Shwe Nwe’s Collection

Shwe Nwe’s Collection စက်ရုံတိုက်ရိုက်အမျိူးသမီးဝတ်အထည်မျိုးစုံကို လက်လီ၊လက်ကား ရောင်းချပေးပါတယ်ရှင့်။

"ဝါဆိုလပြည့်" ဓမ္မစကြာအခါတော်နေ့တွင် (၇)ရက်သား၊သမီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ...
20/07/2024

"ဝါဆိုလပြည့်" ဓမ္မစကြာအခါတော်နေ့တွင် (၇)ရက်သား၊သမီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း Shwe Nwe မိသားစုမှ ဆုမွန်ကောင်း မေတ္တာပို့သအပ်ပါသည်🙏🙏🙏



#ရွှေနွယ်
#အထည်ချုပ်

လူတချို့က အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်အနားကိုရောက်လာတတ်ကြပါတယ် ။🍃တချို့က သူတို့ရဲ့ကြင်နာညှာတာမှုကို ပြသပေးကြတယ်။ 🍃 တချိ...
22/06/2024

လူတချို့က အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်အနားကိုရောက်လာတတ်ကြပါတယ် ။

🍃တချို့က သူတို့ရဲ့ကြင်နာညှာတာမှုကို ပြသပေးကြတယ်။
🍃 တချို့က သူတို့ရဲ့ မေတ္တာစေတနာကို ဖေါ်ကျူးပြသွားတယ်။
🍃 တချို့က အချိန်ခဏလေးအတွက်ပဲ ယုံကြည်စရာကောင်းကြောင်း ပြသပေးသွားတယ် ။
🍃 တချို့က သက်ဆုံးတိုင်ချစ်ခင်လို့ရကြောင်း ပြသပေးသွားတယ်။
🍃 တချို့ကတော့ အမြန်ဆုံးနှုတ်ဆက်လိုက်ဖို့ သရုပ်မှန်တွေကို ပြပေးသွားကြတယ် ။

အနားရောက်လာလိုက် ထွက်သွားလိုက်နဲ့ ။ ဘယ်သူတွေ အနားမှာ ကျန်ခဲ့သလဲဆိုတာက ပိုအရေးကြီးတယ် ။ ကိုယ်ကကောင်းနေရက်နဲ့ လမ်းခွဲလိုက်ရတဲ့ဆက်ဆံရေးတွေရှိသလို ၊ ကိုယ့်လုပ်ရပ်ကြောင့် တစ်ဘက်က လှည့်ကြည့်လို့မရတော့တဲ့ ဆက်ဆံရေးတွေရှိမှာပါပဲ ။

အရမ်းနှမြောခဲ့ရတဲ့ ဆက်ဆံရေးတွေရှိခဲ့ရင် သူလုပ်ခဲ့တာတွေက ကိုယ့်ကိုနာကျင်စေဖူးထားရင် အခြားသူကို ဒီလိုပြန်မလုပ်မိဖို့ ဆင်ခြင်ရဦးမယ်။

အဆုံးသတ်မှာ စိတ်မှန်သူတွေသာ အနားမှာကျန်ခဲ့စေချင်တယ် ။

#မာရင်ရင်

*page ကိုပစ်ထားတာကြာလို့😍*

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )--------------------------ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒ...
22/05/2024

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )

--------------------------
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃) ဘဲဖြစ်ပါတယ် 🙏

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့
ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပြီး တရားဘာဝနာများ ပွားများနိုင်ကြပါစေကြောင်း…….

Shwe Nwe အထည်ချူပ်မှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🙏🙏

#ကဆုန်လပြည့်နေ့



#ရွှေနွယ်
#အထည်ချုပ်
#စက်ရုံတိုက်ရိုက်


#လက်ကား

✔️အလုပ်မရှိဘူးလား? လုပ်ချင်စိတ်လေးသာရှိ၊ လုပ်စရာအလုပ်တွေမှ တစ်ပုံကြီး✔️ဘာမှမတတ်ဘူးလား? သင်ယူချင်စိတ်သာရှိ၊ တတ်လာလိမ့်မယ်...
03/05/2024

