Chatter Room

Chatter Room Open your heart and be freely to share your stories with us and heal your soul

အချိန်က ကုစားသွားမှာပါဆိုတဲ့ စကားက တချို့လူတွေအတွက် မမှန်နေဘူးကွယ်
25/04/2026

အချိန်က ကုစားသွားမှာပါဆိုတဲ့ စကားက တချို့လူတွေအတွက် မမှန်နေဘူးကွယ်

လူတစ်ယောက်ကို မေ့ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ...

အခုတလော ကိုယ့်ကိုယ်ကိုယ် မေးနေမိတဲ့ မေးခွန်းပါ... အချိန်တန်ရင်တော့ နေသားကျသွားမှာပါဆိုတဲ့ စကားတွေ အများကြီးကြားဖူးပေမယ့် တကယ့်လက်တွေ့တွေမှာကျတော့ အဲ့လောက် မလွယ်ဘူးလေ ။

သူ့ကို မချစ်တော့ဘူးလို့ ပြောလိုက်ဖို့ လွယ်ပေမယ့် သူ့ကို မေ့သွားပြီဆိုပြီး ဝန်ခံလိုက်ဖို့ကျ သိပ်ကို ခက်ခဲတယ် ။ တကယ်လဲ မေ့မှ မမေ့နိုင်ခဲ့ပဲလေ ။ တော်တော်များများကို မေးခွန်းတစ်ခု မေးကြည်​့ သူနဲ့ ဝေးသွားတာ ဘယ်လောက်ကြာပြီလဲလို့...

ရက်တွေ လတွေ နှစ်တွေကအစ အတိအကျကို မှတ်မိနေတတ်ကြတာလေ ။ တကူးတကမှတ်ထားတာမျိုး မဟုတ်ဘူးနော်... သူ့အလိုလို မှတ်မိနေတာမျိုးပေါ့ ။ ပြီးတော့ အစွဲအလမ်းကြီးတာကြောင့်လဲပါတယ် အများကြီး မျှော်လင့်ထားမိတာနဲ့လဲ ဆိုင်တယ် ။

ပြီးတော့ တချို့လူတွေကို အားကျတယ်... ဒီနေ့ ပြီး မနက်ဖြန်ဆိုရင် အရာရာအားလုံးကို မေ့ဖျောက်သွားနိုင်တဲ့အထိ တချို့လူတွေက သွေးအေးပြီးတော့ ရက်စက်တယ်လေ မှတ်မိနေတဲ့သူမှာပဲ တစ်နေ့ထက်တစ်နေ့ ဒဏ်ရာတွေပိုရတာ ။

မအားအောင်...နေ ဆိုလို့လဲ နေကြည့်ဖူးတာပဲ ။ အိပ်မပျော်ခင်စပ်ကြားမှာ သူ့အကြောင်းတွေးမိရင် အဲ့ဒီနေ့ရက်တွေက မိုးလင်းတာများတယ် ။ သူနဲ့ပတ်သက်တာတွေ ဘာမှ မတွေ့ ဘာမှ မကြားအောင်နေဆိုလို့လဲ နေတာပဲ နှလုံးသားထဲစွဲနေတဲ့ အမှတ်တရတွေကိုကော ဘာဖျက်ဆေးနဲ့ ဖျက်ရသလဲ ။

လူတစ်ယောက်ကိုမေ့ဖို့ ဘယ်လောက်ကြာတတ်လဲလို့ မေးမယ်ဆိုရင်တော့ ကိုယ်ဘယ်လောက်ထိ ချစ်ခဲ့မိတာဆိုတဲ့ အရာနဲ့ ဆိုင်တယ် ။ ပြီးတော့ သူ့အတွက် ဘယ်လောက်ထိပေးဆပ်ခဲ့တာဆိုတဲ့ အနာတရတွေနဲ့လဲဆိုင်တယ် ပြီးတော့ ဘယ်လောက်မျှော်လင့်ခဲ့မိသလဲဆိုတဲ့ ကိုယ့်စိတ်နဲ့လဲ ဆိုင်တယ် ။

