Shaper for Ladies

Shaper for Ladies Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shaper for Ladies, Clothing (Brand), ဧရာဝဏ်လမ်းမကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်။ရန်ကုန်, Yangon.

>> ထပ်ပြီး သတိ ပေးပရစေ ***>> အသက်(၄၅)ကနေ (၆၀) သမားများ ***{ အထူးသတိထားဖို့ပါ }အဲဒီအတွင်းကို ဂရုစိုက်နေထိုင်ရင်ကျန်းမာအသက...
06/08/2025

>> ထပ်ပြီး သတိ ပေးပရစေ ***
>> အသက်(၄၅)ကနေ (၆၀) သမားများ ***

{ အထူးသတိထားဖို့ပါ }

အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်
ကျန်းမာအသက်ရှည်ပါတယ်တဲ့

အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်ကျန်းမာပါတယ်လို့ ဆိုကြတယ်.....!

၁။ ကိုယ်အလေးချိန်ကို
အမြဲချိန်ပါ
(weightချိန် ပါ )။

၂။ အိပ်ရေးဝအောင် အိပ်ပါ။

၃။ အစာအိမ်ကို ဂရုစိုက်ပါ
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ
၇၀% ပြည့်အောင်ပဲစားပါ
အလွန်အကျွံ မစားပါနဲ့
ပျော့တဲ့အစားစာရွေးစားပါ
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ..

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ
ဝင်လေထွက်လေမှတ်ပေးပါ။

၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။

၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်
သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

ဒီနေ့ ပို့ရတဲ့ Order လေးတွေပါ 🥰အားပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်း ကျေးဇူးအထူးတင်ပါတယ်ရှင် 🙏
04/08/2025

ဒီနေ့ ပို့ရတဲ့ Order လေးတွေပါ 🥰
အားပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်း ကျေးဇူးအထူးတင်ပါတယ်ရှင် 🙏

ကျောက်ကပ်ကိုထိခိုက်စေသော အမှုကျင့်များ            =================၁။ နံနက်စာ မစားခြင်း။၂။ ဆား စားသုံးမှု များနေခြင်း။၃။...
04/08/2025

ကျောက်ကပ်ကိုထိခိုက်စေသော အမှုကျင့်များ
=================

၁။ နံနက်စာ မစားခြင်း။
၂။ ဆား စားသုံးမှု များနေခြင်း။
၃။ ဆေးလိပ်သောက်ခြင်း။
၄။ ရေသောက်နည်းခြင်း။
၅။ဆေးဝါးများ အလွန်အကျွံ မှီဝဲနေခြင်း ။
၆။ လုံလောက်တဲ့ အနားယူခြင်း မရှိခြင်း။
၇။ တစ်ခါတလေ အလွန်အကျွံ စားခြင်း။
၈။ အသားများကို အလွန်အကျွံစားခြင်း ။
၉။ အရက်အလွန်အကျွံသောက်ခြင်း ။
၁၀။ မနက်အိမ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း ။

______________________________

ပိုမိုလေ့လာရန်……………

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာ
ကြောင့် ဆင်ခြင်သင့်တဲ့အမှုအကျင့်( ၁၀ ) မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ
လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်
စစ်ထုတ်ပေးပြီး အစားစာတွေကနေဗီတာမင်
သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်
အတွက် လိုအပ်တဲ့ အာဟာရတွေကို
ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့
အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း
ကူညီပေးပါတယ်။ ဒါကြောင့်
ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်
အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့
ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမှု
အကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာ
ရေး ပျက်စီးစေမယ့် အပြုအမှုတွေကို
ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ရေအလုံအလောက်မသောက်ဘူး ……

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ
ကိုယ်တွင်းကလီစာတွေကောင်းကောင်း
အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့်
ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ
အရမ်းအကူအညီဖြစ်တာကြောင့်
ကျောက်ကပ်မှာကျောက်မတည်အောင်
တားဆီးပေးနိုင်ပါတယ် ။ ဒါပေမယ့်
လိုအပ်တာထက်အလွန်အကျွံသောက်တာ
လည်း မကောင်းပါဘူး။ တစ်ရက်မှာ
ရေနှစ်လီတာလောက်သောက်ရင်
အတော်ပါပဲ ။

