Choice

Choice 💯100% authentic & direct from 🇹🇭
Thank you for shopping with us❣️

ခက်ခက်ခဲခဲ နဲ့ အစပျိုးထားရပြီး သေချာတည်ဆောက်ထားရတဲ့  Business တစ်ခုကို ရုတ်တရပ် ရပ်လိုက်ရတဲ့အခါ အဓိက ထိခိုက်သွားရတာ စိတ်...
03/05/2026

ခက်ခက်ခဲခဲ နဲ့ အစပျိုးထားရပြီး သေချာတည်ဆောက်ထားရတဲ့ Business တစ်ခုကို ရုတ်တရပ် ရပ်လိုက်ရတဲ့အခါ အဓိက ထိခိုက်သွားရတာ စိတ်ပိုင်းဆိုင်ရာပါ..

မရောက်လာတော့တဲ့ ပစ္စည်း ပုံးတွေရယ် Tracking လဲ လိုက်မရ ဘယ်ဆီမှန်းမသိနေတာတွေရယ် ဆက်သွားဖို့ရာလဲ မလွယ်ကူတဲ့ အခြေအနေတွေမှာ ဘာဆက်လုပ်ရမယ် မသိတော့ပဲ ရှိနေပြီးသား အပို ပစ္စည်းတွေလဲ ထုတ်မရောင်းနိုင် စာရင်းတွေလဲ မလုပ်နိုင်တော့ အကုန်ပစ်ထားပြီး နေခဲ့တာ လ အတော်ကို ကြာခဲ့ပါပြီ..

ကိုယ်တိုင်လဲဆောက်တည်ရာမရချိန်မှာ အခြားသော ကိစ္စရပ်များကြောင့်လဲ လူအပိုလဲမရှိချိန် အကုန် လစ်ဟင်းသွားတာတွေ အတွက် ပစ္စည်း မပို့နိုင် လိုက်တာတွေ အတွက် Customer အားလူံးကို တောင်းပန်ပါတယ်နော် ( ဒီ ၅ နှစ်တာမှာ ဒါ ပထမဆုံးအကြိမ် လစ်ဟင်းမှုပါ)

Deposit ပေးထားတာတွေ အကုန် Refund ပြန်လွှဲပေးထားပါတယ် ပို့ဖို့ပြောလက်စတွေလဲ သေချာ ပို့ထားပေးပါပြီ.. ဆက်မရောင်းတော့ဖူးလားလို့ လာမေးကြရင် လက်ရှိ အခြေအနေက နေ့စဉ် ပြောင်းလဲမှုတွေရယ် ဈေးပြန်ဝယ်မယ်လုပ်လိုက် လမ်းက ပြန်ပိတ်လိုက် .. နေ့ရက်တိုင်းက ဘာမှန်းမသိတာရော Cargo fees ရဲ့ ကြောက်ခမန်းလိလိ တက်တာတွေကြောင့် ဘယ်ကစရမယ်ကိုမသိတော့ပဲ ကိုယ်တိုင်လဲ လမ်းပျောက်နေသေးတာမို့ ဆက်မရောင်းဖြစ်သေးပါဖူးရှင်..

လက်ကျန် Ground Stock တွေ စစ်ပြီးရင်တော့ လက်ကျန်လေးတွေ အကုန် ဖြတ်ရင်း .. လုပ်ငန်းတွေ ပြန်အဆင်ပြေမဲ့အချိန် ကိုပဲ မျှော်ရမယ်ထင်ပါတယ်..

ဒီကာလတွေမှာ ကျန်းမာရေးက အရေးကြီးတာကို ကိုယ်တိုင်သိလိုက်ရလို့ အမတို့လဲ နေကောင်းကျန်းမာအောင်နေကြပါအုံးနော် .. အရင်လို ဈေးသေချာလေး ပြန်ရောင်းခွင့်ရဖို့ကိုပဲ မျှော်လင့်နေပါတော့မယ်.

ခုပို့ဖို့ လိုက်ပြောဖြစ်တာတွေက လက်ရှိ ရန်ကုန်ကိုရောက်ထားတာတွေပါ လတွေကြာတော့ မယူဖြစ်တာတွေလဲ cancel တွေ အကုန်နောက်မှ insto...
05/01/2026

ခုပို့ဖို့ လိုက်ပြောဖြစ်တာတွေက လက်ရှိ ရန်ကုန်ကိုရောက်ထားတာတွေပါ လတွေကြာတော့ မယူဖြစ်တာတွေလဲ cancel တွေ အကုန်နောက်မှ instock sale သီးသန့်တင်ပါမယ်ရှင်

Cargo ဆီပိတ်မိနေသော Mossdoom, Bostanten, Hodekt ,Corolla တွေကတော့ ရောက်ခါမှပဲ Cancel post တင်ရတော့မှာပါ ( မယူဖြစ်တော့တာတွေ အများကြီးပါ )

ခုရောက်တာတွေကိုလဲ မယူတော့ရင် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်နော် စောင့်ထားပေးတာကိုပဲကျေးဇူးတင်ပါတယ် .. ပစ္စည်းတွေတော့ မသိမ်းထားပေးတော့ပါဖူးရှင် စာရင်းတွေ အကုန်ဖြတ်ပြီးခါမှပဲ Instock တွေလဲ တင်လို့ရမှာမလို့ပါ..

