20/07/2025
chess ဆိုတာဘာလဲ၊ ဘယ်ကနေစခဲ့တာလည်း??
🤔🤔
chess ကိုဘယ်သူတွေအဆော့များကြလည်း??
🤔🤔
chess ဆော့တဲ့အခါ ကိုယ့််အတွက် ဘယ်လိုမျိုး profit တွေ ရလာနိုင်လည်း ??🤔🤔
ဒီနေ့ကရော "World Chess Day" "ကမ္ဘာ့ စစ်တုရင်နေ့" ဆိုတာရောသိကြရဲ့လား??🙄🙄
"OK!" ဒီနေ့ "World Chess Day " ဆိုတော့ chess နဲ့ပတ်သတ်တဲ့ Knowledge sharing လေးလုပ်ပေးချင်လို့ပါ..။
ဥာဏ်ပညာကိုအခြေခံထားတဲ့ နိုင်ငံတကာနာမည်ကြီး အားကစားဂိမ်းတစ်ခု ဖြစ်ပါတယ်။
ဂျာမန်ဘာသာစကား “Schach” ကနေလာတဲ့အတိုင်း အင်္ဂလိပ်လူမျိုးတွေ “Chess” လို့ခေါ်ပါတယ်။ မြန်မာလိုတော့ “စစ်တုရင်” ပေါ့
1924 ခုနှစ် July '20 ရက်နေ့မှာ (French) ပြင်သစ်နိုင်ငံ (Paris) မြို့နယ်မှာ FIDE (Fédération Internationale des Échecs) (International Chess Federation) အပြည်ပြည်ဆိုင်ရာ Chess အဖွဲ့စည့်ကနေ စတင် တည်ထောင်ခဲ့တာပါ
1966 ခုနှစ်မှာတော့ UNESCO က "World Chess Day" ကို တရားဝင်အဖြစ် အကြံပြုခဲ့ပြီး ပြည်တွင်းရောပြည်ပမှာပါ ပထမဆုံးအကြိမ် အဖြစ် ကျင်းပခဲ့ကြပြီး FIDE ရဲ့ ဥက္ကဌ Kirsan Ilyumzhinov (ခီယာဆန် အယ်လျုမ်-ဇီ-နော့ဖ် ) ၏ အဆိုအရ 2013 ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်နေ့ကို နိုင်ငံပေါင်း 178 နိုင်ငံတွင် ကျင်းပခဲ့ကြရာမှ
2019 ခုနှစ် December'12 ရက်နေ့မှာ "UN" ကုလသမဂ္ဂ အထွေထွေညီလာခံမှ တညီတညွတ်တည်း အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့တယ်ကာ 1924 ခုနှစ် July'20 မှာ စတင်ဖွဲ့စည်းခဲ့သည့် အထိမ်းအမှတ်အနေဖြင့်
"World Chess Day" ကိုနှစ်စဉ် July'20 မှာ ကျင်ပလေ့ရှိပါတယ်။
Chess ကိုဘယ်သူတွေ အဆော့များကြလည်း??
လူငယ်၊ လူလတ်၊လူကြီးရုပ်အလတ်မရွေး ဆော့လို့ရပါတယ်
Chess ကို Education field ,IT Field ကသူတွေများများဆော့ကြတာများပါတယ် ။
MIT နဲ့ Stanford မှာဆိုရင် AI vs. Human chess projects တွေအပြင်, strategy-building စာသင်ခန်းများတွင်ပါ Chess ကပါဝင်လာတယ် ။
chess ဆော့တဲ့အခါ ကိုယ့််အတွက် ဘယ်လိုမျိုး profit တွေ ရလာနိုင်လည်း ??
🧠 1. ဥာဏ်ပိုင်း (Cognitive Benefits)
--------------------------------------------------------
🧩 Problem-Solving Skill တိုးတက်လာနိုင်ပါတယ်(Chess ကစားတဲ့အခါ တစ်ခါတစ်လေမှာ အကြံဉာဏ်အမြန်ဆုံးနဲ့ ဖြေရှင်းဖို့ လိုတဲ့ ဉာဏ်ရည်အားကစားဖြစ်တာကြောင့် "how to think before you act" ဆိုတဲ့ အလေ့အထလေးကို ပေးတတ်ပါတယ်)
🎯 2. စိတ်ပိုင်း (Psychological Benefits)
--------------------------------------------------------------
🧘♂️ အာရုံစူးစိုက်မှု တိုးတက်စေခြင်း
Long-term focus & deep concentration ကို တိုးတက်စေတယ်ပါတယ်
🧩 သည်းခံမှု (Patience)
တစ်လှန့် စဉ်းစားချင်လှတဲ့ အတွေးအခေါ်တွေကြောင့် သည်းခံတတ်လာတယ်။
Emotional control လုပ်တဲ့အပိုင်းမှာ တိုးတက်ပြီး ငြိမ်သက်တတ်လာတယ်။
🔄 Failure မှ သင်ယူတတ်ခြင်း
-------------------------------------------------------
Chess ဟာ အနိုင်နဲ့အရှုံးရှိတဲ့ ဂိမ်းဖြစ်တာကြောင့် အမှားအမှန်ကို သုံးသပ်တတ်လာစေနိုင်တယ်။
👥 3. လူမှုရေးပိုင်း (Social Benefits)
-------------------------------------------------------
🤝 လူမူဆက်ဆံရေး
Chess Clubs, Online communities, Tournaments မှာ လူသစ်တွေကို တွေ့ဆုံနိုင်ပါတယ်။
ငြိမ်သက်တတ်သူတွေ၊ စကားနည်းသူတွေအတွက်လည်း ဆက်သွယ်မှုဖွံ့ဖြိုးအတွက် ကောင်းတယ်။
🌍 ယဉ်ကျေးမှုကွာခြားမှုဖြတ်ကျော်
Chess ဟာ universal language တစ်ခုဖြစ်ပြီး၊ ဘာသာစကားမတူတဲ့သူနဲ့တောင် ဆော့လို့ရတယ်။
🎓 4. ပညာရေးနယ်ပယ်
-------------------------------------------------------
📈 သင်ယူမှုစွမ်းရည်မြှင့်တင်
Learning strategies, pattern recognition ပိုမိုကောင်းမွန်လာတယ်။
🏆 Academic Performance
သုတေသနများအရ Chess ဆော့သူများမှာ Maths, Reading, Problem Solving subjects တွေမှာ စွမ်းဆောင်ရည်မြင့်တဲ့ထဲမှာ ပါတယ်လို့ သိရှိထားရပါတယ် ။
အချို့နိုင်ငံတွေက စာသင်ရပ်တစ်ခုအဖြစ် တန်းတူသုံးကြပါတယ်။
ကဲ ဒီနေ့က "World Chess Day " ဆိုတော့ Chess နဲ့ပတ်သတ်တဲ့ Knowledge လေးတွေလည်း ဝေမျှပြီးသွားပြီဆိုတော့
ကာကာလေးတို့လည်းကျေနပ်ကြမယ်ထင်ပါတယ်နော် 🤗🤗