၂။ ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ တစ်ခုခုဖြစ်တဲ့အခါ
တွေမှာ ဆေးတွေကိုသောက်ချင်သလို
သောက်တဲ့အကျင့်တွေကလည်း
ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲက
တစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်
ရင် ပိုဆိုးပါတယ်။ ဒါကြောင့်
အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့
မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်
သလို မသောက်ပါနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့
သေချာလိုက်နာပြီးသောက်ပါ။

၃။ အငန်တွေအရမ်းစားတယ် ……

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က
ဆိုဒီယမ်၂၃၀၀မီလီဂရမ်လောက်ပဲ
စားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်
ပြန်ထားခဲ့ပေမယ့် လူတိုင်းက အဲ့ဒီပမာ
ဏထက် ပိုအောင်စားသောက်နေကြပါတယ်။
အခုနောက်ပိုင်းအစားစာတွေမှာ
ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာ
ပိုရှိအောင် ထုတ်လုပ်တာကို လူတွေအရမ်း
ကြိုက်ကြပါတယ်။ ဆိုဒီယမ်စားသုံးမှုများတဲ့
အခါ ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်တွေအရမ်း
များလာပြီး ကျောက်ကပ်က သန့်စင်နိုင်စွမ်း
မရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။
ဒါကြောင့် အငန်ဓာတ်များတဲ့အစားစာတွေကို
လျှော့စားပြီး အသီးအနှံနဲ့ အရွက်စိမ်းတွေကို
လည်း သင့်တင့်သလောက်စားပေးပါ။

၄။ သွေးဖိအားနဲ့ပတ်သက်လို့ ဂရုမစိုက်ဘူး …

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ
မလိုက်စားသည်ဖြစ်စေ
သွေးဖိအားတိုင်းတာကို မကြာခဏလုပ်ပေး
သင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ
နှလုံးသွေးကြောနဲ့ပတ်သက်လို့
ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါ
ဖြစ်လာရင် သွေးလွှတ်ကြောတွေကျဉ်းမြောင်း
လာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ
ကိုလက်စထရောနဲ့ အဆိပ်အတောက်တွေ
စုပုံလာပြီး ဒါကို ကျောက်ကပ်က သန့်စင်နိုင်
စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်
ရာ ပြဿနာတွေဖြစ်နေတဲ့အခါ
ကျောက်ကပ်တစ်သျှးတွေက လိုအပ်တဲ့
အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်
တော့ဘဲ ကျောက်ကပ်မှာ
ထိခိုက်လာပါတယ်။

၅။ ဆီးသွားချင်တာကိုအချိန်အကြာကြီး
အောင့်ထားတတ်တယ် ………

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို
သုံးနာရီကနေ လေးနာရီအထိထိန်းပေးထား
နိုင်ပါတယ်။ တခါတလေသန့်စင်ခန်းမရှိတဲ့
နေရာတွေမှာ ဆီးသွားချင်လာတာကို
အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့
အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေ
ဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုး
ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်
တင်ပါးဆုံရိုးနဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ
လုပ်ပေးဖို့လိုပါတယ်။

၆။ အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံး
တယ် ……

အငန်တွေအရမ်းစားတဲ့အခါ
ကျောက်ကပ်ကအဆိပ်အတောက်တွေ
ဖယ်ရှားနိုင်စွမ်းနည်းလာသလို အချိုသရေ
စာတွေ အလွန်အကျွံစားတာကလည်း
အဲ့ဒီအတိုင်းဖြစ်စေတာကြောင့်
ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။

၇။ အရက်နဲ့ ဆေးလိပ်သုံးစွဲခြင်း ………

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူ
ဆိုရင် အဲ့ဒီအရာတွေကနေ ခန္ဓာကိုယ်ကို
ဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး
ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်
စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီး
လာပါတယ်။

၈။ အနီရောင်အသားတွေ အလွန်အကျွံစား
တယ် ………

အနီရောင်အသားတွေက သံဓာတ်နဲ့ ပရိုတင်း
ဓာတ်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်တယ်
ဆိုပေမယ့် အမိုးနီးယားနဲ့ နိုက်ထရိုဂျင်ဓာတ်
တွေလည်း ပါနေတာကြောင့် နေ့တိုင်းစားရင်
ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၉။ အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်ဘူး …

အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်တာက
ဆီးချိုရောဂါ ကင်ဆာရောဂါနဲ့ Heart attack
တွေ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့
တစ်ရက်မှာ ၈နာရီနဲ့အထက် ထိုင်သူတွေဟာ
တခြားသူတွေထက် ကျောက်ကပ်ရောဂါ
ဖြစ်နိုင်ချေ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

