြည့်ရင်လည်း line busyကပြ‌ေ‌နတော့ဘယ်လိုမှရှင်းပြလို့မလွယ်ဘူးဖြစ်နေတယ် အဲ့လိုဖြစ်ဖူးကြလားရှင့် ဘာကြောင့်အဲ့လိုမျိုးဖြစ်နေတာလဲသိရင်အကြံပေးကြပါဦးရှင့်
ပထမသုံးခါလောက်မှာ သူဒီတိုင်းကျော်ပေးပေမယ့် ခုတခါမှာအကြီးအကျယ်စိတ်တွေဆိုးနေလို့ပါရှင့်
အကြံပေးကြပါဦးရှင်

ှသည်

ညီမရဲ့မိသားစုအရေးကိုလဲအကြံပေးကြပါဦးရှင်.ညီမရဲ့အသက်က၃၁နှစ်ပါမောင်လေးက၂၈နှစ်ပါ.ညီမတို့မောင်နှမကအမေ့ကိုလုပ်ကျွေးနေကြတာပါ.အိ...
11/02/2026

ညီမရဲ့မိသားစုအရေးကိုလဲအကြံပေးကြပါဦးရှင်.ညီမရဲ့အသက်က၃၁နှစ်ပါမောင်လေးက၂၈နှစ်ပါ.ညီမတို့မောင်နှမကအမေ့ကိုလုပ်ကျွေးနေကြတာပါ.အိမ်ထောင်မပြုရသေးပါဘူး.ညီမတို့မှာအဖေမရှိတော့ပါဘူး.အမေအသက်၆၀ကျော်ပါ.ညီမတို့အလုပ်ကတော့အိမ်နဲ့မနီးမဝေးတွေကပဲမို့လမ်းလျှောက်ပီးပဲသွားကြပါတယ်.ညီမတို့မောင်နှမကမိုးလင်းအလုပ်သွားပီးမိုးချုပ်ခါနီးမှပြန်လာရတော့ချက်ပြုတ်ရေးနဲ့အိမ်အလုပ်တွေတော့အမေပဲလုပ်ရပါတယ်.မောင်လေးကလစာ၃သိန်းခွဲရပါတယ်.ညီမကရက်မှန်ကြေးနဲ့ဆိုရင်၂၈၀၀၀၀ပါတယ်.မောင်နှမ၂ယောက်စလုံးရသမျှလခအမေ့ကိုအကုန်နီးပါးအပ်ပါတယ်.မောင်လေးက၃သိန်းအပ်တယ်.ညီမကတော့မိန်းကလေးသုံးပစ္စည်းတွေဝယ်ရတော့၂သိန်းပဲအပ်နိုင်ပါတယ်.သားအမိ၃ယောက်ရဲ့၁လစာကို၅သိန်းနဲ့စီမံပေးရတဲ့အမေ့ကိုလဲနားလည်ပါတယ်.အမေကလဲညီမတို့လစာနဲတာကိုအပြစ်မတင်ပါဘူး.အသားနဲ့အသီးအရွက်ရောပီးတခွက်နဲ့ငပိရည်တို့စရာ၁မျိုးနေ့တိုင်းချက်ပေးပီးခြွေတာပေးရှာပါတယ်.မနက်သရေစာဆိုလဲညီမတို့အလုပ်မသွားခင်အမေကပဲအစောကြီးထပီးအဆင်ပြေတာလေးစီစဉ်ပေးရှာပါတယ်.ကုန်စျေးနှုန်းတွေတက်လာတော့စျေးသွားတိုင်းစိတ်ညစ်လာရတာတွေအမြဲညည်းပြတိုင်းညီမတို့စိတ်မကောင်းဖြစ်ရပါတယ်.အဲ့နောက်ပိုင်းမှာအမေကငွေတိုးပွါးအောင်ဆိုပီး၂လုံးထီတွေထိုးလာတာပါ.