Nora Fashion & Beauty Corner

Nora Fashion & Beauty Corner Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nora Fashion & Beauty Corner, Yangon.

❗️Sunscreen အကြောင်း❗️Sunscreen လိမ်းပါလိမ်းပါဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူးနော်လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက...
15/12/2021

❗️Sunscreen အကြောင်း❗️
Sunscreen လိမ်းပါလိမ်းပါဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူးနော်

လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSunscreen ကိုသေချာပေါက်လိမ်းကိုလိမ်းရမယ် Sunscreen မလိမ်းရင်ဘာဖြစ်နိုင်လဲဆိုတော့
-အရေးကြောင်း(Aging) ဖြစ်တာလွယ်မယ်
-အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ပြီးအသားတွေတွဲကျလာမယ်
-အသက်အရွယ်ရလာတဲ့အခါမှာတင်းတိတ် ၊ မှဲ့ခြောက်တွေဖြစ်ခြင်း
-အသားအရည်အရောင်မညီပဲ တစ်ခုခုလိုအပ်နေခြင်း
-တစ်ခုခုကြောင့်ကျန်ခဲ့တဲ့အမာရွတ်ပျောက်ဖို့အချိန်ကြာခြင်း
-နေလောင်ခံရခြင်း တို့ဖြစ်နိုင်ပါတယ်

Sunscreen လိမ်းတယ်ဆိုတာ နေရောင်ခြည်ကထုတ်လွှတ်လိုက်တဲ့ UV Raysတွေကို ကာကွယ်တာပါ နေရောင်ခြည်က ဖြာထွက်လာတဲ့ အလင်းတန်းတွေကို UltraViolet Radiation(UV Rays) လို့ခေါ်ပြီးUV rays မှာမှ UVA rays နဲ့ UVB rays ဆိုပြီး အမျိုးအစားထပ်ကွဲသွားပါတယ် Sunscreen မလိမ်းဘူးဆိုရင် UVA rays ကြောင့် အရေးကြောင်းဖြစ်တာ အသားရည်လျော့တွဲတာတွေဖြစ်ပေါ်လာနိုင်ပြီး UVB raysကြောင့်နေလောင်ပြီး အသားကရဲတက်လာနိုင်ပါတယ် နောက်ပြီး အသက်ရွယ်ရလာတဲ့အခါမှာ အမဲစက် တင်းတိတ်တွေဖြစ်လာ နိုင်ပါတယ်

📌 Sunscreen ဘယ်နှစ်မျိုးရှိတာလဲ?
Sunscreen (2) မျိူးရှိပါတယ် Physical Sunscreen နဲ့ Chemical Sunscreen ပါ Physical Sunscreen က အရေပြားအပေါ်ယံကနေ အလွှာတစ်ခုအနေနဲ့ကာကွယ်ပေးပြီး Chemical Sunscreen က UV နေရောင်ခြည်ကို absorb လုပ်ပြီး အပူပြောင်းပြီးကာကွယ်ပေးပါတယ်

Zinc Oxide ,Titanium dioxide တို့က Physical Sunscreen ရဲ့ ingredients တွေဖြစ်ပြီး များသောအားဖြင့် Skin typesတော်တော်များများနဲ့တည့်ကြပါတယ် Chemical Sunscreen က Lightweight ဖြစ်တဲ့အတွက်ကြောင့် blendရတာ ပိုလွယ်ကူပြီး Physical Sunscreen ကကြတော့ များသောအားဖြင့် White Cast တွေကျန်နေတာ ဖြစ်တတ်ပါတယ်(အခုနောက်ပိုင်း Sunscreen တွေကတော့ သိပ်မတွေ့ရတော့ပါဘူး)

📌 Chemical Sunscreen ကိုဘယ်လိုသူတွေသုံးသင့်လဲ?
-အားကစားလုပ်တဲ့သူ, ရေကူးတဲ့သူ တို့ဆို ပိုပြီးသင့်တော်ပါတယ် Chemical က Physical Sunscreen ထက်ပိုပြီး ချွေးစို၊ရေစိုခံတဲ့အတွက်ကြောင့်ပါ နောက်ပြီး Sun spray လည်းသုံးလို့ရပါတယ်

📌SPF (Sun Protection Factor)