၁၀။ ကောင်းကောင်းမအိပ်ဘူး ………

ညဘက်မှာ ကောင်းကောင်းအိပ်မှ
နောက်နေ့အတွက် ခန္ဓာကိုယ်က
အားအင်ပြည့်ဝမှာပါ။ တကယ်လို့
အိပ်ချိန်မလုံလောက်ဘူးဆိုရင်
သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ
သွေးဖိအားများလာမယ် အဲ့ဒါက
ကျောက်ကပ်ကို သွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်း
ကောင်းကောင်းအိပ်ဖို့ လိုပါတယ် ။

_________________________

ဒေါက်တာခင်မိုးမိုး
ဒေါက်တာဟေမာမွှေး

ရာသီလာချိန်  စားသုံးသင့်သည့် အစားအစာများဒီအဆင့်လေးတွေအတိုင်း စားမယ်ဆိုရင် တစ်လတာလုံး လန်းဆန်းကျန်းမာနေမှာပါ။ -Menstrual ...
04/08/2025

ရာသီလာချိန် စားသုံးသင့်သည့် အစားအစာများ
ဒီအဆင့်လေးတွေအတိုင်း စားမယ်ဆိုရင် တစ်လတာလုံး လန်းဆန်းကျန်းမာနေမှာပါ။
-Menstrual (ဓမ္မတာလာချိန် - နေ့ ၁ ရက်မှ ၅ ရက်)
သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ) စားပေးသင့်ပါတယ်။
-Follicular (ဓမ္မတာပြီးချိန် - နေ့ ၆ ရက်မှ ၁၄ ရက်)
လန်းဆန်းပြီး ပေါ့ပါးတဲ့ အစားအစာတွေ (ဥပမာ- အရွက်များ၊ အဆီမပါတဲ့ ပရိုတင်းဓာတ်) စားသုံးပေးပါ။
-Ovulation (မျိုးဥကြွေချိန် - နေ့ ၁၅ ရက်မှ ၁ရ ရက်)
သွပ်ဓာတ် နဲ့ antioxidants ပါတဲ့ အစားအစာတွေ (ဥပမာ- ဖရုံစေ့၊ ဘယ်ရီသီး) စားသင့်ပါတယ်။
-Luteal (မျိုးဥကြွေပြီးချိန် - နေ့ ၁၈ ရက်မှ ၂၈ ရက်)
မဂ္ဂနီဆီယမ် နဲ့ complex carbs ပါတဲ့ အစားအစာတွေ (ဥပမာ- ကန်စွန်းဥ၊ Dark Chocolate အနက်ရောင်ချောကလက်) စားပေးပါ။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

ဒီနေ့ပို့မဲ့ အော်ဒါလေးတွေပါရှင် 🥰စျေးတန် တုန်း ယူထားကြပါနော် 😍အားပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် 😘😘
03/08/2025

ဒီနေ့ပို့မဲ့ အော်ဒါလေးတွေပါရှင် 🥰
စျေးတန် တုန်း ယူထားကြပါနော် 😍
အားပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် 😘😘

မနေ့က အော်ဒါလေးတွေ deli အပ်ပါပြီနော် ရန်ကုန်မြို့တွင်းဆို မနက်ဖန် လောင် ရောက်ပါမယ်ရှင် အားပေးမှုအတွက် ကျေးဇူးပါရှင် 🥰🥰😍
02/08/2025

မနေ့က အော်ဒါလေးတွေ deli အပ်ပါပြီနော်
ရန်ကုန်မြို့တွင်းဆို မနက်ဖန် လောင် ရောက်ပါမယ်ရှင်
အားပေးမှုအတွက် ကျေးဇူးပါရှင် 🥰🥰😍

အမျိုးသမီးတွေ နုပျိုစေမယ့် နည်းလမ်း ၈ ခုအမျိုးသမီးတွေရဲ့ အသက်အရွယ် အိုမင်းရင့်ရော်မှုက အပြင်ကနေ မြင်ရတာထက် အတွင်းပိုင်းက...
31/07/2025

