နေခြည်နွေး-Tesni

နေခြည်နွေး-Tesni To be elegant with Fashion and Gems

22/04/2026

Tesni ​လေး စာ​တမ်း​တွေ ပြီးပါ​တော့မယ်
ပုံ​တွေ မတင်နိုင်တာ အလုပ်နားထားလို့ မဟုတ်ပါဘူး ခ ။
ပန်းတိမ်​လေး​တွေက ဆက်တိုက်ထွက်ပင်မဲ့
စာတဘက်နဲ့မို့ Page ​ပေါ် ​ရောက်မလာတာပါ ခ ။

12/03/2026

ချစ်စရာ ညီအမ ၂​​ယောက် ဆင်တူဝတ်ချင်တယ်တဲ့
​ကျေနပ်ပါ​စေ ညီမ​လေးတို့​ရေ

19/02/2026

မင်္ဂလာရှိ​စေ​သော်

03/02/2026

ယုံကြည်စွာ အပ်​ပေးတဲ့ Customer ​လေး နှစ်သက်မြတ်နိုးပါ​စေ ။

24/12/2025
13/11/2025

Tesni တို့ရဲ့ Customer ​လှလှလေး
သူရဲ့ Customized က ပယ်ကြီးပြီး ​ကောင်း​ပေ့ဆိုတဲ့​ကျောက်​လေး​တွေ
လူကလဲလှ
​ကျောက်ထည်​လေး​တွေ ကလဲလှ
Customized လှလှဝတ်ချင်ရင် Tesni တို့ အ​ကောင်းဆုံး ဝန်​ဆောင်မှု​ပေး​နေပါတယ်
​ကျောက်​ထည်​လေး ထွက်တဲ့ အထိ
တဆယ် ရာနှုန်းသာ အမြတ်ယူပါတယ် ခ

ချစ်ခင်​လေးစားရတဲ့  Customer  နှင့်  အလှူရှင်များသို့  ။ယခုတ​လော Tesni ရဲ့  အ​မ  တ​ယောက်  သူ့မြို့ကိစ္စနဲ့  ဗျာများခန်းဝ...
12/10/2025

ချစ်ခင်​လေးစားရတဲ့ Customer နှင့် အလှူရှင်များသို့ ။

ယခုတ​လော Tesni ရဲ့ အ​မ တ​ယောက် သူ့မြို့ကိစ္စနဲ့ ဗျာများခန်းဝင်​နေလို့ ရယ် ပန်းတိမ်မအပ်နိုင် နှစ်​ဆောင်ပြိုင် ဖြစ်​နေရလို့ ရယ်
Tesni ရဲ့ ​ကျောင်းက ပြည်ပ ဖြစ်​နေလို့ မမပုံ ပို့လာမှ Tesni က ကူရတာမို့ ​
Customized လဲ မမိုက်နိုင် ပုံလဲ မတင်နိုင် ​စျေးလဲ မ​ရောင်းနိုင် ဖြစ်​နေတာကို ​တောင်းပန်ရပါတယ် ခ ။
​အပ်လိုတဲ့ အထည်များရှိရင် Tesni message မှာ အတတ်နိုင်ဆုံး ​ဆောင်ရွက်​ပေးပါမယ် ခ ။

18/09/2025

Stunning Girl ​လေးရဲ့ Custimized
မြပြာ အရည်လှ​လေးပါ ခ ။

15/09/2025

မျှ​ဝေ​ပေးသူများကို ​ကျေးဇူးတင်လျက်
💎💎💎

ကမ္ဘာတဝှမ်း ကျောက်မျက်ပညာ စတင် သင်ယူသူများအတွက်အထောက်အကူပြု မြန်မာဘာသာဖြင့် ဗဟုသုတမျှဝေပါတယ်။

ကျောက်မျက် အရောင်းဝယ်လောကထဲ ဝင်တော့မယ်ဆိုရင် အပြင်အမြင်နဲ့ ကျောက်မျက် အမျိုးအစား/အတု/ အစစ် /မီးဖုတ် စစ်ဆေးရန် အကူကရိယာမပါဘဲ အကြမ်း စမ်းသပ် စစ်ဆေးတတ်ပြီလား။
ကျောက်မျက် သင်တန်း ကို ရက်ပိုင်း / တစ်လ သင်ကြားရုံနဲ့ ကျောက်မျက် အရောင်းဝယ်လောက အတွက်မလုံလောက်ပါ။

