DOUBLEU-ai

Call Contact the business

DOUBLEU-ai Local brand လေးတွေကိုမှ ဝတ်ချင်တဲ့သူတွေအတွက် Designer made လက်ရာလေးတွေပါနော်
(1)

26/10/2026

🕯️🪔Happy Thadingyunt 🪔🕯️

🪔 အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေရှင်🙏

03/10/2026
☝️ Oct 1 ကို စိတ်ရှည်မှုနဲ့ စမယ် ✌️🤗 ဝေ့ရဲ့ အမာခံ Customer အများစုက ဝေ့ရဲ့ စိတ်ရှည်မှု ကို သိကြတယ်🤭 Customer အသစ်လေးတွေဆ...
01/10/2026

☝️ Oct 1 ကို စိတ်ရှည်မှုနဲ့ စမယ် ✌️

🤗 ဝေ့ရဲ့ အမာခံ Customer အများစုက ဝေ့ရဲ့ စိတ်ရှည်မှု ကို သိကြတယ်

🤭 Customer အသစ်လေးတွေဆိုလည်း ချုပ်ရုံအကြောင်း စုံစမ်းဖို့ ဖုန်းဆက်လာပြီဆိုရင် ဝတ်ကျေတန်းကျေ ရှင်းပြလိုက်တာမျိုး လုံးဝမရှိဘူး

😉 အသေးစိတ် Details တွေကို နားလည်သွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတာပါ

😍 “အမရှင်းပြတာနဲ့တင် တော်တော်လေး အဆင်ပြေပြီး ယုံကြည်လာတယ်” လို့ Customer တွေက ပြောကြတဲ့အထိပါဘဲ

🫣 သူတို့ပြောတာနော်… တကယ် 🤭🥶

🤟 ကိုယ်အရမ်းချစ်ရတဲ့ အလုပ်လေးအပေါ် ဒီလောက်ထိ တန်ဖိုးထားသလို…

🩷 ကိုယ်ချစ်ရတဲ့ Customer လေးတွေအားလုံးကိုလည်း ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားပါတယ်နော်

🤍 ဒါကြောင့် ရေရှည်လက်တွဲနိုင်ဖို့အတွက်
အမြင့်လိုင်းသီးသန့် ချုပ်ရုံ DOUBLEU-ai ကနေ
Customer တစ်ယောက်ချင်းစီအတွက်
တာဝန်အပြည့်အဝ ယူပေးပါတယ်ရှင့် 🙋‍♀️



📣📣တောင်ဒဂုံထဲမှာ စက်ချုပ်ကျွမ်းကျင်လေးတွေ ရှိကြလားရှင့်❓❓❓✅အမတို့ ချုပ်ရုံလေးက တောင်ဒဂုံကဆိုတော့ တောင်ဒဂုံကို ဦးစားပေးခေ...
27/09/2026

📣📣တောင်ဒဂုံထဲမှာ စက်ချုပ်ကျွမ်းကျင်လေးတွေ ရှိကြလားရှင့်❓❓❓

✅အမတို့ ချုပ်ရုံလေးက တောင်ဒဂုံကဆိုတော့
တောင်ဒဂုံကို ဦးစားပေးခေါ်ချင်ပါတယ်✌️
✅ကျွမ်းကျင်ဝန်ထမ်း (၅)ဦး
✅မီးပူတိုက်/ကြယ်သီးတပ် အကူ(၂)ဦး ခေါ်ပါတယ်
✅နယ်မှလာတဲ့ ညီမလေးတွေအတွက် အဆောင်နေ ဝန်ထမ်း(၅)ဦးလည်း လိုချင်ပါတယ်

😎😎တကယ်ကျွမ်းကျင်ရင် တကယ်ပေးတာမို့ ကျွမ်းကျင်လစာ ၅ သိန်းမကျော်ဘူးတို့ ၆ သိန်းမကျော်ဘူးတို့ လေနဲ့လာမလျောက်ကြပါနဲ့

✌️✌️ ညှိုနှိုင်းလစာဖြင့် လာရောက် လျောက်ထားနိုင်ပါတယ်🤟🤟

❌ကိုယ့်စွမ်းရည် ဘလောက်ရှိလဲ ထုတ်မပြဘဲ
ဘယ်သူမှ ရုပ်ကြည့်ပီး လစာပြောပေးလို့ မရတာမို့
😎ကိုယ်စွမ်းရှိသလောက် ထုတ်ပြရင်
💰အိတ်ထဲရှိသလောက် ထုတ်ပေးမယ့် ကျမမို့
🤟သိချင်ရင် လာလျောက်ကြည့်ပါနော်

Wai Wai Lwin
📲09-758073882
No 667, Aung Chan Thar (3)st,70 Qt,South Dagon,Yangon.