တားလို့လဲမရပါဘူး.ငါ့နည်းငါ့ဟန်နဲ့ထပ်ရှာပေးတာလို့ပြောပါတယ်.၂လအတွင်းမှာ၁ကြိမ်ပေါက်သွားတော့အမေကပိုပီးလိုချင်လာတယ်.ဒီလလယ်မရောက်သေးဘူးသူ့လက်ထဲမှာ၁သိန်းကျော်ပဲကျန်တော့တယ်ပြောလို့ညီမတို့အံ့ဩရပါတယ်.၂လုံးထီထိုးလာတာများလို့ငွေပိုကုန်လာတယ်လို့တွေးမိပီးညီမကစပီးအမေ့ကိုဆူမိပါတယ်.မောင်လေးကလဲပြောပြတာအမေကလက်မခံတော့မောင်နှမ၂ယောက်ဝိုင်းဆူသလိုဖြစ်ပီးအမေကငိုပါတယ်.ညီမတို့စားသောက်ဖို့နဲ့အိမ်မှုကိစ္စအကုန်လုပ်ရပီးအိမ်စရိတ်အပိုရအောင်ကြိုးစားရသေးတယ်ညီမတို့ရဲ့လုပ်စာစားနေရလို့အပြောခံရသေးတယ်ဆိုပီးလွန်ခဲ့တဲ့၃ရက်ကပြဿနာတက်ကြတာပါ.အမေငိုတော့ညီမတို့မောင်နှမလဲစိတ်မကောင်းဖြစ်ရတယ်.ပြန်ချော့ပီးနားဝင်အောင်ပြောပြခဲ့ပေမဲ့အမေကဒီနေ့အထိစကားကောင်းကောင်းပြန်မပြောသေးဘူး.ထမင်းချိုင့်ထည့်ပေးပီးသူ့ဝတ္တရားမပျက်နေပေမဲ့အမေ့မျက်လုံးမှာလဲဝမ်းနဲတဲ့အရိပ်အယောင်တွေမြင်နေရတုန်းပဲ.ညီမတို့မောင်နှမလဲမှားသွားလို့ဘာလုပ်ရမှန်းကိုမသိတော့ဘူး.ဘွဲ့ရတဲ့အထိအမေကကျောင်းထားခဲ့ပေမဲ့ကိုတွေလုပ်ကျွေးရချိန်မှာအမေ့ကိုအိမ်စရိတ်လောက်ငှအောင်မပေးနိုင်ကြတဲ့ကို့ဘဝနဲ့ကိုရှာနိုင်တဲ့လစာကိုတွေးပီးမိဘအပေါ်တာဝန်မကျေတဲ့သားသမီးတွေလို့ခံစားရတယ်. ညီမမှာရည်းစားရှိပေမဲ့သူကလဲညီမလိုပဲအရောင်းဝန်ထမ်းလေးပါပဲ.သူသာပိုက်ဆံချမ်းသာတဲ့သူဖြစ်ရင်သိပ်ကောင်းမှာပဲလို့ညီမတွေးမိတယ်.ဘဝကိုစီမို့ကိုယ့်ကိုယ်ပဲအပြစ်တင်မိပါတယ်.မောင်လေးကသူ့တာဝန်ထားပါ.နည်းလမ်းရှာပီးဝင်ငွေအပိုရအောင်ကြိုးစားမယ်အမကမဟုတ်တာတွေမစဉ်းစားနဲ့လို့ပြောရှာပါတယ်.အမေကလဲညီမတို့ကြောင့်ငိုခဲ့တော့ညီမဘဝဒီထက်ဆင်းရဲဦးမယ်ထင်ပါတယ်.ဘာဆက်လုပ်ရမှန်းကိုမသိတော့လို့ရင်ဖွင့်အကြံတောင်းမိတာပါ.