မြန်မာပြည် မိုးညှင်းမှာထွက်တဲ့ အပြာရောင် နဲ့ မိုးညှင်းနီလာ (Kyanite) ဟာ နီလာ မဟုတ်ပါ ။
Sapphire - နီလာ ဂုဏ်သတ္တိတွေ မတူညီသလို စျေးနှုန်းလဲ အများကြီးကွာပါတယ်။

‌မြန်မာကျောက်မျက် ဈေးကွက်ထဲမှာ မိုးကုတ်မြ လို့ ခေါ်နေတဲ့(Diopside) ဟာ မိုးကုတ်အနောက်ဖက် ထင်းရူးတောင်ခြေ မှာ အနည်းကျဉ်းသာ တွေ့ရပါတယ်။
စီးပွါးအဖြစ် အသုံးချ မရပါ။
မြန်မာ့ ဈေးကွက်ထဲ ရောက်နေတဲ့ Diopside အစိမ်းရောင်ရှိ ကျောက်မျက် က နိုင်ငံခြား က ဝင်တာပိုများပါတယ် ။

မြန်မာပြည်မှာ မထွက်တဲ့ မြ (Emerald) အများစုဟာ နိုင်ငံခြား မှ ထွက်သောသောကျောက်များဖြစ်ပါတယ်။

ဥဿ ဖရားဆိုတာ စာထဲမှာ Topaz ဖြစ်ပြီး အပြင်မှာပြောနေကြတဲ့ ဥဿ ဖရားဆိုတာ yellow sapphire သို့မဟုတ် white Sapphire - colour less ကို ရည်ညွန်းလေ့ရှိကြပါတယ် ဒါကြောင့် မြန်မာလို ဥဿဖရားလို့ပြောရင် English name ကို ပြန်မေးလိုက်တာက အကောင်းဆုံးပါ။

သူယောင်လို့ စျေးကွက်ထဲမှာ လူသိများတာက Rose Quartz (ပန်းရောင်သလင်း) ဖြစ်ပါတယ်။

Scapolite - ကို မျောနီ လို့လည်းခေါ်ပါတယ်။

Peridot - ပြောင်ခေါင်းစိမ်းဆိုတာ မိုးကုတ်မြို့အနီး ပြောင်ခေါင်းရွာကနေ ထွက်ရှိရာက အစွဲပြုပြီး ခေါ်လာကြတဲ့ နာမည်ပါ။ သို့သော် အရွယ်သေးတဲ့ peridot တွေက အခြားနိုင်ငံကလဲ ထွက်ပါတယ်

Amethyst - ခရမ်းဆွဲဟာ ဒေသစွဲထားစရာမလိုတဲ့ ကျောက်ဖြစ်ပါတယ် ဆိုလိုတာ ထွက်ရှိရာဒေသ အရေးမကြီးပါဘူး။
အများဆုံး မြန်မာပြည်ထဲရောက်နေတာက ဘရာဇီး ကထွက်တဲ့ ခရမ်းဆွဲ တွေပါ။

ကျောက်မျက်တိုင်းဟာ မိုးကုတ်မှ အကောင်းဆုံးဆိုတာ မဟုတ်ပါဘူး။
ပတ္တမြား နီလာ အရွယ်ကြီးမားတဲ့ ပြောင်ခေါင်းစိမ်းတွေကလွဲရင် အခြားနိုင်ငံကထွက်ပြီး ပိုလှတဲ့ကျောက်တွေ များစွာရှိပါတယ်။

အရောင်လေးကြိုက်လို့ ဝတ်ချင်တာဆို ကြိုက်တဲ့ကျောက်သာဝယ်ပါ
မဝတ်ချင်ဘူး စုထားချင်တာဆိုရင်တော့
Blue topaz အစား Aquamarine (မြပြာ/စလင်းစိမ်း)
Citrine (စလင်းဝါ) အစား Danburite (ရွေတွင်းဝါ) Yellow Sapphire (နီလာဝါ) တို့ကိုသာဝယ်ပါ။

Ruby - ပတ္တမြားဟာ နီရဲပြီး စင်သန့်လွန်းနေရင် Too good to be true ဆိုတာကို သတိရပါ။