အမျိုးသမီးတွေ နုပျိုစေမယ့် နည်းလမ်း ၈ ခု
အမျိုးသမီးတွေရဲ့ အသက်အရွယ် အိုမင်းရင့်ရော်မှုက အပြင်ကနေ မြင်ရတာထက် အတွင်းပိုင်းကနေ စတင်ပါတယ်။ ဥပမာ -
အရေးအကြောင်းတွေ က low estrogen ကြောင့် ဖြစ်တတ်ပါတယ်။
အသားအရေ မွဲခြောက်တာ က low collagen ကြောင့် ဖြစ်ပါတယ်။ ဆံပင်ကျွတ်တာ က thyroid နဲ့ cortisol ကြောင့်ပါ။
ဒီလိုအစောပိုင်း အိုမင်းရင့်ရော်မှုကို ပြောင်းပြန်လှန်ပြီး ပြန်လည်နုပျို လှပစေမယ့် သဘာဝနည်းလမ်း ၈ ခုကတော့ -
၁။ Estrogen ကို မြှင့်တင်ပြီး အရေးအကြောင်းတွေကို လျှော့ချပါ။
Estrogen ဟာ အသားအရေကို ထူထဲ၊ စိုပြေ၊ တင်းရင်းစေပါတယ်။ အသက် ၃၀ ကျော်ရင် estrogen က မြန်မြန်ကျပါတယ်။ ဒါကို Flaxseed စားခြင်း၊ဝိတ် မခြင်း (strength training) နဲ့ စိတ်ဖိစီးမှု လျှော့ချခြင်းတို့က သဘာဝအတိုင်း ပြန်လည်မျှတအောင် ကူညီပေးနိုင်ပါတယ်။

၂။ ခန္ဓာကိုယ်အတွင်းက Collagen ကို မြှင့်တင်ပါ။
အသက် ၂၅ နှစ်ကျော်ရင် ကိုယ်ခန္ဓာရဲ့ collagen ထုတ်လုပ်မှုက ပိုမြန်လာပါတယ်။ ဒါကြောင့် သကြားလျှော့စားပါ၊ hydrolyzed collagen နဲ့ vitamin C ဖြည့်စွက်ပါ၊ ပြီးတော့ နေ့စဉ် ပရိုတင်း (protein) လုံလောက်စွာ စားသုံးပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် သင့်အသားအရေ တိုးတက်လာတာကို သိသိသာသာ ခံစားရပါလိမ့်မယ်။

၃။ Thyroid ကို ပြန်လည်ကောင်းမွန်စေပြီး ဆံပင်ကျွတ်တာကို ရပ်တန့်ပါ။
ဆံပင်ကျွတ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းတွေဟာ low thyroid ကြောင့် ဖြစ်တတ်ပါတယ်။ ဒါကို Selenium Iodine နဲ့ လုံလောက်တဲ့ ကယ်လိုရီ (calories) စားသုံးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ အမြဲတမ်း အစားလျှော့စားခြင်း (chronic dieting) က ရှောင်ကြဉ်ပါ။

၄။ Cortisol ကို လျှော့ချပါ၊ မဟုတ်ရင် မျက်နှာပေါ်မှာ ပေါ်လာပါလိမ့်မယ်။
စိတ်ဖိစီးမှု မြင့်မားခြင်း (high stress) က collagen ကို ပျက်စီးစေပြီး အသားအရေကို inflammation ဖြစ်စေပါတယ်။ လမ်းလျှောက်ပါ၊ ဖုန်းလျော့သုံးပါ။စိတ်ကို ငြိမ်သက်အောင် ထားပါ။ သင့်ရဲ့ အလှက product အသစ်တွေ ထပ်သုံးဖို့ မလိုပါဘူး၊ စိတ်ဖိစီးမှု လျှော့ချဖို့ပဲ လိုပါတယ်။

၅။ အိပ်ရေးဝခြင်းက တကယ့် Anti-Aging နည်းလမ်းပါ။
အသားအရေက ညဘက်မှာ ပြန်လည်ပြုပြင်ပါတယ်။ Serum တွေက ပြုပြင်ပေးတာ မဟုတ်ပါဘူး။ ညစဉ် ရ-၈ နာရီကြာ ကောင်းမွန်စွာ အိပ်စက်ခြင်းက အလှကို တိုးစေပြီး တစ်သျှူးတွေကို ပြုပြင်ပေးကာ ဟော်မုန်းတွေကို ပြန်လည်ညှိပေးပါတယ်။

၆။ အာဟာရပြည့်ဝတဲ့ အဆီတွေနဲ့ အသားအရေကို ပြုစုပါ။
Omega-3s, သံလွင်ဆီ (olive oil) နဲ့ ထောပတ်သီး (avocado) တွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး အသားအရေ အကာအကွယ်လွှာ (glow barrier) ကို ပြန်လည်တည်ဆောက်ပေးပါတယ်။ အဆီနည်းတဲ့ အစားအသောက်တွေက သင့်ကို အချိန်ထက် ပိုမြန်မြန် ရုပ်ကျစေပါတယ်။

