Maple-29

Maple-29 🍁 Maple29

Thoughtfully crafted clothing for women who value comfort, confidence, and timeless style. Made ethically in Myanmar. Wear What Matters.

16/07/2026

🍁 MAPLE 29 🍁

🌿 Zero Waste Pant 🌿

မိုးအေးအေးလေးကျတဲ့နေ့မှာဝတ်လိုက်တာနဲ့ပေါ့ပါးသက်သာပြီးစတိုင်ကျနေစေမယ့်Zero Waste Plus Size Pantကလေးနဲ့မိတ်ဆက်ပေးပါရစေရှင်​ြ

🍁 MAPLE 29 🍁🌿 Zero Waste Plus Size Pant 🌿အင်းလေးသစ်သျှူးသားနဲ့ချုပ်လုပ်ထားတဲ့လူကြိုက်များတဲ့Zero Waste pant အရောင်အသစ်လေ...
16/07/2026

🍁 MAPLE 29 🍁

🌿 Zero Waste Plus Size Pant 🌿

အင်းလေးသစ်သျှူးသားနဲ့ချုပ်လုပ်ထားတဲ့လူကြိုက်များတဲ့Zero Waste pant အရောင်အသစ်လေးတွေရောက်ပါပြီရှင့်💚

ပေါ့ပါးပြီး ဝတ်ရတာ သက်တောင့်သက်သာရှိလို့ ဝတ်လို့ဝတ်ထားမှန်းတောင် မသိသာလောက်အောင် comfy ဖြစ်ပါတယ် ✨

ပိတ်စတွေကို မဖြုန်းတီးချင်တဲ့သူတွေအတွက်
ဖြတ်ထုတ်ခြင်း၊ ညှပ်ထုတ်ခြင်း မရှိဘဲ ချုပ်ထားတဲ့ ဒီဇိူင်းလေးပါရှင့် 🌿

💫 Style လည်းလှ၊ comfort လည်းဖစ်ပြီးပြီးပြည့်စုံတဲ့ဒီဇိုင်းလေးပါရှင့်💜

🌸 Color Available
– Natural White 🤍
– Pink💘
– Banana Leaf💚
– Black🖤

15/07/2026

အမျိုးသမီးတွေအတွက်ဝတ်လိုက်ရင်အရပ်ပိုရှည်ပြီးပိန်သလိုမြင်စေမယ့် Plus Size Zero Waste Stripe Pantကလေးနဲ့မိတ်ဆက်ပေးပါရစေရှင့်🍁🍁

🍁 MAPLE29 အလုပ်ခေါ်စာJoin Our Team!MAPLE29 သည် လုပ်ငန်းတိုးချဲ့မှုနှင့်အတူ စိတ်အားထက်သန်ပြီး တာဝန်ယူမှုရှိသော Team Membe...
15/07/2026

🍁 MAPLE29 အလုပ်ခေါ်စာ

Join Our Team!

MAPLE29 သည် လုပ်ငန်းတိုးချဲ့မှုနှင့်အတူ စိတ်အားထက်သန်ပြီး တာဝန်ယူမှုရှိသော Team Member အသစ်များကို ခေါ်ယူနေပါသည်။

Fashion Industry ကို စိတ်ဝင်စားသူ၊ သင်ယူလိုစိတ်ရှိသူ၊ ဖန်တီးမှုရှိသူနှင့် ရေရှည်လက်တွဲပြီး အတူတကွ ကြီးထွားလိုသူများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

📌 လက်ရှိခေါ်ယူနေသော ရာထူးများ

🍁 Personal Assistant to the Founder (၁) ဦး

• Founder ၏ နေ့စဉ်အချိန်ဇယား၊ အစည်းအဝေးများနှင့် လုပ်ငန်းတာဝန်များကို စီမံကူညီဆောင်ရွက်ခြင်း
• Project များနှင့် လုပ်ငန်းစဉ်များကို Follow-up ပြုလုပ်ခြင်း
• Business Partners၊ Suppliers နှင့် Team များအကြား Coordination ပြုလုပ်ခြင်း
• Report၊ Presentation နှင့် Business Documents များ ပြင်ဆင်ပေးခြင်း

🍁 Office Staff (၁) ဦး

• Sales၊ Expenses နှင့် Inventory Data များကို စနစ်တကျ ထည့်သွင်းခြင်း
• Daily၊ Weekly နှင့် Monthly Report များ ပြုစုတင်ပြခြင်း
• Office Documents နှင့် Records များကို စနစ်တကျ ထိန်းသိမ်းခြင်း
• နေ့စဉ်ရုံးလုပ်ငန်းများတွင် Team နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

