Elizabeth XVI

Elizabeth XVI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Elizabeth XVI, Design & Fashion, Tarmwe Township, Yangon.

Perfect hair style for summer 🫠
04/05/2024

Perfect hair style for summer 🫠

Summer is coming now 🍂
12/03/2024

Summer is coming now 🍂

" ဘယ်လိုအထည်မျိုးတွေက အဝတ်လျှော်စက်ထဲထည့်မလျှော်သင့်တာလဲ ...?? "🤔🤔   အဝတ်လျှော်ခြင်းနဲ့ပတ်သက်ပြီး လူတိုင်းနီးပါး ကြုံဖူး...
24/08/2022

" ဘယ်လိုအထည်မျိုးတွေက အဝတ်လျှော်စက်ထဲထည့်မလျှော်သင့်တာလဲ ...?? "🤔🤔

အဝတ်လျှော်ခြင်းနဲ့ပတ်သက်ပြီး လူတိုင်းနီးပါး ကြုံဖူးတဲ့ဒုက္ခလေးတွေတော့ ရှိတတ်ကြမှာပါ။ အင်္ကျီအဖြူရောင်ကို အရောင်ကျွတ်တတ်တဲ့ အင်္ကျီတွေနဲ့ရောလျှော်မိလို့ အရောင်စွန်းကုန်တာမျိုး၊ အင်္ကျီ၊ ဘောင်းဘီ အိတ်ကပ်တွေထဲက ပစ္စည်းထုတ်ဖို့မေ့ပြီး လျှော်မိတာမျိုးကြုံဖူးကြမှာပေါ့နော်။ ဒီထက်ပိုဆိုးတာက အဝတ်လျှော်စက်ထဲထည့်မလျှော်သင့်တဲ့အဝတ်တွေကို ထည့်လျှော်မိလို့ ပျက်စီးသွားတာမျိုးကတော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ ဒီလိုအဖြစ်အပျက်မျိုးကို တော်တော်များများကြုံဖူးကြလိမ့်မယ်ထင်ပါတယ်ရှင့်။ အစွန်းအထင်းတွေ စွန်းတာကဖျက်လို့ရပေမယ့် အဝတ်အစားပျက်စီးတာမျိုးကျတော့ လုံးဝလွှတ်ပစ်လိုက်ရတဲ့အတွက် မလိုအပ်တဲ့ဆုံးရှုံးမှုတွေ ဖြစ်လာရပါတယ်။ ဒီနေ့‌လေးမှာ အဝတ်လျှော်စက်ထဲထည့်မလျှော်သင့်တဲ့ အဝတ်အစားလေးတွေနဲ့ သတိပြုရမဲ့အချက်လေးတွေကို ဝေမျှပေးသွားမှာပါရှင့်။

(1) Suits

ပထမဆုံးတစ်ခုအနေနဲ့ကတော့ ယောက်ျားလေးဝတ် Suit တွေပဲဖြစ်ပါတယ်ရှင့်။ Suits တွေဟာ အရည်အသွေးမြင့်တဲ့ အသားနဲ့ပြုလုပ်ထားတဲ့အတွက် အဝတ်လျှော်စက်ထဲ ထည့်လျှော်မိတဲ့အခါ ပုံစံပျက်သွားတာမျိုးအပြင် အင်္ကျီပြဲသွားတာမျိုးအထိပါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Suit တွေကို လျှော်ချင်တဲ့အခါ အဝတ်အခြောက်လျှော်နည်းနဲ့ပဲ လျှော်သင့်ပါတယ်ရှင့်။

(2) ဂျင်းဘောင်းဘီ

ဒါလေးကတော့ လူတော်တော်များများ သတိမထားမိတဲ့အရာဖြစ်မယ်လို့ ထင်ပါတယ်ရှင့်။ ဂျင်းဘောင်းဘီနဲ့ တခြားအင်္ကျီတွေကိုရောပြီးလျှော်လို့ရပါတယ်။ ဒါပေမယ့် နည်းလမ်းမှန်ကန်ဖို့တော့လိုပါတယ်။ လျှော်တဲ့အခါမှာဘောင်းဘီရဲ့ ဇစ်ကိုပိတ်ဖို့နဲ့ ကြယ်သီးတွေကိုတပ်ထားဖို့လိုပါတယ်။ ဒီလိုမလုပ်ဘဲ လျှော်တဲ့အခါ တခြားအင်္ကျီတွေကို ခြစ်မိတာမျိုး အဝတ်လျှော်စက်အတွင်းပိုင်းကို ခြစ်မိပြီးပျက်စီးတာမျိုးတွေဖြစ်လာနိုင်ပါတယ်ရှင့်။