#ကျွမ်းကျင်ဝန်ထမ်း #စက်ချုပ်ဝန်ထမ်း

ဒိနေ့မှာတော့ Tt Sales Mastery သင်တန်း ၂ ရက်တာ ပြီးခဲ့ပါပီ✌️☝️Fb page တခုပဲ သိတဲ့ ကိုယ့်အတွက်ကတော့🤟Tt Sales ဆိုတာ လုံးဝ အ...
16/09/2026

ဒိနေ့မှာတော့ Tt Sales Mastery သင်တန်း ၂ ရက်တာ ပြီးခဲ့ပါပီ✌️
☝️Fb page တခုပဲ သိတဲ့ ကိုယ့်အတွက်ကတော့
🤟Tt Sales ဆိုတာ လုံးဝ အသစ်အဆန်းပါ
📣ကိုယ်တိုင်သိမှ ကိုယ်ရော ကိုယ့်customer တွေအတွက်ပါ တတ်သိနားလည်သလောက် ရှင်းပြနိုင်ပေးအောင်လို့ join ခဲ့တဲ့ သင်တန်းလေးပါ
😘Business မတူတဲ့ အမတွေနဲ့လည်း ခင်မင်ရင်းနှီးခဲ့ကြပါတယ်လို့😘
SalesMastery


✨📣 DOUBLEU-ai Garment မှဝန်ထမ်းခေါ်ယူခြင်း ✨အမြင့်လိုင်း အိမ်ချုပ်ရုံ (တောင်ဒဂုံ) တွင်ချုပ်ရန်**************************...
13/09/2026

✨📣 DOUBLEU-ai Garment မှဝန်ထမ်းခေါ်ယူခြင်း ✨

အမြင့်လိုင်း အိမ်ချုပ်ရုံ (တောင်ဒဂုံ) တွင်ချုပ်ရန်
********************************************
✅မော်တာစက်ချုပ် ကျွမ်းကျင် အမျိုးသမီး (၅)ဦး
✅Helper -၁ ဦး(မီးပူတိုက်/ကြယ်သီးတပ်)

🔹 ညှပ်ပြီးသားအထည်များကို Point စုံ ချုပ်နိုင်ရပါမည်(တထည်လုံး ချုပ်စရာမလိုပါ)
🔹 အိမ်ချုပ်မော်တာနိုင်နင်းသူ/စက်ရုံကြီးမှ ကျွမ်းကျင်သူများ လျှောက်ထားနိုင်ပါသည်
(မသိပါက သင်ကြားပေးပါသည်)

⏰ အလုပ်ချိန် – 8:30 AM ~ 5:00 PM
🍽️ ထမင်းစားနားချိန် – 30 မိနစ်
☕ Tea Time – နေ့လည် 2:00 PM ကျော်လျှင် 15 မိနစ် (Coffee & Tea FREE ☕✨)
⛔️တနင်္ဂနွေ(၁)ရက်ပိတ်ပါသည်

💰 ကျွမ်းကျင် အခြေခံလစာ (မော်တာချုပ်)
Grade(A)>>> 500,000/++အပြင်
➕ရက်မှန်ကြေး 30000/+ကျန်းမာရေးစရိတ် 30000/-နဲ့ Bonus(6) မျိုးရရှိမှာဖြစ်ပါတယ်

Grade(B)>>>450,000/+++အပြင်
➕ရက်မှန်ကြေး 30000/+ကျန်းမာရေးစရိတ် 30000/-နဲ့ Bonus(6) မျိုးရရှိမှာဖြစ်ပါတယ်