နှစ်တွေကြာသွားရုံနဲ့ သက်သာသွားတာမဟုတ်ပဲ တချို့ဒဏ်ရာတွေ ဝိုင်လိုပဲ နှစ်ချို့သွားမှ ပြင်းပြင်းရှရှနဲ့ကို ယစ်မူးစေတာမျိုးပါ ။ အခုလောလောဆယ်တော့ သူ့ကိုမေ့ဖို့ နည်းလမ်းပေါင်းစုံသုံးနေပါတယ် တစ်နေ့ကျရင်တော့ မေ့မှာပေါ့ ။

#ကျေးကို

21/04/2026

နောက်ဆုံးမာနလေးနဲ့ အိမ်ပြန်ခဲ့ပါ

ကျန်းမာသွယ်လှ လှပဖို့ နေ့စဉ် ခြေလှမ်း တစ်သောင်း လမ်းလျှောက်ကြပါစို့🚶🚶🚶
20/04/2026

ကျန်းမာသွယ်လှ လှပဖို့ နေ့စဉ် ခြေလှမ်း
တစ်သောင်း လမ်းလျှောက်ကြပါစို့🚶🚶🚶

19/04/2026

လူအများက ကံကောင်းခြင်းကို အဆက်မပြတ် ရှာဖွေနေကြပေမယ့် ဘဝကိုတော့ သပ်ရပ်အောင် မရှင်းလင်းကြဘူး။

သူတို့ဟာ ကံကောင်းစေတဲ့
အဆောင်လက်ဖွဲ့တွေ ဝယ်ယူကြတယ်၊
ဖုန်းရွှေကို အားကိုးကြတယ်၊
စွမ်းအင်ကို ပြောင်းလဲဖို့ ကြိုးစားကြတယ်။

ဒါပေမဲ့ သူတို့ရဲ့ အိမ်မှာက လွန်ခဲ့တဲ့သုံးနှစ်က ပစ္စည်းဟောင်းတွေ၊ အသုံးမလိုတော့တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ပွနေတယ်။

တစ်ခုနားလည်ဖို့ လိုပါတယ်...

အကောင်းဆုံး ဖုန်းရွှေဆိုတာ "ထပ်ထည့်တာ" မဟုတ်ဘဲ "လျော့လိုက်တာ" ဖြစ်တယ်။

နေရာက အကန့်အသတ်ရှိပါတယ်။

ဘဝက ပြည့်ကျပ်နေတဲ့အခါ
အခွင့်အလမ်းတွေက ဝင်မလာနိုင်တော့ပါဘူး။

🔹 ပစ္စည်းတွေ ရှုပ်ပွနေတာက
တကယ်တော့ စိုးရိမ်ပူပန်မှုရဲ့ပုံသဏ္ဌာန်ပါ။

"နောက်ဆို သုံးဖြစ်လောက်တယ်" ဆိုတဲ့ ပစ္စည်းအများစုဟာ အမှန်မှာ လိုအပ်တဲ့အရာတွေ မဟုတ်ဘဲ "ဆုံးရှုံးမှာကြောက်တဲ့" အရာတွေပါ။

ပစ္စည်းတွေကို ကိုယ်စုဆောင်းနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ စိုးရိမ်စိတ်တွေ စုပုံနေတာပါ။

မနက်နိုးလာတိုင်း ရှုပ်ပွနေတာတွေ့ရင် ဦးနှောက်က စွမ်းအင်ကို တိတ်တိတ်လေး ဆုံးရှုံးနေစေပါတယ်။

ဒါဟာ ကံမကောင်းတာ မဟုတ်ပါဘူး၊
ပတ်ဝန်းကျင်က ကိုယ့်အာရုံစူးစိုက်မှုကို ခိုးယူနေတာပါ။

🔹 အိမ်ရှုပ်ပွနေရင်
စွမ်းအင်ကို ရပ်တန့်စေပါတယ်။

အိမ်က ပြည့်လေ စိတ်လုံခြုံလေ မဟုတ်ပါဘူး။
လည်ပတ်လေ အသက်ဝင်လေပါ။

စက္ကူပုံးတွေနဲ့ ပြည့်နေတဲ့ ဝင်ပေါက်၊
ပြည့်ကျပ်နေတဲ့ အဝတ်ဗီရို၊
မစွန့်ပစ်ရဲတဲ့ ပစ္စည်းဟောင်းတွေ၊

ဒါတွေက ဘဝထဲက "သွေးခဲ" တွေလိုပါပဲ။
မစီးဆင်းရင် ကံက ရပ်တန့်သွားပါတယ်။

နေရာက မရွေ့ရင်
ဘဝကလည်း ရပ်တန့်သွားတတ်ပါတယ်။

အခြေအနေကောင်းသူတွေက
ပစ္စည်းများလို့ မဟုတ်ဘဲ
ကြည့်ရတာ "ပေါ့ပေါ့ပါးပါး" ရှိလို့ပါ။


🔹 ကိုယ်မပစ်နိုင်တာက
တကယ်တော့ ပစ္စည်း မဟုတ်ပါဘူး...
အတိတ်က ကိုယ့်ကိုယ်ကိုယ်ကိုပါ။

အဝတ်အစားဟောင်းတွေ၊
ပြေစာဟောင်းတွေ၊
ဆက်ဆံရေးဟောင်းတွေ..ကို
အမှတ်တရအဖြစ် ကိုယ်သိမ်းထားတယ်လို့ ထင်ရပေမယ့် တကယ်တော့ အနာဂတ်ကို နှောင့်နှေးစေတာပါ။

ကိုယ်လက်က အလွတ်ဖြစ်မနေရင်
အသစ်တွေ ဝင်မလာနိုင်ပါဘူး။

🍀ကံကောင်းစေတဲ့ အဓိကနေရာ ၃ ခုက

✅️ဝင်ပေါက် = အဝင်စွမ်းအင်စီးဆင်းမှု

ရှုပ်ပွနေတဲ့အရာတွေနဲ့
ဘဝရဲ့စီးဆင်းမှုကို မပိတ်ဆို့ပါစေနဲ့။

✅️အိပ်ခန်း = ပြုပြင်ရေးနေရာ

အိပ်ခန်းသန့်ရှင်းနေမှ
စိတ်ခံစားမှု တည်ငြိမ်ပြီး
အိပ်စက်မှု ပိုကောင်းပါတယ်။

✅️ မီးဖိုချောင် = ဘဏ္ဍာတိုက်

သက်တမ်းကုန်ဆုံးသွားတဲ့ စားသောက်ကုန်တွေ၊
အသုံးမပြုဘဲ ဝယ်ထားတဲ့ပစ္စည်းတွေက ငွေကြေးယိုစိမ့်မှုတွေပါပဲ။

အခုတစ်လော ကိုယ် ဘူပိတ်နေတယ်လို့ ခံစားရရင်
ကံပြောင်းဖို့ အလျင်စလို မလုပ်ပါနဲ့။

"အိမ်ကို သပ်ရပ်အောင် အရင် ရှင်းသင့်ပြီ ထင်တယ်" လို့ ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။

တစ်ခါတလေ ကံကောင်းခြင်းက
စောင့်ပြီးရလာတဲ့အရာ မဟုတ်ပါဘူး...
ရှင်းလင်းပြီးမှ ဖြစ်လာတဲ့အရာပါ။

ဒီစာကို ဖတ်ပြီး အိမ်ရှင်းသင့်ပြီလို့ ထင်
ရင် "ကံပြောင်းလိုသူ" ကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့။

