27/12/2025
မွန့်ရဲ့ budget situation မှာ ဘက်တီးရီးယားတွေကို နိုင်တဲ့ Mugwort အရွက်နဲ့ အဓိကထုတ်ထားတယ်ဆိုတဲ့ Graymelin Mugwort Set ထဲက Facial Foam လေး သုံးကြည့်ဖြစ်တယ်…
သူက size က 100ml, 150ml လာတာကိုမှ စမ်းသုံးမှာဆိုတော့ 100ml လေးပဲ ဝယ်ဖြစ်လိုက်တယ်…
သူပြောသလို ဘက်တီးရီးယားတွေ နိုင်/မနိုင်ဆိုတာ အောက်မှာ ဆက်ဖတ်ပြီး ဆုံးဖြတ်ပေးသွားနော်…
ပထမဆုံး မသုံးခင် ရလိုက်တဲ့ first impression အနံ့လေးက ပင်ပန်းနေတဲ့စိတ်ကို ဖြေလျော့စေတာနဲ့ကို သဘောကျနေပြီ…
ပြီးရင်တော့ မျက်နှာသစ်ဆေးလေးကို လက်ထဲထည့် အမြှုပ်ထွက်အောင်ပွတ်ပြီး (၁) မိနစ် လောက် မျက်နှာအနှံ့ ဖွဖွလေး ပွတ်တိုက်ပြီး ရေပြန်ဆေးချတဲ့အချိန် ရလာတဲ့ result ကတော့ သုံးဖူးသမျှထဲ အကြိုက်ဆုံးလို့ပဲ ပြောချင်တယ်... ပင်ပန်းမှုတွေပဲ ဖြေလျော့ပေးတာမဟုတ်ဘဲ မျက်နှာပေါ်က ရှိသမျှ အညစ်အကြေးတွေကို ယူပစ်သလိုကို ခံစားရတာပါနော်… မျက်နှာသစ်ပြီးတဲ့အချိန် အသားအရေကို ခြောက်ကပ်သွားစေတာမျိုးလည်းမရှိ၊ အဆီပြန်သွားစေတာမျိုးလည်း မရှိဘဲ အိအိလေးဖြစ်ကျန်စေခဲ့တာနော်… မွန်ဆို အခု သုံးနေတာ (၂) လနီးပါးရှိပြီ…
မွန့် မျက်နှာအသားအရေက နေလောင်ဒဏ်ရယ်၊ Break out issues တွေရယ်ကြောင့် အသားအရေ မညီတာတွေ၊ မလင်းတာမျိုးတွေ ရှိတယ်... အမှန်အတိုင်းပြောရရင် ဒီနှစ်လမတိုင်ခင် ရှေ့လလောက်ကတည်းက budget အခြေအနေအရ Skincare step တွေ အများကြီးကို Hide ထားလိုက်ရတာကြောင့် အရှင်းမပျောက်သေးပေမယ့် skincare နဲ့ ကာကွယ်ထားရတဲ့ အဲ့ဒီဒဏ်တွေ ပိုဆိုးလာမှာကို စိုးရိမ်နေတာ… ဒါပေမယ့် မျက်နှာအသားအရေက လုံးဝညစ်မဲသွားတာမျိုး၊ ကြမ်းတမ်းနေတာမျိုး မဖြစ်သွားဘူး… ဒီတစ်လျှောက်လုံး skin condition ကို ခု ပြောပြတဲ့ Graymelin ရဲ့ Mugwort Facial Foam လေးက ထိန်းထားပေးတယ်ဆိုရင်လည်း မမှားဘူး…. ခု အသားအရေကလည်း တကယ်ကို လင်းလာတယ်... အသားအရေမညီတာတွေလည်း လျော့လာတယ်😍
Budget situation မှာ Facial Foam ကုန်သွားတာနဲ့ ဒီ Graymelin Mugwort Facial Foam လေးကို ရွေးချယ်လိုက်တဲ့ ကိုယ့်ကိုယ်ကို အတော်လေး ကျေးဇူးတင်မိတယ်🤗 ဒီ Facial foam သုံးပြီး Graymelin Mugwort ကို အဆက်လိုက်သုံးနိုင်ဖို့ ကြိုးစားနေလို့ နောက်ထပ် သုံးမယ့်ပစ္စည်းလေးတွေအကြောင်းကိုလည်း အဆင်ပြေ/မပြေ ထပ်ပြောပြပေးသွားမယ်နော်… tq
#မွန်ရဲ့မျှဝေခြင်းကဏ္ဍမှာစာလုံးပေါင်သတ်ပုံများအတတ်နိုင်ဆုံးစနစ်ကျမှန်ကန်အောင်ရေးထားပါတယ်
#အမှားအယွင်းတစ်စုံတရာရှိခဲ့ပါကမွန့်ရဲ့လိုအပ်ချက်ကြောင့်သာဖြစ်ပြီးလွတ်လပ်စွာထောက်ပြပြင်ဆင်ပေးပါရန်
’sShairng