Cancel တွေ အများကြီးပါပဲ .. လက်ကျန်တွေ အကုန်ဖြတ်ချင်တာမို့ အားလုံးရှင်းပြီးမှ တင်မယ်နော်..

အရင်တင်ထားခဲ့သမျှတွေ ရသေးလား လာမေးကြတာ အားလဲနာပါတယ် page လေး နားထားတာ ၆ လ ရှိနေပါပြီ... ယနေ့အထိ ၇ လပိုင်းရောင်းခဲ့သမျှတွ...
04/01/2026

အရင်တင်ထားခဲ့သမျှတွေ ရသေးလား လာမေးကြတာ အားလဲနာပါတယ် page လေး နားထားတာ ၆ လ ရှိနေပါပြီ...

ယနေ့အထိ ၇ လပိုင်းရောင်းခဲ့သမျှတွေ cargo ဆီကနေကို မရသေးပါဖူးရှင်
preorders တွေက တစ်ခါရောက်ရင် kg 20-30 နီးပါးဆိုတော့ item တစ်မျိုးကို အရေအတွက်20 ဝန်းကျင်လောက် ရောင်းရပါတယ် ( ပုံတွေက ပစ္စည်းတစ်ခါရောက်ရင် အပြည့် ကိုပြချင်တာပါ )

ပုံမှန်လည်ပတ်နေတဲ့ business တစ်ခု က ရပ်လိုက်ရတာ ခုဆို ၆ လ လောက်ရှိပါပြီ စောင့်ခိုင်းရတာတွေလဲ အားနာရပါတယ်

Cargo fees 6000 ဝန်းကျင်ကနေ ၄-၅ ဆ တက်သွားတာတောင် သယ်မရတာတွေ အတွက် တကယ်ကိုအားနာပါတယ် ဒီလကုန်ထိမှ မရတော့ရင် cancel ခွင့်သာ ပြုပါတော့နော်😔

ဒီရက်ထဲ အရင်ရောက်ထားတဲ့ စုထားသမျှတွေ ပို့ဖို့ တစ်ဦးချင်းလိုက်မေးပါမယ်ရှင် မယူဖြစ်တော့ရင်လဲ တစ်ခါတည်းသာ ပြောပေးပါနော်

Online shop လေး 2021 တည်းက အစပြုလာခဲ့တာ 2025 မှာတော့ အနားယူတာ အကြာဆုံးပါပဲ.. ဒီနှစ်မှာတော့ ပြန်အဆင်ပြေမယ်လို့ မျှော်လင့်ရတာပါပဲ 🥺

ဈေးတွေ ပြန်ရောင်းချင်ပါတယ် ခုက ပစ္စည်းကို သယ်မရတာပါ ကိုယ်သယ်နေတဲ့ cargo က လုံးဝ လက်မခံသေးတာလဲ ပါပါတယ် အသစ်လဲ ထပ်မရှာချင်တာမို့ ဘယ်ချိန်ထိ နားရအုံးမယ် မသိသေးဖူး အမတို့ရယ်..

တစ်ချက်လေးမှ မငြိုငြင်ကြပဲ လာမပြောကြတဲ့ အမတို့ ကို တကယ် ကျေးဇူးတင်ပါတယ်နော်.. 🙏🙏🙏

ဒီရက်ထဲ Corolla shoes တွေ review ပြန်တက်နေတော့ page cb မှာ လာမေးလိုက်ကြတာကွယ်.. အရင် 7-8 လ ပိုင်းက မှာထားသူတွေရဲ့ ဖိနပ်တ...
16/11/2025

ဒီရက်ထဲ Corolla shoes တွေ review ပြန်တက်နေတော့ page cb မှာ လာမေးလိုက်ကြတာကွယ်..

အရင် 7-8 လ ပိုင်းက မှာထားသူတွေရဲ့ ဖိနပ်တွေလဲ ခုထိ သယ်မရပါဖူး..

