21/01/2022
👉pH ဆိုတာဘာလဲ👈
Potential of Hydrogen (pH)
pHဆိုတာကို အလွယ်ပြောကြကြေးဆို .. အင်ဇိုင်းတွေထဲမှာရှိတဲ့ ဟိုက်ဒိုဂျင်အရေတွက်ပါ( ဒါ အရိုးရှင်းဆုံးပြောတဲ့နည်းပါ)
စာအဖြစ်ရေးရင်လည်း PH လို့ မရေးရပါဘူး , pH လို့ရေးပါတယ် , Chemistry သင်ဖူးကြရင် သိပြီးသားပါ
pH ကို ဒါကြောင့်နံပါတ်တွေနဲ့ အလွယ်တတ်ပြီးပြောကြပါတယ် .. ကျမတို့ သောက်နေတာ pH7
pH ကို ပေတံလိုမျိုးပြရရင် နံပါတ်၀ ကနေ ၁၄ ထိရှိပါတယ်
၀ ကနေ ၆ ထိက အက်စစ်
၈ ကနေ ၁၄ ထိက အယ်လ်ကာလိုင်း ( တနည်း) ဘေစ့်
ကြားက ၇ က ဓါတ်ပြယ် neutral ဒါကြောင့် ကျမတို့ pH7 ကိုသောက်ကြတာ , သူက အက်စစ်လည်းမဟုတ်ဘူး ဘေစ် ခေါ် အလ်ကာလိုင်းလဲမဟုတ်ဘူး
pH0- ဘက်ထွီအိုးထဲ ထည့်တဲ့ အက်စစ်, Hydrofluoric Acid
pH1 -Hydrochloric Acid အစာအိမ်နံရံက ထွက်တဲ့အက်စစ်အ
pH2- စာချေရေ, သံပုရာရည်, ဗင်နီကာ
pH3 -လိမ္မော်ရည်, ဆိုဒါ
pH4- ခရမ်းချဉ်သီးဖျော်ရည်
pH5- ကော်ဖီကြမ်း
pH6- ဆီး, တံတွေး
pH7- ရေသန့်
pH8-ပင်လယ်ရေ
pH9-မုန့်ဖုတ်ဆော်ဒါ
pH10- ဆားငန်ရေအိုင်ကရေ
pH11-အမိုးနီးယားဖျော်ရည်
pH12- ဆပ်ပြာပျော်ဝင်ရေ
pH13-Bleach ( အဝတ်စား အစွန်းချွတ်ဆေးရေ)
pH14- ကော့စတစ်ခေါ် NaOH
ဆပ်ပြာလုပ်ရင်း lye water စဉ်လို့ , ကော့စတစ်လောင်လို့ ဆိုတာတွေဖြစ်ရင် ..သံပုရာရည် , ဗင်နီကာနဲ့ ဆေးချပြီး ဓါတ်ပြယ်အောင်လုပ်နိုင်ပါတယ် !!
ကျမတို့က ဆပ်ပြာလုပ်တဲ့သူတွေဆိုတော့ .. အသားအရည်နဲ့ ဆပ်ပြာရဲ့ရှိသင့်တဲ့ pH ကို ပြောကြတာပေါ့
သိပ္ပံက ဟိုးတုန်းကပြောတယ် လူ့အသားအရည်ဟာ pH5.5 ရှိရင်ရင် အကောင်းဆုံးတဲ့
အခု သိပ္ပံက ပြောတယ် pH5 အောက် အသားအရည်ဟာ ပိုကောင်းတယ်တဲ့
ဟော.. မကြာသေးခင်ကမှ သိပ္ပံကဘဲပြောတာဘဲ pH4 ကနေ pH4.5 အသားအရည်ဟာ Perfect 👌 ပါတဲ့
ဒါကြောင့် ကျမတို့ မျက်နှာကို pH5.5 နဲ့ pH 4 ကြားမှာရှိရင် အကောင်းဆုံးပါဘဲ
ကြုံတုန်းတခါတည်းတိုက်တွန်းချင်တာက .. အမျိုးသားရော အမျိုးသမီးရော မျက်နှာသစ်ပြီးတိုင်း toner သုံးဘို့ပါ , ဘယ်လို ရေမျိုး ဘယ်လို ဆပ်ပြာမျိုးဘဲသုံးသုံး toner သာလျှင် မျက်နှာရဲ့ pH ကို ပြန်ညှိပေးပါတယ်
ကဲ! ဆပ်ပြာမှာ pH ဘယ်လောက်ရှိသင့်လဲဆိုရင် , အရေပြားနဲ့ အလှပရေးရာ ဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်အရ pH7.5 ကနေ pH10 လောက်အထိ အဆင်ပြေပါတယ် 10 ကျော်သွားရင်တော့ အသားခြောက်မှာပါ တဲ့!!
ဆပ်ပြာဆီ pH ဘယ်လောက်ရှိလဲတိုင်းနည်း
👉တိုင်းမဲ့ ဆပ်ပြာဆီကို
10ml (သို့) 10g ဂရမ်ချိန်ထားပါ
👉Distilled Water (သို့မဟုတ်)ရေသန့်=100ml (သို့)100g
(ရိုးရိုးရေနှင့်မတိုင်းပါနှင့်)
👉ရေနှင့်ဆပ်ပြာဆီအား
တစ်သားတည်းဖြစ်အောင်
မွှေပေးပါ
👉ထို့နောက်ထိုပျော်ရည်ထဲသို့ pH Paper အားနှစ်
ပြီးပြန်ထုတ်ပါ
👉ပြောင်းသွားသောအရောင်နှင့် pH ဂဏန်းလေး
တွေအားတိုက်ပြီးဖတ်ပါ
👉ဆပ်ပြာဆီများတွင်ရှိသင့်သော pH level များ
#လက်ဆေးဆပ်ပြာ pH(6 to 7.5)
#ပန်းကန်ဆေး ဆပ်ပြာ pH(7 to 9)
#အဝတ်လျှော် ဆပ်ပြာ pH(8 to 10)
Credit👉Bubbles