ှသည်

LDRSဖြစ်တော့မယ့် ကျမတို့ရဲ့ ချစ်ခြင်းကိုလဲ ရင်ဖွင့်ပါရစေရှင် ကျမချစ်သူက မန္တလေးကပါ ကျမကတော့ ရန်ကုန်ကပါပဲ ကုမ္ပဏီ၁ခုမှာ အ...
10/02/2026

LDRSဖြစ်တော့မယ့် ကျမတို့ရဲ့ ချစ်ခြင်းကိုလဲ ရင်ဖွင့်ပါရစေရှင် ကျမချစ်သူက မန္တလေးကပါ ကျမကတော့ ရန်ကုန်ကပါပဲ ကုမ္ပဏီ၁ခုမှာ အလုပ်လုပ်ပါတယ် သူနဲ့ကျမက onlineမှာ friendစဖြစ်ပြီး ချစ်ခဲ့ကြတာပါ
ကျမတို့ချင်းက friendစဖြစ်ပြီး စကားပြောကြည့်တော့ အသက်အရွယ်တူသူတွေမို့ သူငယ်ချင်းလို ရင်းနှီးရင်းက ချစ်သူဖြစ်ခဲ့ကြတယ် သူက အလုပ်ကိစ္စနဲ့ ရန်ကုန်ကို မကြာခဏ ရောက်တဲ့သူပါ ကျမတို့ လူချင်း ခဏခဏ ဆုံပြီး ၁နှစ်လောက် တွဲကြည့်ပြီးပါပြီ ကျမနဲ့ ချစ်သူစဖြစ်ကထဲက သူက အလုပ်တဖက်နဲ့ ဂျပန်စာ လေ့လာနေတာ ကျမသိပေမယ့် ဂျပန်သွားဖို့ ပြင်ဆင်နေတာ ကျမကို မပြောပြထားဘူး မိဘတွေနဲ့လည်း တွေ့ကြည့်ပေးပြီး တရားဝင်တွဲခဲ့ကြတာပါ အရမ်းလည်း ချစ်ကြပါတယ် သူ့အခြေအနေက ပြည့်စုံတဲ့ထဲက မဟုတ်ပါဘူး သူ့ရဲ့လူကြီးဆန်မှု ရိုးသားမှုကြောင့် ကျမကပဲစပြီး သဘောကျခဲ့ရတာပါ ကျမက အလယ်အလတ်တန်းစားအလွှာထဲကပါပဲရှင် သူက အရင်ကထဲက ဂျပန်သွားဖို့ ကြိုးစားနေသူဖြစ်လို့ အလုပ်ရတဲ့အခါ သွားဖို့ပြောချိန်ကစပြီး ကျမနဲ့ စကားများရတော့တာပါပဲ ကျမကို ချစ်ရင် ကျမရှိတဲ့အရပ်မှာ သူနေရမှာပေါ့ ဒီမှာလုပ်စားလဲ ကျမနဲ့သူ ၂ယောက်စလုံး အလုပ်ကိုယ်စီမို့ ငတ်စရာမရှိပါဘူးရှင် စတွဲတုန်းက မိဘတွေနဲ့ မိတ်ဆက်ပေးပြီး ၁နှစ်လောက်နေရင် လက်ထပ်မယ်လို့ သဘောတူထားခဲ့တာပါ ကျမကတော့ လက်ထပ်ပြီးရင် သူ့ကို ကျမအိမ်မှာပဲ အတူနေကြမယ်လို့ပြောထားပါတယ်
အဲ့လိုစီစဉ်ထားကြတာပါ ခု သူအလုပ်ရလို့ သွားရတော့မယ်ဆိုတော့ ကျမလုံးဝတားလို့မရဘူး