(3) တိရစ္ဆာန်အမွှေးကပ်ငြိနေတဲ့အဝတ်အစားများ

အိမ်‌တွေမှာ ဝုဝုလေးတွေ မြောင်လေးတွေမွေးထားတယ်ဆိုရင် ကိုယ်ဝတ်တဲ့ အင်္ကျီမှာ သူတို့အမွှေးလေးတွေကကပ်ငြိနေမှာပါပဲ။ ဒီလိုကပ်ငြိနေတဲ့ အဝတ်တွေကို လျှော်စက်ထဲတန်းထည့်လိုက်မယ်ဆိုရင် အမွှေးတွေကစက်နံရံမှာ ငြိနေတာမျိုး၊ ရေဆင်းပိုက်မှာ အမွှေးတွေပိတ်နေတာမျိုးဖြစ်နိုင်ပါတယ်
ရှင့်။ ဒါကြောင့်မို့ လျှော်စက်ထဲတန်းမထည့်ပဲ အမွှေးတွေကိုတတ်နိုင်သမျှဖယ်ရှားပြီးမှ လျှော်စက်ထဲထည့်ဖို့သတိပြုသင့်ပါတယ်ရှင့်။

(4) ဇာပါတဲ့ အင်္ကျီများ

ဇာတွေက ပါးလွှာပြီး ပျက်စီးလွယ်တဲ့အတွက် လျှော်စက်ထည့်လျှော်လို့မရတာကတော့ သိပ်ပြီးမထူးဆန်းလှပါဘူး‌နော်။ ဇာလိုမျိုး အနုစိတ်တဲ့ အဝတ်တွေကိုတော့ လက်နဲ့လျှော်တာအကောင်းဆုံးပါပဲ။ လက်နဲ့လျှော်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန် ပွတ်တိုက်တာမျိုးကိုသတိပြုရှောင်ရှားသင့်ပါတယ်ရှင့်။

(5) အလှဆင်ပစ္စည်းပါတဲ့ အင်္ကျီများ

အလှဆင်ကြယ်သီးလိုမျိုး တခြားသောအလှဆင်ပစ္စည်းတွေပါတဲ့ အင်္ကျီတွေကို လျှော်စက်ထဲထည့်မလျှော်သင့်ပါဘူး‌နော်။ ဒီလိုပစ္စည်းတွေက အပ်နဲ့တွဲချုပ်ထားတာဖြစ်တဲ့အတွက် အဝတ်လျှော်စက်နဲ့လျှော်တဲ့အခါ အလွယ်တကူပြုတ်ထွက်နိုင်ပါတယ်ရှင့်။ ဒါကြောင့် ဒီလိုအထည်မျိုးအတွက်က‌တော့လက်နဲ့လျှော်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ရှင့်။

(6) ဆွယ်တာအင်္ကျီများ

သိုးမွှေး၊ ကတ္တီပါ ပါတဲ့ အင်္ကျီတွေဟာ လျှော်စက်နဲ့လျှော်တဲ့အခါ အလွယ်တကူ ပျက်စီးနိုင်ပါတယ်။ ဒီလိုနူးညံ့တဲ့အထည်တွေက ကြမ်းကြမ်းတမ်းတမ်း လျှော်မိတဲ့အခါ ပုံစံပျက်ပြီး ပိုသေးသွားနိုင်ပါတယ်။ လက်နဲ့လျှော်မယ်ဆိုရင်လည်း ပွတ်တိုက်ပြီးလျှော်တာကိုရှောင်ရှားသင့်ပါတယ်။ ဒီလိုအထည်တွေအတွက်အကောင်းဆုံးနည်းလမ်းကတော့ အဝတ်အခြောက်လျှော်နည်းနဲ့ လျှော်ခြင်းပါပဲရှင့်။