✔️အလုပ်မရှိဘူးလား? လုပ်ချင်စိတ်လေးသာရှိ၊ လုပ်စရာအလုပ်တွေမှ တစ်ပုံကြီး
✔️ဘာမှမတတ်ဘူးလား? သင်ယူချင်စိတ်သာရှိ၊ တတ်လာလိမ့်မယ်
✔️ပင်ပန်းနေပီလား? လျှောက်တဲ့ဘယ်လမ်းကမှ ဖြောင့်ဖြူးသာယာမနေဘူး
✔️လဲကျချင်နေပီလား? လဲကျလိုက် 👌 အချိန်မှီပြန်ထဖို့တော့ ဝန်မလေးနဲ့၊ လက်လျှော့လိုက်ဖို့ ဘယ်တော့မှမတွေးနဲ့
✔️ဘာပဲလုပ်လုပ် စေတနာလေးတော့ထည့် ဒါမှ နောင်တ ကင်းပြီး ဘဝက နေချင်စရာပိုကောင်းလာလိမ့်မယ် ☺️

သူများတွေတော့ မသိ၊ ကျမ အထည်ချုပ်လောကထဲ
ဝင်ပီးနောက်ပိုင်း စာရေးဆရာမပါဖြစ်လာမယ်ထင် 😝

#တွေးမိတက်ရေး

#ရွှေနွယ်
#အထည်ချုပ်
#စက်ရုံတိုက်ရိုက်
#လက်ကား

28/04/2024

အသဲတုန်းတို့ ရာသီဥတု အရမ်းပူလို့ ဂရုစိုက်ကြနော် 🌞😍

မင်မင်နွယ်ရဲ့ ဟိုဘက်ရုံးလေးပြောင်းနေတာကြောင့်အလုပ်လေးနဲနဲရှုပ်ပီး အသဲတို့နဲ့ အဆက်ပြတ်သလိုဖြစ်နေတယ်ကွယ် 😚

အကောင်းဆုံးတွေပဲပေးချင်သူမို့ အသစ်လေးတွေလာရင် အားပေးကြဦးနော် 😍😍


#ရွှေနွယ်

#အထည်ချုပ်
#စက်ရုံတိုက်ရိုက်
#လက်ကား

"အကောင်းဆုံးအလုပ်အကိုင်တစ်မျိုး"ဘာလုပ်နေလဲလို့မေးရင် ရှင်သန်နေပါတယ်လို့ ဖြေကြည့်ပါ။လူတွေကိုကူညီရင်း အသက်မွေးဖို့ရှင်သန်န...
25/04/2024

"အကောင်းဆုံးအလုပ်အကိုင်တစ်မျိုး"

ဘာလုပ်နေလဲလို့မေးရင် ရှင်သန်နေပါတယ်လို့ ဖြေကြည့်ပါ။

လူတွေကိုကူညီရင်း အသက်မွေးဖို့ရှင်သန်နေတယ်။

အခက်အခဲတွေကိုရင်ဆိုင်ဖို့ ရှင်သန်နေတယ်။

လိုချင်တိုင်းမရနိုင်တာကိုနားလည်ဖို့ ရှင်သန်နေတယ်။

တခြားသူတွေကို စာနာပေးတတ်ဖို့ ရှင်သန်နေတယ်။

ကိုယ်သိတာတွေကို တခြားသူတွေပြန်မျှဝေပေးဖို့ ရှင်သန်နေတယ်။

လောကကြီးမှာ ကိုယ့်ခြေရာချန်ထားဖို့ ရှင်သန်နေတယ်။

ရှင်သန်နေတဲ့သူက အကုသိုလ်ကင်းတယ်။

ရှင်သန်နေတဲ့သူက ပျင်းရ်ိစိတ်ကင်းတယ်။

ရှင်သန်နေတဲ့သူက ကြောက်စိတ်ကင်းတယ်။

ရှင်သန်နေတဲ့သူက တကိုယ်ကောင်းစိတ်ကင်းတယ်။

ဒီလိုမျိုး ရှင်သန်နေပါတယ်ဆိုတာလောက် ကောင်းတဲ့အလုပ်အကိုင်ရှိပါမလား ?

Dr. Pyae Sone Ko Ko

17/04/2024

Lucky girl and lucky boy လေးတွေက်ို comment မှာရေးပေးထားပါတယ်ရှင့် 😊
နွယ်နွယ့်ကို ဖုန်းနံပါတ်လေး CB မှာထားခဲ့ပေးကြဦးနော် 😍
#ဆုတောင်းပေးခဲ့ကြတဲ့ နွယ်နွယ့်ရဲ့ customers လေးတွေအားလုံး နှစ်သစ်မှစ ကျန်းမာ၊ ချမ်းသာပါစေ၊ စီးပွါးရေးတွေ ဒီရေအလားတိုးတက်ကြပါစေ လို့ဆုတောင်းပေးပါတယ်ရှင့်🙏🏽🙏🏽