သူကတော့ ဒီသက်အရွယ်နဲ့ သူအလုပ်ရတာ အရမ်းကံကောင်းတာမို့ အခွင့်အရေးကို လက်လွှတ်မခံချင်ဘူးတဲ့ ကျမကို လက်လွှတ်မှာလားရွေးခိုင်းတော့လဲ ကျမတို့အသက်တွေ မငယ်ကြတော့လို့ ကလေးမဆန်ဖို့ ဘဝရှေ့ရေးအတွက် ကြည့်ဖို့ နားလည်မှုရှိဖို့ပဲ ပြောတယ် သူ့အသက်က ၃၈ထဲမှာပါ သူ့ဘဝက မပြည့်စုံလို့ ဒီလိုအခြေအနေအတိုင်းလက်ထပ်ကြတာထက် အချိန်၁ခုပေးပြီး စုဆောင်းမိချိန်မှာ လက်ထပ်ဖို့ပဲ ပြောတယ် သူကျမကိုပဲ လက်ထပ်မှာပါလို့ ကတိပေးတယ် ကျမတို့ဘဝရှေ့ရေးကောင်းစားဖို့အတွက်မို့ သူကတော့ သွားပြီး ၅နှစ်လောက် ငွေရှာမယ် ပြန်လာမှ လက်ထပ်ကြမယ်တဲ့ရှင် LDRSအချစ်ကို ကျမ မယုံဘူး သစ္စာဖောက်ပြီး နီးရာလူနဲ့ ငြိနေကြတဲ့ စနှိုက်ကြော်တွေများနေတဲ့ခေတ်မှာ တနိုင်ငံစီနေပြီး နောက်၅နှစ်နေမှ လက်ထပ်ကြမယ်ဆိုတာ မဖြစ်ဖို့က များသွားပြီမို့ပါ သူ့ကိုတော့ ယုံကြည်ပေမယ့် မမြင်ရတဲ့ ကံကြမ္မာကို ကျမမယုံဘူး သူ့ကို မယုံရင် စေ့စပ်ခဲ့နိုင်တယ်လို့ ပြောပေမယ့် တကယ်တန်း ၅နှစ်နေလို့ လက်မထပ်ဖြစ်ရင် ကျမပဲ အရှက်ရမှာဆိုတော့ ကျမလက်မခံနိုင်ဘူး LDRSအချစ်ကို အယုံအကြည်မရှိဘူး အိမ်ထောင်ပြုရင် ကျမနဲ့အတူနေပြီး အတူရှာဖွေစားသောက်ရင်း ဘဝကို အတူတူတိုက်ပွဲဝင်ကြတာမျိုးပဲ ကျမကဖြစ်စေချင်တဲ့သူပါ သူပြောတဲ့အတိုင်း နောက်၅နှစ်ဆိုရင် ကျမရဲ့အသက်က ၄၃ အဲ့ဒီအချက်နဲ့လဲ ထောက်ပြပေမဲ့ ကျမဘယ်လိုပဲဖြစ်ပါစေ သူလက်ခံတယ် လက်ထပ်မယ်လို့ ပြောတယ်
၂ယောက်စလုံးက အသက်အရွယ်၁ခု ရောက်နေကြပီမို့ တည်တည်ငြိမ်ငြိမ်နဲ့ ချစ်ခဲ့ကြတာပါ ၂ယောက်စလုံးက first loveတွေပဲမို့ သိပ်ချစ်ကြတာပါ အခုတော့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပြီမို့ အကြံပေးကြပါဦးရှင် ပြောချင်တာတွေများပြီး စာရှည်သွားလို့လဲ အားနာပါတယ်ရှင်