သဘာဝ ခရမ်းဆွဲတွေဟာ ကြွေသားအဖြူရောင် ခွက်တစ်ခုခုထဲမှာ ရေထည့်ပြီး ကျောက်ကို မှောက်ပြီး ရေစိမ်ကြည့်ရင် အရည် (ကာလာ) လေးတွေ ချွန်းမှာလာစုပြီး ဘေးဘက်မှာ သိသိသာသာဖြူသွားတတ်ပါတယ်။

များသောအားဖြင့် သဘာဝခရမ်းဆွဲတွေဟာ ချွန်းထူမှ အရည်လှ အရည်ပြည့်တတ်ပြီး ချွန်းပါးပြီး အရည်ပြည့်နေရင် ချက်ကျောက်ဖြစ်နိုင်ပါတယ်။

Amber - ပယင်းအတုအစစ်ခွဲဖို့ ရေခွက်ထဲမှာဆားထည့်ဖျော်ပါ နောက်ထပ်ဆားထပ်မပျော်ဝင်တော့တဲ့ ပြည့်ဝဆားဖျော်ရည် (saturated) ဖြစ်ပြီဆို အဲ့ရေထဲ ပယင်းကို စိမ်ကြည့်ပါ ရေပေါ်ပေါ်ရင် အစစ် မပေါ်ရင် အတုပါ။

Diamond - စိန်နဲ့ Moissanite ကိုအလွယ်ကူဆုံးခွဲခြားဖို့ဆိုရင်တော့ 10X lens လိုပါမယ်။
10X lens နဲ့ မျက်နှာပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် ချွန်းဘက်မှာ မျဉ်းနှစ်ကြောင်းထပ်နေတာကို မြင်ရမယ်ဆိုရင် Moissanite ပါ။

ဒီနည်းတွေဟာ ကိရိယာလွတ် အလွယ်စမ်းသပ်နည်းတွေဖြစ်တာကြောင့် ဓါတ်ခွဲခန်းက အဖြေလောက် မမှန်ကန်နိုင်ပါဘူး
အကောင်းဆုံးကတော့ Laboratoryပညာရှင်တွေဆီမှာ စစ်ဆေးတာအသေခြာဆုံးပါ။

ကိုရီးယားစိန်လို့ ပြောရင် စိန်အတုပါ။

ပြင်သစ်ကျောက်လို့ပြောရင် ကျောက်အတုပါ။

18 K ဆိုတာ ရွေ 75% ပါဝင်သော 12 ပဲရည် ဖြစ်ပါတယ်။

နေ့စဉ်ဝတ်ဆင်ဖို့အတွက်ဆိုရင် မာဆင့် 7 နှင့်အထက်ရှိသော တွင်းထွက်မှသာ ပိုသင့်တော်ပါတယ်။

နဝရတ်ကိုးပါးထဲမှာ ပါတဲ့ကျောက်တွေက ပတ္တမြား မြ စိန် ကြောင် နီလာ ဂေါ်မိတ် ဥဿ ဖရား သန္တာ ပုလဲ တို့ပဲဖြစ်ပါတယ်။
ကြောင်က Chrysoberyl Cat’s eye ပါ။

မီးဖုတ်ပြုပြင်တယ်ဆိုတာ တွင်းထွက် စစ်ကို
ကာလာပိုလှအောင်သော်လည်းကောင်း ဂေါ်နည်းသွားအောင်သော်လည်းကောင်း ပြုပြင်ထားတာပါ ။
ဓါတု ချက်ကျောက်လို အတုမဟုတ်ပါ။

တွင်းထွက်သယံဇာတပေါများလွန်းတဲ့ မြန်မာပြည် တွင်
ကျောက်မျက် အတု အစစ် နှင့်ကျောက်မျက်အမျိုးစား ခွဲခြားနိုင်ခြင်းနှင့် ကျောက်မျက်ရဲ့ ထွက်ရှိရာ နေရာ‌ဒေသ ပါခွဲခြား စစ်ဆေးနိုင်သော
ကျောက်မျက် ခေတ်မှီဓါတ်ခွဲ ခန်းများ အမြန်ပေါ်ပေါက်လာနိုင်ပါစေ ။

ကျောက်မျက်ရတနာ‌ ကျွမ်းကျင်တတ်မြောက်ပြီး ရတနာစိန်ကျောက်ဇယ်တောက်တန်းကစား နိုင်ကြပါစေ။

Address

Yangon

Telephone

+959457470270

Website

Alerts

Be the first to know and let us send you an email when နေခြည်နွေး-Tesni posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နေခြည်နွေး-Tesni:

Shortcuts

Share