--- ကျွန်မလည်း အိမ်ရှင်းသင့်ပြီထင်လို့ ဘာသာပြန် မျှဝေလိုက်ပါတယ် 🫣

💌
#နိုင်းနိုင်းစနေ

ပူပြင်းလှသောနွေရာသီရောက်ပြီဖြစ်သောကြောင့်အပူဒဏ်ကိုအံတုဖို့အတွက်ရေများများသောက်‌ပေးပါသစ်သီးဝလံကို စားသုံးပေးပါအရိပ်ရသောနေ...
18/04/2026

ပူပြင်းလှသောနွေရာသီရောက်ပြီဖြစ်သောကြောင့်
အပူဒဏ်ကိုအံတုဖို့အတွက်

ရေများများသောက်‌ပေးပါ
သစ်သီးဝလံကို စားသုံးပေးပါ
အရိပ်ရသောနေရာတွင် နေထိုင်ပေးပါ
အပြင်သွားလျှင် ထီး၊ ဦးထုပ် ကိုဝတ်ဆင်ပါ
အကျီပွပွ ချည်ထည်များကိုဝတ်ဆင်ပါ
ပြင်းထန်သော အားကစားကို ရှောင်ကြဉ်ပါ
လူကြီး မိဘ ရောဂါအခံရှိသောသူ ကလေးများကိုဂရုစိုက်ပေးပါနော်

25/08/2024

သဲငယ်လေးတို့ရေ
ဒီကာလမှာ ပင်ပန်းခက်ခဲနေကြတယ်မလားဟင်
လူတိုင်းစီမှာတော့ အပူ‌တွေကတော့ ရှိစမြဲပါ နည်းတာနဲ့များတာဘဲကွာတယ် ကိုယ့်ခံယူချက်ပေါ် မူတည်ပြီး တုံပြန်နိုင်စွမ်းတွေလည်း ကွာကြတာပေါ့
ဒါပေမယ့် ဒီအချိန်မှာ ကူညီပေးဖို့အတွက် chatter roomလေးရှိတယ်လေနော်
အခက်အခဲတွေကြား ကျော်ဖြတ်နိုင်ဖို့ ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ အရေးကြီးတယ်လေနော်
ဒါကြောင့် ကျန်းမာရေးနဲ့ဆိုင်ရာ ဆွေးနွေးချင်တာဘဲဖြစ်ဖြစ် စိတ်ရဲ့ပူလောင်ခြင်းတွေကို ဝေမျှချင်ရင်ဘဲဖြစ်ဖြစ် ဆက်သွယ်လိုက်ပါနော်
အခက်အခဲကို အတူတူ ကျော်လွှား နိုင်ကြရအောင်နော်

# Chatter Room

26/05/2024

နေ့ရက်တွေမှာပျော်ရွှင်ရတဲ့ရက်တွေရှိသလိုချုံးချုံးကြငိုရတဲ့ရက်တွေလည်းရှိတယ်
ခါးတဲ့ရက်တွေလည်းရှိသလိုချိုတဲ့ရက်တွေလည်းရှိတယ်
စိတ်သောကရောက်တဲ့ရက်တွေရှိသလိုပျားရည်ကြံသကာလိုချိုမြိန်တဲ့ရက်တွေရှိတယ်
ဘဝဆိုတာတခါတရံမှာကိုယ်ဖြစ်ချင်တိုင်းဖြစ်မလာတာတွေလည်းရှိတယ် မဖြစ်ချင်တာတွေဖြစ်လာတာတွေလည်းရှိတယ်
အဆိုးအကောင်း အခါးအချို အငိုအရယ် တွေက တလှည့်စီဖြစ်နေတယ်
ဒါတွေကို ကြံကြံခံနိုင်ဖို့ တယောက်ကိုတယောက်ဖေးမမှုတွေလိုအပ်တယ်
Never give up and keep going forward ပါသဲလေးတို့ရေ

22/05/2024

Address

Yangon

Telephone

+959740920335

Website

Alerts

Be the first to know and let us send you an email when Chatter Room posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share