ရ။ အူလမ်းကြောင်းကို ပြုပြင်ပါ၊ မဟုတ်ရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။
bloating ဗိုက်ဖောင်းခြင်း၊ အသားအရေ မွဲခြောက်ခြင်းနဲ့ အာဟာရ စုပ်ယူမှုအားနည်းခြင်းတွေဟာ အတွင်းပိုင်း မငြိမ်မသက်မှု (internal chaos) ကြောင့် ဖြစ်ပါတယ်။ Bone broth, အချဉ်ဖောက်ထားတဲ့ အစားအစာများ (fermented foods) နဲ့ အမျှင်ဓာတ် (fiber) တွေက အတွင်းကနေ ပြန်လည်ပြုပြင်ပေးပါတယ်။

၈။ ရာသီစက်ဝန်းနဲ့အညီ နေထိုင်ပြီး နုပျိုမှုကို ထိန်းသိမ်းပါ။
ဟော်မုန်းတွေက အပတ်စဉ် ပြောင်းလဲနေပါတယ်။ ရာသီစက်ဝန်းနဲ့အညီ လေ့ကျင့်ပါ၊ စားသောက်ပါ၊ အနားယူပါ။ ဟော်မုန်းတွေ ကောင်းမွန်စွာ အထောက်အပံ့ ရတဲ့အခါ မျက်နှာက နုပျိုလာလိမ့်မယ်။အထက်ပါ အချက်တွေကို လိုက်နာရင်း အလှပဆုံးနဲ့ ကျန်းမာဆုံးသော အတွင်းစိတ်နဲ့ အပြင်ပန်းကို ပိုင်ဆိုင်နိုင်ပါစေ။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

🪴ဟာဝိုင်ယီက ထင်ရှားကျော်ကြားတဲ့ ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။🪴ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲကသင်ဟာ တစ်ပင...
31/07/2025

🪴ဟာဝိုင်ယီက ထင်ရှားကျော်ကြားတဲ့
ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။

🪴ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲကသင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်
ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။

🪴ကဲ ဒီစာကို ဖတ်ပြီးပြီးချင်း
မိမိအိမ်ရဲ့ မြေမှာ အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။

​🪴တိုက်ခန်း, ကွန်ဒိုနဲ့ နေတဲ့သူများကတော့
ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။

🪴ဒါမှသာ ရဲယိုရွက်လေးတွေ ထွက်လာတာ မြင်နေရမှရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။

🪴တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်
မစိုက်ဖြစ်ကြဘူး ဆိုရင်လည်းရဲယိုရွက်ကို အမြဲချက်စားကြဖို့စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။

🪴မြန်မာပြည်မှာနေပြီး #ရဲယိုရွက်တွေစားပြီး
သက်ရှည်ကျန်းမာအောင် နေကြပါလို့ တိုက်တွန်းပါတယ်။

🍃 ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း
🍃 ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်
🍃 ရဲယိုရွက် ငါးဘတ်မွှေ
🍃 ရဲယိုရွက် ငါးခူဟင်း
🍃 ရဲယိုရွက် ကြက်ဥမွှေကြော်
🍃 ရဲယိုရွက်ကြော်
🍃 ရဲယိုရွက် ကြက်ကြော်သုပ်
🍃 ရဲယိုရွက် ငါးခူစင်းကော
🍃 ရဲယိုရွက် ကြက်သားဟင်း

✅ကျန်းမာရေးအတွက် ကောင်းလွန်းလို့
ထပ်ချက်စားတဲ့ ရဲယိုရွက် အသစ် ဟင်းလျှာတွေကို
ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။

အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေး

#ရဲယိုရွက်နဲ့ကျန်းမာရေး
*******************
✅အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။

✅ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊
ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို
ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။

✅ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

✅ရဲယို က #ဘယ်လိုများဆေးဖက်ဝင်တာလဲ
***************************************
ရဲယိုသီးရော ရဲယိုရွက်ကပါ
ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။

✅သက်ကြီးရွယ်အိုတွေအတွက်ရော
လူငယ်တွေအတွက်ပါ
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။

