22/05/2024
ကဆုန်လပြည့်ဗုဒ္ဓနေ့
🌷 မေတ္တာပို့ 🌷
---------------------------------
🌷လုံးစုံများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။🌷
🌷ကြောက်တတ် မကြောက်တတ်၊
နှစ်ရပ်များစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။🌷
🌷မြင်အပ် မမြင်အပ်
နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။🌷
🌷ဝေးနေ နီးနေ၊
နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🌷
🌷ဘဝ ဇာတ်ဆုံး၊
မဆုံးများစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။🌷
🌷ရှည် တို အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။🌷
🌷ကြီး ငယ် အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။🌷
🌷ဆူ ကြုံ အလတ်၊
သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။🌷
🌷လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊
ကင်းရှင်းကြပါစေ။🌷
🌷အထင်သေးခြင်း၊ အချင်းချင်း၊
ကင်းရှင်းကြပါစေ။🌷
🌷ဆင်းရဲလိုခြင်း၊ အချင်းချင်း၊
ကင်းရှင်းကြပါစေ။🌷
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🌹 ၇ ရက်သားသမီးများအားလုံး....
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏
🌹 မြန်မာပြည်သူပြည်သားအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏
🌹 ကမ္ဘာသူ ကမ္ဘာသားအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏
🌹 ၃၁ ဘုံအတွင်း ၌ ရှိကြကုန်သော
🌹 ဝေနေယျသတ္တဝါအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏
🌹 စကြာဝဠာအနန္တ ၌ ရှိကြကုန်သော
🌹 လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ...။
🙏🙏🙏
22.5.2024
#ကောဇာသက္ကရာဇ်၁၃၈၆ပြည့်နှစ်
#သာသနာသက္ကရာဇ်၂၅၆၈ပြည့်နှစ်
Credit # # #