ှသည်

ခံစားချက်လေးရင်ဖွင့်ပါရစေရှင် ကျွန်မအသက်က၄၁နှစ်ပါ အခုအချိန်အထိ ရည်းစားတောင်မထားဖူးတဲ့ အပျိုစစ်စစ်ပါ အလုပ်က အစိုးရဝန်ထမ်း...
08/02/2026

ခံစားချက်လေးရင်ဖွင့်ပါရစေရှင် ကျွန်မအသက်က၄၁နှစ်ပါ အခုအချိန်အထိ ရည်းစားတောင်မထားဖူးတဲ့ အပျိုစစ်စစ်ပါ အလုပ်က အစိုးရဝန်ထမ်းပါ ရုံးကကောင်လေးတယောက်နဲ့ စကားပြောနေရရင် ကျွန်မရဲ့စိတ်တွေ ကြည်နူးရတယ် သူက ကျွန်မထက် ၆နှစ်ငယ်နေပါတယ် သူကလည်း ကျွန်မအတွက်ပါ ဟင်းတွေပိုထည့်လာတာတွေ ညဘက်စားဖို့ နေကြာစေ့တွေအချဉ်ထုပ်တွေ ဝယ်လာပေးတာတွေ ရှိပါတယ် သူလည်း ကျွန်မကို စိတ်ဝင်စားနေတယ်လို့ ထင်မိပါတယ် ၂ယောက်ထဲဆုံချိန်လည်း ဖွင့်ပြောတာမျိုးတော့ မရှိသေးပါဘူးရှင် သူ့မျက်လုံးနဲ့ဆုံရင် ကျွန်မရင်ခုန်ရတဲ့ခံစားချက်က ဘဝမှာ တခါမှ မဖြစ်ဖူးတော့ ကျွန်မသူ့ကို ချစ်မိနေပီလို့ ထင်မိတယ်ရှင် သူငယ်ချင်းတွေကို တိုင်ပင်ကြည့်တော့ တယောက်ထဲပဲ နေပါပဲ ပြောကြတယ်ရှင် ဒါပေမယ့် ပြောတဲ့သူငယ်ချင်းတွေက အိမ်ထောင်ကွဲတဲ့သူရယ် လက်ရှိအိမ်ထောင်နဲ့ကလေးတယောက်နဲ့ သာယာတဲ့မိသားစုဘဝလေးတည်ဆောက်ထားသူရယ်ပါရှင် အပျိုကြီးသူငယ်ချင်းတော့ မရှိပါဘူးရှင် ငယ်ပေါင်း၂ယောက်စလုံးက ကျွန်မဖွင့်ပြောပြပီး ကောင်လေးကများ ချစ်ခွင့်တောင်းလာရင် လက်ခံသင့်လားမေးကြည့်တာ လက်မခံနဲ့ အလုပ်လဲရှိတာ ပညာလဲရှိတာ တယောက်ထဲပဲ တောက်ပပါပဲပြောကြလို့ရှင် ကျွန်မကလဲ ကောင်လေးကို ချစ်နေမိပီလို့ ထင်မိနေတော့ သူဖွင့်ပြောလာရင် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေလို့ ဒီpageလေးမှာ ရင်ဖွင့်အကြံတောင်းတာပါရှင် ကောင်လေးက ကျွန်မထက်ငယ်နေလို့ လက်မခံသင့်ဘူးလို့လဲ သူငယ်ချင်းတွေက ပြောကြတယ်ရှင် ကောင်လေးကလဲ ဘွဲ့ရပီးသားပါ လူပျိုတယောက်ပါပဲရှင် သူ့မှာ အမေတယောက်ပဲရှိတယ်လို့တော့ သိထားပါတယ် အနေအေးတဲ့သူပါပဲရှင် ကျွန်မကတော့ မိဘတွေမရှိတော့ပါဘူးရှင် အဒေါ်အိမ်မှာ နေပါတယ် စျေးသုံးစရိတ်လေး ထောက်ပံ့ပီး အဒေါ်တို့မိသားစုနဲ့ အတူနေတာပါရှင်
ကျွန်မသူ့ကို ချစ်နေမိပီလို့ ထင်ပါတယ် သူလဲ ကျွန်မကို စိတ်ဝင်စားနေလို့ မုန့်တွေ ဟင်းတွေ ယူလာပေးတတ်တာလို့ ထင်ပါတယ် သူ့မျက်လုံးကို ကြည့်ရင်လဲ ကျွန်မကို စိတ်ဝင်စားနေတယ်လို့ ထင်မိပါတယ် ဒါပေမဲ့ ကျွန်မကလဲ ရည်းစားတောင် မထားဖူးတော့ ယောက်ျားလေးတယောက်နဲ့ ခင်ရတာကိုပဲ စိတ်လှုပ်ရှားနေလားဆိုတာတော့ မသိဘူးပေ့့ရှင် သူဖွင့်ပြောလာခဲ့ရင် ကျွန်မ လက်ခံသင့်လား
သူငယ်ချင်းတွေ ပြောသလိုပဲ တသက်လုံး
တယောက်ထဲ နေသွားရမလားရှင်