✅ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။

✅ရှေးယခင်ကာလတွေကတည်းက
အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။
အသီးနဲ့ အရွက်တင် မကပါဘူး။
အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
ဆေးဖက်ဝင်ပါသေးတယ်။

✅ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ✅
**********************************
ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊
ဗီတာမင် A၊ ဗီတာမင် C နဲ့
#သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။

✅ဒါတွေအပြင်
#ကင်ဆာ နဲ့ #နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့
ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
ပါဝင်နေပါသေးတယ်။

✅အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။

✅မကြိုက်တဲ့သူတွေအတွက်တော့အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။

✅ရဲယိုရဲ့ ကျန်းမာရေးအတွက် #အသုံးဝင်ပုံများကတော့

#အကိုက်အခဲပျောက်စေတယ်
******************************
ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
အကိုက်အခဲပျောက်ပင်လို့တောင်
ခေါ်ကြတာမျိုးရှိပါတယ်။

လေ့လာမှုတွေအရ ရဲယိုပင်က
အကိုက်အခဲပျောက်စေနိုင်ပြီး

#လေးဖက်နာ ဝေဒနာနဲ့
အခြား #အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
သက်သာစေနိုင်ပါတယ်။

#ကိုယ်ခံအားကောင်းစေတယ်။
******************************
ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။

#ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို
#တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ
ကာကွယ်ပေးနိုင်ပါတယ်။

♦️ #အိပ်ပျော်စေတယ်။
*********************
ရဲယိုသီး နဲ့ ရဲယိုရွက်က
ဆီရိုတိုနင်ဟော်မုန်းနဲ့
မယ်လ်လာတိုနင်ဟော်မုန်းတွေကို
လှုံ့ဆော်ပေးပါတယ်။

#စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့
အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ
အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

#အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။
*******************************************
ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက
အသားအရေကို နုပျိုစေပြီး
ဆံသားကို သန်စွမ်းစေနိုင်သလို
ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။

#ကင်ဆာကာကွယ်ပေးနိုင်တယ်
*******************************
ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို
ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
ဟန့်တားပေးနိုင်ပါတယ်။

#သွေးတိုးကျစေနိုင်တယ်
*************************
phytonutrients ပါဝင်နေသလို
ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့်
သွေးကြောနံရံတွေကို Free Radical တွေကြောင့်
ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက #သွေးကြောတွေကို ပြေလျော့စေတာပါ။

#သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။
သွေးတွင်းက အကျိုးမပြုတဲ့
ကိုလက်စထရောတွေကို ကျဆင်းစေပြီး
#သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

#မှတ်ဉာဏ်ကောင်းစေနိုင်တယ်
******************************
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး
သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
#ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလို
မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

#ဝမ်းမှန်စေနိုင်တယ်
*********************
ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် #အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။

#အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
ထောက်ပံ့ပေးပါတယ်။

ဒါတွေအပြင်

ရဲယို ပင်ရဲ့ #အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက
ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။

✅လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။

✅ဆီးချိုအတွက် အသုံးတည့်သလို ဆီးသွားရင် နာကျင်တာ၊ အဖြူဆင်းတာ နဲ့ မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။

✅အမျိုးသမီးတွေမှာ ရာသီသွေး မှန်စေနိုင်သလို
သွေးမဆုံးခင် ခံစားရနိုင်တဲ့ အကြိုလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ ✅လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

✅ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
စားသုံးပေးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
#ကျန်းမာရေးဗဟုသုတရကြပါ

တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက် ရန်ကုန်မှာ လိုချင်တဲ့ပစ္စည်း စျေးအမှန်နဲ့ ရနိုင်တဲ့ နေရာများ...ရန်ကုန်မှာ...
31/07/2025

တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက် ရန်ကုန်မှာ လိုချင်တဲ့ပစ္စည်း စျေးအမှန်နဲ့ ရနိုင်တဲ့ နေရာများ...

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း
ပရဆေးနဲ့ပါတ်သက်တာမှန်သမျှကုန်ဈေးတန်းမှာရတယ်
မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ်
မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ
ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား။
ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်
စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ် လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား။
စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား။
ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား။
ဝက်သားကောင်းကောင်းစားချင်ရင် ဝက် စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား။
မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပ်ါဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်။
ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်။
စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား။
အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပ်ါဘလောက်မှာရတယ်။
ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်။
ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်းကြည့်မြင်တိုင်ကိုသွား။
အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပ်ါဘလောက်ကိုသွား။
ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ။
ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်။
အမှန်တော့ ဒီပစ္စည်းတွေကမြို့နယ်တိုင်းမှာလက်လီဝယ်လို့ရပါတယ်။
တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက်သာ တင်ပြထားတဲ့နေရာတွေက ဒိုင်သဘောနဲ့အများဆုံးရနိုင်ပါတယ်။
#မူရင်းရေးသားသူကို ဂါရဝပြုပါတယ် # #
အောင့်မေ့ဖွယ် အချိန်တွေပေါ့?????