ခုပြောပြပေးသွားတာလေးတွေကတော့ အဝတ်လျှော်တဲ့အခါ လျှော်စက်ထဲထည့်မလျှော်သင့်တဲ့ အဝတ်အစားများနဲ့ ထည့်လျှော်တဲ့အခါသတိပြုရမယ့်အချက်တွေကို သိသလောက်ဝေမျှပေးသွားတာဖြစ်ပါတယ်ရှင့် ... 🥰

ချည်ထည်တွေကိုဘယ်လိုထိန်းသိမ်းမလဲ??ချည်ထည်တွေဟာ မြန်မာပြည်တွင်းသာမက တစ်ကမ္ဘာလုံးအနှံ့အသုံးပြုမှုအများဆုံး Natural Fabric ...
27/06/2022

ချည်ထည်တွေကိုဘယ်လိုထိန်းသိမ်းမလဲ??

ချည်ထည်တွေဟာ မြန်မာပြည်တွင်းသာမက တစ်ကမ္ဘာလုံးအနှံ့အသုံးပြုမှုအများဆုံး Natural Fabric တစ်ခုဆိုရင်လည်းမမှားပါဖူး။ 😍😍

Ready made ချည်ထည်အဝတ်အစားတွေဝယ်တဲ့အခါမှာ care label ကိုကြည့်ပြီးထိန်းသိမ်းနည်းလေ့လာနိုင်ပေမယ့် ပြည်တွင်းမှာတော့ care label မပါတတ်တာမို့ ဒီနည်းလမ်းလေးတွေနဲ့ကောင်းစွာထိန်းသိမ်းနိုင်ပါတယ်။ 👇

▪ ချည်ထည်တွေဟာ ( စက်လျှော်/လက်လျှော် ) နှစ်မျိုးလုံးရပါတယ်။

▪ High Quality Detergent နှင့် ရေအေးအသုံးပြုပေးရပါမယ်။ ရေနွေးသုံးပြီးမလျှော်သင့်ပါဖူးနော်။ 💢

▪ ချည်ထည်များဟာ ရေထိလျှင်ကျုံ့တတ်သောကြောင့် လျှော်ပြီးပါက normal shape ပြန်ဖြစ်အောင် အထည်တွေကိုဆွဲဆန့်ပေးရပါတယ်။

▪ နေရောင်​တွင်လှန်းပြီး လေဖြင့်အခြောက်ခံတာ အကောင်းဆုံးဖြစ်ပါတယ်။ ✅

▪ ချည်ထည်တွေဟာမီးပူတိုက်လို့ရပေမယ့် ခဏခဏမီးပူတိုက်ခြင်းဟာ ချည်ထည်ရဲ့ quality ကိုလျော့ကျစေတာကိုသတိထားပေးရပါမယ်။

▪ ချည်ထည်တွေ အလုံစုံခြောက်သွေ့နေချိန်ထက် အနည်းငယ်စိုထိုင်းထိုင်းဖြစ်နေချိန်မှာ မီးပူတိုက်ခြင်းဟာအကောင်းဆုံးပါပဲ။ 💗

▪ ချည်ထည်တွေကိုသိမ်းဆည်းတော့မယ်ဆိုရင်တော့ လုံးဝခြောက်သွေ့သွားတော့မှသာ သိမ်းဆည်းရပါမယ်။

ပျို​လေးတို့ အသုံးဝင်စေမယ့်နည်းလမ်းလေးတွေပြောပြထားပေးတာမို့ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်။ 🤗🤗

#ချည်ထည်

26/06/2022

"အဝတ်အစားဆင်မြန်းရာမှာ အရေးပါတဲ့ အရောင်တွဲစပ်မှုတွေအကြောင်း" (Blog Links)

မင်္ဂလာပါရှင်။👋 အရောင်နဲ့ပတ်သက်ပြီး အဝတ်အစားဆင်မြန်းတဲ့အခါ အပေါ်အောက်တွဲဝတ်ဖို့ ဘယ်အရောင်တွေ ရွေးသင့်တယ်ဆိုတာ၊Layered Fashion အတွက် ဘယ်အရောင်နဲ့ ဘယ်အရောင် လိုက်ဖက်တယ်ဆိုတာ၊ ဒါ့အပြင် ကိုယ့် Skin Tone နဲ့ ဘယ်အရောင်မျိုးတွေ ဆင်မြန်းသင့်သလဲဆိုတဲ့ အရောင်နဲ့ပတ်သက်ပြီး သိချင်ကြတဲ့သူတွေအတွက် ရေးခဲ့ဖူးသမျှ Blog လေးတွေကို ပြန်ရွေးထုတ် စုစည်းပေးထားပါတယ်။🌈💁‍♀️