Sunscreen မှာ SPF သည်လည်းအရေးကြီးတဲ့ထဲကတစ်ခုပါ SPF များလေ ပိုပြီးကာကွယ်နိုင်လေပါပဲ မိမိက အပြင်မထွက်ဘူး Work from home ပဲဆိုရင် SPF 30 လောက်ကလုံလောက်ပါပြီ ဒါမှမဟုတ်ပဲ အပြင်ခနခန ထွက်ရမယ်ဆိုရင် SPF 50 PA++++ ကိုလိမ်းပါ UVB Rays တွေက အရေပြားအပေါ်ယံလွှာကို ထိုးဖောက်ပြီးအသားရည်ထိခိုက်စေနိုင်ပါတယ်။UVB rays တွေကို ကာကွယ်နိုင်တာ SPFပါ UVA raysတွေက အရေပြားရဲ့ အနက်ဆုံးလွှာကို ထိုးဖောက်နိုင်တဲ့အတွက်ကြောင့် အရေးကြောင်းတွေဖြစ်နိုင်ပြီး အရေပြားကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။၄င်းကို ကာကွယ်နိုင်တာ PAပါ အဲ့တော့ အလွယ်နည်းနဲ့မှတ်ရမယ်ဆိုရင် 🔹A = Aging , 🔸B = Burning

📌Sunscreen ကိုဘယ်အဆင့်မှာလိမ်းရမလဲ? Moisturiser မလိမ်းပဲနဲ့ကောလိမ်းလို့ရလား?

Sunscreen ကို Skincare step တွေရဲ့နောက်ဆုံးမှာထားပြီးလိမ်းရပါမယ် အဲ့အပေါ်မှာမှ Cc cream , BB Cream , Foundation တို့ကိုလိမ်းရမှာပါ ။ Moisture မလိမ်းပဲ Sunscreen လိမ်းလို့ရပါတယ်နော် ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ လုံလောက်တဲ့ အစိုဓာတ်ကိုတော့ ရမှာမဟုတ်ပါဘူး (Dry Skinတွေက လိမ်းကိုလိမ်းပါ) Sunscreen က 2နှာရီခြားတစ်ခါလိမ်းရမှာပါ

📌Sunscreen က နွေရာသီပဲလိမ်းရမှာလား?
Noနော် No! နေပူပူ မိုးရွာရွာ အမြဲလိမ်းရမှာပါ မှန်ကနေ အလင်းပြန်တဲ့ အလင်းတန်းမှာလည်း UV raysတွေရှိပါတယ်

🔸 အသားဖြူတဲ့သူက အသားညိုတဲ့သူတွေထက် Melanin ထုတ်နှုန်းနည်းလို့ နေလောင်ဒဏ်ခံရဖို့ ပိုလွယ်ပါတယ် Sunscreen မလိမ်းတာ ငယ်တုန်းရွယ်တုန်းမှာချက်ချင်းကြီး မသိသာပေမဲ့ လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူက အသက်ကြီးလာရင် ကွာခြားချက်ကိုတွေ့ရမှာပါ

အားလုံးပဲ Be safe & strong ပါ 💛
နောက်နေ့မှာ Sunscreenတွေရဲ့ Reviews တွေနဲ့အတူပြန်လာခဲ့ပါမယ်

ြောင်း

-Han’s Details

Crd

Amazing ဖြစ်လောက်အောင် လှလွန်းတဲ့အရောင်အသစ်တွေနဲ့ အမွှေးပွအခင်း အထူကြီးတွေ ထပ်ရောက်ပါပီရှင့် အမွှေးသားလေးနုညံ့နေရောပဲ🔸အိ...
04/12/2021

Amazing ဖြစ်လောက်အောင် လှလွန်းတဲ့အရောင်အသစ်တွေနဲ့ အမွှေးပွအခင်း အထူကြီးတွေ ထပ်ရောက်ပါပီရှင့်

အမွှေးသားလေးနုညံ့နေရောပဲ

🔸အိမ်မှာဆောင်းတွင်းအတွက် နွေးနွေးအိအိလေး ခင်ဖို့ပဲဖစ်ဖစ်
🔸ဓာတ်ပုံ ရိုက်ဖို့ ဖြစ်ဖြစ်

အသုံးလိုတဲ့ အမွှေးပွခင်းလေးပါနော်။

အသား လေးက အိအိလေး ညက်ညော အိစက်နေတာပဲ😍
အမွှေးပွလေးတွေ က လုံးဝ မကျွတ်လွယ်ပါဘူးနော်။အလွယ်လည်းလျော်လို့ရတယ်နော်