🍁 Sales Associate (Female) (၁) ဦး

• Customer များအား နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးခြင်း
• Product များကို မိတ်ဆက်ရောင်းချခြင်းနှင့် Styling အကြံပြုပေးခြင်း
• POS System ဖြင့် အရောင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း
• Product Photo & Video များ ရိုက်ကူးပေးခြင်း
• Social Media Content၊ Live Sale နှင့် Promotion များတွင် ပါဝင်ကူညီခြင်း

🍁 Assistant Pattern Maker (၁) ဦး

• Pattern Making နှင့် Pattern Revision များတွင် ကူညီဆောင်ရွက်ခြင်း
• Pattern အတိုင်း Fabric Cutting ပြုလုပ်ခြင်း
• Sample Development နှင့် Product Development Process များတွင် ပါဝင်ခြင်း
• Design Team နှင့် ပူးပေါင်း၍ Collection အသစ်များ ဖန်တီးရာတွင် ကူညီဆောင်ရွက်ခြင်း

💛 MAPLE29 နှင့် လက်တွဲလုပ်ကိုင်ခြင်းဖြင့်…

✔ Fashion Industry အတွေ့အကြုံ ရရှိမည်။
✔ Professional Team နှင့်အတူ လေ့လာသင်ယူနိုင်မည်။
✔ Career Development နှင့် Growth Opportunities များ ရရှိမည်။
✔ ကြီးထွားလာသော Myanmar Fashion Brand တစ်ခုနှင့်အတူ ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည်။

📍 အလုပ်နေရာ

South Okkalapa Township, Yangon

🕘 အလုပ်ချိန်

Monday – Saturday
9:00 AM – 5:30 PM

📩 လျှောက်ထားရန်

ကျေးဇူးပြု၍ အောက်ပါအချက်အလက်များနှင့်အတူ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

• CV
• လုပ်ငန်းအတွေ့အကြုံ (Experience)
• မျှော်မှန်းလစာ (Expected Salary)
• လျှောက်ထားလိုသော Position

📧 Email: [email protected]

📱 Viber: 09 799 681 662

💬 Facebook Messenger: MAPLE29

🍁 MAPLE29 နှင့်အတူ မြန်မာဖက်ရှင်လုပ်ငန်းတစ်ခု၏ အနာဂတ်ကို အတူတကွ ဖန်တီးပြီး သင့်ရဲ့အရည်အချင်း၊ စိတ်ကူးစိတ်သန်းနဲ့ Career ကို နောက်တစ်ဆင့် တိုးတက်အောင် လာရောက်လက်တွဲလိုက်ပါ။

Zero Waste Stripe Pant 🤍✨Zero Waste Stripe Pant လေးကို ရိုးရိုး Size မထွက်သေးဘူးလားလို့ မေးနေကြတဲ့ ချစ်ရတဲ့မမတို့အတွက် ရ...
15/07/2026

Zero Waste Stripe Pant 🤍✨

Zero Waste Stripe Pant လေးကို ရိုးရိုး Size မထွက်သေးဘူးလားလို့ မေးနေကြတဲ့ ချစ်ရတဲ့မမတို့အတွက် ရိုးရိုး Size လေး ရပါပြီရှင့် 🤍

ပေါ့ပါးနူးညံ့တဲ့ Fabric လေးကို အသုံးပြုပေးထားလို့ ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိပြီး နေ့စဉ်ဝတ်အတွက် အရမ်းအဆင်ပြေပါတယ်ရှင့် ✨

ရာသီဥတုမရွေး ဝတ်ဆင်လို့ရသလို ကိုယ်နှစ်သက်တဲ့ Top Design လေးတွေနဲ့လည်း လွယ်ကူစွာ Mix & Match လုပ်နိုင်တဲ့ Basic Pant လေးပါ 🤍

Zero Waste Concept အတိုင်း ပိတ်စအလေအလွင့် မဖြစ်စေရန် သေချာစီစဉ်ဖန်တီးထားပြီး ကျန်ရှိတဲ့ Fabric အသေးစိတ်လေးတွေကိုတောင် အလဟဿမဖြစ်အောင် ဂရုတစိုက် ချုပ်လုပ်ပေးထားပါတယ်ရှင့် 🌿

အရည်အသွေးနဲ့ Design နှစ်မျိုးလုံးကို ယုံကြည်စိတ်ချစွာ ဝတ်ဆင်နိုင်မယ့် Zero Waste Stripe Pant လေးပါရှင့် 🤍✨

14/07/2026

Plus Size Zero Waste Stand Neck Blouse+Zero Waste Pant🍁🍁

Helloချစ်ရတဲ့မေတို့ကိုဒီကနေ့မင်မင်မိတ်ဆက်ပေးမယ့်ဒီဇိုင်းလေးကတော့📢📣Zero waste Stand Neck Blouse+Zero waste pant plus size...
14/07/2026