Air cargo နဲ့ ဖိနပ်သယ်မယ်ဆို 1kg - 30000 တဲ့ ဖိနပ်တစ်ရံမှ 70000 ရောင်းတာလေနော် cargo ခ နဲ​ြ လုံးဝ မကိုက်တော့လို့ ဈေးရောင်းလေး နားထားတာအမတို့ရယ်..

စိတ်တွေလဲညစ်တာနဲ့ ပစ္စည်းပုံကို လုံးဝ မကြည့်ဖြစ်နေတာ ဒီရက်တွေထဲတော့ လက်ကျန်တွေရှင်းနိုင်မယ်ထင်ပါတယ်

တစ်ဦးချင်းလဲ လာမေးပြီး ပို့စရာရှ်ိတာတွေ ပို့ထားပါမယ်

စောင့်ရတာကြာပြီး မယူဖြစ်တော့လို့ cancel ကြလဲ တကယ် စိတ်မဆိုးဖူးနော် စောင့်ခိုင်းထားရတာပဲ အားနာရပါတယ် တကယ်လဲကျေးဇူးတင်တယ်နော်

ဘယ်နေ့တော့ အရင်လို အမတို့ရေ ဆိုပြီိး ဈေးပြန်ရောင်းဖြစ်မယ် မသိသေးဖူးပေါ့နော်
အရင်လို ဈေးတွေရောင်းလိုက် ကိုယ့်အမတွေနဲ့ Instock တွေ လုလိုက်ပဲ ပြန်လုပ်ချင်တော့တယ် အမတို့ရယ်...

ဈေးမရောင်းတော့ဖူးလား မေးကြတော့ လက်ရှိ အခြေအနေက ကိုယ်အပ်တဲ့ cargo က air လဲ လက်မခံသေးပါဖူးရှင် Cargo fees ပုံမှန် 1kg -600...
16/10/2025

ဈေးမရောင်းတော့ဖူးလား မေးကြတော့ လက်ရှိ အခြေအနေက ကိုယ်အပ်တဲ့ cargo က air လဲ လက်မခံသေးပါဖူးရှင်

Cargo fees ပုံမှန် 1kg -6000 ကနေ ခုဆို 1kg- 26000-28000ks ဖြစ်သွားတော့ ဘယ်ဈေးနဲ့ဘယ်လို တွက်ရမယ်တောင် မသိတော့ပါဖူး

July - August ပစ္စည်းတွေလဲထုတ်မရ နဲ့ အကုန်စိုက်ထားရတော့ စိတ်ဓါတ်ကျရုံပဲရှိပါတယ်

စောင့်ခိုင်းထားရတာ တကယ်အားနာပါတယ် အိတ်လေးတွေဆို customer လေးတွေက လက်ဆောင်ပေးဖို့ ဝယ်ထားကြတာမို့ အကြောင်းကြောင်းကြောင့် မယူဖြစ်တော့လဲ ရပါတယ်ရှင်

ဒီလောက်ထိလဲ လမ်းမပိတ်ဖူးတာမို့ admin တိူ့လဲ ဘာပြောရမယ်မသိပါဖူး.. တကယ်အားနာပါတယ်နော်

ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ကြပါစေရှင်Sale post လေးတွေ နားထားတာ တစ်လကျော်နေပေမဲ့ အမြဲသတိရပါတယ် လမ်းအခြေအနေ...
06/10/2025

ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ကြပါစေရှင်

Sale post လေးတွေ နားထားတာ တစ်လကျော်နေပေမဲ့ အမြဲသတိရပါတယ် လမ်းအခြေအနေလေးတွေ မထူးသေးတော့ ထပ်ရောင်းရမှာလဲ အားနာနေရလို့ပါ..

အမြဲအားပေးကြတဲ့ ကိုယ့်အမတို့ နေကောင်းကျန်းမာပြီး အစစ အရာရာ အဆင်ပြေကြပါစေကြောငိး Choice ကနေ ဆုတောင်းပေးလိုက်ရပါတယ်ရှင်🙏🙏🙏

❤️

မတွေ့တာကြာလို့ သတိရနေကြမလားဟင်အမတို့.. လမ်းအခြေအနေမထူးသေးပါဖူးရှင် .. air နဲ့ မသယ်ဖူးလားလိူ့ မေးချင်ကြမှာပါ.. June, July...
16/09/2025

မတွေ့တာကြာလို့ သတိရနေကြမလားဟင်အမတို့..