💰Helper(စက်ချုပ်ကူရန်မလို)
အခြေခံလစာ-25,0000/-
➕ရက်မှန်ကြေး 30000/+ကျန်းမာရေးစရိတ် 30000/-

📄 CV Form နှင့် မှတ်ပုံတင်မိတ္တူဖြင့် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
📲 Viber / Phone / Telegram မှတဆင့်လည်း ဆက်သွယ်၍ Interview ပြုလုပ်နိုင်ပါသည်။
(လာရောက်လျှောက်သည့်နေ့တွင် မိမိအထူးတတ်ကျွမ်းတဲ့ ပွိုင့်(တခုကိုသာ)ချုပ်ပြရပါမည်)

📍 No.667, Aung Chan Thar (3) St, 70 Qt, South Dagon
📲 Wai Wai Lwin – 09-758073882

📚 Today Learning Day မို့📱 စာအဝင်လေးတွေနဲ့ ဖုန်းတွေကို ခုမှပဲ Reply ပြန်ရပါတယ်ရှင့် 🩷📣 ကျမရဲ့ Brand Owner လေးတွေအတွက်သတင...
11/09/2026

📚 Today Learning Day မို့
📱 စာအဝင်လေးတွေနဲ့ ဖုန်းတွေကို ခုမှပဲ Reply ပြန်ရပါတယ်ရှင့် 🩷

📣 ကျမရဲ့ Brand Owner လေးတွေအတွက်
သတင်းကောင်းလေးတစ်ခုလည်း သယ်လာတာမို့

🤫 ဘာများလဲဆိုတာတော့…
Stay Tuned ပါနော် 👀✨

🤫🤫ကျမ Loyal Customer လေးတွေအတွက်အထည် ၅၀ ထိ Free Production ထုတ်ပေးမယ့်အစီအစဉ်လေး ရှိတယ်နော် 😍📌 နောက်လမှ စပါမယ်ရှင့်…👀 De...
05/09/2026

🤫🤫ကျမ Loyal Customer လေးတွေအတွက်
အထည် ၅၀ ထိ Free Production ထုတ်ပေးမယ့်အစီအစဉ်လေး ရှိတယ်နော် 😍

📌 နောက်လမှ စပါမယ်ရှင့်…

👀 Detail မိအေး နောက်ရက်မှပဲ ပြောပေးမယ်နော် 🤭

ခုတော့ ဥပုသ်စောင့်ထားလို့
စာတောင် မနည်းရိုက်နေရ😌😂





01/09/2026

ကိုယ့်အနားမှာ အတူတူဆက်ရှိပြီး ကြိုးစားပေးနေတဲ့ ခလေး ၃ ယောက်အတွက် ရေမွှေးလက်ဆောင်လေးတွေ ပေးဖြစ်ခဲ့တယ် 💗

ကိုယ့်အနားမှာ ကျန်ခဲ့ပြီး ဆက်ပြီးကြိုးစားပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ် ခလေးတို့ရေ 😘

💪💪💪 အားဖြည့်ပေးမယ့် ဝန်ထမ်းသစ်လေးတွေ မလာခင် ရှိသမျှအားနဲ့ တူတူကြိုးစားကြတာပေါ့ 🤍

👋🏻 Bye Bye August 31 ရေ…ဒီတစ်လကို ပြန်ကြည့်လိုက်တော့“ငါ တော်တော်လေး ကြိုးစားခဲ့ပါလား…” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတ...
31/08/2026

👋🏻 Bye Bye August 31 ရေ…

ဒီတစ်လကို ပြန်ကြည့်လိုက်တော့
“ငါ တော်တော်လေး ကြိုးစားခဲ့ပါလား…” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတယ် 💪

ဒီလမှာတော့ ကိုယ့်လုပ်ငန်းအတွက်
ပိုကောင်းအောင်လုပ်မယ်
ပိုစနစ်ကျအောင်လုပ်မယ်
ကိုယ်တိုင်လည်း ပိုလေ့လာမယ်လို့ ဆုံးဖြတ်ပီး
Business Strategy သင်တန်းတွေ
Sales Potential တွေ သင်ခဲ့တယ်