Size - အလျား 4 ပေ အနံ 5 ပေခွဲ

Price - 17000ks ❣

အိမ်နေရင်း လှလှလေး နေတတ်တဲ့ ချစ်တို့အတွက်ဝ တဲ့သူရော ပိန်တဲ့သူရော ဝတ်လို့အဆင်ပြေတဲ့ဂါဝန်အပွ ဆွဲသား ဒီဇိုင်းလေး💁✨လွှတ်လပ် ...
02/12/2021

အိမ်နေရင်း လှလှလေး နေတတ်တဲ့ ချစ်တို့အတွက်
ဝ တဲ့သူရော ပိန်တဲ့သူရော ဝတ်လို့အဆင်ပြေတဲ့
ဂါဝန်အပွ ဆွဲသား ဒီဇိုင်းလေး💁

✨လွှတ်လပ် ပေါ့ပါးမူကို ဦးစားပေးတဲ့ ဒီဖက်ရှင်လေးတွေအတွက် အထူးသင့်လျော်တာမို့ အားပေးကြပါအုန်းရှင့်

💁အိမ်နေရင်းဝတ်" အပြင်ဝတ်" အဆင်လဲပြေတန်လဲတန်တယ်နော်

👉မှာယူလိုပါက မက်ဆေ့စ်ဂျာ မှ ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင့်။


Price - 4500ks

အနုမြူ ကျောက်ခဲလေးတွေပါရှင်တစ်ထုပ်မှာ မှန်းခြေ အလုံး 100 ပါပါတယ်။🕌☪ ဇိကိရ် စေ့လေးတွေ လေးတွေအနေနဲ့လည်း အသုံးပြုလို့ရတယ်နေ...
30/11/2021

အနုမြူ ကျောက်ခဲလေးတွေပါရှင်

တစ်ထုပ်မှာ မှန်းခြေ အလုံး 100 ပါပါတယ်။

🕌☪ ဇိကိရ် စေ့လေးတွေ လေးတွေအနေနဲ့လည်း အသုံးပြုလို့ရတယ်နော်

☪မိသားစုတွေ ထိုင်ဝိုင်းနဲ့လည်းစုပေါင်း ဇိကိရ် စိတ်လို့ ရပြီနော် 💁

✨ ငါးကန်လေးထဲမှာ ထည့်အလှဆင်လို့ရ
✨ပန်းအိုးအောက်ခြေမှာပဲထားထား

ကြိုက်သလိုအသုံး​ပြုလို့ရ အလှဆင်လို့ရတယ်နော် ❤

Price - 3200ks

Silicone Cleansing Brush & makeup and powder puff set Foundation ကို သိပ်သိပ်​လေးဖြစ်​နေ​အောင် blend လုပ်ဖို့ဆိုရင် spon...
28/11/2021

Silicone Cleansing Brush & makeup and powder puff set

Foundation ကို သိပ်သိပ်​လေးဖြစ်​နေ​အောင် blend လုပ်ဖို့ဆိုရင် sponge ​လောက်ဘယ်ဟာမှမ​ကောင်းဘူး​နော်

ဒီ set လေးမှာဆိုရင် sponge က 2 ခု​တောင်ပါတဲ့အပြင် sponge stand ပါပါသေးတယ်နော်

ဒီ့အပြင်Cleansing brush လေးပါပါတာဆိုတော့
မျက်နှာသစ်ခါနီး deep cleansingပါတခါတည်းလုပ်လို့ရပြီနော်
တစ်setရှိရုံနဲ့အဆင်ပြေပြီနော်😉

Price - 5000ks

B***s tapeရင်ပြတ် ကြောဟိုက် လက်တစ်ကိုင်းကြိုးတွေ ဝတ်တဲ့အခါ အဆင်ပြေပြေလေးနဲ့ Bra ကိုင်းတွေပေါ်ပြီး စိတ်ညစ်စရာမလိုတော့ဘူးပ...
28/11/2021

B***s tape

ရင်ပြတ် ကြောဟိုက် လက်တစ်ကိုင်းကြိုးတွေ ဝတ်တဲ့အခါ အဆင်ပြေပြေလေးနဲ့ Bra ကိုင်းတွေပေါ်ပြီး စိတ်ညစ်စရာမလိုတော့ဘူးပေါ့
၅မီတာ ရှည်တာမို့ အကြာကြီး အသုံးခံတယ်နော်