Helloချစ်ရတဲ့မေတို့ကိုဒီကနေ့မင်မင်မိတ်ဆက်ပေးမယ့်ဒီဇိုင်းလေးကတော့📢📣
Zero waste Stand Neck Blouse+Zero waste pant plus sizeကလေးဘဲဖြစ်ပါတယ်ရှင့်💜🍁
ချည်သားနုနုအေးအေးလေးကိုမှစတိုင်ကျလှပြီးသက်တောင့်သက်သာဝတ်လို့ရမယ့်ဒီဇိုင်းလေးတွေဘဲဖြစ်ပါတယ်ရှင့်🍁🍁

Plus Size Zero Waste လည်ထောင်

Available Colour: Green, Blue, Yellow

Bust: 44"-52"

Price: 34,000 MMK

Zero Waste Plus size Pant

Size- ခါး 36"-44"
တင် 46"-56"

Price -41500MMK

📍 Visit us at: New Address- No 120(B), Thumingalar Street, Padaythar Junction, 12 Quarter,
South Okkalar
09-950 555 800

Location 📍 https://maps.app.goo.gl/EVULW8PiqBfutpeJ6?g_st=com.google.maps.preview.copy

Phone- 09 883 888 687
09 950 555 800

Opening Hours : 9:30 am - 5:30 pm
Payment : Cards, Banks Transfer, KBZ PAY, AYA PAY, Cash

✨ Wear Your Value
✨ Fashion With Purpose

🍁 MAPLE 29 – Aria Dress Collection 🍁ရိုးရိုးလေးနဲ့ အလှပေါ်လွင်စေမယ့် Aria Dress လေးတွေပါ ✨Soft Texture Fabric နဲ့ ချုပ်ထ...
13/07/2026

🍁 MAPLE 29 – Aria Dress Collection 🍁

ရိုးရိုးလေးနဲ့ အလှပေါ်လွင်စေမယ့် Aria Dress လေးတွေပါ ✨
Soft Texture Fabric နဲ့ ချုပ်ထားလို့ ဝတ်လိုက်တာနဲ့ ပေါ့ပါးပြီး Elegant Look လေးကို ပိုင်ဆိုင်နိုင်မှာပါ🤍

Back Ribbon Design လေးက မိန်းကလေးဆန်ဆန် Charm ကို ပိုမိုထင်ရှားစေပြီး,
Flowy Cutting လေးကြောင့် ဘယ် Angle ကကြည့်ကြည့် လှနေစေမယ့် Dress လေးပါ ရှင့်💫

🎨 Available Colors
🤍 Cream – နူးညံ့သန့်ရှင်းတဲ့ အလှ
💚 Olive Green – အေးချမ်းပြီး Classy ဖြစ်တဲ့ အလှ

📌 Free Size
💰 Price – 59,000 Ks

Brunch Date, Café Day, Vacation Trip ပဲဖြစ်ဖြစ်
အမှတ်တရပုံလှလှလေးတွေအတွက် မရှိမဖြစ် Outfit လေးပါ ရှင့်📸✨

မှာယူလိုပါက Page Chat Box မှာ စုံစမ်းနိုင်ပါတယ် 💌

13/07/2026

Be aware of Fake Accounts List
🚨 အရေးပေါ် အသိပေးကြေညာချက် 🚨
1. https://www.facebook.com/share/18wQPVeoG9/?mibextid=wwXIfr

2. https://www.facebook.com/share/1DwQoAnNPS/?mibextid=wwXIfr

3. https://www.facebook.com/share/192xNKtJbj/?mibextid=wwXIfr

ချစ်ရသော Maple29🍁 Customer များရှင့်…

လက်ရှိတွင် Maple29🍁 အမည်နှင့် Logo ကို အသုံးပြု၍ အယောင်ဆောင်ထားသော Fake Accounts များ ရည်ရွယ်ချက်ရှိရှိ တစ်ခုပြီးတစ်ခု
ပေါ်ပေါက်နေပြီး Maple29🍁 ၏ ထုတ်ကုန်များကို အသုံးပြုကာ စျေးရောင်း Post များ တင်နေသည်ကို တွေ့ရှိရပါသည်။

⚠️ အဆိုပါ Page များသည် Maple29🍁 ၏ Official Page လုံးဝ မဟုတ်ပါ။ Maple29🍁 နှင့် မည်သည့်သက်ဆိုင်မှုမျှ မရှိပါ။