လုပ်ငန်းခွင်ကို ပိုထိထိရောက်ရောက် လည်ပတ်နိုင်ဖို့
ဘယ်လိုစနစ်တကျ တည်ဆောက်ရမလဲဆိုတာတွေ လေ့လာခဲ့ရတာ တကယ် အကျိုးရှိခဲ့တဲ့ Aug လပါဘဲ

တစ်ခါတလေ
တစ်နေ့လုံး အလုပ်တွေပြီးမှ Zoom class တွေတက်ရတယ်
ပင်ပန်းနေပေမယ့်
“ငါ့လုပ်ငန်းအတွက်ပဲ” ဆိုပြီး ဆက်လေ့လာခဲ့တယ်

ကိုယ်က အားအပြည့်နဲ့ စပါမယ်ဆိုမှ နက်ဖန် Sep 1 မှာ ဝန်ထမ်း ၂ ယောက် (တစ်ယောက်က ကိုယ်ဝန်ဆောင်မိခင်မို့ တစ်ယောက်က နယ်ပြန်ချင်လို့မို့😵‍💫) အားလျော့သွားတယ်

ရင်ထဲမှာတော့
“ဟာ… ငါအခုမှစမှာလေကို…” ဆိုပြီး
နည်းနည်းတော့ စိတ်ကျမိတယ် 🥲🥹

ဒါပေမယ့်…

ဒီလောက်လေးနဲ့ အားလျော့နေရင်
ငါ ဘယ်လို Founder လုပ်ပီး ရှေ့ဆက်မလဲလို့ အားပြန်မွေးရတယ်

လူလျော့ရင် ကိုယ့်မှာရှိတဲ့လူနဲ့ ပြန်စီမံရမယ်

အခက်အခဲလာရင်ဖြေရှင်းနည်းရှာရမယ်

မသိတာရှိရင် ထပ်လေ့လာရမယ်

သင်တန်းတွေတက်ပြီး လေ့လာလာရင်း အခက်အခဲတွေကို အရင်ကလို စိတ်ကျပြီးကြည့်တာမဟုတ်ဘဲ
“ဘယ်လိုဖြေရှင်းမလဲ”
ဆိုပြီး စတွေးတတ်လာတာက ဒီလအတွက် ငါရခဲ့တဲ့ အကြီးမားဆုံးအကျိုးကျေးဇူးတစ်ခုပါ

စာအုပ်ထဲက သင်ခန်းစာတွေထက်
ကိုယ့်ဘဝနဲ့ ကိုယ့်လုပ်ငန်းက သင်ပေးလိုက်တာတွေက ပိုတန်ဖိုးရှိခဲ့တယ် 🤍

August…ရေ
ငါ့ကို သင်ခန်းစာတွေအများကြီး ပေးခဲ့တဲ့လမို့
ကျေးဇူးတင်ပါတယ်

September မှာတော့
သင်ခဲ့သမျှကို လက်တွေ့အသုံးချမယ်

ပိုစနစ်ကျအောင်လုပ်မယ်
ပိုကောင်းအောင်လုပ်မယ်
ပိုတိုးတက်အောင်လုပ်မယ်
ငါ့ရဲ့တိုးတက်မှုကို ငါ့ကိုယ်ငါ သိနေအောင် လုပ်မယ်

ပြီးတော့…

ဒီထက်ဒိထက် ပိုပီးကြိုးစားးဦးမယ်

ဘာလို့လဲဆိုတော့

တစ်ခါတလေ
“ငါ လုပ်နေတာ မဟုတ်သေးပါဘူး” လို့ ခံစားရတယ်

ငါဒီလောက်နဲ့ မကျေနပ်နေတော့ဘူး

နောက်နှစ်တွေမှာလည်း ဂုဏ်ယူပြီး ပြန်ကြည့်နိုင်မယ့်
ငါ့ရဲ့လုပ်ငန်းတစ်ခု ဖြစ်ရမယ် 🥹🤍

Bye Bye August 31… 👋🏻
I’m tired, but I’m not giving up.

Hello September.
Let’s build it stronger. 🤍








Address

Aung Chan Thar 3 Street
Yangon

Opening Hours

Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959758073882

Website

Alerts

Be the first to know and let us send you an email when DOUBLEU-ai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DOUBLEU-ai:

Shortcuts

Share