ှသည်

 fans 😂
30/12/2025

fans 😂

ကူသယ်ပေးကြပါဦး 😂😂😂

ရင်ဖွင့်အကြံတောင်းပါရစေဗျာလောကမှာပထွေးဆိုတိုင်း မကောင်းပဲမြင်ကြတာပဲလားဗျာ ကျွန်တော်ကလူပျိုတစ်ယောက်ပါ အစိုးရဝန်ထမ်းပါပဲ သ...
22/11/2025

ရင်ဖွင့်အကြံတောင်းပါရစေဗျာ
လောကမှာပထွေးဆိုတိုင်း မကောင်းပဲမြင်ကြတာပဲလားဗျာ
ကျွန်တော်ကလူပျိုတစ်ယောက်ပါ အစိုးရဝန်ထမ်းပါပဲ သူကတော့ ကုမ္ပဏီဝန်ထမ်းပါ ကျွန်တော်တို့က တစ်လမ်းတည်းသားချင်းတွေပါ တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့အတွင်းသိအဆင်းသိတွေပေါ့ဗျာ အမှန်အတိုင်းဝန်ခံရရင် သူအပျိုဘဝကတည်းက ကျွန်တော်က ကြိတ်ပြီးသဘောကျနေတာပါ သူ့အိမ်ကအိမ်ထောင်ချပေးတော့ ကျွန်တော်ဖွင့်တောင်မပြောရသေးဘဲ လက်လွှတ်ခဲ့ရတယ် ခု သူအိမ်ထောင်ကွဲချိန် သမီးတစ်ယောက်နဲ့ရပ်တည်နေရချိန်မှာ ကျွန်တော်သူ့နားမှာ နေပြီး သူတို့သားအမိဘဝကို တာဝန်ယူပေးချင်တယ် ကျွန်တော့်ကိုလည်း သူချစ်တယ်ဆိုတာ သေချာတယ်ဗျာ ကျွန်တော်တို့ချင်းလည်း မကြာခဏအပြင်မှာ တွေ့ဖြစ်ကြတယ် ရပ်ကွက်ထဲတော့ ပေါ်တင်မတွဲသေးဘူး ဒါလည်း သူ့သိက္ခာအတွက် သူကိုယ်တိုင်တောင်းဆိုလို့ပါ လက်ထပ်ဖို့ ကျွန်တော်တောင်းဆိုတိုင်း သူစဉ်းစားဦးမယ်ဆိုပြီး အချိန်ဆွဲလာတာ ၁နှစ်ကျော်နေပြီဗျာ သူ့သမီးလေးကိုလည်း ကျွန်တော့်သမီးလို သဘောထားပါတယ်ဗျာ ကလေးကလည်း ကျွန်တော့်ကို ခင်ပါတယ် ဒီနေ့ သူနဲ့ အပြင်မှာ ထပ်ချိန်းတွေ့တော့ လက်ထပ်တော့မယ် နေ့တိုင်းအတူရှိချင်ပြီ မိသားစု၃ယောက်ဘဝကို တရားဝင်နေချင်ပါပြီလို့ ကျွန်တော်ထပ်ပြောတော့ ထုံးစံအတိုင်း သူစဉ်းစားဦးမယ်ထပ်ပြောပြန်တယ်ဗျာ ကျွန်တော်လည်း စိတ်တိုလာလို့ ကြိုးရှည်ရှည်နဲ့ထားတာလားဆိုပြီး ပြောမိရင်း စကားများကြတော့မှ သူ့သမီးအတွက် ပထွေးမလိုချင်ဘူးဆိုတာမျိုးတွေ ပြောလာတော့မှ ကျွန်တော့်ကို သူအချိန်ဆွဲနေတာ နားလည်တော့တယ်ဗျာ ကျွန်တော်မိကောင်းဖခင်သားသမီးပါ ဘွဲ့ရပြီးသားပါ နာမည်ပျက်မရှိ ရပ်တည်နေသူပါ မချမ်းသာပေမယ့် တစ်ဝမ်းတစ်ခါး ဝအောင် လှအောင် လုပ်ကျွေးနိုင်သူပါ သူ့ကလေးအတွက်လည်း ကျွန်တော်တတ်နိုင်တဲ့ဘက်က ထောက်ပံ့နေခဲ့တာ သူသိပါတယ် ကျွန်တော်သူ့ကို သူအပျိုဘဝကတည်းက ချစ်ခဲ့ရသူပါ ခုအချိန်မှာ ကျွန်တော့်အနေနဲ့ မိန်းမပျိုတစ်ယောက်ကို ယူလို့လည်း ရပါတယ် ချစ်ခြင်းမေတ္တာကိုပဲ အဓိကထားလို့ ကျွန်တော်သူ့ကို ဖွင့်ပြောပြီး တွဲခဲ့တာ အတည်တကျ လက်ထပ်ဖို့ပါ သူက သမီးမိန်းကလေးမွေးထားလို့ စိတ်မချတာနားလည်ပေမယ့် ကျွန်တော့်ဘက်ကလည်း ကျွန်တော့်သိက္ခာကို ထိပါးသလို ခံစားရတယ်ဗျာ ရိုင်းရိုင်းပြောရရင် သူက တရားဝင်နောက်အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိဘဲ ဘာလို့ ကျွန်တော်တို့ ၂ဦးသဘောတူ နေခဲ့သေးလဲဗျာ
သူလည်းချစ်တယ် ကျွန်တော်လည်း ချစ်တယ် ကျွန်တော့်ဘက်က သူ့ကို အတည်တကျလက်ထပ်ဖို့ ပြောတိုင်း အချိန်ဆွဲလာတာ ခုထိပဲဗျာ ကျွန်တော်ဘာဆက်လုပ်သင့်လဲ လောကမှာ ပထွေးဆိုတာနဲ့ တစ်ယောက်မှ မကောင်းဘူးလားဗျာ
လူစိတ်ရှိတဲ့ သားသမီးချင်းစာနာတဲ့ ပထွေးဆိုတာ အများကြီးပါဗျာ ကျွန်တော့်သိက္ခာကို စော်ကားသလို ဖြစ်တော့ တကယ်ခံစားရတယ်ဗျာ သူ့ကို လမ်းခွဲဖို့ အစီအစဉ်မရှိပါဘူး ကျွန်တော်က တကယ်လက်ထပ်မှာမို့သာ တွဲခဲ့တာပါ သူကလည်း တကယ်လက်ထပ်မှာမို့လို့သာ ကျွန်တော်နဲ့ ပတ်သက်ခဲ့သင့်တာမဟုတ်ဘူးလားဗျာ ဘာလုပ်ရမလဲ ကျွန်တော့်ကို ယုံကြည်အောင် သူတွေးသလို သမီးအတွက် စိတ်ပူရမယ့် လူယုတ်မာပထွေးမဟုတ်ဘူးဆိုတာ ကျွန်တော့်အသက်နဲ့လဲပြီး အာမခံပါတယ် ကျွန်တော်ဘာဆက်လုပ်ရမလဲဗျာ

ှသည်

Address

Yangon

Telephone

+959972884665

Website

Alerts

Be the first to know and let us send you an email when Onlineမှသည် 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Onlineမှသည် 2:

Shortcuts

Share