ဝိုး! မယုံနိုင်စရာပဲ! တစ်သက်လုံးနေလာတာ အခုမှသိတယ် 😮ရှာလကာရည်တစ်ပုလင်းရဲ့အကျိုးကျေးဇူးတွေ......တစ်အိမ်လုံးသန့်ရှင်းရေးလုပ...
29/07/2025

ဝိုး! မယုံနိုင်စရာပဲ! တစ်သက်လုံးနေလာတာ အခုမှသိတယ် 😮
ရှာလကာရည်တစ်ပုလင်းရဲ့အကျိုးကျေးဇူးတွေ......

တစ်အိမ်လုံးသန့်ရှင်းရေးလုပ်တာကစလို့ အပင်တွေပြုစုတာအထိ၊ ပိုးမွှားနှိမ်နင်းတာကစလို့ အစားအစာတွေပြင်ဆင်တဲ့အထိ ရှလကာရည်တစ်ပုလင်းတည်းနဲ့ အရာရာကို လုပ်လို့ရပါတယ်။ အိမ်ရှင်မတွေအတွက် တကယ်ကို အသုံးဝင်တဲ့ လျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ အဝတ်အထည်များ သန့်ရှင်းရေး
အကျိုးကျေးဇူး......
အဝတ်အစားတွေက အနံ့အသက်ဆိုးတွေ ပျောက်ပြီး သင်းပျံ့တဲ့ရနံ့လေးတွေ အကြာကြီး ကျန်နေစေပါတယ်။

ပြုလုပ်ပုံ.....
အဝတ်လျှော်တဲ့အခါ ဆပ်ပြာမှုန့်နဲ့အတူ ရှလကာရည် စားပွဲတင်ဇွန်း ၁-၂ ဇွန်း ရောထည့်ပါ။ ဒါဆို အဝတ်တွေက အနံ့ဆိုးတွေ ကင်းပြီး အနံ့လေးတွေက နှစ်ပတ်လောက်အထိ စွဲမြဲနေပါလိမ့်မယ်။

၂။ ပိုးမွှားနဲ့ အင်းဆက်ပိုးများ နှိမ်နင်းခြင်း
အကျိုးကျေးဇူး....
ပုရွက်ဆိတ်၊ ခြ၊ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ် စတဲ့ အင်းဆက်ပိုးတွေနဲ့ တိရစ္ဆာန်တွေကို အိမ်နား မလာအောင် မောင်းထုတ်ပေးပါတယ်။
ပြုလုပ်ပုံ.....
ဒီလိုအကောင်တွေ ဝင်ထွက်သွားလာတတ်တဲ့နေရာတွေမှာ ရှလကာရည်နဲ့ လိုက်သုတ်ပေးပါ။ ဒါမှမဟုတ် ပက်ဖျန်းပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

၃။ စိုက်ပျိုးရေးအတွက် အသုံးဝင်ခြင်း
အကျိုးကျေးဇူး......
ပိုးမွှားတွေကို နှိမ်နင်းပေးပြီး အပင်တွေကို ပိုမိုကြီးထွားလာအောင် ကူညီပေးပါတယ်။

ပြုလုပ်ပုံ......
ရှာလကာရည်နဲ့ အရက်ဖြူကို စားပွဲတင်ဇွန်း ၂ ဇွန်းစီယူပြီး ရေလီတာ ၂၀ နဲ့ ရောပါ။ အဲဒီအရည်ကို အပင်ရဲ့အရွက်တွေပေါ်မှာ ပက်ဖျန်းပေးပါ။ ပိုးမွှားတွေ မရှိတော့တဲ့အထိ ပုံမှန် ပက်ဖျန်းပေးနိုင်ပါတယ်။

၄။ ထမင်းအိုးထဲ ထည့်ချက်ခြင်း
အကျိုးကျေးဇူး.....
ထမင်းကို ပိုမိုနူးညံ့ပြီး မချဉ်သွားအောင် ထိန်းထားနိုင်ပါတယ်။