လမ်းအခြေအနေမထူးသေးပါဖူးရှင် .. air နဲ့ မသယ်ဖူးလားလိူ့ မေးချင်ကြမှာပါ..
June, July လရဲ့ အရောင်းတွေအများစု July လကုန်မှာ Bkk home ကိုရောက်ပြီး စပို့လိုက်ပြီမို့ အကုန်လမ်းမှာ ရောက်သွားတာပါ
Air နဲ့လဲ ပြန်သယ်လို့လဲ မရ ,ကိုယ့်အထုပ်က ဘယ်ဆီမှန်းမသိရတဲ့ အခြေအနေပဲမို့ ဈေးလဲ ဆက်မရောင်းဖြစ်တော့တာပါ..

Os ကို အပျော်သဘောနဲ့ စခဲ့တာမဟူတ်တာမို့ ခုလို အကုန်ပိတ်သွားချိန်က ဘာမှဆက်လုပ်လို့မရတော့ပဲထိုင်ပဲထိုင်နေရပါတော့တယ်

Mossdoom, Bostanten အိတ်တွေ အလုံး၅၀ ကျော် watsons sale item ပေါင်းများစွာ ပိတ်နေခဲ့တာ ၁လကျော်ပါပြီ.. 20% လောက်ပဲ prepaid ယူခဲ့တာမို့ ငွေလဲ အကုန်ပိတ်,ကိုယ့်ပစ္စည်းတွေလဲဘာမှန်းမသိရသေးပါဖူး..

❗️အားနာနာနဲ့ပဲ သည်းခံစောင့်ထားပေးဖိူ့ တောင်းဆိုရပေမဲ့ ဝယ်ထားသမျှ ရောင်းထားသမျှဟာ essential ပစ္စည်းတွေ မဟုတ်ကြတော့ တကယ်လို့ မစောင့်နိုင်တော့ရင် order cancel ပြီး deposit ပေးထားခဲ့ရင် page cb မှာ ပြန်လာယူလိူ့ရပါတယ် ❗️
စောင့်ထားပေးကြမယ်ဆိုရင်လဲ ပို့ခတွေ ဘလိုပဲတက်တက် ဈေးမတက်ပဲ june july ရောင်းဈေးအတိုင်းပဲ ပို့ပေးမှာပါရှင်❤️

အားနာလွန်းလို့ လာမေးသမျှလဲ ငြင်းရတာ တကယ်လဲ စိတ်ပင်ပန်းရပါတယ် ခုရက်ထဲ အရင်လတွေတည်းကစုယူမယ်ပြောထားတာတွေကို မစောင့်ထားပေး
တော့ပဲ ပို့ပါရစေရှင် အထုပ်တွေများပြီး တကယ်လဲ မမှတ်မိတော့လို့ပါ..

Preorder တွေအတွက် အချိန်တစ်ခုထိ နားထားပါရစေရှင်

လမ်းအခြေအနေ တွေပါရှင် သယ်လို့ လူံးဝ မရတဲ့ အခြေအနေမို့ ထိုင်ပဲ ကြည့်နေရပါတော့တယ် Air cargo ပြောင်းမသယ်ဖူးလားဆ်ိုတော့ .. ပ...
19/08/2025

လမ်းအခြေအနေ တွေပါရှင် သယ်လို့ လူံးဝ မရတဲ့ အခြေအနေမို့ ထိုင်ပဲ ကြည့်နေရပါတော့တယ်

Air cargo ပြောင်းမသယ်ဖူးလားဆ်ိုတော့ .. ပို့ထားတဲ့ အထုပ်တွေက လမ်းမှာ ဘယ်ဆီနေမှန်းလဲ tracking မရတဲ့ အခြေအနေပါပဲ

အကုန်အိတ်စိုက်ထားရတဲ့သူမို့ စိတ်ဒုန်းဒုန်းချပြီး မျှော်နေရုံပါပဲ အမတို့ရယ် 🥺 prepaid လဲ မယူထားပါဖူး deposit 5000-10000 သာသာပဲ ယူထားတာမို့ ခုဖြစ်နေကြတဲ့ အခြေအနေတွေလဲ နားလည်ပေးကြပါအူံးနော်

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်​ရေးတံတားအမှတ် (၂)ကို သြဂုတ် ၁၈ ရက် ဒီနေ့ မနက်ပိုင်းက စတင်ကာ ကားတွေ ဖြတ်သန်းသွားလာခွင့်နဲ့ ကုန်စည်တွေ တင်သွင်းခွင့်ကို ယာယီပိတ်ထားလိုက်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေတဲ့အတွက် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ် ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#မြန်မာ_ထိုင်းချစ်ကြည်ရေးတံတားအမှတ်၂ #နယ်စပ်ကုန်သွယ်ရေး #မြဝတီ #မဲဆောက်

13/08/2025

စိတ်ညစ်ပါတယ် air cargo ကလဲ 1kg ကို 200-250B လောက်ကျ

သယ်ရတာလဲ မလွယ်တော့ဖူး

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Choice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category