#ရွှေနွယ်
#အထည်ချုပ်
#စက်ရုံတိုက်ရိုက်
#လက်ကား

17/04/2024

နွယ်နွယ့်ရဲ့ ချစ်ကာကာလေးတွေအတွက် နှစ်ဆန်းတစ်ရက်နေ့ အလှူလေး လုပ်ပေးပါရစေရှင့် 😍

ဖုန်းဘေလ် ၃၀၀၀ (၅)ဦး ကြိုက်ရာမန့်ပီးယူပေးပါနော်
ဒီည (၈)နာရီ မတိုင်ခင်ပေးမယ်နော် ♥️♥️



#ရွှေနွယ်
#အထည်ချုပ်
#စက်ရုံတိုက်ရိုက်

#လက်ကား

မြန်မာနှစ်ဦး အထူးမေတ္တာ 🙏🏽🙏🏽🙏🏽————————————-  တစ်- သုံး- ရှစ်-ခြောက်၊နှစ်ဦးရောက်လာ၊ ပြည်မြန်မာ၊ကြည်သာ ချမ်းမြ ရှိပါစေ။  အ...
17/04/2024

မြန်မာနှစ်ဦး အထူးမေတ္တာ 🙏🏽🙏🏽🙏🏽
————————————-
တစ်- သုံး- ရှစ်-ခြောက်၊
နှစ်ဦးရောက်လာ၊ ပြည်မြန်မာ၊
ကြည်သာ ချမ်းမြ ရှိပါစေ။

အများပြည်သူ၊ စိတ်ထားတူ၊
ကြည်ဖြူကြပါစေ။

စိတ်ဝမ်းမကွဲ၊ လက်တွဲညီညာ၊
ပြည်သာယာဖို့၊ကြည်သာဆန္ဒ၊
လုံ့လမပြတ်၊စိတ်ဓာတ်ခိုင်မာ၊
ပညာစွမ်းအား၊ရှေ့ဆောင်ထား
လျက်၊ပြတ်သားအလုပ်၊ နောက်
မဆုတ်တမ်း၊ကိုယ်စီစွမ်း၊
ကြိုးပမ်းကြပါလေ။

ပျော်ရွှင်စရာ ၊ နှစ်သစ်မင်္ဂလာ၊
ဖြစ်ပါစေ။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၆ ခုနှစ်၊မြန်မာနှစ်ဆန်းတစ်ရက်။

ခန္ဓာရဲ့အနှစ်ချုပ်က သီလ 🙏🏽ဥစ္စာရဲ့အနှစ်ချုပ်က ဒါန🙏🏽အသက်ရဲ့ အနှစ်ချုပ်က ဘာဝနာ 🙏🏽 #သင်္ကြန်နှစ်ဦးအလှူတော် 🙏🏽🙏🏽🙏🏽 #ခုနှစ်ရက...
14/04/2024

ခန္ဓာရဲ့အနှစ်ချုပ်က သီလ 🙏🏽
ဥစ္စာရဲ့အနှစ်ချုပ်က ဒါန🙏🏽
အသက်ရဲ့ အနှစ်ချုပ်က ဘာဝနာ 🙏🏽

#သင်္ကြန်နှစ်ဦးအလှူတော် 🙏🏽🙏🏽🙏🏽
#ခုနှစ်ရက်သားသမီးတွေ ထပ်တူရကြပါစေ …


#ရွှေနွယ်

#စက်ရုံတိုက်ရိုက်
#အထည်ချုပ်

မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ သင်္ကြန်အချိန်အခါသမယကောင်းလေးဖြစ်ပါစေကြောင်း မင်မင် ဆုတောင်းပေးပါတယ်ရှင့်🙏🏽🙏🏽🙏🏽  #ရွှေနွယ် ...
13/04/2024

မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ သင်္ကြန်အချိန်အခါသမယကောင်းလေးဖြစ်ပါစေကြောင်း မင်မင် ဆုတောင်းပေးပါတယ်ရှင့်🙏🏽🙏🏽🙏🏽


#ရွှေနွယ်

#အထည်ချုပ်
#စက်ရုံတိုက်ရိုက်

Address

Build 29, Room 001, Ground Floor, C/Block, Ingyin Street, Yuzana Garden City, Dagon Seikkan Twonship
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959250138323

Website

Alerts

Be the first to know and let us send you an email when Shwe Nwe’s Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Nwe’s Collection:

Share