ပြုလုပ်ပုံ......
ဆန်ကိုရေဆေးပြီး ရေထည့်ပြီးတဲ့အခါ ရှလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပြီး ထမင်းချက်ပေးပါ။ ဒါဆို ထမင်းက ပိုပြီးနူးညံ့လာမယ်၊ အနံ့မွှေးလာပြီး အလွယ်တကူ မချဉ်သွားပါဘူး။

၅။ အဖြူရောင်အဝတ်များမှ အဝါကွက်များ ဖယ်ရှားခြင်း
အကျိုးကျေးဇူး.....
အင်္ကျီတွေမှာရှိတဲ့ လည်ပင်းနဲ့ လက်မောင်းအောက်နေရာတွေက အဝါကွက်တွေကို ဖျော့သွားအောင် ဖယ်ရှားပေးပါတယ်။

ပြုလုပ်ပုံ......
အင်္ကျီပေါ်မှာရှိတဲ့ အဝါကွက်တွေပေါ်ကို ရှလကာရည် သီးသန့်လောင်းချပြီး မိနစ် ၃၀ လောက် စိမ်ထားပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်လျှော်ပေးပါ။

၆။ ကြမ်းပြင်နဲ့ ပြတင်းပေါက်များ သန့်ရှင်းရေး
အကျိုးကျေးဇူး.......
အိမ်ကြမ်းပြင်၊ မှန်တွေနဲ့ ပြတင်းပေါက်တွေကို အရောင်တောက်ပြောင်ပြီး သန့်ရှင်းနေအောင် လုပ်ပေးပါတယ်။

ပြုလုပ်ပုံ.....
ရှာလကာရည်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ၁:၁ အချိုး ရောပြီး မှန်တွေကို မိနစ် ၁၀-၁၅ မိနစ်လောက် လိုက်သုတ်ပေးပါ။ ပြီးရင် ရေနဲ့ ပြန်ဆေးချလိုက်ပါ။ ဒါဆို မှန်တွေက အသစ်လို ပြန်လည် တောက်ပြောင်လာပါလိမ့်မယ်။

၇။ အိမ်သန့်ရှင်းရေးနှင့် ကြမ်းပြင်တိုက်ခြင်း
အကျိုးကျေးဇူး......
ကြမ်းပြင်တွေပေါ်က အစွန်းအထင်းတွေနဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးပါတယ်။

ပြုလုပ်ပုံ......
ရှာလကာရည်ကို ရေနဲ့ ၁:၃ အချိုး ရောပြီး အိမ်ကြမ်းပြင်တွေကို တိုက်ပေးပါ။ ဒါဆို ပိုးမွှားတွေကိုလည်း သေစေပြီး အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၈။ အိမ်သာခွက် သန့်ရှင်းရေး
အကျိုးကျေးဇူး........
အိမ်သာခွက်ထဲက အစွန်းအထင်းတွေကို သန့်စင်ပေးပြီး အနံ့အသက်ဆိုးတွေ ပျောက်စေပါတယ်။

ပြုလုပ်ပုံ.......
အိမ်သာခွက်ထဲက အစွန်းအထင်းတွေပေါ်ကို ရှလကာရည်လောင်းချပြီး နာရီဝက် (အစွန်းအထင်းများရင် တစ်နာရီ) လောက်ထားပါ။ ပြီးရင် ဘရပ်ရှ်နဲ့ ပွတ်တိုက်ပေးလိုက်ပါ။ အစွန်းအထင်းတွေက အလွယ်တကူ ပျောက်သွားပါလိမ့်မယ်။

ဒီလျှို့ဝှက်ချက်လေးတွေကို သိထားရင် အိမ်သန့်ရှင်းရေးကစလို့ ခြံအလုပ်တွေအထိ ရှလကာရည်တစ်ပုလင်းတည်းနဲ့ အကုန်လုံးကို ပြီးပြည့်စုံအောင် လုပ်နိုင်ပါတယ်။ ပိုက်ဆံလည်း သက်သာပြီး အလွယ်တကူလည်း လုပ်နိုင်တာကြောင့် စမ်းကြည့်ဖို့ အကြံပြုပါရစေ။

MON SOUNG

Address

ဧရာဝဏ်လမ်းမကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်။ရန်ကုန်
Yangon

Telephone

+959979864089

Website

Alerts

Be the first to know and let us send you an email when Shaper for Ladies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share