B**b Tapes တွေက
✨လွတ်လပ်ပေါ့ပါးတယ် ။
✨ချွေးစိုခံ ၊ ရေစိုခံတယ် ။
✨ ၈ နာရီ အထိလည်း အသုံးခံတယ် ။
✨၅ မီတာ အရှညျနဲ့ တိတ်ခှေ ဖြစ်တာမို့ အခါ ၂၀ မက အသုံးပြုလို့ရတယ် ။

price - 4500ks

Sivanna Colors က အသစ်ထပ်ထွက်ထားတဲ့ တစ်ချောင်းထဲမှာ 2ဖက်ပါတဲ့ eyeliner လေးနော်တကြိမ်ဆွဲထားရုံနဲ့ ချွေးထွက်လဲမပျက် ရေစိုလဲ...
28/11/2021

Sivanna Colors က အသစ်ထပ်ထွက်ထားတဲ့ တစ်ချောင်းထဲမှာ 2ဖက်ပါတဲ့ eyeliner လေးနော်

တကြိမ်ဆွဲထားရုံနဲ့ ချွေးထွက်လဲမပျက် ရေစိုလဲခံတယ်နော် 😍
စူးရှတောက်ပတဲ့ မျက်ဝန်းတစုံနဲ့ ဆွဲဆောင်မှူရှိရှိ တနေ့တာကို ဖြတ်သန်းကြရအောင်

Direct from bkk
Price - 5500 ks

အသားအရမ်း​​ကောင်းတဲ့ ဒီဇိုင်းအသစ်ခေါင်းရေစုပ်သဘတ်တွေဆံပင်တိုတိုရှည်ရှည် ရေချိုးခါနီးတိုင်း ထုံးရလိပ်ရတာလေးတွေတော့ရှိမယ်န...
28/11/2021

အသားအရမ်း​​ကောင်းတဲ့ ဒီဇိုင်းအသစ်ခေါင်းရေစုပ်သဘတ်တွေ

ဆံပင်တိုတိုရှည်ရှည် ရေချိုးခါနီးတိုင်း ထုံးရလိပ်ရတာလေးတွေတော့ရှိမယ်နော်
ဒီလိုထုံးလိုက်ရင် ဆံပင်လေးတွေ ကျိုးသွားတာ နာသွားတာလေး‌တွေဖြစ်တတ်ပါတယ် ...

ဒီလိုတွေ မဖြစ်ရအောင်ခေါင်းရေစုပ်သဘတ်လေးကအကောင်းဆုံးပစ္စည်းလေးတစ်ခုပါ ...

ရေစုပ်အားကောင်းတဲ့အသားလေးမို့ ခေါင်းလျှော်ပြီးရေသုတ်ချင်တာပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းနေချိန် မျက်နှာလေးရှင်းရှင်းနဲ့ ပြင်ချင်ရင်ဖြစ်ဖြစ် သဘတ်လေးက ကူညီပါလိမ့်နော်

Price....3000ks

Odbo Eyebrow Setting Gel မျက်ခုံးရှင်းရှင်းထင်းထင်းလေးလုပ်ချင်ရင် Odbo Styling LockBrow Setting Gel လေးမှာလို့ရပြီနော်။L...
25/11/2021

Odbo Eyebrow Setting Gel

မျက်ခုံးရှင်းရှင်းထင်းထင်းလေးလုပ်ချင်ရင်
Odbo Styling LockBrow Setting Gel လေးမှာလို့ရပြီနော်။

Long Lasting လည်းဖြစ်တဲ့အပြင်မျက်ခုံးမွှေးလေး တစ်မျှင်ချင်းသဘာဝအတိုင်းပုံကျပီးလှလည်းလှတယ်😍

သူ့မှာ မျက်ခုံးအတွက် Brush အသေးလေး တစ်ချောင်းစီပါပါမယ်။ Brush လေးနဲ့ Gel နည်းနည်းယူပြီး
မျက်ခုံးမွှေးကို အပေါ်ကိုဆွဲတင်ပြီး ဖြီးပေးပါ။

မျက်ခုံးလေး trim လုပ်ထားရင် ပိုလှပါတယ်။

ဒါမှ တစ်ချောင်းခြင်းစီဖြာထွက်နေသလိုမျိုးနဲ့
ထင်းသွားမှာ. Gel သုံးပြီးတဲ့အချိန်
ကိုယ်သုံးနေကျ Eyebrow Pencil နဲ့
မျက်ခုံးဖြာထွက်နေတဲ့အတိုင်း
လိုက်ခြယ်ပေးရင်တော့ပိုလှသွားပါပြီရှငိ။

Price - 3500 ks

Direct from bkk

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nora Fashion & Beauty Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share