Customer များအနေဖြင့် အဆိုပါ Page ကို Report လုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ထို့အပြင် အဆိုပါ Fake Page မှ Order တင်ခြင်း၊ Chat ပြောဆိုခြင်း၊ ငွေလွှဲခြင်း သို့မဟုတ် မည်သည့်ဝယ်ယူမှုမျိုးကိုမျှ မပြုလုပ်ကြပါရန် အထူးသတိပေးအပ်ပါသည်။

Maple29🍁 အနေဖြင့် Customer များ အထင်အမြင်လွဲမှားခြင်း၊ ငွေကြေးဆုံးရှုံးခြင်းနှင့် လိမ်လည်ခံရနိုင်ခြင်းများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ အသိပေးအပ်ခြင်းဖြစ်ပါသည်။

ကျေးဇူးပြု၍ အဆိုပါ Fake Page ကို Report လုပ်ပေးကြပြီး Followers (56K) ရှိသောOfficial Maple29🍁 Page မှတင်သော Post များကိုသာ ယုံကြည်၍ အားပေးဝယ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဝိုင်းဝန်းကူညီ Report လုပ်ပေးကြသော Customer များအားလုံးကို Maple29🍁 မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏💚

12/07/2026

Attention Plz

ဒီ Video လေးကို ရိုက်ရတဲ့အကြောင်းရင်းကတော့ Maple29 ကို ချစ်ပြီး အမြဲအားပေးနေတဲ့ Customer တွေအားလုံးကို အခြေအနေမှန်ကို အသိပေးချင်လို့ပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ Maple29 ကို အယောင်ဆောင်တဲ့ Facebook Account တစ်ခု ပေါ်လာခဲ့ပြီး Customer တွေကို ဆက်သွယ်တာ၊ Reply ဝင်ပေးတာ၊ Maple29 နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ အချက်အလက်တွေ ပြောဆိုတာတွေ ဖြစ်ပွားနေပါတယ်။

ဒီကိစ္စကို ကျွန်မတို့ မပြောဘဲ မနေနိုင်တော့တာက Customer တချို့က Screenshot တွေ၊ Chat History တွေ၊ အထောက်အထားတွေကို တိုက်ရိုက်ပို့ပေးလာလို့ပါ။

ကျွန်မတို့ လက်ထဲမှာရှိတဲ့ အထောက်အထားတွေအရ အဲဒီ Account က Customer တွေဆီ သွားရောက်ဆက်သွယ်ပြီး Maple29 ဟာ Scam Page ဖြစ်တယ်၊ မယုံသင့်ဘူးဆိုတဲ့ စကားတွေ ပြောဆိုနေတာကို တွေ့ရပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ Maple29 ကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ Customer တွေကိုလည်း စိတ်ရှုပ်ထွေးစေပြီး အမှားအယွင်းဖြစ်နိုင်တဲ့ အခြေအနေကို ဖန်တီးနေပါတယ်။

Maple29 က လုပ်ငန်းစတင်ခဲ့တာ (၅) နှစ်ကျော်ရှိပါပြီ။ ဒီအချိန်အထိ Customer တွေရဲ့ ယုံကြည်မှုကို အခြေခံပြီး အလုပ်လုပ်လာတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဘယ်တုန်းကမှ Customer ကို လှည့်စားဖို့ မဟုတ်သလို အခုလည်း မဟုတ်ပါဘူး။

ဒီ Video ကို တင်ရတဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ Customer တွေကို အခြေအနေမှန်ကို သိစေချင်တာ၊ နောက်ပြီး ဒီလို အယောင်ဆောင်မှုတွေကို သတိထားနိုင်ဖို့ အသိပေးချင်တာ ဖြစ်ပါတယ်။

Maple29 ရဲ့ Official Page နဲ့ Official Bank Account ကနေသာ ဆက်သွယ်ပြီး ငွေလွှဲပေးကြပါ။ မသေချာတဲ့ Account တစ်ခုခုက ဆက်သွယ်လာရင် Page ကို တိုက်ရိုက် မေးမြန်းပြီး အတည်ပြုပေးကြပါ။

Customer တွေ ပို့ပေးထားတဲ့ အထောက်အထားအားလုံးကို ကျွန်မတို့ စနစ်တကျ သိမ်းဆည်းထားပြီး လိုအပ်ပါက သက်ဆိုင်ရာ နည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အမြဲတမ်း ယုံကြည်ပြီး အားပေးပေးတဲ့ Customer တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်။ Maple29 ကလည်း Customer တွေရဲ့ ယုံကြည်မှုကို ဆက်လက်ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားသွားပါမယ်။

Address

Myaing Haywun Street
Yangon
11061

Alerts

Be the first to know and let us send you an email when Maple-29 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maple-29:

Share