နောက်ထပ် အရောင်နဲ့ပတ်သက်တဲ့ Blog တွေ အသစ်ထပ်ရေးဖြစ်ရင်လည်း ဒီလင့်ခ်မှာပဲ ထပ်ဖြည့်ပေးသွားပါ့မယ်။ ✨ခုစုစည်းပေးထားတဲ့ Blog တွေရော အကုန်ဖတ်ပြီးပြီလား တစ်ချက်ကြည့်ပြီး မဖတ်ရသေးရင် ဖတ်ကြည့်ပေးပါဦးနော်။ 🙆‍♀️

📍"အဝတ်အစားတွဲစပ်ရာမှာ အရေးပါတဲ့ ကာလာသီအိုရီများအကြောင်း"
https://m.facebook.com/story.php?story_fbid=3481348755318506&id=969717173148356

📍 "ကိုယ့် skin tone နဲ့လိုက်ဖက်တဲ့အရောင်တွေကို ဘယ်လိုမှန်ကန်စွာရွေးချယ်နိုင်မလဲ"
https://m.facebook.com/story.php?story_fbid=3390101037776612&id=969717173148356

📍"ကာလာအနုအဖျော့တွေကို ပထမဆုံးအပေါ်အောက် တွဲဝတ်တော့မယ်ဆိုရင်"
https://m.facebook.com/story.php?story_fbid=355050172648578&id=100044307945526

📍 "လူတစ်ယောက်ရဲ့အဝတ်အများဆုံးအရောင်ကတစ်ဆင့် သူ့ရဲ့စိတ်နေစိတ်ထားကိုသိနိုင်"
https://m.facebook.com/story.php?story_fbid=3117924378327614&id=969717173148356

📍 "အဝတ်အစားအရောင်နဲ့ ဖိနပ်အရောင်လိုက်ဖက်အောင် ဘယ်လိုဆင်မြန်းရမယ်ဆိုတာ"
https://m.facebook.com/story.php?story_fbid=2524947230958668&id=969717173148356

📍 "ရိုးရှင်းပြီးဆွဲဆောင်မှုရှိလွန်းတဲ့ အပေါ်၊အောက် တစ်ရောင်တည်း တွဲစပ်မှုအကြောင်း"
https://m.facebook.com/story.php?story_fbid=2617251555061568&id=969717173148356

📍"Minimalist စတိုင်အကြောင်း တစေ့တစောင်း"
https://m.facebook.com/story.php?story_fbid=2910529419067112&id=969717173148356

📍"အညိုနဲ့ အရောင်မှိုင်းမှိုင်း ကြိုက်တတ်သူတွေ သိထားသင့်တဲ့ Dark Academia ဖက်ရှင်"
https://m.facebook.com/story.php?story_fbid=403248524495409&id=100044307945526

📍 "၂၀၂၂ မှာ ရွေးချယ်စရာ အရောင် (၁၀) မျိုး "
https://m.facebook.com/story.php?story_fbid=476663590487235&id=100044307945526

📍" အရောင်တွေနဲ့ မေသော်ရဲ့ fashion outfits များ" https://m.facebook.com/story.php?story_fbid=617800916373501&id=100044307945526

(စာများကိုကော်ပီယူပြီး ပြန်တင်ခြင်းမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ လွတ်လပ်စွာ Shareနိုင်သလို Save post လုပ်ထားနိုင်ပါတယ်။)✌️

အားလုံးပဲအထာကျလှပနိုင်ကြပါစေ။ 💟

အချစ်တွေနဲ့မေ :-)






18/06/2022

ချစ်သော မိုင်လေဒီ❤️
ဘေးဘယာ ဝေးကွာကျန်းမာပြီးလိုရာဆန္ဒအမြန်ပြည့်ပါစေ🙏🏻🙏🏻🙏🏻
HappyBirthday 77🎂❤️

17/06/2022

Address

Tarmwe Township
Yangon

Website

Alerts

Be the first to know and let us send you an email when Elizabeth XVI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share